အပိုင်း ၁၄၂
Viewers 14k

 

 

အပိုင်း(၁၄၂) - ရေပန်းစားလိမ့်မယ်

 

လျန့်ယိုရှောင်က ပွဲကြည့်ဖို့ မြို့တော်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီဖြစ်တာကြောင့် သူက သာမာန် ပွဲကြည့်သူ မဟုတ်တော့တာ သေချာသည်။

 

သူနှင့် ရှီလွေ့က တူညီသည့်အထက်တန်းလွှာကဖြစ်သော်လည်း ထိုအထက်တန်းလွှာလူကြီးနှင့်တော့ တူညီသည့်အထက်တန်းလွှာ အသိုင်းအဝိုင်းက မဟုတ်ပေ။

 

သူတို့က သူတို့ဘဝကိုယ် သူတို့ နေထိုင်နေကစားရတာဖြစ်သည်။

 

ထို့ကြောင့် အကယ်၍ ဘုရင့်ဦးရီးတော်ကို တစ်ခုခု ကူညီခိုင်းလိုပါက အရင်ဆုံး သူ့ကို တစ်ခုခုဖြင့်မြှားခေါ်ဖို့လိုသည်။

 

အထက်တန်းလွှာတွေက သောက်စားခြင်း၊ ရင်ဖို စိတ်လှုပ်ရှားစရာ လုပ်တာအပြင် တခြား စိတ်ဝင်စားတာ များများစားစား မရှိပေ။

 

အခု မြို့တော်မှာလည်း ဆန်းသစ်သည့်ကိစ္စတွေ များများစားစား မရှိပေ။

 

စကိတ်ဘုတ်ပြားနှင့် စကူတာတွေက အသက်၄၀အရွယ် ဘုရင့်ဦးရီးတော်ကို စိတ်ဝင်စားအောင် ပြုလုပ်ဖို့ မဖြစ်နိုင်ပေ။

 

ရှစ်ချင်းလျို့ သူ့ရဲ့မေးခွန်းကိုကြားတော့ သူမက သူ့အတွေးကို ခန့်မှန်းလိုက်သည်။

 

သူမက မေးခဲ့သည်။ "ရှင်ပြောတဲ့ သက်ကြီးပိုင်း အထက်တန်းလွှာက ပုံမှန်ဆိုရင် ဘာလုပ်ရတာ ကြိုက်လဲ။"

 

လွန်ခဲ့သည့် နှစ်ရက်က သူမ၏ ခင်ပွန်း ရှောင်ဟန်ကျန့်က ထိုအထက်တန်းလွှာလူကြီးအကြောင်း မရည်ရွယ်ဘဲ ပြောပြမိခဲ့တာ ထိုလူက လျန့်ယိုရှောင် သူမ ခင်ပွန်းရဲ့ ဆန်ကုန်မြေလေးအဖေကို ဖိအားပေးဖို့ ရွေးချယ်ခဲ့သည့် အကောင်းဆုံးပါဝင်သူဖြစ်နေသည်။

 

လျန့်ယိုရှောင်က များများစားစား တွေးမနေပေ။ "သူက ဆောင်ကြာမြိုင်တို့၊ လောင်းကစားရုံတို့ သွားရတာ ကြိုက်တယ်။"

 

ဘုရင့်ဦးရီးတော်က သူ့လို အစားအစာအလွန်ကြိုက်ကြောင်းတော့ သူ မကြားဖူးပေ။

 

မဟုတ်ပါက သူက ရှစ်ချင်းလျို့ဖြင့် အထူးဟင်းလျာတွေပြင်ခိုင်းပြီး မြို့တော်ကိုယူသွားပြီး ရက်အနည်းငယ်ကြာသည့်အခါ ဘုရင့်ဦးရီးတော်ကို ဖိတ်ခေါ်ကျွေးလို့ရသည်။

 

ရှစ်ချင်းလျို့က ခဏလောက်တွေးပြီး မေးခဲ့သည်။ "အဲလူက လောင်းကစားရုံမှာ သွားကစားရတာ ကြိုက်တာလား။"

 

လျန့်ယိုရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ သူက လောင်းကစားရုံမှာ လဝက်လောက်တောင် နေတာ။"

 

ရှစ်ချင်းလျို့က လက်ဖျောက်တီးလိုက်သည်။ "သိပြီ၊ မာကျောက်နဲ့ ဖဲကစားလို့ရတာပဲ။"

