အပိုင်း ၁၉၀
Viewers 14k

အခန်း(၁၉၀) - ဘယ်လိုထင်လဲ

 

မြို့တော်မှာ ဉာဏ်ကောင်းသည့်လူတွေ အများအပြား ရှိသည်။

 

ရှောင်ယွမ်ရှစ်ရဲ့ လူတွေပဲ သူတို့ကို စောင့်ကြည့်နေတာ မဟုတ်ဘဲ လက်တစ်ဆုပ်စာရှိ အရာရှိတွေကလည်း သူတို့ကို စောင့်ကြည့်နေခဲ့သည်။

 

အကယ်၍ ရှောင်ဟန်ကျန့်နှင့်ရှစ်ချင်းလျို့ နန်းတော်ထဲမှာ အချိန်ခဏပဲနေပါက ဘုရင်ကြီးနှင့် သာမာန်ကာလျှံကာ စကားပြောတာဟု ယူဆလို့ ရသည်။

 

ဒီကိစ္စအတွက် သူတို့ သိပ်အားထည့်ဖို့ မလိုပေ။

 

အကယ်၍ ရှောင်ဟန်ကျန့်တို့ နန်းတွင်းထဲမှာ အချိန်အကြာကြီး ရှိနေပါက ရှောင်ဟန်ကျန့်နှင့် ဘုရင်ကြီးတို့ နက်နက်နဲနဲ စကားပြောတာဖြစ်ကြောင်း ယူဆနိုင်သည်။

 

ဘုရင်ကြီးက သူ့ကို အချိန်ပေးတာကို ကြည့်ခြင်းအားဖြင့် သူ့ကို တော်တော်လေး အလေးပေးကြောင်း သိနိုင်သည်။

 

သူတို့နန်းတော်ထဲရောက်နေတာကို သိပြီး မကြာခင်မှာပဲ ဘုရင်ကြီးက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို ဆုချီးမြှင့်သည့်အကြောင်း သတင်းပျံ့သွားခဲ့သည်။

 

ဆုကြေးကိုသိပြီးနောက် လူတိုင်း ကြက်သေ သေသွားခဲ့သည်။

 

လူတိုင်းထင်ထားသလို တမူထူးခြားခြင်းတို့ ရှိမနေခဲ့ပေ။

 

သူတို့ ထပ်စုံစမ်းလိုက်တော့ ဒါက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့ ကိုယ်တိုင် တောင်းဆိုလိုက်သည့် ဆုကြေးဖြစ်ကြောင်း သိလိုက်ရလေသည်။

 

လူအများစုက အထင်အမြင်သေးသွားခဲ့ကြသည်။

 

ကျေးရွာဇနပုဒ်လေးက လာတဲ့လူတွေဆိုတော့လည်း မဆန်းပါဘူး။

 

အခွင့်အရေးကြီး တံခါးရှေ့ရောက်နေတာတောင် မပွေ့ဖက်ထားတတ်ခဲ့ပေ။

 

ဒီလောက် အကြီးကြီး ဆက်သခဲ့တာတောင် စံအိမ်နဲ့ တောင်လေး တစ်ခု တောင်းပြီး တော်ဝင်စာမေးပွဲ မေးခွန်းဟောင်းတွေကို တောင်းဆိုတာတဲ့လား။

 

အမြင်ကျဥ်းပြီး တုံးအလိုက်တာ။

 

ထိုကိစ္စကြောင့် သူတို့က ရှောင်ဟန်ကျန့်ကို ဆွဲချဖို့ အာရုံနည်းသွားခဲ့လေသည်။

 

အတွေ့အကြုံရှိ အရာရှိအိုကြီးတွေကတော့ လှည့်ကွက်တွေကို ကြိုမြင်ခဲ့သည်။

 

ရှီမိသားစုတွင် ဖြစ်သည်။

 

ရှီမိသားစုက လူတွေက ညစာစားပြီးနောက် ရှီသခင်ကြီးက သူတို့ကိုခေါ်ပြီး လက်ဖက်ရည် သောက်ခိုင်းခဲ့သည်။

 

သူတို့ကို ဘုရင်ကြီးချီးမြှင့်ခဲ့သည့် ဆုကြေးအကြောင်းပါ ပြောပြခဲ့သည်။

 

