အပိုင်း ၁၄၁
Viewers 14k

 

အပိုင်း(၁၄၁) - ငါလုပ်နိုင်တယ်

 

နောက်တစ်နေ့မနက်ကျတော့ ရှောင်ဟန်ကျန့်က စီရင်စုမြို့ကျောင်းကို သွားခဲ့သည်။

 

နေ့လည်ကျတော့ သူက ပိုင်မိသားစုရဲ့ စားသောက်ဆိုင်ကို သွားခဲ့သည်။

 

သိပ်မကြာခင် ကျောင်းဆင်းခဲ့သည့် ရှစ်မိသားစုရဲ့ စတုတ္ထသားကလည်း လိုက်သွားခဲ့သည်။

 

စားပွဲထိုးလေးက ရှောင်ဟန်ကျန့်နှင့် မော့ချင်းလင် စကားပြောနေသည့် စားသောက်ဆိုင်က သီးသန့်ခန်းလေးထဲ သူ့ကို ဦးဆောင် ခေါ်သွားခဲ့သည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက မော့ချင်းလင်ကို လေးလေးစားစား နှုတ်ဆက်ပြီး ဆေးပုလင်း လွှဲပေးလိုက်သည်။

 

သူက သခင်လေးဝူကို ရောင်းထုတ်ပစ်ခဲ့လေသည်။

 

မော့ချင်းလင်က မင်၊ စာရွက်နှင့် စုတ်တံကို ပြင်ထားခဲ့သည်။

 

သူက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ဖြစ်စဥ်တွေ ချရေးခိုင်းပြီး လက်ဗွေနှိပ်ခိုင်းခဲ့သည်။

 

ဝူမိသားစုရဲ့ အကြောင်းတွေ သူ့ကို ပိုသတင်းပေးအောင်လို့ သူက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ချီးကျူးခဲ့သည်။

 

ဝူမိသားစုက လူတချို့က ရှစ်မိသားစုရဲ့ စတုတ္ထသားနောက်ကို ခြေရာခံလိုက်နေတာကြောင့် ရှောင်ဟန်ကျန့်က သူ့ကို မော့ချင်းလင်ကို တိုက်ရိုက် မတွေ့ခိုင်းခဲ့ပေ။

 

ထိုအစား သူတို့က ပိုင်မိသားစုရဲ့ စားသောက်ဆိုင်ကို တစ်ယောက်ချင်း သွားခဲ့သည်။

 

ထိုအရာက သူတို့ ပုံမှန်စားသောက်တာနှင့် တူသည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆေးပုလင်းကို လက်လွှဲပေးပြီးသည်နှင့် ဘေးအခန်းက သီးသန့်အခန်းထဲ ဝင်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ ညွှန်ကြားချက်အတိုင်း သူက သူ့အတန်းဖော်တွေကို ဖိတ်ကြားပြီး စားသောက်ပြီးနောက် အတူတူ ပြန်သွားခဲ့ကြသည်။

 

ထို့ကြောင့် သူက မော့ချင်းလင်ကို ဆေးပုလင်း ပေးလိုက်သည့်အကြောင်း ဝူမိသားစုအိမ်ကလူတွေ မသိလိုက်ပေ။

 

တခြားရွာတွင်ဖြစ်သည်။

 

ရှစ်ချင်းလျို့က သူမ ပြုလုပ်ခိုင်းခဲ့သည့် စကိတ်ဘုတ်ပြားကိုယူပြီး လျန့်ယိုရှောင်နှင့် တခြားလူတွေကို အိမ်တံခါးမကြီးနားက ဘိလပ်မြေခင်းထားသည့်လမ်းမှာ ဆုံဖို့ခေါ်ခဲ့သည်။

 

"ဒါကို စကိတ်ဘုတ်ပြားလို့ခေါ်တယ်၊ ဘိလပ်မြေခင်းထားတဲ့လမ်းမှာ ကောင်းကောင်း စီးနင်းနိုင်ရုံသာမက လှည့်ကွက်တွေ အများကြီး ပြုလုပ်လို့ ရတယ်။"

 

ရှစ်ချင်းလျို့က ရှင်းပြပြီးသည်နှင့် စကိတ်ဘုတ်ပြားကို လမ်းပေါ်ချပြီး ခြေထောက်ဖြင့် စီးနင်းပြခဲ့သည်။

 

ထို့နောက် သူမက နောက်တစ်လမ်းမှာ ရပ်ခဲ့သည်။

 

