အခန်း(၁၈၅)
- တွေ့လား ကျွန်တော်တို့က ကောင်းတဲ့ကိစ္စကို လုပ်တာပါ
မော့ချင်းလင်က
ဘုရင်ကြီးက ကောင်းကင်ဘုံရဲ့ ချွေးချယ်ခံထားရသူဖြစ်ပြီး အထွက်နှုန်းတိုးမျိုးစေ့တွကို
ကောင်းကင်ဘုံကချီးမြှင့်ကြောင်း ချဲ့ကားပြောဆိုခြင်းမပြုဘဲ အချက်ကျကျ ဖော်ပြခဲ့သည်။
ဘုရင်ကြီးက
မော့ချင်းလင်ပြောတာကိုကြားပြီး ထိုစာကို မဖတ်ဖူးသေးပေ။
ထို့ကြောင့်သူက
အခြွေအရံဖြင့် စာကို ယူလာခိုင်းပြီး ဖတ်ကြည့်လိုက်သည်။
စာရွက်ထဲမှာ
စာကြောင်းအနည်းငယ်ဒေါင်လိုက်ရှိနေသည်။
သူက ဘုရင်ဖြစ်ဖို့ရွေးချယ်ခံရမည့်အကြောင်းနှင့်
သူက တာ့လျန်ကို စည်းစနစ်ကျကျအုပ်ချုပ်မည့်လူဖြစ်ကြောင်း လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းက
ကြိုမြင်ထားခဲ့တာ အမှန်ဖြစ်သည်။
ပြည်သူပြည်သားတွေ
စစ်ဘေးအန္တရာယ်နှင့် ငတ်မွတ်ခေါင်းပါးသည့်ဘေး မကြုံရစေရန်အတွက် မသေမျိုးဘုန်းတော်ကြီးက
သူ့တပည့်ကို ပြောင်းစိုက်ပျိုးခိုင်းခဲ့တာဖြစ်သည်။
အောက်တိုဘာလမှာ
မြေ တစ်မူမှာ တန်ချိန် ကျင်း တစ်ထောင် ထုတ်လုပ်နိုင်ပါက
သူက ဘုရင်ဖြစ်ဖို့ရွေးချယ်ခံရတာဖြစ်ပြီး ကောင်းကင်ဘုံက လက်ဆောင်ကို လက်ခံရမည့်လူဖြစ်သည့်
အဓိပ္ပာယ် ဖြစ်သည်။
သူ့ကို
ထိတ်လန့်သွားစေတာက စာရွက်ပေါ်မှာ ရွှေရောင်အလွှာဖျော့ဖျော့လေး
ပါရှိနေခြင်း ဖြစ်သည်။
အလွန်ကို
လျှို့ဝှက်ဆန်းကြယ်လွန်းသည်။
ဟိုးတုန်းက
ဘုရင်ကြီးက မသေမျိုးဘုန်းတော်ကြီးကို မယုံခဲ့ပေ။
ရွာသူအမျိုးသမီးကလည်း
အများကြီး မသိနိုင်ဘူးဟု ယုံကြည်ခဲ့ပေမယ့် အခု သတင်းအချက်အလက်တွေ များစွာ ရပြီးနောက်တော့
မသေမျိုးဘုန်းတော်ကြီးက တကယ်လုပ်နိုင်စွမ်းရှိပုံရသည်ဟု တွေးမိခဲ့လေသည်။
အခုတော့
မြေ တစ်မူကထွက်သည့် အလေးချိန်ကျင်း တစ်ထောင်၊
သူက ကောင်းကင်ဘုံကရွေးချယ်ထားသူဖြစ်ကြောင်းနှင့် အထွက်နှုန်းကောင်းသည့်
မျိုးစေ့တွေ ပေးအပ်ခံခဲ့ရတာကြောင့် မသေမျိုးဘုန်းတော်ကြီး တည်ရှိကြောင်းကို သူ စတင်ယုံကြည်ခဲ့တော့သည်။
မဟုတ်ပါက
စာရွက်နားမှာ ရွှေအစက်အပြောက်လေး ဘာကြောင့် ပေါ်နေမည်နည်း။
"လက်ဆောင်ပေးအပ်တဲ့အတွက်
ကောင်းကင်ဘုံနတ်ဘုရားတွေကို ပူဇော်ဖို့အတွက် နက္ခဗေဒပညာရှင်တွေနဲ့ နေ့ကောင်းရက်မြတ်
ရွေးခိုင်းလိုက်မယ်။"
ထို့နောက်
သူကထိုစာကို နန်းတွင်းအခြွေအရံဖြင့် ဝန်ကြီးတွေဆီ ပြခိုင်းခဲ့သည်။
