အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၃
ဝမ်ယွီထုံတစ်ယောက် သူမကို ဆဲဆိုနေကြသည့် ကွန်မန့်များကိုသာ
မြင်တွေ့ရသည်။ သူမဘက်က ပြောပေးသူအနည်းငယ် ရှိသော်လည်း ထိုကွန်များက အောက်ကိုရောက်သွား၍
မြင်ပင် မမြင်ရတော့ချေ။
သူမကို ဆဲဆိုသည့်ကွန်မန့်များတွင် တွေ့ရများသည့်စကားလုံးများက "စုဟန်" "အထင်ဖားအောက်ဖိ ဂုတ်သွေးစုပ်တတ်သူ"
"လွီချန်းချန်း" "ရေနွေးပူ အက်စီးဒန့်" စသည်တို့ကို အတွေ့များ၏။
ဝမ်ယွီထုံ နှာခေါင်းရှုံ့လိုက်မိသည်။ "ဒါလား
နင်ပြောတဲ့ နာမည်ကြီးတာ?"
စနစ်ကလည်း ပြန်လှောင်လိုက်သည်။ [ဒါနာမည်ကြီးတာ
မဟုတ်ဘူးလား။ အနုပညာလောက ကနေ မပေါ်လာတာ နှစ်ဝက်လောက်ကြာတာတောင် တစ်ခါလောက် ရှော့ပင်းမောသွားလိုက်တာ
Hot Search ကို တန်းရောက်သွားတာပဲလေ။ အဓိပ္ပာယ်က တစ်ခြား Traffic Star (ငွေပေးပြီး
Hot search ပေါ်ရောက်အောင်လုပ်သည့် အနုပညာရှင်များ) တွေထက်တောင် ပိုမြင့်တယ်ဆိုတဲ့
ပုံပေါ်တာပေါ့]
"ဒီလိုကျော်ကြားမှုမျိုး နင်ကော မလိုချင်ဘူးလား"
ဝမ်ယွီထုံက စနစ်ကို ရွဲ့လိုက်၏။
စနစ် - [ အဟမ်းးး Hostရဲ့ အတိတ် အကြောင်းကို သိပ်အရေးမပါဘူးလို့
သတ်မှတ်ထားပေမယ့် Host သိချင်တယ် ဆိုရင်တော့ မူလ ခန္ဓာပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေပို့ပေးလိုက်ပါ့မယ်]
ထိုခဏမှာပဲ ဝမ်ယွီထုံသည် အဖြူရောင်အလင်းတန်းနှင့်အတူ
မူလဝမ်ယွီထုံ၏ ၂၂ နှစ်တာကာလကို ရုပ်ရှင်ကြည့်သကဲ့သို့ မြင်ရလေသည်။ သူမသည် အေမြို့တော်ရှိ
နောက်ခံတောင့် ချမ်းသာသည့် ဝမ်မိသားစုမှ အငယ်ဆုံးသမီးဖြစ်ကာ သူမတွင် အစ်ကို ဝမ်ယန်ချဲနှင့်
အစ်မဝမ်ချူးယွဲ့ ရှိလေသည်။
သူမသည် ငယ်စဉ်ကတည်းက စုမိသားစုမှ သခင်လေးစုဟန်ကို
ကြိုက်နှစ်သက်ခဲ့ကာ စုမိသားစုနှင့် ဝမ်မိသားစုကလည်း ရင်းနှီးကြ၍ သူတို့ကလေးတွေ ကြား
ဆက်ဆံရေး တိုးတက်လာတာကို ဝမ်းသာပြီး သူတို့နှစ်ဦးကို ငယ်ငယ်ကတည်းက စေ့စပ်ပေးထား၏။ သို့သော်
စိတ်မကောင်းစရာက စုဟန်သည် သူနှင့်စေ့စပ်ထားသော မိန်းကလေးကို အလွန် ရွံရှာ မုန်းတီးလေသည်။ထို့ကြောင့်
ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ကာ နေရာရလာအောင်လုပ်ပြီး စေ့စပ်ထားသည့် ဝမ်ယွီထုံနှင့်ပွဲဖျက်နိုင်ရန်
မိသားစုထဲမှာ အာဏာလုပ်ပိုင်ခွင့်ရအောင် အရင်ကြိုးစားလေသည်။
သူ့ကြိုးစားအားထုတ်မှုကလည်း အရာထင်ကာ စုဟန်သည်
ငယ်ငယ်ရွယ်ရွယ်နှင့် ရုပ်ရှင်လောက၏ ဘုရင်တစ်ဆူဖြစ်လာခဲ့သည်။
ဝမ်ယွီထုံလည်း စုဟန်ကြောင့် ဖျော်ဖြေရေးလောကထဲ
ဝင်ရောက်ခဲ့သော်လည်း သူမတွင် အနုပညာပါရမီမပါသောကြောင့် သူမ၏ဇာတ်ရုပ်များကို ငွေဖြင့်သာ
ဝယ်ယူခဲ့ရ၏။ ထို့ပြင် ဝမ်ယွီထုံသည် နာမည်ကြီး လူအာရုံစိုက်ခံရသည်ကို အလွန်ကြိုက်ကာ
ရှုတင်လာနောက်ကျခြင်း၊ အပိုအခန်းများ သူမစိတ်တိုင်းကျထည့်ခြင်း၊ ရှုတင်ရှိလူများအား
အကြောင်းမရှိဆူပူခြင်းများ ပြုလုပ်တတ်သေး၏။
နှစ်စတုန်းကပင် စုဟန်ပါဝင်သည့် "သန်းခေါင်ယံအရောင်းအဝယ်"
ဇာတ်လမ်းတွင် ဝမ်ယွီထုံလည်း ဒုတိယအမျိုးသမီးဇာတ်ဆောင်နေရာကို နောက်ကွယ်မှ ငွေပေးကာ
ဝယ်ယူရရှိခဲ့လေသည်။ သူမသည် စုဟန်နှင့် ဇာတ်ဆောင်အမျိုးသမီး လွိချန်းချန်း တွဲရိုက်သည်ကို
အလွန်မနာလိုဖြစ်ကာ စိတ်လွတ်သွားပြီး ရှုတင်နေရာမှာပင် လွိချန်းချန်းကို ရေနွေးပူနှင့်ပက်ခဲ့သည်။
ထိုအရာကိုမြင်လိုက်သည့်စုဟန်က လွိချန်းချန်းအား
ဘေးကိုတွန်းလိုက်သော်လည်း သူမ၏နောက်ကျောကိုတော့ ရေနွေးပူထိမိသွားကာ ဆေးရုံတက်လိုက်ရ၏။
ထို ကိစ္စက သတင်းပြန့်သွားပြီးနောက် ဝမ်ယွီထုံသည်
အင်တာနက်တစ်ခုလုံး နာမည်ရစရာမရှိဖြစ်သွားသည်။သူမလည်း လူထု၏ အမြင်ကို စိုးရိမ်လာ၍ စုဟန်နှင့်
လွိချန်းချန်းကို လူထုရှေ့တောင်းပန်ပြကာ ဖျော်ဖြေရေးလောကမှ အနားယူခဲ့သည်။ စုဟန်ကလည်း
ဝမ်ယွီထုံနှင့်စေ့စပ်ထားသည်ကို ဖျက်သိမ်းလိုက်သောကြောင့် သူတို့နှစ်ဦးကြားလုံးဝ ခွာပြဲသွားကြခြင်းဖြစ်သည်။
ဝမ်ယွီထုံသည် လွန်ခဲ့သည့်လအထိ သူမအိမ်မှာပဲ စိတ်ဓာတ်ကျနေခဲ့ရှာသည်။
ကျိုးကျီယွဲ့က ကျိုးလုပ်ငန်းပျက်စီးသွားမည့်အရေးက ကယ်တင်ရန် ဝမ်မိသားစုကို အကူအညီတောင်းရာ
