အပိုင်း ၁၉၅
Viewers 14k

 

 

အခန်း(၁၉၅) - ကိုယ့်အကြံကြောင့် ကိုယ်က နစ်နာသူပြန်ဖြစ်ခဲ့တဲ့ ဉာဏ်ကောင်းသည့်လူ

 

ရှစ်ချင်းလျို့က မသေမျိုးဘုန်းတော်ကြီး၏ တပည့်ပီသသည်။

 

သူမက တကယ်ဉာဏ်ကောင်းတာပဲဟု ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေက တွေးလိုက်လေသည်။

 

ထိုသို့လုပ်ဖို့ သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။

 

ဟိုးတုန်းက သူတို့က ကောချွန်းရုကိုသာ သေအောင် ရိုက်ပစ်ချင်ခဲ့သည်။

 

သို့ပေမယ့် ထိုကိစ္စက လက်တွေ့မဆန်ပေ။

 

ရှောင်ယွမ်ရှစ်က ထိုသို့ လုပ်ဖို့ ခွင့်ပြုမည်မဟုတ်ပေ။

 

သူတို့ မြို့တော်က ထွက်သွားပြီးပါက သူ့မြေးကြီးရဲ့ လမ်းကြောင်းကို မဖောက်ပေးတော့နိုင်တာမျိုး ဖြစ်သွားနိုင်သည်။

 

ရှစ်ချင်းလျို့ရဲ့ အကြံဉာဏ်တွေက အလွန်ကောင်းမွန်သည်။

 

သူတို့ မြို့တော်က ထွက်မသွားခင် ရှောင်ယွမ်ရှစ် ဘေးကင်းအောင် အမျိုးသမီးတစ်ယောက်ကို သေချာပေါက် ဆွဲထည့်ပေးရမည်။

 

သူတို့့ ကောချွန်းရုကို ရှင်းထုတ်သည့်အခါလည်း ကောချွန်းရုတို့လင်မယားကြား သွေးကွဲအောင် လုပ်နိုင်သည်။

 

ရှောင်သခင်မကြီးနှင့် ကျန်လူတွေက စိတ်ဝင်တစား နားထောင်နေခဲ့သည်။ "ကျန်သေးလား။"

 

ရှစ်ချင်းလျို့ကပြုံးကာ ပြောခဲ့သည်။ "အကြံတစ်ခုပဲ ပြောရသေးတယ်၊ အခုက ဒုတိယတစ်ခု ပြောပြမယ်၊ ကောချွန်းရုက သူ့မောင်လေးကို အရမ်း ဂရုစိုက်တယ်မလား၊ အဲ့တော့ ရှင်တို့က သူပြန်မထနိုင်တော့အောင် ထိုးနှက်ပစ်ရမယ်၊ ဒါမှမဟုတ်လည်း သူ့မောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာပြီး ကောချွန်းရုကို ပြန်ခံစားခိုင်းလိုက်။"

 

ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေက လက်ခုပ်တီးခဲ့သည်။ "ဟုတ်တယ် သူ့ကို သူ့အဆိပ်သူပြန်ခံစားခိုင်းရမယ်။"

 

စောနက သူတို့တွေ ဗြောင်းဆန်သွားခဲ့ရသည်။

 

အကယ်၍ ရှောင်ဟန်ကျန့်သာ ရှောင်မိသားစုရံ အကြီးဆုံးမြေးရဲ့ ရောဂါကို မကုပေးနိုင်ပါက သူတို့ တကယ်စိုးရိမ်ရလိမ့်မည်။

 

သူတို့က မေးခဲ့သည်။ "ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။"

 

ရှစ်ချင်းလျို့က မျက်လုံးလည်ပြလိုက်သည်။ "ကျွန်မကိုပဲ အကုန် မေးမနေနဲ့လေ၊ ကိုယ့်ဦးနှောက်ကိုယ်လည်း သုံးဦး။"

 

ပြဿနာကောင်တွေကို သူတို့ကိုယ်တိုင် စူးစမ်းရှာဖွေခိုင်းရမည်။

 

