Chapter 150
END Of Bonus chapter
ရှန်းနန့်ထန်က စောင့်စားနေဆဲပင်။ "ပါးပါးနဲ့ မားမား မြန်မြန် စားကြည့်"
ရှန်းယွဲ့က အကြီးကြီးကိုက်ကာ မနေနိုင်ဘဲ ထပ်ချီးကျူးပြန်သည်။ "အရသာ ရှိလိုက်တာ... ချဥ်ချဥ် ချိုချိုလေး... ပါးပါးရဲ့ တော်ဖီလေးက အရမ်း အံ့သြဖို့ ကာင်းတာပဲ"
ရှန်းနန့်ထန်က ပြုံးလိုက်သည်။ သူမက သူမ၏ အမေဘက်လှည့်ကာ ကြည့်လိုက်ပြီး ရုတ်တရက် ဗျာများ လာတော့သည်။ သူမအမေက အသီးအရွက် စိုက်သည့်နေရာတွင် ဆရာသခင်တစ်ယောက် ဖြစ်သည်ကြောင့်ပင်။ သူမ၏မိခင်ဆီမှ ထောက်ခံချက်ကသာ စစ်ဆေးမှုကို အောင်နိုင်ပြီး နောက်ထပ် အသီးအရွက်ခင်းတစ်ခု ထပ်ရနိုင်မှာ ဖြစ်သည်။
ထန်ချောင်းချောင်းက ခရမ်းချဥ်သီးကို အလေးအနက် ကြည့်လိုက်ပြီးနောက် အကိုက်သေးသေးလေးတစ်ခု ကိုက်ကာ သေချာ အရသာခံလိုက်သည်။
"အရမ်း ခြောက်လွန်းတယ်... အရည် အလုံအလောက် မရွှမ်းဘူး"
ရှန်းနန့်ထန်၏ မျက်နှာသေးသေးလေးက ချက်ချင်း ငိုက်စိုက်ကျသွားသည်။ သူမခေါင်းပေါ်မှ ဆံပင်ဖွာဖွာလေးများပင် ငိုက်ကျသွားလေသည်။
ရှန်းယွဲ့က သူမလေး ဝမ်းနည်းနေသည်ကို ကြည့်မနေနိုင်တော့ပေ။
"အရမ်းကြီး မတင်းကြပ်လွန်းပါနဲ့... တော်ဖီလေးက အရမ်း တော်လွန်းနေပြီးသားပါ"
ရှန်းယွဲ့က သူ့သမီးအပေါ်တွင် အလိုလိုက်လွန်းသဖြင့် ထန်ချောင်းချောင်းကလည်း စည်းကမ်းတင်းကြပ်သည့်အမေ ဖြစ်ရသည်။
ထန်ချောင်းချောင်း သူမ၏ သမီးကို ကြည့်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်လည်း အချိုကတော့ ပြည့်ပါတယ်"
ရှန်းနန့်ထန်က ထိုစကားကို ကြားလိုက်သည်နှင့် ကိုယ်မတ်သွားကာ ရွှင်မြူးသွားခဲ့သည်။
ထန်ချောင်းချောင်း: "ဆက်ပြီး ကြိုးစားနေနော်...သမီးအတွက် နောက်ထပ် စိုက်ခင်းတစ်ခု ထပ်ဖွင့်ပေးမယ်"
"ဟုတ်"
ရှန်းနန့်ထန်က သူမနားရွက်လေးများ နီရဲသွားသည်အထိ စိတ်လှုပ်ရှားနေပြီး ရှန်းယွဲ့နှင့် လက်ဝါးချင်းရိုက်လိုက်လေသည်။
ခရမ်းချဥ်သီးများကို နှစ်ကိုက်မျှစားပြီးနောက် ထန်ချောင်းချောင်းက သူမသမီးကို မေးလိုက်သည်။ "တော်ဖီလေး... မားမား တစ်ခု မေးမလို့... သမီး တီဗီမှာ ပါချင်လား"
