အပိုင်း(၁၆၈)
- ရှေးခေတ်က သူမရဲ့ ပထမဆုံး သူငယ်ချင်းကောင်း
ရှစ်ချင်းလျို့နှင့်
တခြားလူတွေက ခြံဝန်းထဲထိုင်ကာ လက်ဖက်ရည် သောက်နေခဲ့သည်။
တံခါးခေါက်သံ
ကြားလိုက်ရတော့ ဖေးယွီကျယ်ရဲ့ အစောင့်က တံခါးသွားဖွင့်ပေးခဲ့သည်။
တံခါးပေါက်က
လူသုံးယောက်ကိုတွေ့တော့ ဖေးယွီကျယ်ရဲ့ အစောင့်က ကြက်သေသေသွားပြီးမှ အမြန်လေး တလေးတစား
နှုတ်ဆက်ခဲ့သည်။
ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့် လှည့်ကြည့်လိုက်တော့ လျန်ယို့ရှောင်က ခပ်ပေါ့ပေါ့နေတတ်ပုံရသည့်
အမျိုးသားတစ်ယောက်နှင့် လမ်းလျှောက်ဝင်လာတာကို တွေ့လိုက်ရသည်။
သူတို့နောက်မှာက
ခရမ်းနုရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦး ပါရှိပြီး မျက်စိဖမ်းစားဖွယ်ကောင်းအောင်
ခါးမှာ ကြာပွတ်ကို ချိတ်ဆွဲထားသည်။
ဖေးယွီကျယ်က
သူတို့သုံးယောက်ကိုတွေ့တော့ နဖူးကိုပွတ်လိုက်မိလေသည်။
သူအကြောက်ဆုံးအရာက
ဒီကိုရောက်လာပြီဖြစ်သည်။
မျိုးမစစ်လေး
လျန်ယို့ရှောင်က နတ်ဆိုးဘုရင် ရှီလွေ့ကိုခေါ်လာရုံသာမက နတ်ဆိုးဘုရင်မကိုပါ
ခေါ်လာခဲ့သည်။
လျန်ယို့ရှောင်က ခြံထဲဝင်လာပြီးသည်နှင့်ချက်ချင်း
သူတို့ကို လက်ဝေ့ယမ်းပြခဲ့သည်။ "ငါပြန်လာပြီ။"
ရှောင်ဟန်ကျန့်က
ရှီလွေ့နှင့် ထိုအမျိုးသမီးကိုကြည့်ကာ ပြုံးပြခဲ့သည်။ "ကြိုဆိုပါတယ်။"
သူက ထိုလူနှစ်ယောက်ကိုသိသည်။
ရှစ်ချင်းလျို့က
ပြောခဲ့သည်။ "မမိတ်ဆက်ပေးတော့ဘူးလား။"
လျန်ယို့ရှောင်က ပြုံးကာ
ပြောခဲ့သည်။ "ဒါက ရှီလွေ့လေ၊ မြို့တော်က အပျော်အပါးမက်တဲ့ အထက်တန်းလွှာ သခင်လေးတွေရဲ့
ခေါင်းဆောင်ပေါ့။"
ထိုသို့မိတ်ဆက်ပေးခံလိုက်ရတော့
လမ်းလျှောက်ဝင်လာသည့် ရှီလွေ့က ယိမ်းယိုင်လဲကျတော့မတတ်ဖြစ်သွားခဲ့သည်။
သူက လျန်ယို့ရှောင်ကို စိုက်ကြည့်ခဲ့သည်။ "မင်းကကော အပျော်အပါးမက်တဲ့
အထက်တန်းလွှာက သခင်လေး မဟုတ်လို့လား။"
လျန်ယို့ရှောင်က ဂုဏ်ယူစွာ
ကြည့်ခဲ့သည်။ "ငါက ရည်မှန်းချက် ကြီးမားတဲ့ အထက်တန်းလွှာ သခင်လေးပေါ့ကွာ၊ မင်းနဲ့
မတူဘူး။"
ရှီလွေ့က
သူ့ကို အော်ခဲ့သည်။ "ဟိတ်ဟန်ထုတ်နေသေးတယ်။"
လျန်ယို့ရှောင်က သူ့ကို
အဖတ် မလုပ်တော့ချေ။
သူက အရှေ့ကို