တစ်ဖက်ကလည်း လောလောဆယ် သူတို့အတွက် ခေါင်းခဲစရာဖြစ်နေသည့် သူတို့သမီး ဝမ်ယွီထုံနှင့်
လက်ထပ်ပေးရန် အပြန်အလှန်အနေဖြင့် တောင်းဆိုခဲ့သည်။
ကျိုးကျီယွဲ့ကလည်း လက်ခံခဲ့သည်။ ဝမ်ယွီထုံကလည်း
စုဟန်ကို အရွဲ့တိုက်ချင်၍ လက်ခံလိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ဦးသည် လွန်ခဲ့သည့်အပတ်ကမှ
လက်ထပ်မှတ်ပုံတင်ခဲ့ကာ ကျိုးကျီယွဲ့သည် လက်ထပ်မှတ်ပုံတင်ပြီးသည်နှင့် Mနိုင်ငံကို အလုပ်ခရီးထွက်သွားသည်ဖြစ်ကာ
ယခုချိန်ထိပြန်မလာသေးပေ။
အခုချိန်ထိလည်း သူတို့နှစ်ဦးလက်ထက်လိုက်ကြောင်းကို
တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပဲ ဝမ်မိသားစုနှင့်
ကျိုးမိသားစု၏ နီးစပ်သည့်ဆွေမျိုးတစ်ချို့သာ ထိုအကြောင်းကို သိထားကြသည်။
မှတ်ဉာဏ်ကို ပြန်ကြည့်လိုက်ပြီးသည့်နောက် ဝမ်ယွီထုံသည်
သက်ပြင်းချပြီးရင်းသာ ချနေမိတော့၏။ မူလကိုယ်သည် အမုန်းတရား၏ ကြီးစိုးခံရကာ သနားစရာကောင်းလှသည်
ဟု သူမထင်မိသည်။ မူလကိုယ်၏ သံသယလွန်ကဲမှုကြောင့် စိတ်မတည်ငြိမ်မှုတွေဖြစ်လာကာ ကလေးကို အနိုင်ကျင့်သည့် မိထွေးတစ်ယောက်ပင်ဖြစ်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် ဝမ်ယွီထုံသည် မူလကိုယ်၏
အတိတ်အကြောင်းကို ပြန်စဉ်းစားရန် အချိန်မရတော့ပဲ ကျိုးရှောင်ယွီလေးကို ဂရုစိုက်ရန်သာ
အာရုံစိုက်လိုက်သည်။ ပထမဆုံးကလေးကို ရေချိုးပေးရန်ပြင်လိုက်သည်။ အတွေ့အကြုံနုသေးသည့်
ဝမ်ယွီထုံသည် ရေချိုးကန်ထဲကို ရေအပြည့်ထည့်လိုက်မိကာ ကလေးကို ထိန်းထားသည့်လက်ကလည်း
ဟန်ချက်ပျက်ပြီး ကလေးကို ရေနှစ်မိသလိုဖြစ်သွား၍ ကလေးက ရေချိုးကန်ထဲက ရေပင် သောက်မိသွား၏။
ကလေးကို အမြန်ဆယ်လိုက်ကာ ကလေးနားလည်မလည်မသိ ဝမ်ယွီထုံတစ်ယောက်
ကလေးကို ထပ်ခါထပ်ခါ တောင်းပန်နေမိသည်။ "ဆောရီးနော် ဆောရီး နောက်တစ်ခါဆို ရေအများကြီး
မထည့်တော့ဘူးနော်"
ကျိုးရှောင်ယွီကတော့ ငိုပင်မငိုဘဲ ရေချိုးကန်ထဲက ရေနွေးတွေကို ပါးစပ်နဲ့ တစ်ငုံသောက်ကာ
အရသာရှိသည်ဟုတွေးပြီး ကျေနပ်နေ၏။
ဝမ်ယွီထုံ - "...???..."