 

မာကျောက်နှင့် ဖဲကစားနည်းက မော်ဒန်ခေတ်မှာလည်း ရေပန်းစားသည်။

 

ရှေးခေတ်က လောင်းကစားရုံကိုသွားသည့် လူတွေလည်း ခြွင်းချက်မရှိ သဘောကျနိုင်သည်။

 

လျန့်ယိုရှောင်က ရှုပ်ထွေးသွားခဲ့သည်။ "မာကျောက်နဲ့ ဖဲချပ်က ဘာလဲ။"

 

"ပြောလည်း သိမှာမဟုတ်ပါဘူး၊ ကျွန်မ အဲ့တာယူပြီး ရှင်နဲ့ကစားပြတဲ့အခါ ရှင်သိလိမ့်မယ်၊ လောင်းကစားရုံမှာ အဲ့တာတွေ ကစားနိုင်လို့ကတော့ ကျွန်မတို့ နေ့တိုင်း လောင်းကစားရုံက အမြတ်ကို စောင့်ဖို့ပဲ လိုအပ်တယ်။"

 

လျန့်ယိုရှောင်ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "မိုက်သားပဲ၊ မြန်မြန်လေး၊ ငါအရင်စမ်းကြည့်မယ်။"

 

သူမြို့တော်မှာနေတုန်းက ပျင်းသည့်အခါ ရံဖန်ရံခါ လောင်းကစားရုံကိုသွားကာ ကစားလေ့ရှိသည်။

 

မြို့တော်က လောင်းကစားရုံတွေက တကယ်စီးပွားရေးကောင်းသည်။

 

သူကိုယ်တိုင် ဝင်ပါဖို့တော့ အဆင်မပြေပေ။

 

သို့ပေမယ့် ကစားနည်းအသစ်ရှိမည်ဆိုပါက သူ့မိသားစုရဲ့နောက်ခံကို အားကိုးပြီး လောင်းကစားရုံဖွင့်မည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကောင်းပြီ၊ ရှင်တို့ ဒီမှာ ခဏစောင့်၊ ကျွန်မ အိမ်အဟောင်းကို ပြန်လိုက်ဦးမယ်။"

 

သူမက ရှောင်မူတို့သားအဖကို မာကျောက်ကစားဖို့ ကတ်လေးတွေ ထွင်းခိုင်းဖို့ လိုသေးသည်။

 

ဖဲကစားဖို့လည်း သူမ ခင်ပွန်းပြန်လာတာကို စောင့်ချင်သေးသည်။

 

မကြာမီက သူတို့ မတော်တဆလုပ်လိုက်မိသည့် စာရွက်က တော်တော်ထူတာကြောင့် အချိန်ကိုက်ပင် ဖဲချပ်လေးတွေ လုပ်လို့ရသည်။

 

လျန့်ယိုရှောင်က အလွန်ဆော့ချင်နေပြီဖြစ်သော်လည်း သည်းခံကာ ပြောလိုက်သည်။ "ကောင်းပြီ သွားလေ။"

 

ရှစ်ချင်းလျို့က စကူတာ စီးကာ အိမ်ဟောင်းကို သွားလိုက်သည်။

 

မကြာသေးမီက လုပ်ထားသည့် ဘိလပ်မြေစက်ရုံက ကောင်းကောင်းလည်ပတ်နေသည်။

 

ရွာသားတွေကလည်း ရွာက လမ်းအများစုကို လမ်းခင်းခဲ့သည်။

 

ရှစ်ချင်းလျို့က ဘိလပ်မြေဖော်စပ်ပုံကို အားလုံးကို မျှဝေပြီး လူတိုင်းကို အပိုဝင်ငွေ ရှာစေနိုင်ခဲ့တာကြောင့် သူတို့ အလုပ်ရုံမှာ လုပ်နေသည့် လူတွေက သူမကို ကျေးဇူးဆပ်သောအားဖြင့် ရှောင်မိသားစုရဲ့ အိမ်အသစ်နဲ့ အိမ်အဟောင်းဆီ သွားသည့် လမ်းကို ဘိလပ်မြေဖြင့် လမ်းခင်းပေးခဲ့သည်။

 