သူတို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ ဒါဆိုလည်း ငါတို့ဘာသာ စဥ်းစားလိုက်ပါ့မယ်။"

 

ရှောင်သခင်မကြီးက ခဏလောက်တွေးကာ မေးခဲ့သည်။ "ဒါပဲလား၊ ငါ့မြေးကြီးကို အန္တရာယ်ပြုတဲ့ ကိုယ်လုပ်တော်ကို ဒီတိုင်း လွှတ်ပေးလို့ မရဘူးလို့ထင်တယ်။"

 

မည်သို့ပင်ဖြစ်စေကာမူ အကြံအားလုံးက တိရိစ္ဆာန်မ ပေးခဲ့တာတွေ ဖြစ်သည်။

 

ရှောင်မိသားစုဟောင်းက ဒေါသပေါက်ကွဲပစ်ချင်နေကြသည်။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ဒါပေါ့ ဒီတိုင်း လွှတ်ပေးလို့ ဘယ်ဖြစ်မလဲ၊ ဒါက ကြီးမားတဲ့ ပျော့ကွက်ပဲ၊ ရှင်တို့ ဘာလို့ စွန့်စားခန်း မဖွင့်တာလဲ၊ အနာဂတ်မှာ ကောချွန်းရု ဒါမှမဟုတ် ရှောင်ယွမ်ရှစ်ကို ထိန်းချုပ်ဖို့ဆိုရင် ဒီတိုက်ခိုက်မှုက အရမ်း ထိခိုက်စေမှာ။"

 

ရှစ်ချင်းလျို့က မရိုးသားသည့်အပြုံးဖြင့် ရှောင်မိသားစုဟောင်းကို မျက်လုံးမှိတ်ပြခဲ့သည်။ "စစ်သူကြီးရှောင်ရဲ့ မိန်းမက ဆောင်ကြာမြိုင်က ရောဂါနဲ့ ပြည့်တန်ဆာကိုဝယ်ပြီး တူဖြစ်ကို တမင် အန္တရာယ်ပြုတဲ့ သတင်းသာ ပြန့်သွားရင် စစ်သူကြီးရှောင်က လူကောင်း ဟုတ်ပါဦးမလား။"

 

ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံက ရှောင်မိသားစုကို ဒီကန်အားကို အသုံးချစေခဲ့သည်။

 

အနာဂတ်မှာ သူတို့နှင့် ရင်ဆိုင်သည့်အခါ မြို့တော် တစ်ခုလုံး ဒီကိစ္စကို သိသွားအောင် သေချာပေါက် လုပ်မည်။

 

ရှောင်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့ ဘယ်ကောင်းမလဲ၊ အပြင်လူတွေရဲ့ တံတွေးခွက်မှာ သူတို့ ပက်လက်မြောကုန်မှာပေါ့၊ ဒါပေမဲ့ အဲ့မိန်းမ လုပ်တယ်ဆိုတဲ့ သက်သေ မရှိတော့ သူက ဝန်ခံပါ့မလား။"

 

စုံစမ်းစစ်ဆေးဖို့ အရည်အချင်း သူတို့မှာ မရှိပေ။

 

ရှစ်ချင်းလျို့ကပြောခဲ့သည်။ "ဝန်မခံလည်း ကိစ္စ မရှိဘူး၊ အမိအရသာပြော၊ ဘာပဲဖြစ်ဖြစ် သူလုပ်တာဆိုပြီးပြော၊ မြို့တော်က တရားရုံးကို သွားတိုင်လိုက်၊ သူ ဝန်မခံခဲ့ရင် နောက်ပိုင်းဆက်လုပ်ရမှာတွေကို သူတို့ကို စုံစမ်းစစ်ဆေးခိုင်းလိုက်၊ သူလုပ်ခဲ့မှတော့ သက်သေတော့ ကျန်မှာပဲ၊ သူက ကြိုးကိုင်သူဖြစ်နေမှတော့ ရှင်တို့ကို သွားတိုင်တန်းခွင့်ပြုရဲမှာ မဟုတ်ဘူး၊ စစ်သူကြီးရှောင်ကလည်း ခွင့်ပြုမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ။"