လျှောက်သွားနေသည့် အမျိုးသမီးကို ညွှန်ပြခဲ့သည်။ "သူက ရှီရုံလေ၊ တာ့လျန်မင်းဆက်မှာ
ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီး မြို့စားမင်းပေါ့။"
ရှီရုံက
ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။ "နင်က စကိတ်တီထွင်ခဲ့တဲ့လူလား။"
ဒီကိုလာသည့်
လမ်းတစ်လျှောက်မှာ လျန်ယို့ရှောင်က သူတို့ကိုု ရှစ်ချင်းလျို့အကြောင်း
အများကြီး ပြောပြခဲ့သည်။
ရှစ်ချင်းလျို့က
မတ်တပ်ရပ်ပြီး ရက်ရောစွာ ပြုံးပြခဲ့သည်။ "တွေးရတာဝမ်းသာပါတယ် မိန်းကလေး၊ ငါက စကိတ်ဘုတ်ပြား
တီထွင်ခဲ့တဲ့လူပါ။"
ရှီရုံက
သူ့ရှေ့ လျှောက်လာခဲ့သည်။ "ဒါဆို ကစားနည်းအကွက်များစွာ သိမှာပေါ့နော်။"
သူမက
ရှီလွေ့နှင့် တခြားလူတွေနှင့် သီးသန့် ခဏလောက် ကစားရင်း စကိတ်စီးရတာကို အလွန် သဘောကျသွားခဲ့သည်။
ရှစ်ချင်းလျို့က
ပြောခဲ့သည်။ "မှန်တာပေါ့။"
ရှီရုံက
သူမကို ဖိတ်ခေါ်ခဲ့သည်။ "ဒါဆို သွား ကစားကြမလား။"
ရှီလွေ့က
ဒီမိန်းကလေးရဲ့ နောက်ခံက သာမာန်မဟုတ်ကြောင်း သိလိုက်ရတော့ စကိတ်ကိုသုံးကာ သူမ ရင်ထဲ
နေရာယူဖို့ ရွေးချယ်ခဲ့လေသည်။
သူမက
တုံ့ဆိုင်းခြင်းမရှိပြန်ဖြေခဲ့သည်။ "ဒါပေါ့။"
ဒါက ခြံထဲဝင်ဝင်ချင်း
ရှီရုံ ပထမဆုံးပြုံးသည့် အပြုံးဖြစ်သည်။ "ဟုတ်ပြီ။"
သူမက
မြို့တော်က အလွန်အရှက်အကြောက်ကြီးသည့် မင်းစိုးရာဇာ မိသားစုက အမျိုးသမီးတွေနှင့် မကစားချင်ပေ။
သူတို့တွေက
စကိတ်စီးချင်သော်လည်း မကစားရဲသဖြင့် ထိန်းချုပ်ထားကြသည်။
ရှီရုံက
မြို့တော်က အသစ်မွမ်းမံထားသည့် စကိတ်ကို ယူထုတ်လိုက်ပြီး သူတို့တွေက ခြံဝန်းထဲမှာ စုဝေးလိုက်ကြသည်။
ဖေးယွီကျယ်က
အနောက်ကို လျှောက်သွားပြီး လျန်ယို့ရှောင်ကို ဆွဲခဲ့သည်။
"ဒီမကောင်းဆိုးဝါးနှစ်ကောင်ကို မင်း ဘာလို့ ခေါ်လာတာလဲ။"
လျန်ယို့ရှောင်က ကူကယ်ရာမဲ့စွာ
ကြည့်ခဲ့သည်။ "ရှီလွေ့က သူ့အဖေရိုက်တာခံရလို့ ဒေါသထွက်ပြီး ငါနဲ့လိုက်ပြီး အိမ်ပြေးလာတာ၊
ရှီရုံကတော့ တကယ်မတော်တဆပါ၊ ငါတို့ မြို့တော်
အပြင်ထွက်တော့ မြို့တော်ကိုပြန်လာတဲ့ သူနဲ့ဆုံတာ၊ ငါတို့ အိမ်ပြေးမယ့်အကြောင်းကြားတော့
သူကပါ လိုက်လာတော့တာပဲ။"