ရှစ်ချင်းလျို့က ရှောင်မူနှင့် သူ့သားကို ရှာကာ မာကျောက်ချပ်ပြားတွေအကြောင်း အကြမ်းဖျင်း ပြောပြခဲ့သည်။

 

ထို့နောက် သူတို့နှစ်ယောက်က ရှစ်ချင်းလျို့ပြောသည့်အတိုင်းအတာ အတိုင်း သစ်သားလေးတွေကို ဖြတ်ခဲ့သည်။

 

ထို့နောက် ရှစ်ချင်းလျို့က မာကျောက်ပုံစံတွေကို စာရွက်ပေါ်ဆွဲပြခဲ့ပြီး သစ်သားတုံးတစ်ခုဆီမှာ ထွင်းထုစေခဲ့သည်။

 

ရှစ်ချင်းလျို့က မေးခဲ့သည်။ "မာကျောက်တစ်တွဲပြီးဖို့ ဘယ်လောက်ကြာမယ်ထင်လဲ။"

 

လျန့်ယိုရှောင် မြို့တော်ကို မြန်မြန်ပြန်ပြီး သူ့တာဝန်ကို ထမ်းဆောင်ဖို့ သူမ မျှော်လင့်နေသည်။

 

ရှောင်မူက စာရွက်မှာ ဆွဲထားတာတွေကို ကြည့်လိုက်သည်။ "မနက်ဖြန်တော့ ပြီးလိမ့်မယ်။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ တတ်နိုင်သမျှ မြန်မြန် လုပ်ပေးပါ။"

 

"ကောင်းပါပြီ။" သူမ အလျင်လိုနေကြောင်း ရှောင်မူ ပြောနိုင်သည်။

 

ရှောင်မိသားစုက သူတို့ကို ငှားရမ်းခဲ့ကတည်းက သူတို့သားအဖသုံးယောက် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့သည်။

 

လတိုင်းလည်း ထိုက်လျောက်သည့်လစာကို ရခဲ့သဖြင့် သူကျေနပ်နေသည်။

 

ထို့ကြောင့် သူ့ရဲ့သူဌေးအတွက် များများ ပြန်လုပ်ပေးရဖို့ သူမျှော်လင့်သည်။

 

ရှစ်ချင်းလျို့ အိမ်အဟောင်းက ပြန်လာတော့ ညစာ စားချိန်နီးပြီဖြစ်သည်။

 

သူမ ပြန်ထွက်တော့မည့် အချိန်မှာပဲ သူမဆီ လာနေသည့် ရှောင်ဟန်ကျန့်ကို တွေ့လိုက်လေသည်။

 

"ဘာလာလုပ်တာလဲ။"

 

ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "မင်းကို လာကြိုတာပေါ့ဗျာ။"

 

ရှစ်ချင်းလျို့က စကူတာစီးပြီး ရှေ့တိုးသွားကာ ချိုမြစွာ ပြုံးခဲ့သည်။ "လာကြိုပေးတာ ကျေးဇူးပဲ။"

 

သူမ စီးနင်းလာတာကို ရှောင်ဟန်ကျန့်က တွေ့သည်။ "ဒါက မင်းလုပ်ထားတဲ့ စကူတာလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"

 

သူမက မေးလိုက်သည်။ "စီးကြည့်ချင်လား။"

 

ရှောင်ဟန်ကျန့်ကလည်း စိတ်ဝင်စားနေသည်။ "ဒါပေါ့။"

 

ထို့ကြောင့် သူက ရှစ်ချင်းလျို့ သင်ကြားပေးတာတွေကို နားထောင်ပြီးနောက် လက်ကိုင်ကိုကိုင်ပြီး တက်လိုက်ကာ အနည်းငယ် ပတ်စီးလိုက်သည်။

 

ရှစ်ချင်းလျို့က ဝတ်ရုံအစိမ်းဝတ်ကာ စကူတာစီးနေသည့် သူမ ခင်ပွန်းကို ကြည့်နေခဲ့သည်။

 

သူ့ကို ရုတ်တရက်ကြည့်ရုံသာမက သေချာကြည့်လေ ပိုချောလေဖြစ်သည်။

 

သူ့မျက်နှာက တောက်ပနေကာ သူလုပ်သမျှက တင့်တယ်နေသည်။

 