ထိုအချိန်မှာ
ဘုရင်ကြီးက စိတ်တည်ငြိမ်မနေပေ။
သူက စိတ်လှုပ်ရှားနေပြီး
ကြီးမားသည့် တာဝန်ကြောင့်လည်း စိတ်ညစ်သွားခဲ့ရသည်။
သူ့နှလုံးသားထဲက
ဆူးက ရုတ်တရက် ပြုတ်သွားခဲ့လေသည်။
အရင်ဘုရင်ကြီးက
ကံကျွေးခံမြေကမင်းသားကို ထီးနန်းလွှဲပေးတော့မလို့အထိ ဖြစ်ခဲ့သည်။
သူက ထီးနန်းဆက်ခံခဲ့ရသော်လည်း
ဖိအားပေးခဲ့သလို ခံစားခဲ့ရသည်။
ထို့ကြောင့်
ထီးနန်းဆက်ခံပြီးကတည်းက သူ့ရင်ထဲမှာ အစိုက်အခဲဖြစ်ကာ ကျန်နေခဲ့သည်။
သို့ပေမယ့်
အခုတော့ သူက တာ့လျန်ပြည်သူတွေကို ငြိမ်းချမ်းစေမည့် ဘုရင်ဖြစ်ကြောင်း ကောင်းကင်ဘုံက
သူ့ကိုရွေးချယ်ထားတာ ဖြစ်သည်။
ထို့ကြောင့်
သူ့အဖေက လုံလုံလောက်လောက် အမြော်အမြင် မရှိသည့်လူဖြစ်ကြောင်း ဆိုလိုတာဖြစ်သည်။
ပိုပြီး
လုံ့လဝီရိယရှိစွာ ကြိုးစားပြီး တာ့လျန်ကို သူ စီမံအုပ်ချုပ်ရမည်။
ထို့မှသာ
တမလွန်ရောက်သည့်အခါ ဘက်လိုက်သည့် သူ့ခမည်းတော်ကို ဘယ်သူက ကောင်းကင်ဘုံရဲ့ ရွေးချယ်ခြင်းခံထားရတဲ့လူဆိုတာ
ပြသနိုင်မည်ဖြစ်သည်။
ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့ကတော့ သူတို့ လုပ်ကြံခဲ့သည့် နောက်ဆုံးဆန္ဒနှင့် ကောင်းကင်ဘုံကချီးမြှင့်သည့်
မျိုးစေ့ဇာတ်လမ်းကြောင့် ဘုရင်ကြီးက ပိုပြီး ဉာဏ်ပညာရှိရှိ အုပ်ချုပ်ဖို့ ဆုံးဖြတ်ချက်
ချလိုက်တာကို သူတို့ မသိကြသေးပေ။
ထိုအချိန်မှာပဲ
အရာရှိများစွာက စာရွက်ကို လက်ဆင့်ကမ်းကာ ဖတ်ကြည့်နေကြသည်။
အရာရှိတွေထဲမှာမှ
အရာရှိသုံးယောက်က ရှေးဟောင်းပန်းချီတွေကို စစ်ဆေးရာမှာ အလွန်တော်သည်။
သူတို့က
စာရွက်ပေါ်က မင်တွေကို သေချာကြည့်ပြီး တွေးတောနေခဲ့သည်။
"စာရွက်နဲ့
မင်ကို ကြည့်ရသလောက်တော့ တကယ့်ကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရေးထားတာပဲ။"
"စာရွက်နဲ့
မင်ကို ကြည့်ရသလောက်တော့ လွန်ခဲ့တဲ့ နှစ်နှစ်က ရေးထားတာနဲ့တော့ မတူဘူး။"
"အနည်းဆုံးတော့
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကလို့ထင်တယ်။"
အရာရှိသုံးယောက်ထဲမှာ
နှစ်ယောက်က ပိုခေါင်းမာကာ ဘုရင်ကြီးကို ဘယ်တော့မှ မမြှောက်ပင်ခဲ့ပေ။
ဘုရင်ကြီးကို
မကြာခဏ အမှားရှာနေသည့် အရာရှိတောင် ပါသေးသည်။
ထို့ကြောင့်
လူတိုင်းက သူတို့စကားတွေကို ယုံခဲ့လေသည်။
စာလုံးဘေးမှာရှိနေသည့်
ရွှေအလင်းတန်းလေးတွေက တကယ်ဆန်းကြယ်သည်။