ရှီလွေ့က မျက်မှောင်ကြုတ်သွားခဲ့သည်။ "ရှစ်ချင်းလျို့က တကယ်တုံးတာပဲ၊ တကယ်ကြီး စံအိမ်တစ်လုံး တောင်းခဲ့တာလား။"

 

သူက ရွှေသားတစ်ထောင်နှင့် ကီရင်ကျောက်စိမ်း တစ်စုံ ချီးမြှင့်ခံရပြီးပြီဖြစ်သည်။

 

ပြောင်းစေ့ကို ဦးဆုံးစိုက်ပျိုးခဲ့သည့် ရှစ်ချင်းလျို့ကတော့ အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်သည်။

 

သူက ဒေါသကလေးဖြင့် ပြောခဲ့သည်။ "ရှောင်ဟန်ကျန့်လည်း တကယ်လွန်တာပဲ၊ တော်ဝင်စာမေးပွဲ မေးခွန်းဟောင်းကြည့်ချင်ရင် ကျွန်တော်တို့ကို အကူအညီတောင်းလို့ရတာပဲ၊ ဆုကြေးချီးမြှင့်ခံရမယ့် အခွင့်အရေးကို ဘာလို့ လက်လွှတ်ခံလိုက်တာလဲ။"

 

တတိယရှီသခင်ရဲ့မိသားစုက ခေါင်းခါကာ ပြောလိုက်သည်။ "ဒီလောက်ကောင်းတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရမှန်း မသိဘူးပဲ၊ ဖြုန်းတီးနေတာ။"

 

သူ့ရဲ့ ပေါ့ပျက်ပျက် တူဖြစ်သူနှင့် တွဲမိသွားတာလည်း မဆန်းတော့ပေ။

 

ထိုစကားတွေကြားတော့ ရှီသခင်ကြီးက မျက်မှောင်ကြုတ်ပြီး သူ့ရဲ့ တခြားသားတွေကို မေးခဲ့သည်။ "ဘယ်လိုထင်ကြလဲ။"

 

သူ့တွင် သားငါးယောက်ရှိသည်။

 

သားနှစ်ယောက်က တရားဝင်သားတွေဖြစ်ပြီး သုံးယောက်က မယားငယ်က မွေးသည့်သားတွေဖြစ်သည်။

 

အကြီးဆုံးသားနှင့် ဒုတိယသားက တရားဝင်ဆက်ခံသူတွေဖြစ်ပေမယ့် ကျန်သည့် တတိယသား၊ စတုတ္ထသားနှင့် ပဥ္စမသားကတော့ မဟုတ်ပေ။

 

သူ့ရဲ့ ဒုတိယသားနှင့် စတုတ္ထသားက တခြားနေရာတွေမှာ အရာရှိတာဝန်ကျနေသည်။

 

တတိယသားကို မြို့တော်မှာ လုပ်ဖို့ ခန့်အပ်ထားပြီး ပဥ္စမသားက စာသင်ယူနေဆဲ ဖြစ်သည်။

 

ထို့ကြောင့် အိမ်မှာ အကြီးဆုံးသား၊ တတိယသားနှင့် အငယ်ဆုံးသားသာ ရှိသည်။

 

ပဥ္စမသခင်က ခဏလောက်တွေးပြီး ပြောခဲ့သည်။ "ရှောင်ဟန်ကျန့်တို့ ဇနီးမောင်နှံက နည်းနည်း အမြင်ကျဥ်းတယ်လို့ ကျွန်တော်လည်း ထင်တယ်၊ ရွာကလူတွေက နည်းနည်း မဝင့်ဝါဘူးလို့ထင်တယ်။"

 

ရှီလွေ့က သူ့ကိုစိုက်ကြည့်လိုက်သည်။ "နံပါတ် ၅ ဦးလေး၊ ဘာကို မဝင့်ဝါတာလဲ၊ သူတို့က ကျွန်တော့် သူငယ်ချင်းတွေ။"

 

