အပိုင်း ၁၉၆
Viewers 14k

အခန်း (၁၉၆) - ဘာတွေဖြစ်နေတာလဲ

 

ရှောင်သခင်မကြီးက စစ်သူကြီးစံအိမ်ကို ရောက်တော့မည့်အချိန်မှာ သူမက သားတွေနှင့် မြေးတွေကို အရင်ပြန်ခိုင်းလိုက်သည်။

 

သူမ ချွေးမနှစ်ယောက်က သူမကို တွဲထားပြီး သူမ၏ မျက်လုံးတွေ နီရဲကာ တစ်လှမ်းချင်း လျှောက်နေခဲ့သည်။

 

စစ်သူကြီးစံအိမ်မှာက မကြာခဏ ပွဲဖြစ်နေတာကြောင့် အနီးအနားက လူတွေက ရှောင်သခင်မကြီး သေတော့မလိုမျက်နှာထားဖြင့် မျက်လုံးတွေ နီရဲကာ အားအင်ချည့်နဲ့နေတာကိုတွေ့တော့ လူတွေက စိုးရိမ်စွာ အနားတိုးလာကာ အခြေအနေ မေးခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် ဆက်ဆံရေးကောင်းသည့် သခင်မကြီးက မေးခဲ့လေသည်။ "ဘယ်လိုဖြစ်တာလဲ။"

 

ရှောင်သခင်မကြီးက တစ်ခုခုပြောချင်ဟန်ဖြင့် တုံ့ဆိုင်းဟန်ဖြင့် ကြည့်ခဲ့သည်။ "ကျွန်... ကျွန်မ ဆေးသွားဝယ်တာပါ။"

 

ထိုသခင်မကြီးက ကြက်သေ သေသွားခဲ့သည်။ "နေမကောင်းလို့လား။"

 

ရှောင်သခင်မကြီးက သက်ပြင်းချခဲ့သည်။ "မဟုတ်ပါဘူး၊ ချွေးမအတွက် ဆေးသွားဝယ်ပေးတာပါ။"

 

အမျိုးသမီးဝမ်က ကြက်သေ သေသွားခဲ့သည်။ ထိုဆေးတွေက သူမ သားအတွက် မဟုတ်လား။

 

ထိုသခင်မကြီးက ကောချွန်းရုကို အကောင်းမမြင်ပေ။ "ချွေးမက ဘာဖြစ်လို့လဲ။"

 

ရှောင်သခင်မကြီးက သူမအနားကပ်ကာ ပြောခဲ့သည်။ "အစ်မကိုပဲ ပြောပြတာနော်၊ တခြားလူတွေကို မပြောပြဘူး။"

 

ဒီသခင်မကြီးက ပါးစပ်ဖွာတာကို သူမ သိသည်။

 

ထိုသခင်မကြီးက ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ "ကောင်းပြီ၊ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး။"

 

သူမနှင့် ရင်းနှီးသည့် မိတ်ဆွေ တချို့ကိုသာ ပြောပြမည်။

 

ရှောင်သခင်မကြီးက ပြောခဲ့သည်။ "ကျွန်မ ချွေးမက ရွာကိုသွားပြီး ရှောင်မိသားစုရဲ့ ဘိုးဘေးတွေကို သွားပူဇော်တဲ့အချိန်မှာ မတော်တတစ်ဆတစ်ခုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့တယ်၊ မကြာခင်က သူ့မောင်လေးက ကိုယ့်ကျင့်တရားမကောင်းလို့ အထူးပညာရပ်သင်ကျောင်းက ထုတ်ခံခဲ့ရတယ်၊ ကျွန်မရဲ့ သားက သူ့ကို အလုပ်တာဝန်ပေးခဲ့ပါတယ်၊ သူက အဲ့ကို သွားတဲ့လမ်းမှာ ကုန်သည်တွေကို အထင်အမြင်သေးခဲ့လို့ အငြင်းအခုံတွေဖြစ်ပြီး ခြေထောက်ဖြတ်ခံခဲ့ရတယ်၊ ကျွန်မ ချွေးမက စိုးရိမ်စိတ် များသွားပြီး ကိုယ်ဝန်ထပ်ပျက်ကျသွားခဲ့တယ်။"

 