ရှေးခေတ်ကလူတွေက
ရွှေအမှုန့်လေးတွေကို မသိတာကြောင့် အစောပိုင်းက မယုံခဲ့သည့်လူတွေတောင် သံသယနည်းပါးသွားခဲ့သည်။
ဒါဟာ
စာကိုပိုယုံကြည်စိတ်ချရအောင် ရှစ်ချင်းလျို့ဖန်တီးခဲ့သည့် အချက်တွေထဲက တစ်ခုဖြစ်သည်။
ဝန်ကြီးတွေက
စိတ်လှုပ်ရှားခဲ့ပြီး ဘုရင်ကြီးက ကောင်းကင်ဘုံကရွေးချယ်ခံထားရသူဆိုတာ လက်ခံခဲ့လေသည်။
ထိုအချိန်မှာပဲ
မော့ချင်းလင်ပြောလိုက်သည့် 'ရှစ်ချင်းလျို့' ဟူသောစကားကြောင့် ကြက်သေ သေနေခဲ့သည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ထို့နောက်
သူက ရှစ်ချင်းလျို့ကို သတ်ဖို့ လုပ်ကြံသူတွေ ငှားခဲ့တာကို ပြန်တွေးလိုက်တာ ရုတ်တရက်ကြီး
ထိတ်လန့်သွားခဲ့သည်။
သူတို့တွေ
မလှုပ်ရှားရသေးဖို့သာ သူ ဆုတောင်းနိုင်တော့သည်။
ပြန်ရောက်သည့်အခါ
လူလွှတ်ကာ အစီအစဥ်ဖျက်ခဲ့သည်။
မဟုတ်ပါက
သူ ဒုက္ခရောက်နိုင်သည်။
ဘုရင်ကြီးနှင့်
တခြားလူတွေက ဒီကိစ္စကို အလွန်အလေးထားနေကြသည်။
မသေမျိုးဘုန်းတော်ကြီးကို
ကိုယ်စားပြုသည့် ရှစ်ချင်းလျို့သာ တစ်ခုခုဖြစ်ပါက ဘုရင်ကြီး အလွန်ဒေါသထွက်နိုင်သည်။
ဒီကိစ္စက
သူ့ရဲ့ သားဆိုးနဲ့ ချွေးမမိုက်ကို ဘုရင်ကြီး မှတ်မိသွားအောင် လုပ်နိုင်သည်။
ရှောင်ယွမ်ရှစ်က
တုန်လှုပ်နေခဲ့သည်။
ကောချွန်းရု
ပျော်ရွှင်ဖို့နှင့် စိတ်ချမ်းသာဖို့အတွက် သူ့သားနှင့် ဆွေခန်းမျိုးခန်းဖြတ်တောက်မိခဲ့တာကိုပင်
သူ ရုတ်တရက်ကြီး နောင်တရသွားခဲ့သည်။
သူ့ကို
မြို့တော်ကို ခေါ်လာပြီး အနီးကပ် ကြည့်ရှုခဲ့သင့်သည်။
အခုတော့
သူ့ကို လုံးဝ ထိန်းချုပ်လို့ မရတော့ပေ။
လျန်ယို့ရှောင်နှင့်
တခြားလူတွေက ပေါ့ပေါ့ပျက်ပျက်နေသည့်လူတွေ ဆိုပေမယ့် အဖိုးနှင့် တခြားလူတွေကို ချွဲတတ်သည်။
လျန်ယို့ရှောင်က ရှီလွေ့နှင့်
ဖေးယွီကျယ်က အကြည့်ပြီးနောက် ဒူးထောက်ချခဲ့သည်။ "အရှင်မင်းကြီးက ဒီကောင်းကင်ဘုံက
ချီးမြှင့်တဲ့ မျိုးစေ့တွေကို သက်သေခံဖို့ဖြစ်လာတဲ့လူပါ၊ ကျွန်တော်မျိုးတို့ရဲ့ တာ့လျန်နိုင်ငံပြီး
ပိုတိုးတက် ကြွယ်ဝပါစေ။"
ဒါက သူတို့မလာခင်
ရှစ်ချင်းလျို့ ပြောပြခဲ့တာဖြစ်သည်။
ဝန်ကြီးတွေရှိနေသည့်အချိန်မှာ
ဘုရင်ကြီးကို သေချာမြှောက်ပင့်ပေးရမည်ဖြစ်သည်။
ဘုရင်ကြီးက
တာ့လျန်ကို ပိုချမ်းသာကြွယ်ဝတိုးတက်လာအောင် ဦးဆောင်လုပ်ဖို့ ဆင်းသက်လာသူဖြစ်ကြောင်း