ဝမ်ယွိထုံတစ်ယောက် ဆွံ့အသွားပြီး ကလေးကို ရေချိုးကန်ထဲက
မြန်မြန်ထုတ်လိုက်ကာ တဘတ်ဖြင့် ရေသုတ်ပေးလိုက်သည်။
စနစ် - [ကလေးကို လိုးရှင်းတွေ တင်ပါးခရင်မ်တွေ
လိမ်းပေးဖို့ မမေ့နဲ့ဦးနော်။ နောက် နာရီဝက်လောက်ကြာရင် နှင်းခူဖြစ်တဲ့နေရာတွေကိုလည်း
ဆေးလိမ်းပေးဦးနော်]
တစ်ဘတ်ဖြင့် ထုတ်ပိုးထားသည့် ကျိုးရှောင်ယွီကို
ကုတင်ပေါ်တင်လိုက်ပြီး ကလေးပစ္စည့်အပြည့်ထည့်ထားသည့်လှည်းကို တွန်းလာလိုက်သည်။ နေ့လည်က
ဝယ်လာခဲ့သည့် ကလေးပစ္စည်းတွေက အစုံအလင်ဖြစ်ကာ လှည်းထဲမှာ စုပုံထည့်ထား၍ သူမလိုချင်သည့်ပစ္စည်းကို
တစ်ခါတည်း ရှာမရဖြစ်နေ၏။
လက်တွန်းလှည်းထဲ မှာတော့ ကလေးချော့မြူရာတွင် သုံးသည့်ယုန်ရုပ်လေးနှင့်
တစ်ခြား အရုပ်အသေးမျိုးစုံ၊ ကလေးဒိုင်ပါ၊ ဝါဂွမ်းထုပ်၊လက်သည်းညှပ်၊ ဝါဂွမ်းဖတ်များ၊
wet တစ်ရှုး၊
သွားရေခံနဲ့ တစ်ဘတ်အသေးလေးများ အပြင် တစ်ခြား
ကလေး အရေပြားအတွက် လိုးရှင်းခရင်မ်များလည်း ပါသေးသည်။
"ကောက်ကွေးလေးရေ မင်းဆံသားတွေ ယက မေမေ့ထက်တောင်
ပိုနူးညံ့တာပဲ"
ဝမ်ယွီထုံ တစ်ယောက် ကျိုးရှောင်ယွီရဲ့ ရေစိုနေသည့်နူးနူးညံ့ညံ
ဆံပင်ကိုသုတ်ပေးရင်း စိတ်မထိန်းနိုင်တော့ပဲ ကလေးဆံပင်တွေကို လက်ချောင်းလေးများဖြင့်
ဆော့နေမိ၏။
ကျိုးရှောင်ယွီလေးက သူ့ကို ကောက်ကွေးလို့ခေါ်တာ
မကျေနပ်သည့်ပုံဖြင့် နှာခေါင်းကလေးကို ရှုံ့ပြီး အသံနှစ်ချက်လောက်ပြုလိုက်သည်။ နောက်
ဝမ်ယွီထုံ၏ အိပ်ရာခင်းပေါ်၌ သေးပေါက်ချလိုက်တော့၏။
ဝမ်ယွီထုံ - "!!!"
စနစ်ကတော့ ရယ်သံဖြင့် တုံ့ပြန်လိုက်သည်။ [ဘယ်သူက
ကလေးကို ဒိုင်ပါ မဝတ်ပေးပဲ ကုတင်ပေါ် တင်လိုက်တာလဲဟင်။ ကလေး ပုခက် မရှိတာလဲ မဟုတ်ပဲနဲ့]
"ကလေးရေ အိပ်ရာပေါ် ဒီအတိုင်း ရှုးရှူးပေါက်ချလိုက်လို့မရဘူးလေ။
အိပ်ရာခင်းတွေစိုကုန်ရင် ညကျ ဘယ်လိုအိပ်မလဲ" ဝမ်ယွီထုံက လက်ပိုက်ရင်း မျက်မှောင်ကြုံ့ကာ အသံ အနည်းငယ် ကျယ်ကျယ်ဖြင့် ဆူလိုက်သည်။
ကျိုးရှောင်ယွီက ချက်ချင်း အပြစ်ကင်းသည့် မျက်လုံးလေးကို