ရှီလွေ့က ပဥ္စမရှီသခင်ကို ပေါ်ပေါ်ထင်ထင်စိုက်ကြည့်ခဲ့ပေမယ့် ပဥ္စမရှီသခင်ကတော့ မဖော်ပြခဲ့ပေ။

 

ထိုအစား သူက ကသိကအောက်ဖြစ်စွာ ပြုံးခဲ့သည်။ "လျှာချော်သွားလို့ပါ။"

 

သူက ရှီလွေ့ရဲ့ ဦးလေး ဖြစ်သော်လည်း သူ့ထက် အသက်နည်းနည်းပဲ ကြီးကာ ထိုမျိုးမစစ်က မိသားစုရဲ့ အဖိုးတန်လေး ဖြစ်သည်။

 

သူ့ကို ဆန့်ကျင်ဖို့ဆိုတာ သူ မစွမ်းသာပေ။

 

ပဥ္စမသားရဲ့ စကားကို နားထောင်ပြီးနောက် ရှီသခင်ကြီးက သူ့ကို မမျှော်လင့်တော့ပေ။ သူတို့လည်း အရမ်းအမြင်ကျဥ်းကြသည်။

 

သူက ရှီရှင်းဟန်ကိုကြည့်ကာ မေးခဲ့သည်။ "မင်းကော အဲ့လိုထင်လား။"

 

ရှီရှင်းဟန်က ခဏလောက်တွေးပြီး ပြုံးခဲ့သည်။ "မထင်ပါဘူး၊ ရှောင်ဟန်ကျန့်နဲ့ ရှစ်ချင်းလျို့က အရမ်းဉာဏ်ကောင်းတယ်လို့ ထင်ပါတယ်၊ အခု ဆုသေးသေးလေးတောင်းခဲ့တာက ရူးနှမ်းပုံပေါက်ပေမယ့် သူတို့က အနာဂတ်မှာ ပိုရလာမှာပါ၊ အနည်းဆုံးတော့ သူတို့က ဘုရင်ကြီးရဲ့ မျက်စိထဲ ရောက်ပြီးပြီလေ။"

 

တော်ဝင်စာမေးပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သေချာပေါက် အရာရှိ အသက်မွေးဝမ်းကြောင်းကို တက်လှမ်းဖို့ ဖြစ်သည်။

 

အရာရှိတစ်ဦးဖြစ်ဖို့က လူတစ်ဦးရဲ့အရည်အချင်းအပြင် လူတစ်ယောက်ရဲ့ လုပ်ခဲ့သည့်အရာပေါ် ဘုရင်ကြီးရဲ့ အလေးပေးမှု၊ အထင်ကြီးမှုတွေ လိုသေးသည်။

 

ဒီဆုကြေးက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ ရည်ရွယ်ချက် ဖြစ်သည်။

 

မြို့တော်မှာ သူတို့က အရမ်း မျက်စိဖမ်းစားဖွယ် မဖြစ်နိုင်တော့ပေ။

 

တတိယရှီသခင်နှင့် ပဥ္စမရှီသခင်တို့လို တွေးမည့်လူလည်း များစွာ ရှိနိုင်ခြေ ရှိသည်။

 

သူတို့ကို ဆွဲချဖို့ သို့မဟုတ် ဖိနှိပ်ဖို့ ပျင်းသွားလိမ့်မည်။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က 'တောထဲက ထောင်ထနေသည့် သစ်ပင်က လေပြင်းတိုက်ပြီး ဖျက်စီးခံရနိုင်တယ်' ဟူသော တရုတ်ဆိုရိုးကို ကောင်းကောင်း နားလည်ထားသူတွေ ဖြစ်သည်။

 

တကယ်တော့ လူအများစုက ထိုစကားပုံကို နားလည်ပေမယ့် ကောင်းကင်ပေါ်က မုန့်အကြီးကြီး ပြုတ်ကျလာရင်တော့ ဘယ်သူမှ ချုပ်တည်းမနိုင်ကြပေ။

 

ထို့ကြောင့် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ ရွေးချယ်မှုက သူ့ကို အံ့သြသွားစေခဲ့ကာ အထင်လည်းကြီးစေခဲ့သည်။

 

ဒီတစ်ခါတော့ သူ့ရဲ့ ငတုံးသားက လူမှန်သူမှန် ပေါင်းသင်းခဲ့လေသည်။

 

