အခန်း(၂၀၈)
- သူမက မီးရှို့တော့မလို့ ပြင်နေပြီ
ရှစ်ချင်းလျို့ရဲ့
စကားကိုကြားတော့ ရှီရုံက ကြက်သေသေသွားခဲ့သည်။
သူမက
မျက်တောင်ခတ်လိုက်သည်။ "အာ နန်းတော်မှာ သွားတိုင်မလို့လား။"
ဒါကို
သူမ ဘာကြောင့် မတွေးမိခဲ့တာလဲ။
ရှစ်ချင်းလျို့က
ပြုံးကာပြောခဲ့သည်။ "ငါတို့ကြားက အဆင့်အတန်းက သိပ်ကွာတယ်၊ ငါတို့ အတင်းအကြပ် အားသုံးပြီး
ဖြေရှင်းလိုက်ရင် ငါတို့အတွက် အကျိုးမရှိဘူး၊ သူက အဆင့်အတန်းဂုဏ်ဒြပ်ကို အသုံးပြုပြီး
သူများကို အနိုင်ကျင့်မှတော့ ငါကလည်း ငါ့အစွမ်းအစကို သုံးရမှာပေါ့။"
ဒါ့အပြင်
အချိန်တိုင်း သိုသိုသိပ်သိပ် နေနေလို့ မရပေ။
နဂါးမှန်းသိအောင်
အမောက်ထောင်ပြရသေးသည်။
အကယ်၍
သူမကို ထိပါးချင်ပါက သူတို့ နှစ်ကြိမ်တော့ ပြန်တွေးကြည့်ရပေလိမ့်မည်။
သူမသာ
ဒီကိစ္စကို မြို့တော်တရားရုံးဆီ သွားတိုင်တန်းခဲ့ပါက မြို့တော်က နှံနှံစပ်စပ်ရှိသည့်
မိသားစုတွေ ဒီကိစ္စကို မကြာခင် သိသွားလိမ့်မည်ဟု ယူဆရသည်။
သူတို့က
ဒီကိစ္စကို သေချာစောင့်ကြည့်နေကြလိမ့်မည်။
အဆုံးသတ်မှာ
သူမ ပြန်တိုက်ခိုက်မလား သည်းခံမလား။
သူမက
နောက်ဆုံးတစ်ခုကို ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း လူအများစုက ထင်ကြလိမ့်မည်။
သို့ပေမယ့်
သူမ တကယ် သည်းခံခဲ့ပါက လူတွေက သူမကို အထင်သေးကာ အနိုင်ကျင့်ရလွယ်သည်ဟု ထင်သွားကြလိမ့်မည်။
ထို့ကြောင့်
သူမ ပြန်တိုက်ခိုက်ရမည်။
သပ်ရပ်စွာ
ပြန်တိုက်ခိုက်ရမည်ဖြစ်သည်။
သူမနှင့်
သူမခင်ပွန်းက မလောက်လေး မလောက်စား လာလုပ်လို့ရမည့်လူတွေ မဟုတ်ကြောင်း မြို့တော်က မင်းစိုးရာဇာ
မိသားစုတွေ သိသွားအောင် လုပ်ရမည်။
သူမက
ပြန်မတိုက်ခိုက်နိုင်တာ သို့မဟုတ် ထိပ်တိုက် ပြန်မတိုက်နိုင်တာဖြစ်ကြောင်း လူတွေ ထင်နိုင်ပေမယ့်
သူမက မလုပ်ချင်ခဲ့တာ ဖြစ်သည်။
သူမက
ထိပ်တိုက် တိုက်ခိုက်ချင်တာ ဖြစ်သည်။
တချို့