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ခမ်းက မဲ့ကျလာ၏။
ဝမ်ယွီထုံ လန့်သွားကာ ချက်ချင်းပြန်ချော့လိုက်ရ၏။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါတွေက ရှောင်ယွီ လေးရဲ့
ကိစ္စလုံးဝမဟုတ်ပါဘူးနော်။ ရှုးပေါက်ပေါက် ဘာလုပ်လုပ် ကလေးနဲ့ ဘာမှ မဆိုင်ပါဘူးနော်"
ကျိုးရှောင်ယွီ၏ မဲ့ကျနေသည့် နှုတ်ခမ်းလေးက ချက်ချင်း
ပြန်တည့်သွား၏။
စနစ်က ရယ်မောနေကာ ဝမ်ယွီထုံလည်း ချက်ချင်း အံ့ဩသွားသည်။
"ဒီကလေးက ငါပြောတာကို နားလည်တာလား။ တစ်ခါတစ်လေကျရင် ငါပြောတာ နားလည်သလို ရှိပြီးး
တစ်ခါတစ်လေကျ ဘာလို့နားမလည်သလို ဖြစ်နေတာလဲ။"
စနစ် - [ စကားလုံးထက် အမူအရာကို ခံစားမိတာလေ။
ကလေးက ပြောစကားကို နားလည်တာ မဟုတ်ဘူး။ Host ရဲ့ အမူအရာတွေကို နားလည်နေတာ။ လသားအရွယ်ကလေးတွေက
အမူအရာတွေက နေ ဘာသာစကားသင်ယူနေတဲ့ ကာလပါ။ ဒါကြောင့် ရှောင်ယွီလေးကို ပြောမယ် ဆိုရင်
စကားကို ဖြည်းဖြည်းလေးနဲ့ ဟန်အမူအရာနဲ့ ပြောမှ ကလေးက နားလည်ပြီး ဘာသာစကား တိုးတက်လာမှာ]
ဝမ်ယွီထုံလည်း စနစ်က ပြောသည့်အကြောင်းအရာကို သေချာ
နားထောင်ရင်း ကျိုးရှောင်ယွီလေးကို အစိုဓာတ်ဖြည့်တင်းပေးသည့် လိုးရှင်း လိမ်းးနေသည်။
နောက် မွှေးကြိုင်နေသည့်ကလေးလေးကို ကုတင်ပေါ်ပြန်တင်လိုက်သည်။
"ရှောင်ယွီလေးရေ ငြိမ်ငြိမ်လေးနေနော်။ ဒိုင်ပါ
ရွဲ့စောင်းကုန်မှာစိုးလို့နော်"
ကျိုးရှောင်ယွီက တစ်ခစ်ခစ်နှင့် ရယ်မောနေပြီး
မှောက်လိုက်ပြန်၏။ ဝမ်ယွီထုံလည်း မကျွမ်းမကျင်နှင့် ခက်ခက်ခဲခဲ ဒိုက်ပါ ဝတ်ပေးလိုက်ကာ
ကလေးကို ညအိပ်ဝတ်စုံ ဝတ်ပေးလိုက်၏။ ကလေးက တော့ ဒိုက်ပါ ဝတ်ပေးပြီးသည် နှင့် အိပ်ရာထဲ
လူးလိမ့်နေပြန်ကာ သူ့ခေါင်းလေးစောင်းလိုက်နှင့် ဟိုဒီလျှောက်ကြည့်နေ၏။
ဝမ်ယွီထုံလည်း သူမနှာဖူးပေါ်မှ ချွေးတွေ သုတ်လိုက်ပြီး
အိပ်ရာပေါ် တွားသွားလူးလိမ့်နေသည့်ကလေးကို လိုက်ဖမ်းရတော့သည်။ အရွယ်အစား ကွာခြားမှုကြောင့်