ကောချွန်းရုရဲ့ ကိုယ်ဝန်ပျက်ကျခြင်းက သူတို့နှင့် သက်ဆိုင်ကြောင်း သူမ ဘယ်တော့မှ မပြောပေ။

 

"ကျွန်မသားက တော်ဝင်သမားတော်နဲ့ သူ့ကို ခေါ်ပြခဲ့တော့ ကိုယ်ဝန်ပျက်ကျထားတာကြောင့် ကျန်းမာရေးအားနည်းနေတယ်လို့ ပြောခဲ့တယ်၊ သူ ကလေးမမွေးနိုင်တော့မှာကို ကျွန်မ စိုးရိမ်နေတာ။"

 

သူမ ရှေ့က သခင်မကြီးက အလွန်အံ့သြသွားခဲ့သည်။ "အာ သူက ကလေးမမွေးနိုင်တော့ဘူးလား၊ သူက ရှောင်သခင်မကြီးရဲ့ သားရဲ့ တစ်ဦးတည်းသော ဇနီး မဟုတ်လား။"

 

ရှောင်သခင်မကြီးက မျက်နှာရှစ်ခေါက်ချိုးဖြင့် ပြောခဲ့သည်။ "ဟုတ်ပါတယ် သူက ကျွန်မသားရဲ့ တစ်ဦးတည်းသောဇနီးပါ၊ သူက ကလေးမမွေးနိုင်တော့ပေမယ့် ကျွန်မ သားကိုလည်း တခြားအမျိုးသမီးတွေနဲ့ မထိခိုင်းဘူး၊ ဒါကြောင့်ပဲ သူအားပြန်ပြည့်လာအောင် ဆေးဆရာရှာပြီး ဆေးညွှန်းခိုင်းပြီး ဆေးဝယ်ဖို့ပဲ တတ်နိုင်တော့တာပေါ့၊ အခွင့်အလမ်းကလည်း များတော့ မများပါဘူး၊ ဒါပေမဲ့ သူ ဆေးမသောက်လောက်ပါဘူး၊ ကျွန်မကို အာရုံနောက်ဖို့ကောင်းတဲ့ ယောက္ခမလို့ပြောလို့ နောက်နှစ်ပတ်အတွင်း မြို့တော်က ထွက်သွားတော့မှာပါ။"

 

ထိုသခင်မကြီးက ရှောင်သခင်မကြီးကို ဂရုဏာသက်သွားလေသည်။ "ဝတ္တရား မကျေပွန်တဲ့ ချွေးမပဲ၊ သူကိုယ်တိုင်က ကလေးမမွေးနိုင်ဘဲနဲ့ ရှောင်သခင်မကြီးရဲ့သားကိုလည်း တခြားအမျိုးသမီးတွေနဲ့ မထိတွေ့ခိုင်းဘူး၊ ရှောင်သခင်မကြီးရဲ့သားရဲ့ မျိုးဆက်ကို သူဖြတ်တောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။"

 

ရှောင်သခင်မကြီးက မျက်လုံးတွေနီကာ ပြောခဲ့သည်။ "ဟုတ်တယ်၊ ကျွန်မ မြို့တော်က ထွက်သွားတဲ့အခါကျရင် ကျွန်မရဲ့ သား ဘယ်လိုနေမလဲဆိုတာ စိုးရိမ်နေမိတာ။"

 

"သူ့အတွက် ကိုယ်လုပ်တော်တွေ ရှာပေးလိုက်၊ သူ့အမေအနေနဲ့ သားဖြစ်သူအတွက် ကိုယ်လုပ်တော်တွေ ရှာပေးဖို့ ရှောင်သခင်မကြီးမှာ အခွင့်အရေး ရှိတယ်။"

 

သူမက ဆက်ပြောခဲ့သည်။ "ရှောင်သခင်မကြီးရဲ့ သားအတွက် ကလေးမွေးပေးနိုင်တဲ့ သန့်စင်တဲ့ အမျိုးသမီး နှစ်ယောက်ကိုရှာ၊ ဒါက ရှောင်သခင်မကြီးတို့ရဲ့ မျိုးဆက်အတွက် စိုးရိမ်ရတယ်၊ ချွေးမဖြစ်သူကို စိတ်ကြိက်လုပ်ခွင့်ပြုလို့ မရဘူး။"

 