အစကတော့ သူမက စကိတ်စီးနည်းကို လက်တွေ့ပြသခဲ့သည်။

 

နောက်တော့ သူမက စကိတ်စီးပြီး အကွက်မျိုးစုံ ထုတ်ပြခဲ့သည်။

 

သူမက ချောချောမွေ့မွေ့ သရုပ်ပြနိုင်ခဲ့သည်။

 

ရှစ်ချင်းလျို့ စကိတ်စီးပြတာကိုကြည့်ပြီး လျန့်ယိုရှောင်က မျက်လုံးတွေ ပြူးနေသည်။

 

ကြည့်ရတာ ပျော်စရာကောင်းတာကြောင့် သူလည်း စမ်းကြည့်ချင်သည်။

 

ဖေးယွီကျယ်နှင့် ဖေးစုန့်ကျွင်းကလည်း အားကျနေခဲ့သည်။

 

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကလည်း ရှစ်ချင်းလျို့ကို လေးစားစွာ ကြည့်နေခဲ့သည်။

 

သူတို့ရဲ့ ယောက်မက တကယ် အံ့သြဖို့ကောင်းသည်။

 

ခဏလောက် ကစားပြီးနောက် ရှစ်ချင်းလျို့က သူတို့ဘက် လျှောဆင်းလာခဲ့သည်။ "စမ်းကြည့်ချင်လား။"

 

လျန့်ယိုရှောင်က ချက်ချင်းဖြေခဲ့သည်။ "စမ်းကြည့်မယ်။"

 

ရှစ်ချင်းလျို့က ဘေးဖယ်ပေးခဲ့ပြီး စီးနည်းကို နှုတ်ဖြင့် သင်ကြားပေးခဲ့သည်။

 

လျန့်ယိုရှောင်ကလည်း စောနက ရှစ်ချင်းလျို့ စီးနေတာကို သေချာလေ့လာခဲ့သည်။

 

အခုတော့ သူက စကိတ်ဘုတ်ပြားပေါ်တက်လိုက်ပြီး ပုံမှန်အတိုင်း စီးနိုင်ခဲ့သည်။

 

"လမ်းလျှောက်ပစ္စည်းနဲ့တူတယ်၊ လမ်းလျှောက်ရတာထက် အများကြီးလွယ်တယ်။" သူက ရှေ့နောက် အနည်းငယ် စီးနင်းခဲ့သည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "သက်သာတယ်ဆိုပေမယ့်ချောမွေ့တဲ့ ဘိလပ်မြေနဲ့ ခင်းတဲ့လမ်းမှာပဲ အဆင်ပြေမှာ၊ ညစ်ပတ်တဲ့လမ်းမှာဆိုရင် စီးလို့ မရဘူး။"

 

လျန့်ယိုရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စမရှိဘူး၊ အခု မြို့တော်မှာ စကိတ်စီးလို့ရတဲ့ နေရာတွေ အများကြီးရှိနေပြီ။"

 

ထို့နောက် သူက ရှစ်ချင်းလျို့ကို အတုခိုးပြီး စကိတ်ဘုတ်ပြားနဲ့အနောက်ကိုနင်းပြီး စကိတ်ကို အပေါ်ထောင်တက်အောင် လုပ်တာမျိုး စသည့် အကွက်တွေကို လိုက်လုပ်ခဲ့သည်။

 

သို့ပေမယ့်လည်း သူက ဘယ်လိုစီးရမလဲ မသင်ခဲ့တာကြောင့် ပြုတ်ကျခဲ့လေသည်။

 

သို့ပေမယ့် သူက အရှုံးမပေးဘဲ ဆက်ကြိုးစားခဲ့သည်။

 

ထိုအချင်းအရာကိုမြင်တော့ ဖေးယွီကျယ်က ဆွံ့အသွားခဲ့သည်။ "မင်းတော်တော့လေ၊ ငါတို့လည်း စမ်းကြည့်ဦးမယ်။"

 

သူက ခက်ခက်ခဲခဲ လှုပ်ရှားကစားရတာမျိုး သဘောမကျပေ။

 

ဒီစကိတ်ဘုတ်ပြားကို လမ်းလျှောက်သည့်နေရာမှာ ဘယ်လို အစားထိုးလို့ရမလဲဆိုတာ သူစမ်းကြည့်ချင်တာဖြစ်သည်။

 

ဖေးစုန့်ကျွင်းက ဒီလို ထွင်လုံးတွေနှင့် ကစားရတာကို ပိုသဘောကျသည်။

 