နောက်ဆုံးတော့ ရှောင်ယွီကလေးကို ဖမ်းမိပြီး လှုပ်ရှားနေသည့် ခြေလက်ကလေးတွေကို ချုပ်ကာ
အင်္ကျီဘောင်းဘီတွဲရက်အဝတ်အစား Jumpsuit လေးကို ဝတ်ပေးလိုက်နိုင်တော့၏။ နောက် ဝမ်ယွီထုံသည်
အိပ်ရာခင်းကို လဲ၊ ကလေးသေးစို နေသည်ကို အခြောက်ခံစက်ဖြင့်မှုတ်၊ ကလေးနို့တိုက်၊ ကာ
ချော့သိပ်ခြင်း လုပ်ငန်းများဆက် လုပ်ရာ နောက်ဆုံး ညကိုးနာရီခွဲမှသာ တက်ကြွနေသည့်ကလေး
မျက်လုံးလေးမှေးကာ အိပ်ပျော်သွားတော့၏။
ရှောင်ယွီလေးကို သူမအိပ်ရာဘေးမှာ ကလေးအိပ်ရာလေးပေါ်
တင်ပြီး သိပ်လိုက်သည်။ ကလေးကို သေချာ ဂရုစိုက်နိုင်ရန် ကလေးအိပ် ခေါက်ကုတင်လေးကို အလုပ်သမားတွေအား
သူမ အခန်းထဲ ရွေ့ခိုင်းထားခြင်းဖြစ်၏။
နောက် ဆို ဒီအခန်းလေးက သူမ နဲ့ ရှောင်ယွီလေးရဲ့
အသိုက်ဖြစ်လာမှာလေ။ အခန်းထဲက ညမီး အလင်းရောင်လေးနှင့် ဝမ်ယွီထုံသည် အိပ်ပျော်နေသော
ဖက်ထုပ်လုံးလေးကို မငေးကြည့်ပဲ မနေနိုင်ဖြစ်နေမိသည်။ နေ့အချိန် ဆိုလျင် ဆိုးသွမ်း ဂျီကျတတ်ပေမယ့်
အိပ်နေသည့်အချိန်တော့ ချစ်စရာကောင်းကာ လိမ္မာနေ၏။ ရှည်လျားသည့် မျက်တောင်ကော့ကြီးက
မျက်လုံးအောက်မှာ အရိပ်ပင် ထင်နေ၏။
'ကလေးပေါက်စကလေးတွေ အိပ်နေရင် အရမ်းချစ်ဖို့ကောင်းတာပဲ။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေး ဘယ် မှာရှာတွေ့နိုင်မလဲ။'
ဝမ်ယွီထုံသည် ကလေးကို နူးနူးညံ့ကြည့်နေမိရင်း
သည်ကလေးက စောနက သူမအိပ်ရာပေါ် လူးလိမ့်ဆော့ကစားနေသည့်ကလေးမှန်း ယာယီ မေ့သွားမိသည်။နောက်
ဝမ်ယွီထုံလည်း ရေချိုးကန်ကြီးထဲမှာ ရေနွေးစိမ်ချိုးလိုက်ရင်း တစ်နေကုန်လုံး ပင်ပန်းမှုကို
ဖြေဖျောက်လိုက်၏။
ရေချိုးပြီးနောက် သူမ အသားအရည်က ပန်းရောင်သန်းနေကာ
လိုးရှင်းကို ခန္ဓာကိုယ်တစ်ခုလုံး လိမ်းလိုက်သည်။
မူလ ကိုယ်နှင့်သူမက ရုပ်တူသည်ဟု ဆိုသော်လည်း မူလကိုယ်၏
ခန္ဓာကိုယ်အသားအရည်က ပိုနူးညံ့၏။ အသားအရည်ထိန်းသိမ်းထားမှုကြောင့် သူမ အသားအရည်က ကျောက်စိမ်းပုလဲ
တို့လို ဖြစ်နေကာ ဂလိုး နေ၏။