 

ရှောင်သခင်မကြီးက သူမ ပေါင်ကို ပုတ်လိုက်လေသည်။ "အိုက်ယား အာဏာပိုင်တွေဆီ တိုင်တန်းဖို့ ဘာလို့ အမှတ်မရလိုက်ပါလိမ့်၊ နင်ကတော့ ဉာဏ်အကောင်းဆုံး မိန်းကလေးပါပဲ။"

 

ဒီတစ်ခါတော့ သူမက ရိုးသားစွာ ချီးကျူးခြင်း ဖြစ်သည်။

 

သူမရဲ့ ဒုတိယသားနှင့် ထိုတိရိစ္ဆာန်မက ဂုဏ်သိက္ခာကို တန်ဖိုးအထားဆုံး ဖြစ်သည်။

 

ပြီးခဲ့သည့် မတော်တဆမှုတုန်းကလည်း သူတို့အာဏာပိုင်တွေဆီ သွားတိုင်တန်းခဲ့တော့ သူတို့နှစ်ယောက် ကြောက်ခဲ့ကြသည်။

 

အခုလည်း အာဏာပိုင်တွေဖြင့် ခြိမ်းခြောက်ပါက သေချာပေါက် တူညီစွာ တုံ့ပြန်လိမ့်မည်။

 

မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်က တကယ်ကို ဉာဏ်ကောင်းလွန်း၏။

 

သူမက ရှစ်ချင်းလျို့ကို နောင်တရစွာ ကြည့်လိုက်သည်။

 

ဟိုးတုန်းကတည်းက ရှစ်ချင်းလျို့သာ သူမရဲ့ မြေးကြီးနှင့် လက်ထပ်ခဲ့ပါက ဘယ်လောက် ကောင်းမလဲဟု တွေးနေလေသည်။

 

သူမရဲ့အကြည့်က ရှစ်ချင်းလျို့ကို ကြက်သီးထစေတာကြောင့် ရှစ်ချင်းလျို့က စကားလမ်းကြောင်း ပြောင်းခဲ့သည်။ "မြောက်ပိုင်းနယ်စပ်ကို ရှင်တို့ရဲ့ မြေးအကြီးဆုံး တာဝန်ထမ်းဆောင်ဖို့သွားတာကို လိုက်သွားမှာမလား၊ ပိုက်ဆံမရှိဘဲ ဘယ်လိုနေကြမှာလဲ၊ သူ့အတွက် အရည်အသွေးမြင့် အကောင်းစားဆေး ဝယ်ပေးချင်တယ်လို့ ပြောလိုက်၊ ပြီးရင် စစ်သူကြီးစံအိမ်က သိုလှောင်ရုံက ပစ္စည်း တစ်ဝက်ကျော်ကျော်ကို ရှင်တို့ ယူသွားမယ့်အကြောင်း ပြောလိုက်၊ သူတို့နှစ်ယောက် သဘောမတူရင် အာဏာပိုင်တွေနဲ့ တိုင်မယ်လို့ ခြိမ်းခြောက်လိုက်။"

 

ကောချွန်းရုပဲ သွေးအန်မတတ် ဒေါသထွက်မည်သာမက ရှောင်ယွမ်ရှစ်ပါ ထိုအတိုင်းဖြစ်လိမ့်မည်။

 

ဒါ့အပြင် ထောင်လျိုရဲ့ စကားတွေကြောင့် ရှောင်ယွမ်ရှစ်က ကောချွန်းရုကို ဒေါသပေါက်ကွဲလိမ့်မည်။

 

ပြဿနာကောင်တွေ လုပ်သည့် ကိစ္စအများစုက ကောချွန်းရုကို လက်စားချေဖို့ ဖြစ်သည်။

 

အချိန်တွေကုန်သွားပါက သူတို့ဆက်ဆံရေးကြားမှာ အက်ကြောင်းတွေ ဖြစ်လာမည် မဟုတ်လား။

 

စစ်သူကြီးစံအိမ်အကြောင်း တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားဖို့ကောင်းသည်။

 