"လမ်းလျှောက်ခြင်း အနုပညာ" ၏ ဒါရိုက်တာက သူမကို ဆက်သွယ်လာပြီး နေ့လည်က ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။ သူက တော်ဖီလေး သူ့ မှတ်တမ်းရုပ်ရှင်တွင် ပါဝင်ရန် လက်ခံမည်လားဟု မေးခဲ့သည်။ သူမသာ သဘောမတူပါက နေ့လည်က ရိုက်ထားသော ဗီဒီယိုများအားလုံးကို ဖျက်ပစ်လိုက်မည် ဖြစ်သည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က သမီးဖြစ်သူကို ကာကွယ်လိုသောကြောင့် အပြင်ကို ထုတ်မပြခဲ့ပေ။ သို့သော်လည်း ယခုတွင်မူ သမီးလေးက သုံးနှစ် ရှိနေပြီ ဖြစ်ပြီး ကိုယ်ပိုင်အတွေးအမြင်များလည်း ရှိနေပေပြီ။သူမအနေဖြင့် သူမလေး၏ အမြင်ကိုလည်း မေးကြည့်ရမည်ပင်။
ရှန်းနန့်ထန်က တီဗီကို ထိုးပြလိုက်သည်။ "သမီးက မားမားလို တီဗီမှာ ပါရမှာလား"
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်"
ရှန်းနန့်ထန်က လက်ညှိုးလေးကို ရစ်ပတ်နေကာ မေးလိုက်သည်။ "တီဗီမှာပါရင် သမီးကို လူတွေအများကြီး သိကြမှာလား"
"ဒါပေါ့... သမီးမားမားမှာ ဖန်တွေအများကြီး ရှိသလိုပေါ့" ရှန်းယွဲ့က နူးနူးညံ့ညံ့ ပြောလိုက်သည်။
ရှန်းနန့်ထန်၏ မျက်လုံးများ တောက်ပသွားသည်။ "တော်ဖီလေး သွားမယ်"
သူမကို လူတွေ ပိုသိလာကြပါက လူအများကြီးက သူမ၏ လယ်တောဆီသို့ အသီးအရွက် ဝယ်ရန် လာကြမည်ဖြစ်ပြီး သူမသည်လည်း ပိုက်ဆံအများကြီး ရှိလာနိုင်သည်။
ထန်ချောင်းချောင်းက သူမကို သတိပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် တော်ဖီလေးကို မကြိုက်ကြတဲ့ လူတွေလည်း ရှိလာနိုင်တယ်နော်"
ရှန်းနန့်ထန်က ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"တော်ဖီလေး မကြောက်ဘူး... လူတွေ သမီးကို မကြိုက်ကြရင် တော်ဖီလေးက သူတို့ကို လျစ်လျူရှုလိုက်မယ်"
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့၏ သမီးလေးက အူကြောင်ကြောင်နိုင်ကာ ချစ်စရာ ကောင်းသော်လည်း သူမက အမှန်ကိုပဲ ပြောနေခဲ့သည်။ သူမကို မကြိုက်ကြသော လူများကို လျစ်လျူရှုလိုက်ခြင်းက အဆင်ပြေသည်ပင်။
ထိုစုံတွဲက သမီးဖြစ်သူကို တီဗီတွင် ပါရသည်က မည်ကဲ့သို့ ဖြစ်သည်အကြောင်း နောက်တစ်ခေါက် ထပ်ရှင်းပြလိုက်သော်လည်း တော်ဖီလေးက ဆန္ဒရှိနေဆဲပင်။ ထ်ု့ကြောင့် ထန်ချောင်းချောင်းက ဒါရိုက်တာကို ဖုန်းခေါ်ကာ သမီးဖြစ်သူ မှတ်တမ်းရုပ်ရှင်တွင်ပါရန် သဘောတူကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း မထုတ်လွှင့်ခင်တွင် သူမက အရင်ကြည့်ထားမှ ဖြစ်သည်။
တစ်ပတ်ကြာသောအခါ ဒါရိုက်တာက မှတ်တမ်းရုပ်ရှင်၏ နောက်ဆုံးအပိုင်းမှ နမူနာများကို ထန်ချောင်းချောင်းဆီ ပို့ပေးလိုက်သည်။ မိသားစုသုံးယောက်က တီဗီရှေ့ထ်ုင်ကာ ကြည့်လိုက်ကြသည်။
