အခန်း(၁၃၁)
- သူမကို ဘာကြောင့် စိတ်ပျက်ရမှာလဲ
ရှစ်ချင်းလျို့က
ခဏလောက်တွေးပြီး ကိုယ်ကြိုက်တာကိုယ်လုပ်သည့် ရှီလွေ့က ဘယ်လောက်ပျော်ဖို့ကောင်းမလဲဟု
တွေးလိုက်လေသည်။
သူမလည်း
မော်ဒန်ခေတ်တုန်းက ကြိုက်တာတွေ ပတ်လုပ်ခဲ့ပေမယ့် ဒီရှေးခေတ်မှာတော့ ထိုသို့လုပ်ရန်
အကန့်အသတ် ရှိနေသည်။
သူမက
တစ်ခုခုကိုတွေးမိသွားပြီး လျန့်ယိုရှောင်ကို ကြည့်လိုက်သည်။
"မြို့တော်မှာ ဘိယိလပ်မြေနဲ့ လမ်းခင်းတာမလား"
လျန့်ယိုရှောင်က အနည်းငယ်
ရှုပ်ထွေးသွားခဲ့သည်။
သူမက
အမြန်စကားပြောင်းလိုက်တာပဲ။
"အင်း
နန်းတော်ကို တိုက်ရိုက်သွားတဲ့ အရှေ့နဲ့ တောင်ဘက်လမ်း၊ မြို့တော်ဂိတ်ကိုလည်း ဘိလပ်မြေတွေနဲ့
အကုန်နီးပါး ခင်းခဲ့တယ်၊ မြို့တော်ဂိတ်ကနေ အရာရှိရုံးတွေဆီသွားတဲ့ ဘိလပ်မြေနဲ့ ခင်းတဲ့လမ်းလည်း
ရှိတယ်၊ မင်းလုပ်ခဲ့တဲ့ ဘိလပ်မြေတွေက တကယ်ကောင်းတာ၊ မြင်းရထားလုံးတွေလည်း အရင်ကထက်
မြန်မြန်ဆန်ဆန် ချောမွေ့စွာ သွားလာနိုင်တယ်၊ အရှေ့နဲ့ အနောက်ဘက်လမ်းတွေလည်း သန့်ရှင်းနေတာပဲ။"
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်ခဲ့သည်။ "ကောင်းတယ်၊ ရက်အနည်းငယ်အတွင်း ကျွန်မ စိတ်ဝင်စားဖို့ကောင်းတာလေးလုပ်ပြီး
ရှီလွေ့ဆီပို့ပြီး သူဆော့ရတာ ကြိုက်ရဲ့လားဆိုတာ ကြည့်တာပေါ့။"
သူမက
စကိတ်ဘုတ်ပြား အကြောင်းတွေးနေတာ ဖြစ်သည်။
မော်ဒန်ခေတ်က
လူငယ်အများစုက စကိတ်ဘုတ်ပြားစီးရတာ ကြိုက်ကြသည်။
ထိုပစ္စည်းက
လှည့်ကွက်တွေ စွန့်စားစရာတွေ များပြားသည်။
သူမ အထက်တန်းတုန်းက
စကိတ်ဘုတ် အတူတူစီးသည့် သူငယ်ချင်းအဖွဲ့ ရှိခဲ့သည်။
ရှေးခေတ်မှာ
ဖျော်ဖြေရေးတွေ တော်တော်နည်းတာကြောင့် စကိတ်ဘုတ်ပြားက မြို့တော်မှာ ရေပန်းစားစရာတစ်ခု
ဖြစ်လာလိမ့်မည်။
လျန့်ယိုရှောင်က စိတ်ဝင်စားစွာ
မေးခဲ့သည်။ "ဘာများလဲ။"
ရှစ်ချင်းလျို့က
ပြောခဲ့သည်။ "ပြောလည်း သိမှာ မဟုတ်ပါဘူး၊ ပြီးမှ တစ်ခါတည်း ပြမယ်။"
လျန့်ယိုရှောင်က နှုတ်ခမ်းစူလိုက်သည်။
"သူများကို မတင်မကျဖြစ်အောင် လုပ်နေတာပဲ။"