သို့သော်လည်း သူက မလုပ်ရဲသဖြင့် ရိုးရိုးစီးနည်းကိုသာ စမ်းကြည့်ချင်သည်။

 

လျန့်ယိုရှောင်က အင်တင်တင်ဖြင့် စကိတ်ဘုတ်ပြားပေါ်က ဆင်းလိုက်ပြီး သူတို့ကို စမ်းကြည့်ခိုင်းခဲ့သည်။

 

ဖေးစုန့်ကျွင်းက နောက်ဆုံး စီးရသူဖြစ်တာကြောင့် အချိန်ပိုကြာကြာစီးခဲ့ရသည်။

 

ဖေးယွီကျယ်က ပြောခဲ့သည်။ "သယ်ယူပို့ဆောင်ရေး အတွက်ဆိုရင်တော့ ဦးတည်ချက် တည်နေရာတွေ ထိန်းဖို့ မလွယ်ဘူးနော်။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အဲ့တာ ရှင် မကျွမ်းကျင်သေးလို့ပါ၊ ဒါက ပျော်ဖို့အတွက်ပဲလေ၊ စီးဖို့ စကူတာ လုပ်ခိုင်းထားသေးတယ်၊ ခဏနေရင် အသင့်ဖြစ်လိမ့်မယ်။"

 

စကိတ်ဘုတ်ကိုတော့ လျန့်ယိုရှောင်လို ကစားရတာကြိုက်သည့်လူအတွက် လုပ်ခဲ့တာဖြစ်ပြီး စကူတာကလည်း သယ်ယူပို့ဆောင်ရေး ပစ္စည်းတစ်မျိုးဖြစ်သည်။

 

သူတို့စကားပြောနေတုန်းမှာပဲ ရှောင်ချင်းစွေက သူပြုလုပ်ပြီးသွားသည့် စကူတာကို ယူလာခဲ့သည်။

 

ထိုပစ္စည်းက စကိတ်ဘုတ်ပြားနှင့် တူပေမယ့် အရှေ့မှာ လက်ကိုင်ပါပြီး အနောက်မှာလည်း အပိုပစ္စည်းလေးပါသည်။

 

ဖေးယွီကျယ်ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ငါစမ်းကြည့်မယ်။"

 

ရှစ်ချင်းလျို့က သူ့ကို အရင်လက်တွေ့ပြသခဲ့သည်။ "ဒါက စီးဖို့ လွယ်ပြီး ဦးတည်ချက်ပြောင်းဖို့ လွယ်တယ်၊ လက်ကိုင်ကို သုံးဖို့ပဲလိုတယ်၊ တစ်ယောက်ယောက်နဲ့ တွေ့တာ ဒါမှမဟုတ် ရပ်ချင်တာဆိုရင် ခြေထောက်ကိုသုံးပြီးရပ်လိုက်၊ အရှိန်အရမ်းပြင်းရင်တော့ အနောက်က ဘရိတ်ကို သုံးဖို့လိုတယ်။"

 

သူမက စကိတ်ကို မြန်မြန်စီးပြခဲ့ပြီး သူမ ခြေထောက်က စကိတ်ဘုတ်ပြားအနောက်ကို နင်းလိုက်သည့် အချိန်မှာတော့ ချက်ချင်းရပ်သွားခဲ့သည်။

 

ဖေးယွီကျယ်နှင့် တခြားလူတွေက အံ့သြနေကြသည်။

 

သူတို့က တစ်ယောက်ပြီးတစ်ယောက် စမ်းခဲ့ကြသည်။

 

ဖေးယွီကျယ်လို့ ရင့်ကျက်တည်ငြိမ်သည့် စရိုက်ရှိသည့်လူက စကူတာကို မြင်မြင်ချင်း သဘောကျသွားခဲ့သည်။

 

ဒီပစ္စည်းက သူမြို့တော်ကို ပြန်သည့်အခါ လမ်းလျှောက်သည့်နေရာမှာ အစားထိုးရနိုင်သည်။

 

ကစားရတာကြိုက်သည့် လျန့်ယိုရှောင်နှင့် ဖေးစုန့်ကျွင်းကတော့ စကိတ်စီးရတာ ပိုကြိုက်သည်။

 

သူတို့သုံးယောက်က ရှစ်ချင်းလျို့ရဲ့ အိမ်တံခါးမကြီးက ဘိလပ်မြေခင်းထားသည့်လမ်းမှာ စကိတ်စီးနေကြသည်။

 