သူဘာများတတ်နိုင်မှာလဲဟု
ဖေးယွီကျယ်က တွေးလိုက်လေသည်။
ကြည့်ရတာ
သူတို့သုံးယောက်လုံး အိမ်ပြေးလာပုံရသည်။
လျန်ယို့ရှောင်က ဖေးယွီကျယ်ရဲ့
ပခုံးကို ပုတ်ခဲ့သည်။ "စိတ်မပူပါနဲ့ ညီအစ်ကိုရာ၊ ငါတို့
ပြဿနာ မရှာပါဘူး။"
"သွားစမ်းပါကွာ။"
ဖေးယွီကျယ်က သူ့လက်ကို ပုတ်ထုတ်ခဲ့သည်။
မင်းကသာ
ဒီမှာ ပြဿနာအရှာဆုံးလူဖြစ်လိမ့်မယ်။
ခဏနေတော့
ရှစ်ချင်းလျို့က ရှီရုံနှင့် စကိတ်ဘုတ်ပြားယူကာ ပြန်လာခဲ့သည်။
သူမက
အရင်ဘဝက သိခဲ့သည့် စကိတ်စီးနည်း အကွက်အခက်တွေကိုပြပြီး ရှီရုံရဲ့ အာရုံကို ဖမ်းစားခဲ့သည်။
"လျို့လျို့
နင်သိပ်အံ့သြဖို့ကောင်းတာပဲ။"
ထို့နောက်
သူမက ဖော်ရွေသည့် လေသံဖြင့် ပြောခဲ့သည်။ "ဘယ်လိုကစားရမလဲဆိုတာ သင်ပေးနိုင်မလား။"
ရှီရုံက
တကယ်ပဲ အမျိုးသမီး မြို့စားမင်းဆိုတာ ရှစ်ချင်းလျို့ သိသွားခဲ့သည်။ သူမက ဒီခေတ်က အမျိုးသမီးတွေနှင့်
မတူပေ။
သူမက
တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "ရတာပေါ့။"
သူမက
ရှေးခေတ်မှာ သူငယ်ချင်း မရှိသေးဘဲ ရှီရုံရဲ့ အကျင့်စရိုက်က သူမနှင့် လိုက်ဖက်သည်။
ထို့ကြောင့်
စကိတ်စီးရင်းဖြင့် ရှစ်ချင်းလျို့က သူမနှင့် သူငယ်ချင်းကောင်း လုပ်ခဲ့သည်။
သူတို့က
စကိတ်စီးပြီး ပင်ပန်းသွားတော့ သွားပြန်နားခဲ့သည်။
ရှီရုံနှင့်
ရှီလွေ့က သာမာန်လူမဟုတ်သည့်အပြင် သူတို့ရဲ့ ဧည့်သည်ပါဖြစ်နေတာကြောင့် ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်က သူတို့ကို ကောင်းကောင်း ကျွေးမွေးခဲ့သည်။
သူတို့ကိုကျွေးဖို့အတွက်
ရှစ်ချင်းလျို့နှင့် ရှောင်ပိုင်လီကို စားပွဲအပြည့် ဟင်းလျာတွေ ချက်ခိုင်းဖို့ ရှောင်ဟန်ကျန့်က
သူ့လူတွေကို စီရင်စုမြို့ကို သွားခိုင်းကာ လတ်ဆတ်သည့် အသားတွေ ဟင်းသီးဟင်းရွက်တွေ သွားဝယ်ခိုင်းခဲ့သည်။
ရှီလွေ့နှင့်
ရှီရုံက အစားအသောက်တွေကို ခံတွင်းတွေ့နေခဲ့သည်။
ညစာ စားပြီးနောက်
ရှစ်ချင်းလျို့က ရှီလွေ့အတွက် နေဖို့ ကိုယ်တိုင်ပြင်ပေးခဲ့သည်။
ရှီရုံနှင့်
သူမ အစေခံနှစ်ယောက်က ခြံဘေးက တိုက်ခန်းမှာ နေခဲ့သည်။
အခန်းထဲမှာ
ဆန်းသစ်သည့် ဆိုဖာ၊ အိမ်သာနှင့် ရေချိုးခန်းပါသည့် အခန်းကို တွေ့ပြီးနောက် ကျေးရွာမှာနေဖို့