ကြားပါက သေချာပေါက် ပျော်ရွှင်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့်
သူတို့က သူမရဲ့ အကြံကို နားထောင်ခဲ့တာ ဖြစ်သည်။
ရှီလွေ့နှင့်
ဖေးယွီကျယ်ကလည်း အမြန်တုံ့ပြန်ကာ ဒူးထောက်ချခဲ့သည်။
သူတို့သားတွေရဲ့
အမူအရာကြောင့် ရှီရှင်းဟန်နှင့် လျန်မင်ချန်လည်း ထပ်ပြီး ကြက်သေ သေသွားခဲ့သည်။
သူတို့က
ဘုရင်ကြီးကို ရင်ထဲ ထိမှန်အောင် လုပ်တာ ဖြစ်မည်။ သူတို့တောင် အမြန် တုံ့ပြန်ခြင်း မလုပ်နိုင်ခဲ့ပေ။
သူတို့က
ရုတ်တရက်ကြီး စိတ်အေးစွာ သက်ပြင်းချပြီးနောက် မျက်ရည်တွေဝဲလာခဲ့သည်။
သူတို့ကလည်း
ဒူးထောက်ချပြီးနောက် ပြောခဲ့လေသည်။ "အရှင်မင်းကြီးက ဒီကောင်းကင်ဘုံကချီးမြှင့်တဲ့
မျိုးစေ့တွေကို သက်သေခံဖို့ဖြစ်လာတဲ့လူပါ၊ ကျွန်တော်မျိုးတို့ရဲ့ တာ့လျန်နိုင်ငံ ပိုပြီး
တိုးတက် ကြွယ်ဝပါစေ။"
ထို့နောက်
မတ်တပ်ရပ်နေသည့်လူတွေဟာလည်း ဒူးထောက်ချပြီး ထိုသို့ပြောဆိုခဲ့ကြလေသည်။
မျှော်လင့်ထားသည့်အတိုင်း
ဘုရင်ကြီးရဲ့ မျက်လုံးထဲက အပြုံးက ပိုနက်နဲလာခဲ့သည်။ "ငါတို့နိုင်ငံတော်ကြီး ပိုကြွယ်ဝသန်မာလာအောင်
ငါကိုယ်တော် အကောင်းဆုံး ကြိုးစားပါ့မယ်၊ အားလုံးပဲ ထကြတော့၊ ကောင်းကင်ဘုံက ချီးမြှင့်တဲ့
မျိုးစေ့နဲ့ လုပ်ထားတဲ့ အစားအစာတွေ စားကြည့်ရအောင်။"
ဝန်ကြီးတွေက
ထလိုက်ပြီး တော်ဝင်အခြွေအရံတွေ သယ်လာပေးသည့် ပြောင်းဖြင့် လုပ်ထားသည့်
ပေါက်စီ၊ ပန်ကိတ်နှင့် ပြောင်းမုန့်ပေါင်းတွေကို စားခဲ့ကြလေသည်။
ခန်းမ
တစ်ခုလုံးမှာ စားရင်းဖြင့် ချီးကျူးသံတွေ ပြည့်နေခဲ့သည်။
ထို့နောက်
ဘုရင်ကြီးက သူတို့ကို ဆုပေးခဲ့လေသည်။
"မသေမျိုးဘုန်းတော်ကြီးက
ကွယ်လွန်သွားပြီဆိုပေမယ့် သူက တာ့လျန်ကို ဂရုစိုက်နေတုန်းပဲ၊ ကိုယ်တော်တို့ရဲ့ ကျေးဇူးကို
ဖော်ပြဖို့ ကိုယ်တော်နဲ့ တာ့လျန်ပြည်သူတွေအစား လူလွှတ်ပြီး တာအိုဘုန်းကြီးကျောင်းမှာ
သွားပူဇော်ခိုင်းမယ်၊ တာအိုဘုန်းတော်ကြီးရဲ့ တပည့် ရှစ်ချင်းလျို့နဲ့ သူ့ခင်ပွန်း ရှောင်ဟန်ကျန့်က
မြို့တော်ကိုလာတဲ့ လမ်းမှာပဲ ရှိသေးတယ်၊ သူတို့ရောက်တဲ့အခါကျရင် ဆုချီးမြှင့်မယ်။"
ဘုရင်ကြီးက
မော့ချင်းလင်နှင့် တခြားလူတွေကို ကြည့်ကာ ပြောခဲ့သည်။ "နန်ရှီစီရင်စုမြို့ရဲ့
တရားသူကြီးမင်း မော့ချင်းလင်က ကြီးမားတဲ့ အကျိုးကိစ္စကို ဆောင်ရွက်ခဲ့တာကြောင့် မျိုးစေ့