အခြေအနေမှာ နောက်တစ်လှမ်း ဆုတ်ပေးရပြီး တချို့အခြေအနေမှာတော့ လုပ်လို့ မရပေ။
သူမက
သိုသိုသိပ်သိပ် ဆက်မနေမှတော့ ပွဲကြီးပွဲကောင်းဖြစ်အောင် လုပ်ရမည်။
အခုတော့
သူမက မလောက်လေး မလောက်စား လုပ်လို့ ရမည့်လူမဟုတ်ကြောင်း လူတိုင်းသိအောင် လုပ်ပြရမည်။
ဒီလိုလုပ်ဖို့အခွင့်အရေးပေးသည့်
တတိယမင်းသားရဲ့ ကြင်ယာတော်ကို သူမ ကျေးဇူးတင်ရမည်။
ရှီရုံက
ပြုံးပြီး လက်ခုပ်တီးခဲ့သည်။ "အံ့သြစရာပဲ၊ လူတစ်ယောက်က အဆင့်အတန်းနဲ့ ကိုင်ပေါက်ပြီး
သူများကို ပြဿနာရှာရင် အရှင်မင်းကြီးကို သွားရှာတာ အကောင်းဆုံးပဲပေါ့။"
သူမက
မေးခဲ့သည်။ "ငါ ဘာလို့ သွားတိုင်လို့ မရတာလဲ။"
အကယ်၍
လျို့လျို့သာ မျိုးစေ့တွေ ဆက်သတာကို အသုံးချပြီး တိုင်တန်းခဲ့ပါက သူမက အခွင့်ကောင်းယူကာ
ဘုရင်ကြီးဆီက အကူအညီတောင်းကာ အမိန့်ပေးခိုင်းသည်ဟု တခြားအရာရှိတွေက အထင်လွဲနိုင်သည်။
ဘာပဲဖြစ်ဖြစ်
သူမက ဆုကြေးကို လက်ခံယူပြီးပြီဖြစ်သည်။
မူလအားဖြင့်
ဖူဝန်ကျန်းက ကြင်ယာတော်ဖြစ်နေဆဲဖြစ်သည်။
အကယ်၍
ရှစ်ချင်းလျို့သာ အပြစ်ချမှတ်ပေးဖို့ ဘုရင်ကြီးဆီက အတင်းတောင်းဆိုခဲ့ပါက တော်ဝင်မိသားစုကို
တော်တော်အရှက်ရစေနိုင်သည်။
သေချာပေါက်ကို
ဘုရင်ကြီးရဲ့ အကျင့်စရိုက်အရ ဒီကိစ္စကို အရေးယူပေးလိမ့်မည်။
သို့ပေမယ့်
အနာဂတ်မှာ သူက လျို့လျို့ကို သိပ်အလေးထားတော့မည် မဟုတ်ပေ။
ရှစ်ချင်းလျို့က
ပြုံးကာ ခေါင်းခါပြခဲ့သည်။ "မလိုဘူး၊ တိုင်းပြည်ကို အကျိုးရှိစေမယ့် ပြုလုပ်ပုံ
ဆက်သပေးစရာရှိတဲ့အကြောင်းပဲ အရှင်မင်းကြီးကို စကားပါးပေးဖို့ ဒုက္ခပေးပါရစေ။"
မူလကတော့
မော့ချင်းလင် သံရိုင်းသတ္တုတွင်းရှာတွေ့ပြီးမှ သံမဏိသန့်စင်ထုတ်လုပ်နည်း မျှဝေပေးဖို့
စီစဥ်ခဲ့သည်။
ဤနည်းဖြင့်ဆိုပါက
သိပ်ပြီး အာရုံစိုက်စရာ မဖြစ်တော့ပေ။
အခုတော့
အရင်ဆုံး ကြိုပြီး ဘုရင်ကြီးကို ဆက်သရတော့မည်ဖြစ်သည်။
အခုချက်ချင်း
သူမရဲ့ တန်ဖိုးကို ဘုရင်ကြီးကို သိစေချင်သည်။