ဝမ်ယွီထုံတစ်ယောက် သူမခန္ဓာကိုယ်ကို ကြည့်ရင်း
ကျေနပ်နေမိကာ မျက်နှာကို အစိုဓါတ်ဖြည့်တင်းပေးသည့် mask ကပ်ရင်း အိပ်ခန်းထဲ ပြန်ဝင်လာ၏။
ရှောင်ယွီလေးကို ကြည့်လိုက်တော့ ကလေးက ပါးဖောင်းဖောင်းလေးနှင့် စောင်လေးခြုံကာ ငြိမ်သက်စွာအိပ်နေ၏။
ကလေးရဲ့ နောက်ကျော နှင့် လည်ပင်း ချွေးစိုမစို
သူမ လက်ဖြင့်စမ်းကြည့်လိုက်သေးသည်။ ချွေးစိုနေခြင်းမရှိပါ။ နောက် ဝမ်ယွီထုံသည် အားသွင်းထားသည့်
သူမဖုန်းကို ယူကာ WeChat ကို ဖွင့်လိုက်ရာ မက်ဆေ့အသစ် နှစ်ခုဝင်နေသည်ကို တွေ့လိုက်ရသည်။
[လက်ဖက်ရည်သောက်]ဆိုသည့် ဂရုချတ်ကို ဖွင့်ကြည့်လိုက်ရာ
ဂရုထဲ တွင် လူသုံးယောက်သာ ရှိ၏။ သူမအစ်ကို၊ အစ်မနှင့် သူမ ပါဝင်သည့် ဂရုဖြစ်နေသည်။
ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့ တို့မှာ ဝမ်လုပ်ငန်းစုအောက်က
မတူညီသည့် လုပ်ငန်းတွေကို ဦးဆောင်နေကြသူတွေဖြစ်ပြီး ထိုလုပ်ငန်းများကို ဆက်ခံမည့်သူတွေလည်းဖြစ်၏။
မောင်နှမ သုံးယောက်တွင် သူမ တစ်ဦးတည်းကသာ အဖြစ်မရှိသူဖြစ်နေသည်။
ဂရုချက် ထဲက သူမ အစ်မက စိတ်ဆိုးနေပုံပေါက်၏။
[ဝမ်ချူးယွဲ့ - Hot Search ထဲက ကလေးက ကျိုးမိသားစုက
ကလေးလား? နင် ကျိုးကျီယွဲ့ နဲ့ လက်ထပ်လိုက်တာနဲ့ သူ့ကလေးကိုပါ ထိန်းပေးနေရပြီလားး?
ငါအစကတည်းက သူနဲ့ လက်ထပ်ဖို့ သဘောတူတာမဟုတ်ဘူး။ နင်က ငယ်ငယ်လေးပဲ ရှိသေးတယ် ဘယ်လိုလုပ်
မိထွေးဖြစ်လာရတာလဲ"]
ဝမ်ချူးယွဲ့က သူ့ညီမ ကျိုးကျီယွဲ့နှင့် လက်ထပ်မည်ဆိုကတည်းက
လုံးဝ ကန့်ကွက်ခဲ့သူဖြစ်၏။ သူမ အနေဖြင့် သူ့ညီမသည် စုဟန်ရဲ့ မီးတွင်းကနေ ကျိုးကျီယွဲ့ရဲ့
မီးတွင်းထဲ ပြောင်းခုန်ဆင်းသွားသည် ဟုသာ မြင်မိသည်။
ကျိုးကျီယွဲ့သည် ရက်စက်ပြီး အကြင်နာကင်းမဲ့ကာ
သူ၏စိတ်ကလည်း ခန့်မှန်းရခက်သည်။ တစ်ခါမှလဲ သူ၏ စိတ်ရင်းကို ပြသဖူးသည် မရှိခဲ့ပေ။ ထို့ကြောင့်
သူ့ညီမလို ရိုးအသူကို လပ်မထပ်စေချင်ပေ။
[ဝမ်ယန်ချဲ - နင် ကလေးကို တစ်ကယ်ကြီး ထိန်းပေးမလို့လား?]