ကျင်း ၁၀၀ကို ယူပြီး နန်ရှီစီရင်စုမြို့မှာ စိုက်ပျိုးစေ။"
စိုက်ပျိုးရေးသာ
အောင်မြင်ပါက ကြီးမားသည့် အောင်မြင်မှုကို ရရှိမည်။
နန်ရှီစီရင်စုမြို့ကိုသွားသည့်
မော့ချင်းလင်ရဲ့ ရည်ရွယ်ချက်ကို သူသိသည်။
ဒါ့အပြင်
သူ့က စီရင်စုမြို့ရဲ့ တရားသူကြီးမင်းဖြစ်လာတာ မကြာသေးပေ။
ထို့ကြောင့်
သူ့ကို ရာထူးတိုးပေးချင်ရင်တောင် အချိန်မကျသေးပေ။
"မော့ချင်းလင်ကို
ရွှေသား၁၀၀၀နဲ့ မြို့တော်ဆင်ခြေဖုံးမြို့မှာ စံအိမ်တစ်လုံး ချီးမြှင့်တော်မူမယ်။"
သူက မော့ချင်းလင်ကို
ယုံကြည်ရသည့် ဝန်ကြီး ခန့်အပ်ဖို့ စီစဥ်ပြီးပြီဖြစ်သည်။
ထိုသို့သော
ဆုကြေးက ကြီးကြီးမားမား မဟုတ်တာကြောင့် မနာလိုခံရမည် မဟုတ်ပေ။
ထို့နောက်
သူက ရှီလွေ့နှင့် တခြားလူတွေကိုကြည့်ပြီး ပြုံးကာ ပြောခဲ့သည်။ "ရှီလွေ့၊ လျန်ယို့ရှောင်နဲ့ ဖေးယွီကျယ်က မျိုးစေ့ကောင်းတွေကို ကောင်းကောင်း ပို့ဆောင်ပေးနိုင်တာကြောင့်
တစ်ယောက်ကို ရွှေသား ၁၀၀၀နဲ့ ကျောက်စိမ်းကီရင် တစ်စုံဆီ ချီးမြှင့်ခံရမယ်။"
ရှီရုံက
အမျိုးသမီးဖြစ်တာကြောင့် ထည့်ပြောလို့မရဘဲ နောက်မှ သီးသန့်ဆုချီးမြှင့်မည် ဖြစ်သည်။
ရှီလွေ့နှင့်
တခြားလူတွေက ချက်ချင်း ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ ကျေးဇူးတင်ခဲ့သည်။
ရှီလွေ့နှင့် လျန်ယို့ရှောင်တို့က သူတို့ဖခင်တွေကို ဂုဏ်ယူသည့် မျက်နှာပေးဖြင့်
ကြည့်ကာ ပြုံးပြခဲ့သည်။
တွေ့လား၊
ကျွန်တော်တို့က ကောင်းတဲ့ကိစ္စကို လုပ်တာပါ။
အနည်းဆုံးတော့
ဘုရင်ကြီးကို ကောင်းကောင်း မြှောက်ပင့်နိုင်ခဲ့သည်။ အခုဆိုရင် ဘုရင်ကြီးက ဘယ်လောက်တောင်
ပျော်ရွှင်နေပြီလဲ။
လျန်မင်ချန်နှင့်
ရှီရှင်းဟန်ရဲ့ မူလက ကျေနပ်စိတ်တွေက ချက်ချင်း ပျောက်သွားခဲ့ကာ ချက်ချင်း လက်တွေယားလာသလို
ခံစားလိုက်ရလေသည်။
တခြားအရာရှိတွေက
သူတို့ကို အားကျနေခဲ့သည်။
မြို့တော်က
ပေါ့ပျက်ပျက်နေကာ အပျော်အပါးလိုက်စားသည့် သခင်လေးနှစ်ယောက်က သူတို့မိသားစုကို ဂုဏ်တက်အောင်
လုပ်ပေးနိုင်မည်ဟု သူတို့ မထင်မိခဲ့ကြပေ။
ဖေးယွီကျယ်က
ပေါ့ပျက်ပျက်နေသော်လည်း အပျော်အပါးလိုက်စားသည်ဟုတော့ မဆိုသာပေ။
သို့သော်ငြား
သခင်ကြီးဖေးနှင့် မိသားစုကို ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူနိုင်အောင် လုပ်ပေးနိုင်ခဲ့သည်။