ရှစ်ချင်းလျို့က
သူနှင့် ရှစ်မိသားစုရဲ့ တတိယသားကို လက်ယမ်းပြလိုက်သည်။ "ကောင်းပြီ အခုသွားလို့ရပြီ။"
ရှစ်မိသားစုရဲ့
တတိယသားက ကိုယ်ပိုင်အတွေးထဲ နစ်မြုပ်နေခဲ့သည်။ "ကောင်းပြီ အိမ်ပြန်ပြီး ငါ့ညီနဲ့
စကားသွားပြောလိုက်ဦးမယ်၊ သူ ဒီနေ့ ကျောင်းမသွားဘူး။"
ထို့နောက်
သူက ထကာ ထွက်သွားခဲ့သည်။
သူက တကယ်ကို
သူ့သမီးကို တဖြည်းဖြည်း ကြောက်လာခဲ့သည်။
ပြီးတော့
မြို့တော်က သခင်ငယ်လေးကပင် သူမနဲ့ ပင်လယ်ဓားပြလှေကို တစ်လှေတည်း စီးနေတာ ဖြစ်သည်။
ရှစ်မိသားစုရဲ့
တတိယသား မြန်မြန်ကြီး ပြေးထွက်သွားတာတွေ့တော့ လျန့်ယိုရှောင်က
ဆွံ့အသွားခဲ့သည်။
အဖေက
သမီးကိုကြောက်တာမျိုး သူ အခုမှ ပထမဆုံး တွေ့ဖူးတာဖြစ်သည်။
သူက ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်ကို ကြည့်လိုက်သည်။
သူတို့က
တစ်ခုခုဆွေးနွေးမည်ဖြစ်လောက်မည်ဟု သူတွေးလိုက်သည်။
သူက ထရပ်ပြီး
ပြောလေသည်။ "ကောင်းပြီ။ ငါရွာထဲ လျှောက်သွားလိုက်ဦးမယ်။"
သူက ရှစ်ချင်းလျို့ကို
မျှော်လင့်ချက်ကြီးစွာ ကြည့်ပြီး မေးလိုက်သည်။ "စကားမစပ် ဒီည ဘာစားမှာလဲ။"
အရင်တုန်းက
သူတစ်ခါမှ ဒီလို ခေတ်နောက်ကျကာ ယိုယွင်းနေသည့် တောရွာမှာ မနေဖူးပေ။
သူရှောင်မိသားစုနှင့်နေရတာ
အိမ်သာနှင့် ရေချိုးခန်းသုံးပစ္စည်းတွေကို အလွန်စိတ်ကျေနပ်သည်။
ပိုအရေးကြီးတာက
တစ်ခါမှ မစားဖူးတာတွေ စားရတာဖြစ်တာကြောင့် သူက ဖေးယွီကျယ်နောက် ဆက်လိုက်ဖို့ ပြင်ခဲ့လေသည်။
သူနဲ့မှ
အတူတူ မြို့တော်ကိုပြန်မည်။
လျန့်ယိုရှောင်
ထွက်သွားတော့ ရှောင်ဟန်ကျန့်က ပြုံးကာ သူ့ဇနီးလက်ကို ဆွဲခဲ့သည်။
"လူတေလူညစ်လေး။"
ရှစ်ချင်းလျို့က
ထပြီး သူ့ပေါင်ပေါ်ထိုင်လိုက်သည်။
သူမက
သူ့လည်ပင်းကို ဖက်လိုက်သည်။ "ကျွန်မ အကြံ မကောင်းဘူးလား။"
ရှောင်ဟန်ကျန့်က
သူ့လက်ဖြင့် သူမရဲ့ နဖူးကို ဖိလိုက်သည်။ "အရမ်းကောင်းပါတယ်ဗျာ။"
ရှစ်ချင်းလျို့က
မေးခဲ့သည်။ "ရှီလွေ့ လုပ်နိုင်မယ်လို့ထင်လား။"
ရှောင်ဟန်ကျန့်က