အခုတောင်
ပြောင်းစေ့ဆက်သပြီး သံမဏိသန့်စင်ထုတ်လုပ်နည်း မျှဝေပေးခဲ့မှတော့
အနာဂတ်မှာဆိုရင် သူမ ဘယ်လောက်တောင် စွမ်းဆောင်နိုင်မည်နည်း။
သူများကို
အနိုင်ကျင့်ဖို့ပဲသိသည့် တတိယမင်းသားရဲ့ ကြင်ယာတော်နှင့် ယှဥ်ပါက ဘယ်သူက ပိုအရေးကြီးလဲဆိုတာ
ဘုရင်ကြီး သူ့ဘာသာသူ ဆုံးဖြတ်လိမ့်မည်။
လျို့လျို့ဆီမှာ
အကြံအဉာဏ်များစွာ ရှိသေးတာကို ရှီရုံက သိသည်။
သူမရဲ့စကားကိုကြားတော့
ရှီရုံက သံသယ မဝင်ခဲ့ပေ။
"ကောင်းပြီ
ငါတို့ အခုပဲ နန်းတော်ကိုဝင်ကြတာပေါ့၊ အချိန်ကျရင် ငါ့နန်းဆောင်ကို အရင်ပြန်နှင့်မယ်၊
ငါ့ဦးရီးတော်က ဝင်လာလို့ရပြီလို့ပြောရင် နင်ဝင်သွားလိုက်။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"
ထို့ကြောင့်
သူတို့နှစ်ယောက်က မြင်းရထားလုံးတစ်စီးဖြင့် နန်းတော်ထဲ ဝင်သွားခဲ့သည်။
ရှစ်ချင်းလျို့
မျှော်လင့်ထားသည့်အတိုင်း သူမ တိုင်ကြားခဲ့သည့် သတင်းက မြို့တော်မှာ ပြန့်နေပြီဖြစ်သည်။
သတင်းတွေကို
နှံ့နှံ့စပ်စပ်ရှိသည့် စံအိမ်တွေအားလုံးက သိကုန်ကြပြီဖြစ်သည်။
ထိုအချိန်မှာ
ဒုတိယမင်းသားနှင့် ပဥ္စမမင်းသားတို့က လက်ဖက်ရည်သောက်ကာ ကိစ္စတချို့ကို ဆွေးနွေးနေကြသည်။
လက်အောက်ငယ်သား
လာရောက်တင်ပြသည့် သတင်းကိုကြားပြီးနောက် လျန့်ရှောက်ဟန်က မျက်မှောင်ကြုတ်ကာ မျက်လုံးထဲမှာ မနှစ်မြို့ဟန်ဖော်ပြခဲ့သည်။
"ကိစ္စတွေအများကြီးကို
ပျက်စီးတာထက်ပိုအောင် လုပ်ခဲ့တဲ့ သူ့လိုမိန်းမကများ ဒီလို ထပ်လုပ်ရဲသေးတယ်ပေါ့။"
သူက အမှန်တကယ်
ဒေါသထွက်နေတာ ဖြစ်သည်။
သူက ရှစ်ချင်းလျို့ကို
သူ့ဘက်ပါလာအောင် သွေးဆောင်နေတုန်းမှာ ဖူဝန်ကျန်းက သူ့ကို ဆွဲချသွားပြီ ဖြစ်သည်။
နှစ်ကြိမ်မျှ
တွေ့ဆုံပြီးနောက် ရှစ်ချင်းလျို့က သိပ်ဉာဏ်ကောင်းတာကို သူနားလည်ခဲ့သည်။
အဓိက
အကြောင်းအရင်းက ဖူဝန်ကျန်း သူ့ကို သဘောကျဖူးတာကလည်း လျှို့ဝှက်ချက် မဟုတ်ပေ။