ပထမဆုံးအပိုင်းမှ ရိုက်ကွက်အများစုမှာ လယ်တော အကြောင်းသာ ဖြစ်ပြီး ၎င်းက လှပကာ ကဗျာဆန်လှသည်။ အလယ်ပိုင်းတွင် တော်ဖီလေး ပေါ်လာခဲ့သည်။
ရှန်းနန့်ထန်က သူမကိုယ်တိုင် တီဗီတွင် ပါလာသည်ကို တွေ့သောအခါ သူမမျက်နှာက အံ့အားသင့်မှု အပြည့်ဖြစ်သွားခဲ့သည်။ ထို့နောက် သူမက သူမ၏ ခွေးခြေသေးသေးလေးကို ဆွဲကာ တီဗီအနားသို့ အနီးကပ် သွားကြည့်လိုက်သည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က သူတို့၏ သမီးကို တီဗီမျက်နှာပြင်ပေါ်တွင် တွေ့လိုက်ရသောအခါ နက်နက်နဲနဲ လှုပ်ရှားသွားကြသည်။
သို့သော်လည်း "ပါးပါးက အလုပ် မရှိဘူး"၊ "ပါးပါးက ငွေမရှာနိုင်ဘူး"၊ "မားမားသာ အသက်ကြီးသွားရင် သမီးတို့ ပိုက်ဆံမရှိလို့ ဗိုက်ဆာပြီး သေသွားလိမ့်မယ်"နှင့် စသည်ဖြင့် စကားလုံးများ တော်ဖီလေး၏ နှုတ်ဖျားမှ ထွက်လာသည်ကို ကြားလိုက်ရသောအခါ စုံတွဲ၏ စိတ်လေးလက်အေး ဖြစ်နေသော အပြုံးများ တောင့်ခဲသွားသည်။
အထူးသဖြင့် ရှန်းယွဲ့ပင်။ သူ့အမူအယာက အတော်လေး အက်ကွဲသွားသည်။
ဘုရားရေ... သူ့သမီးရဲ့ နှလုံးသားထဲမှာ သူက ဘယ်လို ပုံရိပ်မျိုး ဖြစ်နေတာလဲ...
ရှန်းယွဲ့က ရှန်းနန့်ထန်ကို ပွေ့ချီကာ ဂရုတစိုက် မေးလိုက်သည်။ "တော်ဖီလေး ပါးပါးကိုပြော... ဘာလို့ ပါးပါးမှာ အလုပ်မရှိဘူးလို့ ပြောရတာလဲ"
ရှန်းနန့်ထန်က ရှန်းယွဲ့၏ ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ပါးပါး... ပါးပါးမှာ အလုပ်မရှိလို့ ငွေမရှာနိုင်ဘဲ မားမားရဲ့ ထမင်းပျော့ စားနေရေင်တောင် တော်ဖီလေးက ပါးပါးကို မကြိုက်တာမျိုး မရှိဘူးနော်... တော်ဖီလေး ကြီးလာရင် အသီးအရွက်တွေ များများ စိုက်မယ်... ပိုက်ဆံ များများရလာရင် ပါးပါးကို ထောက်ပံ့ပေးမယ်နော်"
'ထမင်းပျော့စားတယ်လား'
'တော်တော်လေး ထိသွားတဲ့ ဝေဖန်ချက်ပဲ'
[T/N ထမင်းပျော့စားတယ်ဆိုတာ အသက်ရှင်ဖို့ မိန်းမတွေအပေါ်မှီခိုနေတဲ့ ယောကျ်ားတွေပါတဲ့]
ထန်ချောင်းချောင်းက လှုပ်ခါသွားသည်အထိ ရယ်မောလိုက်သည်။ သူမက ဆိုဖာမှပင် ပြုတ်ကျသွားလေသည်။
ရှန်းယွဲ့က မယုံနိုင်ခြင်းများစွာဖြင့် တတွတ်တွတ် ရေရွတ်နေသည်။ "ငါက ထမင်းပျော့ စားတယ်တဲ့လား"
သူက ဂုဏ်သိက္ခါရှိ၍ လူသိများ ကျော်ကြားသော အုပ်စုတစ်ခု၏ ဥက္ကဌ ဖြစ်ကာ စွန့်ဦးစီးပွားရေး လုပ်ငန်း၌ အကျော်ကြားဆုံး အရည်အချင်းရှိသည့် လူငယ်တစ်ယောက်အဖြစ် ချိုက်ကျင်း အပတ်စဥ်၏ မျက်နှာဖုံးတွင် ဖော်ပြခံခဲ့ရသည်။ သူက ထမင်းပျော့စားတဲ့ ယောကျ်ားမျိုး ဖြစ်သွားတယ်တဲ့လား...