ထိုအရာက ရှီသခင်ကြီးရဲ့ ကြုတ်ထားသည့်မျက်မှောင်က ပြေလျော့သွားခဲ့သည်။ "မဆိုးပါဘူး။"

 

မျှော်လင့်ထားသည့်အတိုင်း သူပျိုးထောင်ခဲ့သည့် ဆက်ခံသူက တစ်ကိုယ်ကောင်းဆန်ကာ ရူးနှမ်းသည့် တတိယသားနဲ့ ပဥ္စမသားနှင့် မတူပေ။

 

သူက ရှီလွေ့ကို ပြောခဲ့သည်။ "ငတုံး၊ ဒါက သူတို့အကျိုးအမြတ် လျော့သွားတာ မဟုတ်ဘူး၊ တစ်ခါတစ်လေမှာ ကောင်းချီးမင်္ဂလာလည်း ဖြစ်နိုင်တယ်၊ မင်းရဲ့ သူငယ်ချင်းတွေက ဉာဏ်ကောင်းတယ်၊ ရှေ့လျှောက် သူတို့နဲ့ များများပေါင်း။"

 

သူက ထပ်ပြောခဲ့သည်။ "လျန်မိသားစုနဲ့ ဖေးမိသားစုက ကောင်လေးတွေကလည်း မဆိုးပါဘူး။"

 

ထိုကောင်လေးနှစ်ယောက်က သောက်စားပျော်ပါးဖို့သာ သိပုံရပေမယ့် တကယ်က ဉာဏ်ကောင်းသည်။

 

သူတို့က တုံးအသည့် အထက်တန်းလွှာ သခင်လေးတွေ မဟုတ်ချေ။

 

ရှီလွေ့က ဆိုလိုရင်းကို နားမလည်ပေ။ "ဒီလောက်ထိ အကျိုးယုတ်နေတာကို ဘယ်လိုလုပ်ပြီး ကံကောင်းမှာလဲ၊ အဖိုး လွတ်သွားတာတော့ မဟုတ်ပါဘူးနော်။"

 

ရှီသခင်ကြီးနှင့် ပထမရှိသခင်က သက်ပြင်းချလိုက်သည်။ ဒီမြေး/ဒီသား ကတော့ မျှော်လင့်ချက် မဲ့နေပြီ။

 

သူ့ရဲ့ ဦးနှောက်ကို တရားဝင်စီးပွားရေးနှင့် ရုံးတော်အတွက်လည်း အသုံးမချခဲ့ပေ။

 

သူ့တစ်ဘဝလုံး ဒီလိုဖြစ်သွားမှာကို သူတို့က စိုးရိမ်ခဲ့ကြသည်။

 

ကံကောင်းလို့ သူက သားကြီး မဟုတ်သလို အကြီးဆုံးမြေးလည်း ဖြစ်မနေပေ။

 

မဟုတ်ပါက ငိုကြွေးရသူက သူတို့ ဖြစ်နိုင်သည်။

 

အဖိုးနှင့်အဖေက စိမ်းစိမ်းဝါးဝါး ကြည့်နေတာကို သိတော့ ရှီလွေ့က မျက်လုံးလည်လိုက်လေသည်။

 

တစ်နေ့လုံး အတက်အကျများစွာကို ခံစားခဲ့ရလို့ ဒီလိုဖြစ်ကုန်တာလား။

 

သူက ဘဝကိုကြုံရာကျပန်းနေကာ သေဖို့သာ စောင့်နေသင့်သည်။

 

တတိယရှီသခင်နှင့် ပဥ္စမရှီသခင်တို့ရဲ့ အမူအရာက အနည်းငယ် ပြောင်းသွားခဲ့သည်။

 

ရှီသခင်ကြီးရဲ့ စကားတွေက သူတို့ရဲ့ အစ်ကိုကြီးကို အသိအမှတ်ပြုနေသည်။

 

အကယ်၍ ရှီသခင်ကြီးသာ သူတို့ကို အာရုံမစိုက်တော့ပါက သူတို့ကို လျစ်လျူရှုလိုက်သည့် အဓိပ္ပာယ် ဖြစ်သည်။