လျန့်ယိုရှောင်က ရှစ်ချင်းလျို့ကို စကိတ်စီးနည်း အကွက်များစွာ သင်ပေးခိုင်းခဲ့သည်။

 

ခဏလောက် သင်ပေးပြီးနောက် ရှစ်ချင်းလျို့က သူတို့ဘာသာ ကစားခိုင်းခဲ့သည်။

 

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က လျန့်ယိုရှောင်နှင့် တခြားလူတွေကို အားကျစွာ ကြည့်နေတာကို သူမ တွေ့လိုက်လေသည်။

 

ရှစ်ချင်းလျို့က သူတို့အနား လျှောက်သွားပြီး အပြုံးဖြင့် ပြောခဲ့သည်။ "ရှောင်မူကို စကိတ်ဘုတ်ပြားနဲ့ စကူတာတွေ ပိုလုပ်ဖို့ ပြောထားတယ်၊ နင်တို့နှစ်ယောက်လုံး တစ်ခုစီ ရလိမ့်မယ်။"

 

ရှောင်ပိုင်လီက ကြက်သေသေသွားခဲ့သည်။ "ယောက်မ ကျွန်မလည်း ကစားလို့ရလား။"

 

ရှစ်ချင်းလျို့က ပြုံးပြီး ရှောင်ပိုင်လီရဲ့ပါးကို ညှစ်ခဲ့သည်။ "ဒါပေါ့ ကစားလို့ရတာပေါ့၊ သူများက မဟုတ်တာ လာပြောရင် ရိုက်ပစ်လိုက်။"

 

မကြာသေးမီက ရှောင်ပိုင်လီက ရှစ်ချင်းလျို့တို့ လင်မယားထံမှ တိုက်ခိုက်နည်းသင်ယူခဲ့ကာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။

 

ဘာတိုက်ခိုက်စွမ်းရည်မှ မရှိသည့်လူကို အနိုင်ယူဖို့ သူမအတွက် မခက်ခဲပေ။

 

ရှောင်ပိုင်လီရဲ့ ရုပ်ရည်သွင်ပြင်ကလည်း လှပသည်။

 

သူမက အရင်က ရှစ်ချင်းလျို့လို အာဟာရချို့တဲ့ပြီး မျက်နှာက ဖြူဖပ်ဖပ်နှင့် ပိန်သည်။

 

ဆံပင်တွေကလည်း မကောင်းခဲ့ပေ။

 

လအနည်းငယ်လောက် အာဟာရပြည့်ဝစွာ စားသောက်ရပြီးနောက် သူမက ဝလာခဲ့သည်။

 

သူမက အသားလေးဖြူလာပြီး ဆံပင်တွေလည်း ချောချောမွေ့မွေ့ရှိလာခဲ့သည်။

 

သူမမှာ လှပကြည်ရှင်းသည့် မျက်လုံးတစ်စုံလည်းရှိသည်။

 

ရှစ်ချင်းလျို့က သူမ ပျိုးထောင်ခဲ့သည့် အလှလေးကို ချစ်မြတ်နိုးနေသည်။

 

သူမက မကြာခဏ ရှောင်ပိုင်လီရဲ့ ပါးကို ညှစ်ခဲ့သည်။

 

ရှောင်ပိုင်လီက သူမ ယောက်မရဲ့ စကားကြောင့် ပျော်သွားခဲ့သည်။ "ဟုတ်ကဲ့ အစ်မ စကားနားထောင်ပါ့မယ်။"

 

သူတို့စကားဝိုင်းက စကားကိုကြားလိုက်တော့ လျန့်ယိုရှောင်နှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။

 

ရှစ်ချင်းလျို့က ယောက်မဖြစ်သူကို မကောင်းတာတစ်ခုခု သင်ပေးဖို့လုပ်နေတာ သိသာသည်။

 

ရှစ်ချင်းလျို့က မနက်တိုင်း သူမခင်ပွန်း ရှောင်ဟန်ကျန့်ဖြင့် တိုက်ခိုက်နည်း လေ့ကျင့်နေတာ သူတို့သိသည်။

 

အရင်ကတော့ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ဟု ထင်ခဲ့ပေမယ့် အခုတော့ လူရိုက်ဖို့ဖြစ်နေမှန်း သိလိုက်ရလေသည်။

 

နူးညံ့သိမ်မွေ့သည့် ရှောင်ပိုင်လီက လူရိုက်မည့်ပုံကို သူတို့ တကယ် မတွေးနိုင်ပေ။

 