သူမ ချွေးမက ရွာက လာသော်လည်း အကျင့်သီလ ကောင်းမွန်ကာ ကလေးမွေးပေးနိုင်တာကိုတွေးမိတော့ စိတ်သက်သာရာရသွားခဲ့လေသည်။

 

သူမ၏ ချွေးမက စစ်သူကြီးစံအိမ်က မြေခွေးမထက် အများကြီး သာလွန်ကောင်းမွန်သည်။

 

ရှောင်သခင်မကြီးက တွန့်ဆုတ်စွာ ပြောခဲ့သည်။ "ဒါဆို သူ ကျွန်မကို ထပ်ပြီး အပြစ်တင်ရင်ကော။"

 

သူမနှင့် ကန့်လန့်ဖြတ်အနေအထားမှာရှိသည့် သခင်မကြီးက ဒေါသထွက်စွာ ပြောခဲ့သည်။ "ရှောင်သခင်မကြီးက ယောက္ခမပဲ၊ သူအပြစ်တင်ရင် သူ့ကို ကွာရှင်းခိုင်းလိုက်၊ သားတစ်ယောက်တောင် မရှိတဲ့လူက အပြစ် ၇ပါး ကျူးလွန်တာပဲ၊ သူသာ ရှောင်သခင်မကြီးကို ပြဿနာရှာရဲရင် ကျွန်မတို့ဆီသာ လာခဲ့စမ်းပါ၊ လူတိုင်းက ကူညီပြီး ပြောပေးလိမ့်မယ်။"

 

ဝတ္တရား မသိတတ်ဘဲ ကိုယ်ကျင့်တရား မကောင်းတဲ့ ချွေးမကို ဘာဖြစ်လို့ ဆက်ခေါ်ထားမှာလဲ။

 

ထိုအခါမှပဲ ရှောင်သခင်မကြီးက စိတ်ဆုံးဖြတ်လိုက်ပုံပေါ်လေသည်။ "ကောင်းပြီ၊ ကျွန်မ သားရဲ့ အနာဂတ်အတွက် ကိုယ်လုပ်တော် နည်းနည်း ရှာပေးရမယ်၊ ကျွန်မချွေးမက ကျွန်မကို အပြစ်တင်မယ်ဆိုလည်း တင်ပါစေတော့ရှင်။"

 

ခဏနေတော့ ရှောင်သခင်မကြီးရဲ့ ချွေးမနှစ်ယောက်က သူမကို တွဲပေးပြီး စံအိမ်ထဲခေါ်ဝင်သွားခဲ့သည်။

 

သူမရဲ့ မျက်နှာချင်းဆိုင်မှာနေသည့် သခင်မကြီးက ဒီအကြောင်းတွေကို သူမ မိတ်ဆွေတွေကို ပြောပြခဲ့လေသည်။

 

သိပ်မကြာခင်မှာပဲ စစ်သူကြီးရှောင်ရဲ့ ဇနီးက ကလေးမမွေးနိုင်ဘဲ စစ်သူကြီးရှောင်ကိုလည်း ကိုယ်လုပ်တော်တွေ မယူခိုင်းသည့် သတင်း ပြန့်သွားခဲ့လေသည်။

 

အမျိုးသမီးတွေက ကောချွန်းရုကို အထင်အမြင်သေးကာ ရွံရှာခဲ့သည်။

 

ကိုယ်တိုင်က ကလေးမမွေးနိုင်ဘဲနဲ့ ခင်ပွန်းကိုလည်း ကိုယ်လုပ်တော် မယူခိုင်းတာကတော့ အရမ်းလွန်သွားပြီ။

 

ရှောင်ယွမ်ရှစ်က ဇနီးဖြစ်သူကို အလွန်အလိုလိုက်လွန်းသည်ဟု အမျိုးသားတွေက တွေးလိုက်လေသည်။

 

ဇနီးက ခွင့်မပြုလို့ ကိုယ်လုပ်တော်တောင် မယူရဲကာ သူ့ဇနီးကို တော်တော်ကြောက်လေသည်။

 

ထို့ကြောင့် အမျိုးသားတွေကလည်း ထိုအကြောင်းကို သူတို့အသိမိတ်ဆွေတွေဖြင့် ပြောခဲ့သည်။

 

ရက်အနည်းငယ်ကြာပြီးနောက် ညီလာခံကလူတွေလည်း သိသွားခဲ့သည်။

 