ရှန်းနန့်ထန်က အလေးအနက်ထားသော မျက်နှာဖြင့် ပြောလိုက်သည်။
"မားမားက ရုပ်ရှင် ရိုက်ရင်း အလုပ်များနေတာ... ပါးပါးက နေ့တိုင်း မားမားနောက်မှာ ပြေးလွှာနေတာ... ဘေးအိမ်က ဖက်တီးပြောတာ အဲ့ဒါ ထမင်းပျော့ စားတာပဲတဲ့"
'ဘေးအိမ်က ဖက်တီး'
ကောင်းလိုက်တာ... နောက်ဆို အဲ့ဒီ ကပ်တွယ်တတ်တဲ့ကောင်ကို သူ့သမီးနဲ့ အဆက်အသွယ် မလုပ်ခိုင်းတော့ဘူး... ရှန်းယွဲ့က တိတ်တဆိတ် တေးမှတ်ထားလိုက်သည်။
ထန်ချောင်းချောင်းက အဖေနှင့် သမီး၏ စကားပြောနေကြသောအခါ ရယ်ရလွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။ ရှန်းနန့်ထန်က သူမမျက်နှာကိုလှည့်ကာ ပြောလိုက်သည်။
"မားမား မငိုပါနဲ့... မားမားလို ပုလဲအိုကြီး ဆံပင်ဖြူလာလို့ ရုပ်ရှင် မရိုက်ရတော့ရင် အသီးအရွက်တွေစိုက်ပြီး ပိုက်ဆံရှာပေးမယ်လေ"
ထန်ချောင်းချောင်း: 'ငါက ဆံပင်ဖြူတော့မယ့် ပုလဲအိုကြီးတဲ့လား'
သူမက နှစ်ဆယ့်ရှစ်နှစ်မှာ ဖူးသစ်စ ပန်းလေးလိုပါပဲနော်... ဘယ်သူက အိုပြီး ဆံဖြူနေလို့လဲ...
ဤအကြိမ်၌ အရယ်မရပ်နိုင်သူမှာ ရှန်းယွဲ့ဖြစ်သည်။
ထန်ချောင်းချောင်း နှုတ်ခမ်းတွန့်ချိတ်သွားလေသည်။ "အဲ့ဒါကိုလည်း ဘေးအိမ်က ဖက်တီး ပြောတာပဲလား"
ရှန်းနန့်ထန် ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်းပြီ... ဘေးအိမ်က ဖက်တီးကတော့ ရှန်းမိသားစုရဲ့ နာမည်ပျက်စာရင်းထဲ လုံးဝဝင်သွားခဲ့လေပြီ...