ဒါ့အပြင် ပြဿနာကောင်တွေက မြောက်ပိုင်းနယ်စပ်ကို ငွေအများအပြား ယူသွားမှာကြောင့် လမ်းပေါ်က သာမာန်ပြည်သူတွေကို ဒုက္ခပေးမှာ မပူရတော့ပေ။

 

ထိုကိစ္စက ခဲတစ်လုံးတည်းဖြင့် ငှက်များစွာကို သတ်နိုင်သည်။

 

ရှောင်မိသားစုဟောင်းရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားခဲ့သည်။ "ဟုတ် လက်ရှိ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးရဲ့ အခြေအနေအရ သူတို့ ကုသစရိတ် မပေးရင် တရားသူကြီးမင်းဆီ သွားတိုင်ရမယ်။"

 

အိုက်ယား ဒီကောင်မလေးက ဘာလို့ အဲ့လောက် ဉာဏ်ကောင်းနေတာလဲ။

 

မြောက်ပိုင်းနယ်စပ်ကို သွားပြီးပါက မြို့တော်မှာနေသလို ကောင်းမွန်သည့်ဘဝ မရတော့မှာကို သူတို့ စိုးရိမ်မိခဲ့သည်။

 

သူတို့စိတ်လှုပ်ရှားနေတာတွေ့တော့ ရှစ်ချင်းလျို့က သတိပေးခဲ့သည်။ "ရှင်တို့ ပြင်ဆင်ထားဖို့ လိုတယ်၊ ရှင်တို့ မြောက်ပိုင်းနယ်စပ်ကို သွားတဲ့လမ်းမှာ လုယက်ခံရတာဖြစ်ဖြစ်၊ သတ်ခံရတာဖြစ်ဖြစ် ဖြစ်ခဲ့ရင် သူတို့က တာဝန်ရှိကြောင်း ပြောရမယ်၊ တရားမျှတမှုကို ရှာပေးဖို့ လူတစ်ယောက်ကို မှာခဲ့ဖို့လည်း လိုမယ်။"

 

ဒီကိစ္စကို တားမြစ်ရမည်။

 

မဟုတ်ပါက ရှောင်ယွမ်ရှစ်ရဲ့ ဆန်ကုန်မြေလေးအဖေ လင်မယား သူ့တို့ကို မြောက်ပိုင်းနယ်စပ်ကို သွားသည့် လမ်းမှာ သတ်ပစ်ပါက နှမြောဖို့ကောင်းသည်။

 

ဒီအသုံးဝင်သည့်ဓားက အခု ကျိုးလို့ မရသေးပေ။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ထိုစကားကြားတော့ မြို့တော်ကိုလာသည့်နေ့က လုယက်ခံခဲ့ရသည့် ခါးသက်သည့်နေ့တွေအကြောင်း တွေးလိုက်မိကာ ချက်ချင်း တုန်ယင်သွားခဲ့သည်။

 

"ဟုတ်တယ်၊ ငါတို့ ဂရုစိုက်ရမယ်၊ အဲ့တိရိစ္ဆာန်နှစ်ကောင်က သိပ်ရက်စက်တာ၊ သူတို့က လူလွှတ်ပြီး ပိုက်ဆံတွေကို ပြန်လုယူခိုင်းလောက်တယ်။"

 

ပိုက်ဆံကို လုယူတာက သူတို့အသက်ကို လုယူတာနှင့် ညီမျှသည်။

 

ဒီနည်းလမ်းက အလွန်ကောင်းသည်။

 

ဟိုးတုန်းက သူတို့ ထိုသို့ခြိမ်းခြောက်ခဲ့တော့ ရှောင်ယွမ်ရှစ်က သူတို့ရဲ့ အသွားအလာကို မကန့်သတ်ခဲ့ပေ။

 

ဒီတစ်ခေါက်လည်း စာရေးပြီး လူအနည်းငယ်ကို ပေးထားရမည်။

 

အကယ်၍ သူတို့ တစ်ခုခု ဖြစ်ခဲ့ပါက တစ်စုံတစ်ယောက်က သူတို့ကို တရားစွဲပေးလိမ့်မည်။

 