ရှောင်သခင်မကြီး အိမ်ပြန်ရောက်သည့်အချိန်မှာ သူမက ကောချွန်းရုဆီ အရင်သွားခဲ့သည်။

 

ထိုအစား ရှောင်ယွမ်ရှစ် ရုံးတော်က ပြန်လာကာ ကောချွန်းရုကို အဖော်ပြုကာ ညစာ စားသည့်အချိန်အထိ စောင့်ခဲ့သည်။

 

ထိုအခါမှ သူမက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက မျက်နှာပေါ်မှာ ဒဏ်ရာတွေချည်း ပြည့်နှက်နေသော ဖူးရောင်နေသည့် မျက်နှာနှင့် ကိုယ်လုပ်တော်ကို ဆွဲခေါ်ခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက မည်းမှောင်သည့် မျက်နှာထားဖြင့် ဝင်လာတော့ ရှောင်ယွမ်ရှစ်က တူကို ချလိုက်သည်။

 

သူက မကောင်းသည့် အငွေ့အသက်တွေ ရနေသည်။

 

ရှောင်မိသားစုဟောင်းက ဒီမနက် သူ့သားကြီးကို သွားရှာခဲ့ကြောင်း သူသိပြီးပြီဖြစ်သည်။

 

သူတို့၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် အခြေအနေဟန်ပုံ မပေါ်ပေ။

 

"အဖေနဲ့ အမေ ဘာကိစ္စရှိလို့လဲ။"

 

ရှောင်သခင်မကြီးက သူ့ကိုကြည့်ခဲ့သည်။ "ဘာလဲ ငါလာလို့ မရဘူးလား။"

 

ရှောင်ယွမ်ရှစ်က အစေခံမလေးဖြင့် ရှောင်သခင်ကြီးနှင့်သခင်ကြီးထိုင်ဖို့ ခုံတွေ ယူပေးခိုင်းလိုက်သည်။ "ရပါတယ်။"

 

ရှောင်သခင်မကြီးက သွယ်ဝိုက်ပြောမနေတော့ပေ။

 

သူမက ပုပ်သိုးသည့် မျက်နှာထားဖြင့် ပြောခဲ့သည်။ "ဒီနေ့ နင့်မိန်းမနဲ့ ရှင်းဖို့လာတာ။"

 

ရှောင်ယွမ်ရှစ်က ခေါင်းတွေကိုက်လာခဲ့သည်။ "ဘာကိစ္စများလဲ။"

 

ရှောင်မိသားစုဟောင်း ရောက်လာကတည်းက သူနဲ့ သူ့ဇနီးက အရင်ကနေ အခုထိ ကတောင်ကဆဖြစ်နေတာကို သူစိတ်ပျက်နေပြီဖြစ်သည်။

 

ရှောင်သခင်မကြီးက အေးစက်စွာ ခနဲ့ခဲ့သည်။ "အဲ့မိန်းမပျက်ကို ခေါ်လာခဲ့။"

 

သူမ ပြောပြီးသည်နှင့် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သူ့ရဲ့ကိုယ်လုပ်တော်ကို ဆံပင်ကနေ ဆွဲခေါ်ဝင်လာပြီးနောက် မြေပေါ် ကန်ချခဲ့သည်။

 

သူက အမုန်းတရားတွေ ပြည့်နေသည့် မျက်လုံးဖြင့် ကောချွန်းရုကို ကြည့်ခဲ့သည်။ "ဒုတိယအဒေါ်ရဲ့ လူကို ပြန်ပေးတယ်။"

 

မြေပေါ်ကလူကိုတွေ့လိုက်တာ့ ကောချွန်းရဲ့ မူလက တည်ငြိမ်နေသည့် မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

 

"ဘာကို ပြောတာလဲ၊ ဒါက နင့်ရဲ့ ကိုယ်လုပ်တော် မဟုတ်ဘူးလား၊ ငါနဲ့ ဘာဆိုင်လို့လဲ။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ခနဲ့ခဲ့သည်။ "သူ့အဖေကို မြေမြှုပ်ပေးတဲ့လူကို ကိုယ်ခန္ဓာနဲ့ ကျေးဇူးပြန်ဆပ်ဖို့ ခင်ဗျားပဲ စီစဥ်ခဲ့တာမလား၊ ဒီမိန်းမဆီကနေ ကျုပ်ကို ရောဂါကူးအောင် လုပ်ခိုင်းခဲ့တာလေ၊ ကျုပ် အကုန်သိတယ်၊ ကျုပ်က ခင်ဗျား ဘိုးဘေးတွေရဲ့ ဂူသင်္ချိုင်းတွေကို ဖောက်မိခဲ့လို့လား၊ ခင်ဗျား တစ်မိသားစုလုံးကို သတ်မိခဲ့လို့လား၊ ဘာဖြစ်လို့ ကျုပ်ကို အဲ့လောက်မုန်းနေတာလဲ။"