ပြန်ဖြေခဲ့သည်။ "ရှီလွေ့က မြို့တော်မှာ နတ်ဆိုးလေးလို့ နာမည်ကြီးတယ်၊ သူ မလုပ်ရဲတာ
မရှိဘူး၊ အစီအစဥ်တွေသာ ချောချောမွေ့မွေ့ရှိမယ်ဆိုရင် ဘာပြဿနာမှ မရှိဘူး။"
ရှစ်ချင်းလျို့က
သူ့ကိုမှီပြီး ပျင်းရိစွာမေးခဲ့သည်။ "ဘယ်လိုချောချောမွေ့မွေ့သွားမှာလဲ၊ ကျွန်မရဲ့
ဆန်ကုန်မြေလေးအဖေကို ပေးတဲ့ဆေးလား၊ အလုပ်လုပ်ဖို့ ရွေးတဲ့လူလား။"
ရှောင်ဟန်ကျန့်က
ပြောခဲ့သည်။ "ဆေးကိုအရောင်မဲ့ အရသာမဲ့ဖြစ်အောင် ဖန်တီးလို့ရတယ်၊ ဘယ်လောက်ပဲ ကြိုးစားပါစေ
သွေးခုန်နှုန်းထဲမှာ မစမ်းမိစေရဘူး၊ အချိန်ကျရင် လျန့်ယိုရှောင်နဲ့
အဲ့တာကို ရှီလွေ့ဆီပို့ခိုင်းလိုက်မယ်၊ ကိုယ့်ဘက်မှာလည်း ကိုယ်စားလှယ်တစ်ယောက်ရှိတယ်၊
ကိုယ် ရှီလွေ့ဆီ စာပို့တဲ့အချိန်ကျရင် လျန့်ယိုရှောင်ဆီ အရိက်အမြွက်ပြလိုက်မယ်၊
ကိုယ့်ဆန်ကုန်မြေလေးအဖေ လက်စားချေဖို့ ခက်ခဲရုံသာမက သူ့အမုန်းတွေ ရှီလွေ့ဆီ ရောက်သွားလိမ့်မယ်။"
အကယ်၍
လျန့်ယိုရှောင်သာ ရှီလွေ့ကို အကြံ မပြုခဲ့ပါက သူက သူ့အဖေရဲ့ရန်သူတွေကို
နောက်ကွယ်က စီစဥ်ခိုင်းမည်ဖြစ်သည်။
သူ့ဇနီးလေးက
ပွဲကြီးပွဲကောင်းကြည့်ချင်နေတာကြောင့် သူမကို စိတ်ပျက်သွားအောင် မလုပ်ချင်ပေ။
သို့ပေမယ့်
လျန့်ယိုရှောင် အဆိုပြုခဲ့သည့်လူက သူတွေးမိသည့်လူထက် ပိုကောင်းနေတာကြောင့်
သူ သဘောတူခဲ့တာဖြစ်သည်။
နူးညံ့ပြီး
ရည်မွန်သည့် သူမ ခင်ပွန်းက သူမထက် ပိုကောက်ကျစ်ကြောင်း သူမ ကောင်းကောင်း သိသည်။
သူမက
သိချင်စွာ မေးခဲ့သည်။ "ရှင်တွေးနေတဲ့လူက ဘာတွေ ထူးခြားလို့လဲ။"
သူက ပြန်ဖြေခဲ့သည်။
"မြို့တော်မှာ အသုံးအဖြုန်းကြီးပြီး တပ်မက်စိတ်ကို မထိန်းချုပ်နိုင်ဘဲ လူတကာနဲ့
လိင်ဆက်ဆံတတ်တဲ့လူရှိတယ်၊ သူ့အနောက်ဆောင်မှာ ကိုယ်လုပ်တော်တွေအများကြီး ရှိရုံသာမက
အမျိုးသား အခြွေအရံတွေလည်း အများကြီးရှိတယ်၊ အဓိကအချက်က သူက တော်ဝင်မိသားစုကဖြစ်ပြီး
ဘုရင်ကြီးရဲ့ ဦးရီးတော်ပဲ၊ သူက အရင်က အခုနန်းတက်ခဲ့တဲ့ ဘုရင်ကို ထောက်ပံ့ပေးခဲ့တဲ့လူလည်း
ဖြစ်တယ်၊ ဘုရင်ကြီး ကလေးတုန်းက သူနဲ့ သူ့အမေကို ကူညီပေးခဲ့တာ၊ သူက အသုံးအဖြုန်းကြီးပေမယ့်