အနည်းဆုံးတော့
ရှီရုံလည်း ဒီကိစ္စကို သိလိမ့်မည်။
ဒီကိစ္စကို
ရှစ်ချင်းလျို့သာ ရှီရုံဆီကကြားသိခဲ့ပါက ဖူဝန်ကျန်းက သူ့ကြောင့် သူမကို ကြံစည်ခဲ့ကြောင်း
ရှစ်ချင်းလျို့ သိသွားနိုင်သည်။
လျန့်ဟန်ယွီက ဆွံ့အနေခဲ့သည်။
"ဖူဝန်ကျန်းက တော်တော်ရက်စက်တာပဲ၊ သူ့လူကို လွှတ်ပြီးတော့တောင် လုပ်ခိုင်းရဲသေးတယ်၊
ဒါ့အပြင် မျိုးစေ့တွေ ဆက်သတဲ့ ကိစ္စကို သူက အတည် မမှတ်ယူဘူး၊ ကောင်းကင်ဘုံက ချီးမြှင့်တဲ့
မျိုးစေ့တွေက အချိန်ကိုက်ရောက်လာပြီး ခမည်းတော်ရဲ့ ပြဿနာတွေကို ဖြေရှင်းသွားပေးခဲ့တာ၊
အကယ်၍ ရှစ်ချင်းလျို့သာ ကိုယ်ဗလာနဲ့ လမ်းမှာ အပြစ်ခံခဲ့ရပြီး ဆဲရေးစော်ကားမှုတွေကို
သည်းမခံနိုင်ဘဲ ကိုယ့်ဘာသာကိုယ် သတ်သေသွားရင် အရာရှိကြီးတွေ ဘယ်လိုထင်ကုန်မလဲ၊ တော်ဝင်မိသားစုက
သူများကို အရမ်းအနိုင်ကျင့်တယ်လို့ မထင်ကုန်ကြဘူးလား၊ မျိုးစေ့တွေ လာဆက်သပေးတဲ့လူတောင်
ကိုယ့်ဘာသာကိုယ် သတ်သေသွားတယ်ဆိုပြီးတော့လေ၊ အကယ်၍ အနာဂတ်မှာ တစ်ယောက်ယောက်က တစ်ခုခု
ကောင်းတာ ရှာတွေ့ခဲ့ရင် ဘယ်သူက လာဆက်သရဲတော့မှာလဲ။"
ထို့နောက်
သူက သက်ပြင်းချခဲ့သည်။ "ဒုတိယအစ်ကိုတော်နဲ့ တတိယအစ်ကိုတော်ရဲ့ မျက်လုံးတွေက နည်းနည်း
ချို့ယွင်းနေတာပဲ။"
လျန့်ရှောက်ဟန်ရဲ့ မျက်နှာက
မည်းမှောင်သွားခဲ့သည်။ "ငါ သူ့ကို မကြိုက်ပါဘူး၊ အရင်တုန်းက ပျော်ဖို့ကောင်းမယ်ထင်လို့
သူနဲ့ ဆက်သွယ်ခဲ့တာ၊ သူနဲ့ အတူတူရှိပြီးနောက် အရမ်းရှုပ်ထွေးလာမယ်လို့ မထင်မိခဲ့ဘူး၊
တတိယညီတော်ကမှ တကယ် မမြင်နိုင်တာ၊ ဒီလိုမျိုး ရက်စက်ပြီး ရူးနမ်းနေတဲ့ မိန်းမကို သူ
ဘာတွေများ ကြိုက်နေလဲ မသိဘူး။"
ဟိုးတုန်းက
သူ့တတိယညီတော်က ဖူဝန်ကျန်းကို သဘောကျနေကြောင်း ကြားလိုက်တော့ သူက လုယူဖို့ ကြိုးစားခဲ့သည်။
ဖူဝန်ကျန်းရဲ့
မိသားစုနောက်ခံက သူတို့လို မင်းသားတွေအတွက် သိပ်အသုံးဝင်သည်။
သို့ပေမယ့်