အနည်းငယ် တွန့်ဆုတ်နေသည့် ရှီရုံက ချက်ချင်း သဘောကျသွားခဲ့သည်။
ရှီရုံက
ဆိုဖာထက်က ကျားပုံပါသည့်ခေါင်းအုံးကို ဖက်ထားလိုက်သည်။
သူမက
ရှစ်ချင်းလျို့ကို ကြည့်ကာ မေးခဲ့သည်။ "လျို့လျို့ ဒါတွေအကုန် နင်အလှဆင်ထားတာလား။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ကာ ပြုံးပြခဲ့သည်။ "ဟုတ်တယ်။"
ရှီရုံက
ပြုံးကာချီးမွမ်းခဲ့သည်။ "နင်က သိပ်တော်တာပဲ။"
ရှစ်ချင်းလျို့က
သူမအတွေးထဲက ရွာသူ ပုံရိပ်ကို လုံးဝဖျက်စီးခဲ့သည်။
"ချီးကျူးပေးတာ
ကျေးဇူးတင်ပါတယ်။" ရှစ်ချင်းလျို့က ပြုံးကာ ချီးကျူးမှုကို လက်ခံခဲ့သည်။
ထိုအချက်ကြောင့်
ရှီလွေ့က သူမရဲ့ စိတ်ထားကို ပိုသဘောကျသွားခဲ့သည်။ "မနက်ဖြန် ငါတို့ကို တောင်ပေါ်
ခေါ်သွားပေးလို့ရမလား၊ နင့်ဆရာက မသေမျိုးလို့ကြားတယ်။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စမရှိဘူး၊ မနက်ဖြန်ကျရင် တာအိုဘုန်းကြီးကျောင်းကို
အရင်သွားပြီးရင် တောင်ပေါ်ကို သွားကြတာပေါ့။"
ရှီရုံက
ငြိမ်ငြိမ်နေတတ်သည့် လူဖြစ်ဟန် မတူပေ။
ရှစ်ချင်းလျို့မှာ
ဒီအမျိုးသမီး ပျော်အောင် လုပ်ပေးဖို့ နည်းလမ်းများစွာ ရှိသည်။
"ဒါဆို
သဘောတူပြီနော်။"
သူမကို
နေရာချပေးပြီးနောက် ရှစ်ချင်းလျို့က ဘေးခြံဝန်ကနေ ထွက်လာတော့ ရှီလွေ့ကို နေရာချပေးပြီး
ပြန်လာသည့် ရှောင်ဟန်ကျန့်ဖြင့် ဆုံခဲ့သည်။
သူတို့နှစ်ယောက်က
အချင်းချင်းကြည့်ပြီးနောက် ဖွင့်ပြောစရာမလိုဘဲ အတူတူ အခန်းဆီ ပြန်ခဲ့သည်။
သူတို့ကရေချိုးပြီးနောက်
အဝတ်တွေလဲခဲ့သည်။
ပင်မခြံဝန်းထဲမှာ
အမျိုးသားနှင့် အမျိုးသမီးအတွက် ဟူ၍ ရေချိုးခန်းနှင့် အိမ်သာ နှစ်ခုဆီ ရှိသည်။
ဘေးခြံဝန်းမှာလည်း
ထိုအတိုင်းသာဖြစ်သည်။
ရေချိုးပြီးနောက်
ရှစ်ချင်းလျို့က အခန်းဆီ ပြန်ခဲ့သည်။
ရှောင်ဟန်ကျန့်က
ရေချိုးပြီးပြီဖြစ်သည်။
သူက တဘက်ဖြင့်
ရှစ်ချင်းလျို့ရဲ့ ဆံပင်ကို ခြောက်အောင် သုတ်ပေးခဲ့သည်။
ရှစ်ချင်းလျို့က
သူမခင်ပွန်း သူမကို ပြုစုယုယပေးတာမျိုး သိပ်သဘောကျသည်။
သူမက
မေးခဲ့သည်။ "ရှင် ရှီရုံကို သိလား။"
လျန်ယို့ရှောင်က သူမကို
အသေးစိတ် မမိတ်ဆက်ပေးခဲ့ပေ။