[ယွီထုံ - အစ်ကို နဲ့ အစ်မ တို့မစိုးရိမ်ပါနဲ့
ညီမ ဒီကလေးကို တစ်ကယ် သဘောကျပါတယ်။ သူ့ကို ထိန်းရတာလဲ ပျော်ပါတယ်]
ဝမ်ယွီထုံသည် ဂရုထဲကို အိပ်နေသည့် ကျိုးရှောင်ယွီပုံအချို့ပို့ပေးလိုက်သည်။
[ ယွီထုံ - ရှောင်ယွီရေ မင်း ဒေါ်လေးနဲ့ ဦးလေးကို
နှုတ်ဆက်လိုက်ပါဦး]
ဝမ်ချူးယွဲ့ နှင့် ဝမ်ယန်ချဲ တို့သည် မယုံကြည်နိုင်ဖြစ်နေကြသည်။ဝမ်ယွီထုံ
တစ်ယောက် သူတို့ကို ယခုလို တက်တက်ကြွကြွ မပြောတာ အလွန်ကြာလှပြီဖြစ်၏။
ဖျော်ဖြေရေးလောကကနေ အနားယူကာ လက်ထပ်ပြီးသည်အထိ
ဝမ်ယွီထုံသည် တစ်ခြားသူတစ်ယောက်လိုမျိုး အခန်းထဲမှာပဲ တစ်ယောက်တည်း အောင်းနေတတ်သည်။
သူမရဲ့ တက်ကြွသည့်ဟန်ပန်တွေလည်း ပျောက်သွားကာ ထိုင်းမိုင်းနေပြီး အပြုအမူတွေကလည်း ထူးဆန်းလာသည်။
ထို့ကြောင့် ဝမ်မိသားစုက သူတို့သမီးငယ်လေး၏ စိတ်ပိုင်းဆိုင်ရာ
အခြေအနေကို စိုးရိမ်နေကြသည်။ ကလေးတွေနဲ့ ပေါင်းသင်း စကားပြောဆိုပေးတာက တစ်ချို့စိတ်ပိုင်းဆိုင်ရာ
ပြသနာတွေကို သက်သာစေသည်ဟုလည်း ကြားဖူးကြရာ ယခု သူတို့ညီမလေး အခြေအနေကို ကြည့်လျင် ထိုအချက်သည်
မှန်မည့်ပုံရှိ၏။
[ ဝမ်ချူးယွဲ့ - ဟုတ်ပြီလေ။ ကိုယ့်ကိုယ်ကို တော့
ဒုက္ခမခံပါနဲ့]
ဝမ်ယွီထုံသည် သူ့အစ်မ မက်ဆေ့ကို မြင်ပြီး စိတ်ထဲမှာ
နွေးထွေးသွားသလိုခံစားရ၏။ ထို့ကြောင့် ကြောင်ကလေး အသည်းပုံအီမိုဂျီတွေ
[ 😻😻😽😽😽]
တစ်သီတစ်တန်းကြီး ဂရုထဲပို့ကာ ဂရုထဲက ထွက်လိုက်သည်။
နောက် မက်ဆေ့ဝင်နေသည့် ချက်ဘောက်ကို ကြည့်လိုက်ရာ
[သေနာရည်းစားဟောင်း] ဟူ၍ မှတ်ထားသည်ကို မြင်လိုက်ရ၏။ အကောင့်ထဲက ပုံကတော့ အပြာရောင်နောက်ခံနှင့်
ယောက်ျားတစ်ယောက်၏ အရိပ်ပုံဖြစ်သည်။
[ သေနာရည်းစားဟောင်း - ဘယ်သူ့ကလေးလဲ?]
မက်ဆေ့က နေ့လည်ကတည်းက ပို့ထားတာဖြစ်သည်။သူမ ဘာမှ
ပြန်မပြောထား၍ တစ်ဖက်က မက်ဆေ့ နှစ်စောင် ညနေပိုင်းတွင် ထပ်ပို့ထား၏။
[ သေနာရည်းစားဟောင်း - ဝမ်ယွီထုံ မင်း ရပ်တန်းက
ရပ်သင့်ပြီနော်။ ငါတို့ရဲ့ အတိတ်အကြောင်းတွေကို သူများသတင်းမဖြစ်စေချင်စမ်းပါနဲ့]
[သေနာရည်းစားဟောင်း - ထပ်သတိပေးမယ်နော်။ ငါတို့နှစ်ယောက်ရဲ့ကိစ္စကလည်း
ပြီးပြတ်သွားပြီ။ အဲတော့ မင်းလည်း မင်းဘဝနဲ့ မင်းနေတတ်ဖို့ မျှော်လင့်ပါတယ်]
[ ယွီထုံ - ??? ရူးနေလား??]
ဘယ်လိုလုပ် ဒီသေနာကောင်က စကားလာပြောနေတာလဲ။ ဝမ်ယွီထုံ
နှာခေါင်းရှုံ့လိုက်ကာ အကောင့်ပုံကို နှိပ်ပြီး ညာဘက်က blacklist ကို နှိပ်လိုက်သည်။
နောက် ထိုအကောင့်ကို သူမ အကောင့် ထဲကနေ ဖျက်လိုက်သည်။
လန်းဆန်းသွားတာပဲ....