ဘုရင်ကြီးက သူ့ကို အရမ်းဂရုစိုက်တယ်၊ ဒါကြောင့် သူက အရမ်းရဲတင်းပြီး အကြောက်တရား မရှိဘူး၊
ရှီလွေ့သာ သူ့ကိစ္စအောင်မြင်ပြီး ကိုယ့်ဆန်ကုန်မြေလေးအဖေက သူ့လို လျှို့ဝှက်ဝါသနာရှိမှန်း
သူသိသွားရင် သူကြိုးစားကြည့်မှာပဲ၊ အကယ်၍ ကိုယ့်ဆန်ကုန်မြေလေးအဖေသာ ချမ်းသာပြီး လွှမ်းမိုးမှုရှိတဲ့
မိသားစုက လာတဲ့လူဖြစ်ရင် ဘုရင့်ဦးရီးတော်က သူ့ကို ထိဖို့ထိ ရူးနှမ်းမှာ မဟုတ်ဘူးပေါ့၊
ဒါပေမဲ့ ကိုယ့်ဆန်ကုန်မြေလေးအဖေက မျိုးရိုးမြင့်အသစ်ဖြစ်ပြီး နိမ့်ကျတဲ့နောက်ခံမိသားစုက
စစ်သူကြီးဖြစ်တာကြောင့် ဘုရင့်ဦးရီးတော်က သူ့ကို အဖတ်လုပ်မှာ မဟုတ်ဘူး။"
သူ့ဆန်ကုန်မြေလေးအဖေက
မြို့တော်ကို ပြန်လာတာ မကြာသေးပေ။
သူက သူ့ရဲ့လုပ်နိုင်စွမ်းရည်ကြောင့်
ဘုရင်ကြီးရဲ့ တန်ဖိုးထားတာ ခံရသော်လည်း သူ့ခြေထောက်ပေါ်တော့ သူ မရပ်တည်နိုင်သေးပေ။
ထို့ကြောင့်
ဒီကိစ္စသာ အောင်မြင်သွားပါက သူ့ဆန်ကုန်မြေလေးအဖေက ဘုရင့်ဦးရီးတော်နှင့် ရှီလွေ့ကို
ဘယ်လောက်ပဲ မုန်းတီးပါစေ သည်းခံရမည်ဖြစ်သည်။
အကယ်၍
ထိုအစီအစဥ်သာ တစ်ယောက်ယောက်ကြောင့် ပျက်စီးသွားပါက သူ့ဆန်ကုန်မြေလေးအဖေက သူ့ကိုဆန့်ကျင်သည့်လူကို
သတ်ဖြတ်ဖို့လုပ်မှာဖြစ်သည်။
ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့က သူတို့အကြံတွေအောင်ဖို့အတွက် အပြစ်မဲ့သည့်အပြင်လူတွေကို မစတေးပေ။
ဘာမှမစဥ်းစားဘဲ
လုပ်ချင်တာလုပ်သည့် ဘုရင့်နောက်ခံရှိသည့် ထိုဦးရီးတော်က အကောင်းဆုံး အဖော်အလှော် ဖြစ်သည်။
အတိတ်ဘဝကတော့
ရှောင်ဟန်ကျန့်က လက်စားချေဖို့အတွက် ထိုအကြောင်းတွေကို ဂရုမစိုက်ခဲ့ပေ။
သို့ပေမယ့်
သူ့ဇနီးလေးက သူ့ကို လွှမ်းမိုးနေပြီဖြစ်သည်။
သူလည်း
သူ့အောက်ခြေစည်းကို ကာကွယ်ထားချင်သည်။
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "တော်တော် ကောက်ကျစ်တဲ့လူ၊ ဒါပေမဲ့ ကျွန်မ ကြိုက်တယ်။"
သူမ စောနက
ပြောပြီးပြီဖြစ်သည်။
သူမ ခင်ပွန်းက