သူမနှင့် နှစ်ခါလောက် ဆက်သွယ်ပြီးသည့်အခါမှာတော့ သူမကမင်းသားရဲ့ ကြင်ယာတော်ဖြစ်ဖို့
မသင့်လျော်ကြောင်း သိသွားမည်ဟု မထင်မိခဲ့ပေ။
သူမက
ပျံ့တန့်တန့်နေပြီး ဆရာကြီး သိပ်လုပ်ကာ စိတ်ထားသေးသိမ်သည်။
သူမကို
လက်ထပ်ပါက တကယ့် ကပ်ဘေးဒုက္ခ ဖြစ်သည်။
ထို့ကြောင့်
အနည်းငယ် သာလွန်မှု လျော့ပါးသည့် မိသားစုက မိန်းကလေးကိုရွေးပြီး သူ့ကြင်ယာတော်အဖြစ်
ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တာ ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း
သူ့ကြင်ယာတော်က အကျင့်သီလကောင်းမွန်ကာ လုပ်နိုင်စွမ်း ရှိသည်။
သူမက
မင်းသားရဲ့ နန်းဆောင်ကို သေချာစီမံခန့်ခွဲနိုင်ကာ သူ စိုးရိမ်စရာ မရှိပေ။
သူမက
တခြားကြင်ယာတော်တွေအပေါ်လည်း ရက်စက်ကြမ်းတမ်းခြင်း မရှိပေ။
အကယ်၍
ဖူဝန်ကျန်းသာ သူ့ကြင်ယာတော်ဖြစ်ပါက နန်းဆောင်ပဋိပက္ခ တော်တော်များနိုင်သည်။
သူတို့နှစ်ယောက်
မကြာခင် သေသွားနိုင်သည်။
တတိယညီတော်က
ဒုတိယကြင်ယာတော်နှင့် ကိုယ်လုပ်တော်တွေ ထပ်ယူတာလည်း သူ မတွေ့ခဲ့ပေ။
အရင်တုန်းက
တတိယညီတော် ပျိုးထောင်ခဲ့သည့် နန်းတွင်းအမျိုးသမီးတွေကလည်း တစ်ချိန်က ဖူဝန်ကျန်းရဲ့
လူတွေ ဖြစ်သည်။
ဟိုးတုန်းကတော့
ရှစ်ချင်းလျို့ရဲ့ ကံဆိုးခြင်းကြောင့် သူပျော်ခဲ့ပေမယ့် အခုတော့ ဖူဝန်ကျန်းက ရှစ်ချင်းလျို့ကို
သွားရှုပ်လိုက်တော့ သူ မပျော်တော့ပေ။
ထိုအစား
သူမကို ပိုပိုပြီးမုန်းလာခဲ့သည်။
လျန့်ဟန်ယွီက သူ့ရဲ့ဒုတိယအစ်ကိုကို
ဂရုဏာသက်စွာ ကြည့်ခဲ့သည်။ "ဒီတစ်ခါတော့ ဖူဝန်ကျန်းကြောင့် အစ်ကိုတော် ဒုက္ခရောက်တော့မှာ၊
ဟုတ်သား ရှစ်ချင်းလျို့ ဘာတွေတွေးနေတာလဲ၊ တရားသူကြီးမင်းကိုတိုင်တာနဲ့ပဲ ဖူဝန်ကျန်းကို
ဆွဲချနိုင်ပြီလို့ ထင်နေတာများလား။"
ဒုတိယအစ်ကိုတော်ရဲ့
ရှစ်ချင်းလျို့အပေါ်ထားခဲ့တဲ့အမြင်က ဇာချဲ့လွန်းနေတာ မဟုတ်လား။
တရားသူကြီးမင်းက