 

သူက သူတို့အစ်ကိုကြီးထက်ယှဥ်ရင် မြေခွေးအိုကြီးဖြစ်ကာ ရှီလွေ့ကို ဘက်လိုက်ပြီး ထိုပေါ့ပျက်ပျက်နေသည့် တူက သူတို့ထက်ပင် အရေးပါသေးသည်။

 

သူတို့နှစ်ယောက်က မကျေနပ်သော်လည်း သူတို့ တတ်နိုင်တာ ဘာမှ မရှိပေ။

 

လျန်မိသားစုမှာလည်း ထိုသို့သော ကိစ္စ ဖြစ်ပွားနေသည်။

 

သို့ပေမယ့် ရှီလွေ့နှင့် ယှဥ်ပါက လျန်ယို့ရှောင်ရဲ့ အမြင်က မတူပေ။

 

သူက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ ရွေးချယ်မှုကို အစကတည်းက သဘောတူခဲ့သည်။

 

ထိုအရာက လျန်သခင်ကြီးနှင့် လျန်သခင်ကို ထိတ်လန့်သွားစေခဲ့သည်။

 

လျန်သခင်ကြီးက မေးလိုက်လေသည်။ "မင်း ဘာဖြစ်လို့ တော်ဝင်စာမေးပွဲ မဖြေတာလဲ၊ ဒါမှမဟုတ်လည်း မင်းအတွက် အရာရှိရာထူးတစ်ခု ပြင်ပေးရမလား။"

 

လျန်ယို့ရှောင် ဒီလောက်ထိ မြင်တတ်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

လျန်မင်ချန်ကလည်း အရင်က သူ့သားကို အာရုံစိုက်မှု အရမ်းနည်းခဲ့တာလားဟု တွေးလိုက်လေသည်။ ဒါကြောင့် သူ့သားက ပေါ့ပေါ့ပျက်ပျက်နေတဲ့လူဖြစ်သွားတာလား။

 

လျန်မင်ချန်က ခေါင်းခါပြလိုက်သည်။ "ဟင့်အင်း ကျွန်တော်က သောက်စားပျော်ပါးပြီး ပိုက်ဆံရေတွက်ရတာပဲကြိုက်တယ်။"

 

လျန်သခင်ကြီးက ဆွံ့အသွားခဲ့သည်။ သူ့ရဲ့ ဒီမြေးကတော့ လုံးဝ မျှော်လင့်ချက်မဲ့နေပြီ။

 

ဒါက သူက ဒီကောင်လေးကို တန်ဖိုး မထားလို့ မဟုတ်ဘဲ ဒီမျိုးမစစ်လေးကိုက သူ့ကိုယ်သူ မကယ်တင်ချင်တာဟု လျန်မင်ချန်က တွေးလိုက်လေသည်။

 

လျန်သခင်ကြီးက လက်ခါပြလိုက်သည်။ "ထားတော့… မင်း လုပ်ချင်တာသာ လုပ်တော့။"

 

ဘာပဲဖြစ်ဖြစ် သူ့အိမ်မှာ လုပ်နိုင်စွမ်းရှိသည့် မြေး မရှိတာမျိုး မဟုတ်ပေ။

 

သူတို့မိသားစုက ကြွယ်ဝချမ်းသာသည်။

 

လျန်ယို့ရှောင် မလုပ်ချင်ပါဘူးဆိုပါက သူ့ကို တွန်းအားပေးလို့ မရပေ။

 

သူက လျန်ယို့ရှောင်ကို ထပ်အားပေးခဲ့သည်။ "ဒီတစ်ခါတော့ သူငယ်ချင်း ကောင်းကောင်း လုပ်ခဲ့တာပဲ၊ ရှောင်ဟန်ကျန့်နဲ့ သူငယ်ချင်းဆက်ဆံရေးကို ဆက်ထိန်းထား။"

 

လျန်ယို့ရှောင် ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "ဟုတ်ကဲ့။"

 