ပြဿနာအကျိုးဆက်တွေ အကုန်လုံးကို ပြည့်စုံအောင်တွေးပြီးပြီဟု ဘယ်သူထင်မည်နည်း။
ရှောင်ဟန်ကျန့်က
ခဏလောက်တွေးပြီး ပြောခဲ့သည်။ "ရွာသားတွေကို ကြာဇံလုပ်နည်း
သင်ပေးချင်တဲ့အကြောင်း ပြောခဲ့တယ်မလား၊ ဘာလို့ စီရင်စုကိုသွားပြီး ကိုယ် ရေခဲလုပ်နည်း
သင်ပေးသလို တစ်ခါတည်း မသင်ပေးတာလဲ။"
သူ့ဇနီးကို
လူတွေရင်းနှီးမြှုပ်နှံ စိတ်ဝင်စားလာအောင် သူ့ဇနီးရဲ့ ဂုဏ်သိက္ခာနှင့် လွှမ်းမိုးမှုကို
တိုးမြှင့်ပေးချင်သည်။
သူမကို
အကောက်ကြံချင်သည့်လူလည်း ဂရုစိုက်ရမည်။
မဟုတ်ပါက
သူတို့ အလွန်တုံ့ပြန်ခံရမည် ဖြစ်သည်။
ရှစ်ချင်းလျို့က
သူတွေးနေတာကိုသိသည်။ "ကောင်းပြီ သိုးတောင် လွှတ်ပြီးသွားမှတော့ တိရိစ္ဆာန်တစ်အုပ်လုံးကို
လွှတ်ကြတာပေါ့၊ နန်ရှီစီရင်စုမြို့ တစ်ခုလုံးနီးပါး ကြာဇံလုပ်ရောင်းရင်တောင် ဝယ်လိုအား
လျော့နည်းမှာ မဟုတ်ဘူး။"
ကြာဇံ
စျေးကွက်က မရှိသေးပေ။
ပဲစိမ်းကထုတ်လုပ်တာက
ပိုအရည်အသွေးကောင်းကြောင်း သူမ အတည်ပြုပြီးပြီဖြစ်သည်။
ပဲစိမ်းမှာက
အမ်မလေ့ဓာတ် အများဆုံး ပါဝင်တာကြောင့် ချက်ပြုတ်ပြီးရင် မြန်မြန် ပုပ်သိုးမလွယ်ဘဲ ခပ်ရွှဲရွှဲလေး
ပိုဖြစ်စေသည်။
ကြာဇံကို ပဲလုံးကနေလည်း
လုပ်လို့ရသလို နန်ရှီစီရင်စုမြို့ကလူတွေ စိုက်သည့် ပဲစိမ်းပြားတွေကနေလည်း လုပ်လို့ရသည်။
ပဲစိမ်းပြားကို
ယခုအခါမှာတော့ ဟူပဲဟုခေါ်သည်။
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ မနက်ဖြန် ကိုယ် စီရင်စုကျောင်းကိုသွားရင် မော့ချင်းလင်ကို
ပြောလိုက်မယ်၊ သူလည်းပျော်သွားမှာ။"
မော့ချင်းလင်ဟာလည်း
သာမာန်လူတွေကို ကူညီကာ နန်ရှီစီရင်စုမြို့ကို ချမ်းသာ စေချင်သည်။
သူတို့
စီရင်စုမြို့က မုန်ညင်းရိုင်းတွေ စိုက်ပျိုးရုံသာမက နှမ်းဆီထုတ်လုပ်တင်ပို့ရန်အတွက်
အလုပ်ရုံ အဖွဲ့ဝင်တွေ ဖန်တီးပြီးသား ဖြစ်သည်။
ထောက်ပံ့မှုက
လျော့နည်းနေဆဲကြောင်းလည်း ကြားသည်။
ရှစ်ချင်းလျို့
အကြံပေးခဲ့သည့် ပိုင်မိသားစုရဲ့ဟော့ပေါ့ကြောင့် စီရင်စုမြို့မှာ နှမ်းဆော့ဟာလည်း ရေပန်းစားလာခဲ့သည်။