 

သူက တကယ်တော့ ထိုအမျိုးသမီးကို သွားရိုက်နှက်ပစ်ချင်ခဲ့ပေမယ့် သူ့ရဲ့ ဒုတိယဦးလေး ရှိနေတာကြောင့် မလုပ်နိုင်ခဲ့ပေ။

 

ကောချွန်းရုက ထိတ်လန့်သွားခဲ့သည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးနှင့် တခြားလူတွေ သိနေလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။

 

သူမက မြေပြင်ပေါ်က အမျိုးသမီးကို ကြည့်ခဲ့သည်။

 

သူမက ရောင်ကိုင်းနေသည့် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားကာ သူမ မပြောခဲ့ကြောင်း ခေါင်းကို ဖြည်းဖြည်းခါပြခဲ့သည်။

 

နောက်ဆုံးတော့ ကောချွန်းရုက စိတ်အေးစွာ သက်ပြင်းချခဲ့သည်။ "သူက ငါ့လူ မဟုတ်ဘူး၊ လာမစွပ်စွဲနဲ့။"

 

"အရှက်မရှိတဲ့ မြေခွေးမ နင်ဝန်မခံတာနဲ့ဘဲ ငါတို့ ဘာမှလုပ်မရတော့ဘူးလို့ တွေးမနေနဲ့။"

 

ကောချွန်းရုရဲ့ မျက်နှာအမူအရာကိုမြင်တော့ ရှောင်သခင်မကြီးက ဒေါသထွက်ခဲ့သည်။

 

သူမက ကောချွန်းရုကို ခုန်အုပ်ပြီး ဆံပင်ကိုဆွဲပြီး ပါးနှစ်ချက်ရိုက်ခဲ့လေသည်။ "ခွေးမ နင်ကများ ငါ့မြေးကြီးကို အန္တရာယ်ပေးရဲသေးတယ်၊ မြေခွေးမ ကိုယ်ဝန်ပျက်ကျတာလည်း မဆန်းတော့ပါဘူး၊ အနာဂတ်မှာ နင်က ကလေးမွေးရတော့မှာ မဟုတ်ဘူး၊ ဒါ နင် တန်ပြန်ခံရတာပဲ၊ နင့်လို အမြုံမကများ ငါ့သားကို ကိုယ်လုပ်တော်ယူခွင့် မပြုဘူးပေါ့လေ၊ နင့်ကိုယ်နင် ဘာထင်နေလဲ။"

 

ထို့နောက် ကောချွန်းရုရဲ့ မျက်နှာထက် ရိုက်ချက်တွေ ကျခဲ့ပြီး ဆံပင်တွေကျွတ်ကာ မျက်နှာကြီး ဖူးရောင်သွားခဲ့သည်။

 

အမျိုးသမီးဝမ်ကလည်း အလောတကြီး ရှေ့တက်သွားခဲ့သည်။

 

သူမက ကောချွန်းရုရဲ့ ဗိုက်ကို အကြိမ် အနည်းငယ် ထိုးခဲ့သည်။ "ခွေးမ နင်ကများ ငါ့သားကို အန္တရာယ်ပြုရဲတယ်ပေါ့၊ သေအောင် လုပ်ပစ်ဦးမယ်။"

 

ကလေးမမွေးနိုင်တော့မှတော့ ဆက်လုပ်တာပေါ့။

 

သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုက အလွန်မြန်တာကြောင့် ရှောင်ယွမ်ရှစ်က အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။

 

ရှောင်သခင်မကြီးနှင့်အမျိုးသမီးဝမ်ကို ဆွဲထုတ်ပြီးသည့်နောက်မှာတော့ သူ့ဇနီးက ဆိုးဆိုးဝါးဝါး အရိုက်ခံထားရပြီးပြီဖြစ်သည်။