သူက ပြုံးကာပြောခဲ့သည်။ "အိမ်မှာ သက်ကြီးရွယ်အိုတွေ ရှိတာက ရတနာရှိတာနဲ့ တူတယ်တဲ့၊ ဒါကြောင့် ကျွန်တော်တို့မိသားစုက မြှင့်တက်နေတာ၊ အဖိုးစကားနားထောင်တာ မှန်ကန်တဲ့ ကိစ္စရပ်ပဲ။"

 

လျန်သခင်ကြီးက အသံထွက်အောင် ရယ်ခဲ့သည်။ "ကောင်စုတ်လေး အပြောကချိုလို့။"

 

ကျန်သည့်လူတွေက သက်ပြင်းချခဲ့သည်။

 

သူတို့က အခြေအနေကို ပိုနားလည်သည်။

 

လျန်သခင်ကြီးနှင့် သခင်မကြီးက လျန်ယို့ရှောင်ကို အသိတတ်ဆုံးလို့ ပြောတာဟာ သူတို့က လျန်ယို့ရှောင်ထက် နိမ့်ကျလို့ မဟုတ်ဘဲ ထိုကောင်စုတ်လေးက အရှက်မရှိဘဲ လူကြီးတွေကို ချွဲတတ်ကာ သူတို့က မလုပ်တတ်သောကြောင့် ဖြစ်သည်။

 

ထိုကဲ့သို့ ချွဲပစ်ပစ်စကားတွေပြောရဖို့ သူတို့ ရှက်သည်။

 

ဖေးမိသားစုမှာလည်း ဖေးသခင်ကြီးက သူ့သားနှင့် သူ့မြေးကို မေးသည့်အခါ ထိုအတိုင်းဖြစ်ခဲ့သည်။

 

ဖေးသခင်ကြီးက သူ့မြေးရဲ့ အဖြေကို ကျေနပ်သွားကာ ဒီမြေးကို ကောင်းကောင်း ပျိုးထောင်ပေးဖို့ ဆုံးဖြတ်လိုက်လေသည်။

 

ဖေးယွီကျယ်က အရာရှိဖြစ်ချင်တာကြောင့် သူ့အတွက် လမ်းကြောင်းဖောက်ပေးဖို့ ပိုလွယ်သွားသည်။

 

ဒါတွေက မြို့တော်က လက်တစ်ဆုပ်စာရှိသည့် အကျင့်ကောင်းသည့် မိသားစုတွေ ဖြစ်သည်။

 

ထိုမြေခွေးအိုတွေက ရှောင်ဟန်ကျန့်ကို ဆွဲချဖို့ သူတို့ အဆင့်အတန်းကို မနိမ့်ချခဲ့ဘဲ သူတို့ရဲ့ မြေးတွေဖြင့် မိတ်ဆွေဖွဲ့ခိုင်းခဲ့သည်။

 

ထိုဉာဏ်ကောင်းသည့်လူတွေထဲမှာ ရှောင်မိသားစုဟောင်းက ရှောင်ယွမ်ရှစ်လည်း ပါသည်။

 

သူ့သားရဲ့ ရွေးချယ်မှုကိုကြားပြီးနောက် ဒေါသအလျောက် မိသားစု ခွဲထွက်မိခဲ့တာကို နောင်တရခဲ့သည်။

 

ထို့ကြောင့် အခြေအနေကို အဖတ်ဆယ်ရန် သူ တစ်ခုခုလုပ်ချင်သည်။

 

အနည်းဆုံးတော့ အခြေအနေကို အဖတ်ဆယ်ရမည်။

 

ကောချွန်းရုက နန်းတွင်းရေးရာ ကိစ္စတွေကို အမြင်မရှိပေ။

 

ရှောင်ဟန်ကျန့်တို့ ဇနီးမောင်နှံ နန်းတွင်းထဲ သွားရသည့်အကြောင်းကြားတော့ သူ့နှလုံးသားကို အကောင်ကိုက်နေသလို နာကျင်ခဲ့လေသည်။

 

ထို့ကြောင့် သူမရဲ့ အစေခံမလေးဖြင့် ရှောင်မိသားစုရဲ့အကြီးဆုံးမြေးရဲ့ အချစ်ဆုံး ကိုယ်လုပ်တော်ဆီ သူမ၏ အကြံ ညွှန်ကြားချက်တွေ သွားပြောခိုင်းခဲ့လေသည်။