ရှောင်ဟန်ကျန့်က
သူမ ဆံပင်ကို နူးညံ့စွာသုတ်ပေးပြီး ပြောခဲ့သည်။ "ရှီရုံရဲ့ အမေနဲ့ လက်ရှိ ဘုရင်ကြီးက
အမေတူ ဖအေကွဲ မောင်နှမလေ၊ ဘုရင်ကြီး နန်းမတက်ခင်က သူတို့ မောင်နှမ ဆက်ဆံရေးက သိပ်ကောင်းတာ၊
ဟိုးတုန်းက ဘုရင်ကြီး ထီးနန်းဆက်ခံပြီးတဲ့နောက် အခက်အခဲများစွာ ကြုံခဲ့ရတယ်၊ အခမ်းအနားတစ်ခုမှာ
သူက သိပ်အန္တရာယ်ကြီးတဲ့ လုပ်ကြံမှုနဲ့ ကြုံခဲ့ရတယ်၊ အဲ့တာနဲ့
မင်းသမီးရဲ့ ခင်ပွန်း နန်ရှန်းမြို့စားက ဘုရင်ကြီး အဝတ်အစားကိုဝတ်၊ မင်းသမီးက မိဖုရားကြီး
အဝတ်အစားကိုဝတ်ပြီး လုပ်ကြံသူတွေကို အာရုံပြောင်းခဲ့တယ်၊ နောက်ဆုံးတော့ သူတို့လင်မယားနှစ်ယောက်လုံး
သေသွားခဲ့တယ်၊ အဲ့အချိန်မှာ ဘုရင်ကြီးနဲ့ ထီးနန်းလုတဲ့ မင်းသားတစ်ပါးက
ဒေါသထွက်ပြီး နန်ရှန်းမြို့စားမင်းရဲ့ မိသားစုကို လူလွှတ်ပြီး သတ်ခိုင်းခဲ့တယ်၊ အဲ့တုန်းက ရှီရုံကို အစေခံမလေးတွေက အပြင်ခေါ်ပြီး သွားကစားတဲ့အချိန်ဖြစ်နေတော့
ရှီမိသားစုတစ်ခုလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တဲ့လူဖြစ်ခဲ့တယ်၊ ဘုရင်ကြီး
ထီးနန်းတက်ပြီးတဲ့နောက်တော့ မိဖုရားကြီးက သူ့ကို နန်းတော်ကို ခေါ်ဆောင်ပြီး ပျိုးထောင်ခဲ့တယ်၊
ဟိုးတုန်းက မင်းသမီးနဲ့ ဘုရင်ကြီးက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လေ၊ ဒါ့အပြင် မင်းသမီးနဲ့
သူ့ခင်ပွန်း၊ ပြီးတော့ သူ့မိသားစုက ဘုရင်ကြီးအတွက်ကြောင့် သေသွားခဲ့ရတာကြောင့် ဘုရင်ကြီးက
သူ့တူမတော်ဖြစ်တဲ့ ရှီရုံကို မင်းသမီးတွေထက် အလိုပိုလိုက်ခဲ့တယ်၊ မိဖုရားကြီးမှာကလည်း
သမီး မရှိတာကြောင့် ရှီရုံကို သူ့သမီးလို ပျိုးထောင်ခဲ့တာပဲ။"
ဖေးယွီကျယ်က
ရှီရုံကို တစ်ဦးတည်းသော အမျိုးသမီး မြို့စားမင်း အဖြစ်အပြင် ခေါင်းကိုက်စရာလို ကြည့်ခဲ့တာ
မြင်ကတည်းက သူမက ကြီးမားသည့် မိသားစုနောက်ခံက လူဖြစ်ကြောင်း ခန့်မှန်း မိခဲ့သည်။
သို့ပေမယ့်
သူမရဲ့ မိသားစုနောက်ခံက ဒီလောက်ထိ ကြီးမားလိမ့်မည်ဟု မထင်မိခဲ့ပေ။
သူမက
မင်းသမီး မဟုတ်သော်လည်း မင်းသမီးတွေထက်ပင် အရေးပေးခံရသူဖြစ်သည်။
ပြီးနောက်
သူမက ရှီလွေ့နှင့် တစ်ဝမ်းကွဲမောင်နှမတွေဖြစ်သည်။