နောက်တွင် ရှန်းယွဲ့က အချိန်အကြာကြီး ယူကာ သူက ထမင်းပျော့စားနေခြင်း မဟုတ်ဘဲ သူမ၏ မားမားကို ချစ်သည့်အတွက် သွားလေရာ အမြဲတမ်းလိုက်နေခြင်းဖြစ်ကြောင်း သမီးဖြစ်သူကို ရှင်းပြခဲ့သည်။
သို့သော်လည်း တော်ဖီလေးမှာ ယုံကြည်ဟန် မတူပေ။ သူမက သူမ၏ အဖေဖြစ်သူက သူမကို နှစ်သိမ့်နေခြင်းသာ ဖြစ်ကြောင်း ခံစားနေရသည်။
ရှန်းယွဲ့က အလွန် ထိခိုက်သွားရလေသည်။
"လမ်းလျှောက်ခြင်း အနုပညာ"၏ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ရန် အချိန်အကြာကြီး မယူခဲ့ရပေ။ ပြီးတော့ ရှန်းနန့်ထန်၏ စကားလုံးများလည်း မဖြတ်ထုတ်ခဲ့။ ထန်ချောင်းချောင်းက သမီးဖြစ်သူ၏ ကလေးဆန်သော စကားများမှာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ထင်နေခဲ့သည်။ သူမ ကြီးပြင်းလာပါက သူမ ၏သမိုင်းဆိုးအကြောင်း ပြန်ကြည့်ပြီး မည်သို့ ဖြစ်မည်ကို သိချင်နေခဲ့သည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့၏ သမီးဖြစ်သူ တီဗီပေါ်တွင် ပထမဆုံး ထွက်ပေါ်လာသည်ကြောင့် အင်တာနက်ပေါ်တွင် လှုံ့ဆော်မှုကြီး တစ်ရပ် ဖြစ်သွားခဲ့သည်။
ရှန်းနန့်ထန်၏ ချစ်စရာကောင်းလှသော ပုံစံလေးက အလွန် ချစ်မွှေးပါသည်။ လူများစွာက "တော်ဖီလေးကို ခိုးမယ်"ဟူသော အဖွဲ့ထောင်ရန်အတွက် မှတ်ချက်များ ချန်ထားခဲ့ကြသည်။
သူမ၏ အဖေနှင့် အမေအကြောင်း မှတ်ချက်များ ကြားကြသောအခါ သူတို့က မြေပြင်ပေါ်တွင် လှိမ့်သည်အထိ ရယ်မောကြလေသည်။ ထိုအချိန်၌ပင် အွန်လိုင်းပေါ်၌ ရေပန်းအစားဆုံး စကားစုလေး ဖြစ်သွားခဲ့သည်။
လယ်တောထဲတွင် ရှန်းနန့်ထန် စိုက်ပျိုးထားသော အသီးအရွက်ခင်းလေးကလည်း လူအများ လာကြည့်ကြသည့် ရေပန်းအစားဆုံး နေရာလေး ဖြစ်သွားခဲ့လေသည်။
နောက်ပိုင်းတွင် ထန်ချောင်းချောင်းက ရှန်းနန့်ထန် အပင်စိုက်ရန် အခြားနေရာတစ်ခု ရှာပေးခဲ့ရသည်။
တစ်နေ့လည်ခင်း၌ မိသားစု သုံးယောက်က တစ်ထပ်တည်းကျသော ရှေ့ဖုံးနှင့် ကောက်ရိုး ဦးထုပ်တို့ဖြင့် မိဘနှင့် ကလေး ဝတ်စုံတူဝတ်ကာ လယ်တောတွင် အလုပ်ရှုပ်နေခဲ့ကြသည်။
ထန်ချောင်းချောင်းက အဝါရောင် ရွှေဖရုံသီး အကြီးကြီးတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"တော်ဖီလေး... ဒီရွှေဖရုံသီးကို ဘယ်လို လုပ်စားလို့ရလဲ"
