ငါ့ရဲ့ ငါးနှစ်ကြာ စီစဉ်မှုကြောင့် အိမ်ထောင်ပြုထားတဲ့ အဖော်က ယာဉ်တိုက်မှုဖြစ်သွားတာကြောင့် ငါ ဆေးရုံကို အလျင်သလို သွားနေရတယ်။
ငါ အခန်းထဲကို မဝင်ရသေးခင်မှာပဲ ငါ့ရဲ့ ယောင်းမဖြစ်သူ ချင်မြောင်က တားလာပြီး ဂနာမငြိမ်ဖြစ်နေတယ်။
"ယောင်းမ...နင်...နင် နည်းနည်းတော့ စိတ်ပြင်ဆင်ထားဖို့ လိုလောက်တယ်"
ငါ့ နှလုံးသား တင်းကျပ်သွားရတယ်။
အဲလောက်ကြီးတာလား၊ သူ အသီးအရွက်ဖြစ်သွားလို့လား။
( TN : ကိုမာဝင်သလိုမျိုး ဦးနှောက်သေတာကို ပြောတာပါရှင် )
ငါ့ရဲ့ လေးနက်တဲ့ အမူအရာကို မြင်တော့ ချင်မြောင်က လက်ကာပြလာပြီး ထပ်ပြောတယ်။
"ရုပ်ပိုင်းဆိုင်ရာအရတော့ ပြဿနာမရှိဘူး အဲတာက...."
သူမ တုံ့ဆိုင်းနေတာကို မြင်တော့ ပိုပြီးတော့တောင် ပဟေဠိဖြစ်သွားတယ်။
သေချာပေါက် သူ အရူးတစ်ယောက်လိုမျိုး ပြောင်းမသွားလောက်ဘူးလေ။
"အာ ငါဆက်မပြောတော့ဘူး ယောင်းမ နင်ပဲ ဝင်ပြီး ကိုယ့်ဘာသာ ကြည့်လိုက်တော့"
ငါ ဆေးရုံအခန်းထဲကို ပြေးဝင်လိုက်တော့ လူအုပ်ကြီးက ခေါင်းမှာ ပတ်တီးတွေ ပတ်ထားတဲ့ ချန်ကောကို ဝိုင်းနေကြတယ်။
သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ငါ့နှလုံးသားက နှစ်မြုပ်သွားသလိုပဲ။
ဒါဆို သူ တကယ် ဦးနှောက်ထိသွားတာပေါ့....
ငါ့ရဲ့ ယောက္ခမတွေက ငါဝင်လာတာမြင်တော့ ငါ့အတွက် သွားလို့ရအောင် လမ်းဖယ်ပေးတယ်။
ငါ ချင်ကောရဲ့ အခြေအနေကို မေးတော့မယ့်အချိန်မှာပဲ ဆေးရုံကုတင်ပေါ်က လူချောလေးက ခပ်ဝေးဝေးကနေ ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ မေးလာတယ်။
"မိန်းကလေးစုန့်လား"
ငါ တောင့်ခဲသွားရတယ်။
ငါ့ကို ဇနီးလေးလို့ ခေါ်ရင်း အရမ်းကပ်ပြီး ချစ်တဲ့ ယောက်ျားက ဘယ်ရောက်သွားတာလဲ။
ငါ့ယောက္ခမက နေရခက်နေတဲ့ ပုံစံနဲ့ ငါ့ဆီရောက်လာပြီး တိုးတိုးလေးပြောတယ်။
"ယန်ရှူ၊ ရှောင်ကောက ခေါင်းထိထားပြီး ကြည့်ရတာ မင်းနဲ့ လက်ထပ်ထားတဲ့ လွန်ခဲ့တဲ့ နှစ်တွေက မင်းတို့ မင်္ဂလာပွဲအကြောင်း အကုန်မေ့သွားပုံရတယ်"
ငါ ခဏလောက် ပြောစရာစကားတောင် ရှာမရခဲ့ဘူး။
ချင်မြောင်က ငါ့ကို စိတ်ပြင်ဆင်ထားဖို့ ပြောတာ အံ့ဩစရာမဟုတ်ဘူးပဲ။