ဒီကိစ္စကို မျှမျှတတ မဆုံးဖြတ်ပေးနိုင်ခဲ့ရင်တောင် ဖူဝန်ကျန်းရဲ့အစေခံက အပြစ်ဒဏ်အစားခံယူလိမ့်မည်။
ဒီလောက်
ပြဿနာ အကြီးကြီး ရှာခဲ့တာတောင် အဆုံးသတ်မှာ အစေခံကိုသာ ရှင်းထုတ်နိုင်လိမ့်မည်။
ထိုကိစ္စက
ဖူဝန်ကျန်းကို ပိုပြီး မကျေမနပ်ဖြစ်စေနိုင်သည်။
လျန့်ရှောက်ဟန်က လက်ထဲက
လက်ဖက်ရည်ခွက်ကို ပွတ်လိုက်သည်။ "သူ့မှာနောက်ထပ် အစီအစဥ်ရှိနိုင်လောက်တယ်။"
ထို့နောက်
ရှစ်ချင်းလျို့နှင့်ရှီရုံက နန်းတော်ကိုဝင်သွားပြီဖြစ်ကြောင်း လူတစ်ယောက်က လာတင်ပြခဲ့လေသည်။
ဒုတိယမင်းသားနှင့်
ပဥ္စမမင်းသားက ကြက်သေသေသွားခဲ့သည်။
"ရှစ်ချင်းလျို့က
တကယ်ပဲ နန်းတော်မှာ သွားတိုင်တန်းမလို့လား။"
လျန့်ရှောက်ဟန်က ခေါင်းခါပြခဲ့သည်။
"မျိုစေ့ဆက်သတာကို အသုံးချပြီး တိုင်တန်းခဲ့ရင် ခမည်းတော်က သူ့ဘက်ကနေ ရပ်တည်ပေးနိုင်ပေမယ့်
ဒါက မကောင်းတဲ့ လှုပ်ရှားမှု ဖြစ်သွားနိုင်တယ်၊ သူ့ရဲ့ ထောက်ပံ့မှုတွေက ဒီတိုင်းပဲ
လေထဲ ပျောက်သွားလိမ့်မယ်၊ ဒါ့အပြင် ထောက်ပံ့မှုပေးတာကို အသုံးချပြီး ရှုပ်ထွေးအောင်
လုပ်တာကို ခမည်းတော်က အမုန်းဆုံးပဲ။"
ဒါ့အပြင်
တိုင်တန်းခံရသည့်ပစ်မှတ်က တော်ဝင်မိသားစုရဲ့ ချွေးမ ဖြစ်သည်။
ဒီကိစ္စသာ
ပြန့်သွားပါက တော်ဝင်မိသားစု အရှက်ကွဲရလိမ့်မည်။
မျိုးစေ့ထောက်ပံ့ခြင်းကို
ဒီတိုင်းထားတာက ဖူဝန်ကျန်းကို ထိန်းချုပ်ဖို့ အသုံးပြုလိုက်တာထက်စာရင် ပိုအသုံးဝင်သည်။
ရှီရုံဖြင့်
ဖူဝန်ကျန်းကို နှိမ်နှင်းခိုင်းတာကမှ ပိုအသုံးဝင်ဦးမည်။
ရှစ်ချင်းလျို့က
ငတုံးလား။
ရှောင်ဟန်ကျန့်က
တော်ဝင်စာမေးပွဲဖြေပြီး အစိုးရဌာနကို ဝင်ချင်နေတာကို သူမ မေ့နေတာလား။
လျန့်ရှောက်ဟန်က ထပ်ပြီး
မျက်မှောင်ကြုတ်ခဲ့သည်။ "အဲ့လောက်
မရိုးရှင်းဘူးလို့ ခံစားနေရတယ်။"
သူက ထပ်ပြောခဲ့သည်။
"အကယ်၍ တကယ်ပဲ အဲ့လိုလုပ်ခဲ့တယ်ဆိုရင်တော့ သူ့ကို ငါတို့ဘက်
ပါလာအောင် မစည်းရုံးနိုင်လည်း ကိစ္စမရှိတော့ဘူး။"