ရှန်းနန့်ထန်က အလေးအနက် ပြောလိုက်သည်။ "သမီးတို့ ပဲနီလေးအနှစ်နဲ့ ရွှေဖရုံသီး ပိုင်မုန့်ကြော် လုပ်စားလို့ရတယ်... နူးနူးအိအိ ချိုချိုလေးနဲ့ အရသာ ရှိတယ်"
"ဒါပဲလား" ထန်ချောင်းချောင်းက သူမကို စကားခေါ်လိုက်သည်။
"သမီးတို့..." ရှန်းနန့်ထန်က အသေအချာ ပြန်စဥ်းစားလိုက်သည်။ "ရွှေဖရုံသီး ခရင်မ်စွပ်ပြုတ်လည်း လုပ်လို့ရတယ်"
ထန်ချောင်းချောင်းက ပြုံးကာ ပြောလိုက်သည်။ "အကောင်းဆုံး အဖြေပဲ"
ရှန်းနန့်ထန်က ချက်ချင်း ပြောလိုက်သည်။ "သမီးတို့ ရွှေဖရုံသီး မီးအိမ်လည်း လုပ်လို့ရတယ်လေ"
"တော်တယ်" ထန်ချောင်းချောင်းက သူမကို လက်မထောင်ပြလိုက်သည်။
ရှန်းနန့်ထန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားလေသည်။
"ဒါဆို ဒီရွှေဖရုံသီးကို ခူးမယ်... မားမားတို့ အိမ်ပြန်ပြီး သမီး ညမှာ ရွှေဖရုံသီး အချိုချောင်းလေးတွေ စားရအောင် ကြော်ပေးမယ်နော်"
ထန်ချောင်းချောင်းက ရွှေဖရုံသီး အကြီးကြီးကို ကောက်ကာ သူမနောက်မှ လူဆီ လှမ်းပစ်ပေးလိုက်သည်။ "နောက်တစ်ခု"
ရှန်းယွဲ့က အသက်ပြင်းပြင်းရှုကာ သူ့ကံတရားထံမှ နှုတ်ထွက်ချင်လာသည်။ သူက ရွှေဖရုံသီးကို ကောက်ကိုင်ကာ သူ့နောက်မှ ခြင်းလေးထဲသို့ ထည့်လိုက်သည်။
ထိုအမေနှင့်သမီးက အရှေ့တွင် အသီးအရွက်များ ကောက်နေကြပြီး အနောက်မှ သူက ကုန်ထမ်းသမားအဖြစ် အလုပ်လုပ်နေရသည်။ သူ့ကျောပေါ်မှ ခြင်းတောင်းက ပြည့်လျှံနေလေပြီ။
ရှန်းနန့်ထန်က သူမအဖေ၏ ဝမ်းနည်းဖွယ်ရာ အသွင်အပြင်ကို ကြည့်ပြီး သူမ၏ လက်သီးသေးသေးလေးဖြင့် တိုက်ကာ တွန်းအားပေးလိုက်သည်။ "ဆက်လုပ်ထား ပါးပါး"
ထန်ချောင်းချောင်းက မညှာမတာ ပြောလိုက်သည်။ "ငါ့လောင်ကုန်းလေး... အလုပ် ကြိုးစားနော်... အစာပျော့ စားနေတယ်ဆိုတဲ့ ပုံရိပ်ကို တွန်းလှန်လိုက်စမ်းပါ"
ထို့နောက်တွင်မူ သူမက သမီးဖြစ်သူကို ဦးဆောင်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရှေ့ဆက်လျှောက်သွားတော့သည်။
ရှန်းယွဲ့:...
ထားလိုက်တော့... ယောကျ်ားကောင်းတွေက မိန်းမတွေနဲ့ ရန်မဖြစ်ဘူး...
ပြီးတော့လည်း အဲ့ဒီနှစ်ယောက်က ကမ္ဘာပေါ်မှာ သူအချစ်ဆုံး မိန်းကလေး နှစ်ယောက်ပဲလေ...
(ပြီးပါပြီ)
❤️ကျေးဇူးတင်ပါတယ် ❤️
Translated by
Nadi
May S
Imperial Meow ❤️
Xxxxxxx