ချင်ကောနဲ့ ငါက စီးပွားရေးအရ လက်ထပ်ထားကြပြီး အရင်က ခံစားချက်တွေ မရှိခဲ့ကြဘူး။ ငါတို့ လက်ထပ်ထားတာ အချိန်ကြာလာတာနဲ့အမျှ ခံစားချက်တွေ တိုးလာခဲ့ကြတယ်။
ချင်ကောရဲ့ ရှုပ်ထွေးပြီး မရင်းနှီးတဲ့အကြည့်တွေကြောင့် ငါသက်ပြင်းခိုးချမိလိုက်တယ်။
ဟုတ်ပြီလေ၊ ကောင်းပါတယ်... ဘဝသစ်ပြန်စတာပေါ့။
ဒီအချိန်မှာပဲ ချင်ကော မချင့်မရဲပြောလာတယ်။
"အမေ....အမေပြောတာက ကျွန်တော်နဲ့ မိန်းကလေးစုန့်က လက်ထပ်ထားကြတာလား"
သူ့အသံကို ဝေဖန်ရသလောက် တကယ်ကို မေ့သွားပုံရတယ်။
သူ အကုန်လုံးကို မှတ်မိပေမယ့် ငါ့တစ်ယောက်ထဲကို ကွက်မေ့သွားတယ်တဲ့။
ငါ့ရင်ဘတ်က တင်းကျပ်လာသလို ခံစားရတယ်။
လက်ထပ်ပြီးသား ယောက်ျားက လူတိုင်းကို မှတ်မိနေပြီး သူ့ဇနီးကိုတော့ မေ့နေတယ်တဲ့။
ငါ့ယောက္ခမက ချင်ကောကို စိတ်တိုနေတဲ့ အကြည့်မျိုးပေးလိုက်ပြီး ပြောလိုက်တယ်။
"ဘာလို့ မိန်းကလေးစုန့်လို့ ခေါ်နေတာလဲ၊ အဲတာ မင်းဇနီးလေ"
သူမက ငါ့လက်ကို ကိုင်ပြီး နှစ်သိမ့်ပေးတယ်။
"ယန်ရှူ၊ စိတ်ထဲ မထားပါနဲ့ကွယ်၊ ရှောင်ကောက ခေါင်းထိထားတော့ တည့်တည့်မတ်မတ်ကို မတွေးဘူး ဖြစ်နေတာ၊ သူပြောတာတွေကို သိပ်မတွေးနေနဲ့နော်"
ငါ အပြုံးဖျော့ဖျော့လေး ပေးလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငါ့ယောက္ခမတွေက ဒီနှစ်တွေအတွင်း ငါ့အပေါ် အရမ်းကောင်းခဲ့တယ်။
ငါနဲ့ ချင်ကောနဲ့ကြားမှာ အရင်က ချစ်ခြင်းမေတ္တာတွေ အဲလောက် မရှိခဲ့ကြပေမယ့် ငါတို့ တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြတာ။
အခုတော့ အဆိုးဆုံးဖြစ်ရပ်တစ်ခုအနေနဲ့ အသစ်က ပြန်ဖြစ်သွားတာပဲ။
"ရပါတယ်... အမေလည်း ပင်ပန်းနေမှာပဲ၊ သမီး ဒီမှာနေပြီး သူ့ကို ဂရုစိုက်ပေးလိုက်ပါ့မယ်"
စုနေတဲ့ ဆွေမျိုးတွေ ပြန်သွားတာကို တွေ့ပြီးတဲ့နောက် ငါ ဘေးက ဆန်ပြုတ်ပန်းကန်ကို ယူလိုက်ပြီး ချင်ကောကို ကျွေးလိုက်တယ်။
ချင်ကောက အနောက်ကို နည်းနည်းဆုတ်သွားပြီး သူ့မျက်လုံးတွေက မသေချာ မရေရာဘဲ ပိတ်လိုက် ဖွင့်လိုက် လုပ်နေပြီးမှ တုန်လှုပ်နေတဲ့ အသံနဲ့ မေးလာတယ်။
"ကိုယ်တို့က...တကယ် လက်ထပ်ထားတာပေါ့"
ငါ ဆန်ပြုတ်ပန်းကန်ကို ပြန်ထားလိုက်ပြီး မပြောင်းလဲတဲ့ အသံနဲ့ ဖြေလိုက်တယ်။