အကယ်၍ ရှောင်ယွမ်ရှစ်သာ လူမဆန်သည့် ကိစ္စကို တကယ်လုပ်ခဲ့မည်ဆိုပါက သူ့ကို အကျိုးခံစားခွင့်ပေးစရာ မလိုပေ။

 

တိရိစ္ဆာန်မ သူတို့နောက်ကွယ်မှာ လုပ်မည့် ရက်စက်သည့် ကိစ္စတွေကိုလည်း တွေးမိထားတာကြောင့် သတိရှင်ရှင်ထားဖို့ လိုသည်။

 

ကျေးဇူးတင်စွာဖြင့် သူတို့က ရှစ်ချင်းလျို့ကို ပြောခဲ့သည်။ "ကျန့်အာရဲ့ ဇနီး၊ အကုန်လုံးက နင့်ကျေးဇူးတွေကြောင့်ပါ၊ မဟုတ်ရင် အဲ့မိန်းမရဲ့ ထောင်ချောက်ထဲ ကျတော့မလို့။"

 

ရှစ်ချင်းလျို့ပြုံးကာ ပြောခဲ့သည်။ "ရပါတယ်၊ ရှင်တို့ ကောင်းကောင်း လုပ်ဖို့ မျှော်လင့်ပါတယ်။"

 

သူမကပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "အဲ့အဆိပ်ပြင်းတဲ့မိန်းမကို ကျွန်မလည်းမုန်းတယ်။"

 

ရှောင်သခင်မကြီးက ပြုံးကာ ပြောခဲ့သည်။ "ငါ နားလည်ပါတယ်၊ ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲပေါ့။"

 

သူတို့က မိသားစုဖြစ်ကြောင်း သူမ ထပ်မပြောရဲတော့ပေ။

 

ရှစ်ချင်းလျို့ သူတို့ကို ထပ်တိုက်ခိုက်မှာကြောက်ကာ သူ့ကို စိတ်မပျော်အောင် မလုပ်ရဲပေ။

 

ခဏလောက်ထိုင်ပြီးနောက် ရှောင်မိသားစုဟောင်းက ရှောင်ဟန်ကျန့် ရေးပေးသည့် ဆေးအညွှန်းကိုယူပြီး ဆေးဆိုင်ကို သွားခဲ့ကြသည်။

 

ထို့နောက် ကောချွန်းရုဖြင့် ရှင်းရန်စစ်သူကြီးစံအိမ်ကို ပြန်ခဲ့သည်။

 

သူတို့ ပြန်သွားပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ပြုံးကာ ပြောခဲ့သည်။ "ကျွန်မတို့ကို ဒုက္ခပေးဖို့ ပြဿနာကောင်တွေကို လွှတ်လိုက်မှ သူ ငိုယိုရအောင် နာကျင်စွာ ပြန်ခံစားရတာကို သိခဲ့ရင် အဲ့မိန်းမ သူ့လုပ်ရပ်အတွက် နောင်တရနေမလား မသိဘူး "

 

ရှောင်ဟန်ကျန့်က ပြုံးပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ငိုယိုရုံတင်မကဘူး သွေးပါအန်လိမ့်မယ်၊ ကိုယ့်အကြံကြောင့် ကိုယ်က နစ်နာသူပြန်ဖြစ်ခဲ့တဲ့ ဉာဏ်ကောင်းတဲ့လူလေ၊ သူက ဥပမာကောင်းပဲ။"

 

အရင်ဘဝက သူ့ရဲ့ကျန်းမာရေးအခြေအနေမကောင်းကာ သတိလစ်နေတာကြောင့်ကောချွန်းရု အနိုင်ရခဲ့တာဖြစ်သည်။

 

အခုတော့ ထိုဉာဏ်ကောင်းသည့် အမျိုးသမီးကို ကိုင်တွယ်ဖို့ ပြဿနာကောင်တွေက သူ့ဇနီးနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းခဲ့တာကြောင့် ထိုအမျိုးသမီး သေချာပေါက် တုံ့ပြန်ခံရလိမ့်မည်။