မကြာမီလာတော့မည့် အနာဂတ်မှာ လူတွေက ရှေးခေတ်ဝတ်စုံဖြင့် မြို့တော်မှာ စကိတ်ဘုတ်နှင့် စကူတာစီးနေသည့်အခါ ဘယ်လိုပုံတွေ ဖြစ်နေမလဲဟု သူမ တွေးလိုက်မိသည်။

 

ရှောင်ဟန်ကျန့်က ခဏလောက် ပတ်စီးပြီးနောက် ပြန်လာခဲ့သည်။ "ဒါလေးက မဆိုးဘူးပဲ။"

 

ဘိလပ်မြေဖြင့် ခင်းထားသည့်လမ်းမှာ ဒီပစ္စည်းကို အသုံးပြုရတာ လမ်းလျှောက်ရတာထက် လွယ်ကူသည်။ ပိုလည်းမြန်သည်။

 

ရှစ်ချင်းလျို့က ပြုံးပြီးပြောခဲ့သည်။ "ဒါကြောင့် လျန့်ယိုရှောင်က ကျွန်မနဲ့ အလုပ်အတူတူ လုပ်ပြီး စကူတာ ရောင်းချင်နေတာလေ။"

 

သူမက သူတို့ရဲ့ စကားဝိုင်း အသေးစိတ်ကို ဆက်ပြောပြခဲ့သည်။

 

ရှောင်ဟန်ကျန့်က စကူတာကို ကောက်ပြီး ရှစ်ချင်းလျို့နား သွားခဲ့သည်။ "ဒါ ကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းပဲ။"

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကိုချိတ်ကာ ပြောခဲ့သည်။ "ကျွန်မတို့ သူနဲ့ လောင်းကစားရုံလည်း ဖွင့်လို့ရတယ်။"

 

ရှောင်ဟန်ကျန့်က ကြက်သေသေသွားခဲ့သည်။ "လောင်းကစားရုံ။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ သူက ဘုရင့်ဦးရီးတော်နဲ့ ရင်းနှီးချင်နေတော့ ကျွန်မကို အထက်တန်းလွှာလူကြီးတွေ ကစားရတာ ကြိုက်မယ့်ကိစ္စလေး လုပ်ဖို့ပြောခဲ့တယ်၊ ကျွန်မက မာကျောက်နဲ့ ဖဲကစားတာကို တွေးလိုက်မိတယ်။"

 

သူမက မာကျောက်နှင့် ဖဲကစားနည်းကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။

 

ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်။ "ကိုယ်တို့ မြို့တော်မှာ ဖွင့်လိုက်တာနဲ့ တစ်ခါတည်း နာမည်ကြီးလာမှာပဲ၊ လျန့်ယိုရှောင်ရဲ့ မိသားစု နောက်ခံအရ လောင်းကစားရုံဖွင့်တာ ဘာပြဿနာမှ မရှိဘူး။"

 

သူ့နေရာမှာသာ ပိုင်ရွှီဆိုရင်တော့ ထိုလောင်းကစားရုံက ရက်အနည်းငယ်အတွင်းပဲ တခြားလူအပိုင် ဖြစ်သွားမှာကို သူမ မှန်းဆမိသည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "သူ့နောက်ခံနဲ့ သူဘယ်သူဘယ်ဝါ ဆိုတာကိုပဲ ကျွန်မ သဘောကျတာ။"

 

"မင်းကြိုက်တာလုပ်ပါ။" ရှောင်ဟန်ကျန့်က ခေါင်းငုံ့ကာ သူမကို နူးညံ့စွာ ကြည့်ခဲ့သည်။ "မင်းဆီမှာ ကိုယ်ရှိတယ်။"

 

သူ့ဇနီးလေး ပျော်ရွှင်ကာ ဇွတ်တရွတ် လုပ်တတ်သည့်ဟန်လေးကို သူသဘာကျသည်။

 

ဘယ်သူမှ သူမရဲ့ လှပမှုနှင့် အတုမရှိမှုကို မဖျက်စီးနိုင်ပေ။

 

သူမကို သူကာကွယ်မည်။

 

ရှစ်ချင်းလျို့က ခေါင်းမော့လိုက်တော့ ရှောင်ဟန်ကျန့်ရဲ့ နူးညံ့သည့်အကြည့်ဖြင့်ဆုံကာ ရင်တုန်သွားခဲ့သည်။

 