"ဟုတ်တယ်"
ချင်ကောက ဒီအချက်ကို လက်ခံလိုက်တော့မယ့်ပုံနဲ့ ခဏလောက် တိတ်ဆိတ်သွားတယ်။
ပထမက ဒီအိမ်ထောင်ရေးကို နှစ်ယောက်လုံး လုံးဝ သဘောမတူခဲ့ဘူးလို့ ငါ့ဘက်က ယုံကြည်ထားခဲ့တာ။
ချင်ကောမှာ နှစ်အကြာကြီး ကြိုက်ရတဲ့ လူရှိခဲ့ပြီး မအောင်မြင်ခဲ့ဘူးဆိုတာကို အရင်ကတည်းက ငါ ကြားဖူးခဲ့တာ ကြာပြီ။ ငါတို့ လက်ထပ်ပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်လို့ ယုံကြည်ခဲ့ပေမယ့် သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ။ ငါ့ကို နည်းအမျိုးမျိုးနဲ့ ကောင်းကောင်းဆက်ဆံပေးခဲ့တယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ ငါလည်း သူ့ကို သဘောကျလာခဲ့တယ်။
ဒါပေမယ့် အခုတော့ ချင်ကောက သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပြီ။ သူ ငါ့အပေါ် ခံစားချက်ရှိသေးလားဆိုတာ မသေချာတော့ဘူး။
ရင်ထဲမှာ စိုးရိမ်ပူပန်နေခဲ့ပြီး ငါ နောက်ဆုံးတော့ နှုတ်ခမ်းတွေကို အလုပ်ပေးပြီး ပြောလိုက်တယ်။
"ဒါက နင့်အတွက် အခု လက်ခံရခက်ခဲမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါတို့က တကယ် လက်ထပ်ထားကြတာ"
"ငါတို့အချင်းချင်းရင်းနှီးဖို့ အရင်ကြိုးစားကြည့်လို့ရတယ် နင်ငါ့ကို တကယ် မကြိုက်ရင်တော့ ငါတို့....ကွာရှင်းလို့ရတယ်"
ကွာရှင်းတယ်ဆိုတဲ့ စကားလုံးက ငါ့ရင်ထဲမှာ နည်းနည်းတော့ ခါးသက်နေတယ်။
ဒီစကားလုံးကို ကြားပြီးတဲ့နောက် ချင်ကောက အသိပြန်ဝင်လာပုံပဲ။
သူ ခပ်တိုးတိုး ပြောလာတယ်။
"ဟင့်အင်း...ကိုယ်တို့ ကွာရှင်းလို့မရဘူး"
မကွာရှင်းတာက အကောင်းဆုံးပဲပေါ့။
အနည်းဆုံးတော့ ငါလည်း ကွာရှင်းဖို့ အတွေးမရှိဘူးလေ။
လေထုက ခဏလောက်ထိ တိတ်ဆိတ်နေခဲ့တယ်။
ချင်ကောက သူ့ဘေးက ဆန်ပြုတ်ပန်းကန်ကို သတိထားပြီး ညွှန်ပြလာတယ်။
"အမ်....ဇနီးလေး ကိုယ့်ကို ဆက်မကျွေးတော့ဘူးလား"
ငါ : ?
အတိတ်မေ့နေတဲ့ ချင်ကောရဲ့ အတွေးတွေ အလုပ်လုပ်ပုံက နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။
ဒါပေမယ့်လည်း ငါ ဆန်ပြုတ်ပန်းကန်ကို တာဝန်ကျေကျေနဲ့ ယူလိုက်ပြီး သူ့ကို တစ်လုပ်ချင်း တွေးနေသေးတာပါပဲ။
~~~