ခဏလောက် ကစားပြီးနောက် လျန့်ယိုရှောင်က ရှစ်ချင်းလျို့နားလာကာ ပြောခဲ့သည်။ "စကိတ်ဘုတ်ပြားနဲ့ စကူတာ ရောင်းဖို့ ပူးပေါင်းကြမလား။"။

တာ့လျန်မှာ ထိုပစ္စည်းမျိုး မရှိသေးဘဲထိုပစ္စည်းက အသက်ငယ်သည့်လူနှင့် အသက်ကြီးသည့်လူတွေ အတွက်ပါ အသုံးဝင်သည်။

 

အသက်ကြီးပိုင်းနှင့် လူငယ်တွေက စကူတာကို သုံးလို့ရသည်။

 

သူ့လိုအသက်အရွယ်ပိုင်းကတော့ စကိတ်ဘုတ်ပြားကို သဘောကျလောက်သည်။

 

သေချာပေါက် ချမ်းသာကြွယ်ဝအောင် လုပ်လို့ရသည်။

 

အကယ်၍ သူတို့သာ အောင်မြင်ခဲ့ရင် ဒါက သူပထမဆုံး အကျိုးအမြတ်ရတာဖြစ်မည်။

 

ရှစ်ချင်းလျို့ရဲ့ စကိတ်ဘုတ်ပြားနှင့် စကူတာက လျန့်ယိုရှောင်နှင့် ရှီလွေ့ကို ကစားခိုင်းဖို့ပဲ မဟုတ်ဘဲ စီးပွားရေးပူးပေါင်းဖို့အတွက်ပါ ပါသည်။

 

"ဒါပေါ့၊ ဒါပေမဲ့ ဒီပစ္စည်းတွေက တုပလို့လွယ်လို့ ရှင်မြို့တော်ကိုပြန်ရောက်ရင် စက်ရုံအကြီးကြီးထောင်ပြီး စျေးကွက်ကို မအုပ်စိုးခင် အရေအတွက် များများထုတ်ထားဖို့ လိုအပ်တယ်၊ စျေးကွက်ကို စကိတ်ဘုတ်ပြားနဲ့ ထိုးဖောက်လိုက်ရင် နောင်အနာဂတ်မှာ အဲပစ္စည်းတွေကိုမြင်ရင် ရှင့်ကုမ္ပဏီက ပိုင်တာကို လူတွေ အမှတ်ရမှာပေါ့။"

 

ရှေးခေတ်မှာလည်း ကုန်တံဆိပ်ကို သတိမူမိခြင်းက ဖြစ်နိုင်သည်။

 

လျန့်ယိုရှောင်က မေးစေ့ကိုပွတ်ခဲ့သည်။ "ငါလုပ်နိုင်တယ်။"

 

သူက အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အထဲဝင်ပြီး လုပ်ငန်းစပ်တူလုပ်ဖို့ သေချာဆွေးနွေးရအောင်။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။

 

သူတို့တွေက အိမ်ထဲဝင်ပြီး ခြံထဲမှာထိုင်ခဲ့သည်။

 

လျန့်ယိုရှောင်က အလုပ်ရုံကြီးထောင်ပြီး စကိတ်ဘုတ်ပြားနှင့် စကူတာထုတ်ဖို့ အလုပ်သမားတွေငှားကာ ရောင်ဖို့ အတည်ပြုလိုက်သည်။

 

ရှစ်ချင်းလျို့က သူမရဲ့ စွမ်းရည် စိုက်ထုတ်ပေးခဲ့တာကြောင့် လတိုင်းရဲ့ အကျိုးအမြတ်20%ရရှိမည် ဖြစ်သည်။

 

စကိတ်ဘုတ်ပြားနှင့် စကူတာမှာ "နန်ရှီ" ဟူသော စာသားထည့်ဖို့ပါ သူမ အကြံပြုခဲ့သည်။

 

လျန့်ယိုရှောင်က သဘောတူခဲ့သည်။

 

သူတို့နှစ်ယော်က စာချုပ်ချုပ်ခဲ့ပြီး ဖေးယွီကျယ်က သက်သေခံပေးခဲ့သည်။

 

ဆွေးနွေးပြီးနောက် လျန့်ယိုရှောင်က ဆက်မေးခဲ့သည်။ "အထက်တန်းလွှာက ချမ်းသာတဲ့သက်ကြီးပိုင်းတွေ ကစားရတာကြိုက်မယ့် ပစ္စည်းတချို့ကော လုပ်နိုင်မလား။"