ဘေးမှာ ဘယ်သူမှ မရှိတာတွေ့တော့ သူမက ရှောင်ဟန်ကျန့်ရဲ့ပါးကို အမြန်နမ်းလိုက်သည်။ "ကျန့်ကျန့်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောက်ျားပဲ။"

 

တစ်ယောက်ယောက်က အရှက်မဲ့စွာ သူမရဲ့ ခင်ပွန်းကို ခိုးယူဖို့လုပ်ပါက သူ့ကိုခွင့်လွှတ်မည် မဟုတ်ပေ။

 

အကယ်၍ ရှောင်ဟန်ကျန့်က သူ့ဘာသာသူ သစ္စာဖောက်ခဲ့ရင်တော့ သူမ သူ့ကို မလိုအပ်တော့ပေ။

 

သို့သော်လည်း သူမ ခင်ပွန်းရဲ့ သစ္စာရှိမှုကို သူမ ယုံကြည်သည်။

 

ရှောင်ဟန်ကျန့်ရဲ့ မျက်နှာထက်က အပြုံးက ပိုတောက်ပလာခဲ့သည်။ "မင်းလည်းပဲ ကမ္ဘာပေါ်က အကောင်းဆုံး ဇနီးပါပဲ။"

 

နှစ်ယောက်သား လက်ချင်းတွဲပြီး တစ်ယောက်ရဲ့နွေးထွေးမှုကို တစ်ယောက်ခံစားကာ အိမ်ပြန်ခဲ့ကြသည်။

 

အိမ်ပြန်ရောက်ပြီးနောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ဖဲချပ်တွေ လုပ်ခဲ့ကာ ထိုညမှာ စတင်ကစားခဲ့သည်။

 

အချိန်မကုန်စေရန်အတွက် ရှစ်ချင်းလျို့က ဖေးယွီကျယ်နှင့် လျန့်ယိုရှောင်ကို သူတို့ခြံထဲခေါ်ခဲ့သည်။

 

စာဖတ်ခန်းထဲမှာ သူမက သူတို့ကို သို့တိကျူးဖဲကစားနည်း သင်ပေးခဲ့သည်။

 

[TN/ doudizhu 斗地主 : တရုတ်ပြည်က ရေပန်းစား ဖဲကစားနည်းတစ်မျိုး]

 

လျန့်ယိုရှောင်နှင့် ဖေးယွီကျယ်က အခုမှ စကစားတာဖူးတာဖြစ်ပြီး ကစားလေလေ ပိုစိတ်အားထက်သန်လာလေဖြစ်ခဲ့သည်။

 

အိပ်ချိန်ရောက်သည့်အခါ ရှစ်ချင်းလျို့က ပင်ပန်းစွာ ပြောခဲ့သည်။ "ရှင်တို့တွေ အကျွမ်းတဝင်ရှိနေပြီပဲ၊ ဒီနေ့တော့ ဒီလောက်ပဲ။"

 

လျန့်ယိုရှောင်က အလွန်စိတ်ဝင်စားနေသည်။ "ဟာ ထပ်ကစားရအောင်လေ။"

 

ရှစ်ချင်းလျို့က မျက်လုံးလည်လိုက်သည်။ "ဖဲချပ်တွေ ရှင့်အခန်းထဲယူသွားလေ၊ ကျွန်မ ယောက်ျားက မနက်ဖြန် ကျောင်းသွားရဦးမှာ။"

 

သူမ ခင်ပွန်းကလည်း ဖဲကစားတာ စိတ်ဝင်စားနေပေမယ့် အလွန်အကျူးမဖြစ်အောင် ထိန်းချုပ်ထားနိုင်သည်။

 

လျန့်ယိုရှောင်ကတော့ တစ်ညလုံး ကစားမည့်ပုံပေါ်သည်။

 

သူတို့မှာ သူ့ကိုအဖော်ပြုပေးဖို့ အချိန်ကော စွမ်းအင်ပါ မရှိချေ။

 

သို့ပေမယ့် ဖေးယွီကျယ်ရဲ့ ကိုယ်ဟန်ကိုကြည့်ရတာလည်း သူလည်း တစ်ညလုံး ကစားမည့်ပုံရသည်။

 

ထင်သည့်အတိုင်း ရှေးခေတ်က လောင်းကစားသမားတွေဟာလည်း သို့တိကျူးဖဲကစားနည်းရဲ့ မှော်အစွမ်းက မလွတ်မြောက်နိုင်ခဲ့ပေ။