အကယ်၍ စစ်ယန်ပြန်လာရင်တောင် ငါတို့လမ်းတွေ မဆုံတော့ဘူးလို့ ငါထင်တယ်။
ဒါပေမယ့် သူက ငါ့ကို ရှာလာခဲ့တယ်။
မနက်အစောပိုင်းမှာ စစ်ယန်က ငါ့ကို စာတစ်စောင် ပို့ခဲ့တယ်။
[ စစ်ယန် : ယန်ရှူ၊ တွေ့ရအောင် ]
[ စစ်ယန် : ယန်ရှူ၊ ချင်ကောက မင်းကို တကယ်မချစ်ဘူး၊ သူတက္ကသိုလ်တက်တုန်းက တိတ်တိတ်လေး တခြားကောင်မလေးတစ်ယောက်ကို သဘောကျခဲ့တာ၊ တွေ့ရအောင်၊ ကိုယ်သက်သေပြမယ် ]
ပုံမှန်အတိုင်းပဲ၊ ငါ စစ်ယန်နဲ့ မတွေ့ချင်ခဲ့ဘူး။
ငါ့အတွက် သူက ယုံကြည်ချင်စရာ ရှိမနေဘူး။ ဒါပေမယ့် သူချင်ကောအကြောင်း ထည့်ပြောလာတယ်။
တစ်ချိန်ကတော့ လူတိုင်းမှာ သူတို့ကိုယ်ပိုင်အတိတ်ရှိတယ်၊ အဲဒါကို အများကြီး စဉ်းစားနေဖို့ မလိုဘူးလို့ ငါယုံကြည်ခဲ့တယ်။
ဒါပေမယ့် ငါတို့မင်္ဂလာမဆောင်ခင်က ကောလာဟလတွေကို ပြန်စဉ်းစားကြည့်မိတယ်။
ချင်ကောက ကောင်မလေးတစ်ယောက်အတွက် နှစ်ပေါင်းများစွာ စိတ်မပြောင်းလဲဘဲ နေခဲ့တယ်၊ သူမတခြားတစ်ယောက်နဲ့ လက်ထပ်ပြီးနောက်မှာတောင် မျှော်လင့်ချက်မရှိဘဲ တောင့်တနေခဲ့တာကို။
အဲဒီကောင်မလေးက ဘယ်သူလဲလို့ ငါတစ်ခါက သူ့ကို မေးဖူးတယ်။
ချင်ကောက ပြောခဲ့တယ်။
"မင်းတစ်နေ့သိလာလိမ့်မယ်"
အဲဒီနောက်ပိုင်း ဒီခေါင်းစဉ်ကို ပြန်မပြောဖြစ်တော့ဘူး။
ငါနှုတ်ခမ်းကိုက်လိုက်တယ်၊ ငါ့နှလုံးသားထဲမှာ လှုပ်ရှားမှုတွေ ပြည့်နှက်နေတယ်။
တွန့်ဆုတ်မှုအချို့ပြီးနောက် နောက်ဆုံးတော့ စစ်ယန်ရဲ့ ဖိတ်ကြားချက်ကို ငါသဘောတူလိုက်တယ်။
မထွက်ခွာခင် ချင်ကောကို စာတစ်စောင် ပို့လိုက်တယ်။
[ ယန်ရှူ : စစ်ယန်က ငါ့ကို တွေ့ဖို့ပြောတယ်၊ ဝမ်ကျန်းအဆောက်အအုံမှာ ငါ့ကို လာကြိုနော် ]
ငါစားသောက်ဆိုင်ကို ရောက်သွားတယ်။
ငါ့အိတ်ကို ထိုင်ခုံပေါ်ပစ်တင်လိုက်ပြီး အေးစက်စက် ထိုင်လိုက်တယ်။
စစ်ယန်က နက်မှောင်ပြေပြစ်တဲ့ ဝတ်စုံနဲ့ ပြုံးပြရင်း
"ယန်ရှူ၊ မင်းကိုယ့်ကို ရင်ထဲမှာ မြတ်နိုးနေတုန်းပဲ မဟုတ်လား"
ငါသူ့ကို တည့်တည့်ကြည့်ပြီး အသံတည်ငြိမ်စွာ ပြောလိုက်တယ်။
"နင်သိလား၊ ငါနင့်ကို ဒီစကားတွေနားထောင်ဖို့ လာတွေ့တာမဟုတ်ဘူး"
စစ်ယန်ရဲ့ အပြုံးက တင်းမာသွားပြီး သူ့အသံက အားငယ်မှုအနည်းငယ် ပါလာပါရော။
"နင်ငါ့ကို အပြစ်တင်နေတုန်းပဲကိုး"
ငါသူ့ကို တော်တော်ရယ်စရာကောင်းတယ်လို့ ထင်မိတယ်။
သူကအရင် ဖောက်ပြန်ခဲ့တာလေ၊ ငါသူ့ကို အပြစ်မတင်သင့်ဘူးလား။
စိတ်မရှည်ဘဲ ငါ့နားထင်တွေကို ပွတ်သပ်ပြီး ရေတစ်ခွက်ငှဲ့သောက်လိုက်တယ်။
"ပြောစရာရှိရင် မြန်မြန်ပြော၊ ငါ့မှာ အချိန်မရှိဘူး"
စစ်ယန် သက်ပြင်းချပြီး ဖြည်းဖြည်းချင်း ပြောတယ်။
"မှတ်မိလား တက္ကသိုလ်တက်တုန်းက မိန်းကလေးဆောင်အောက်မှာ ကျူးလစ်ပန်းခင်းကြီးတွေ ရုတ်တရက် ပွင့်ခဲ့ဖူးတယ်လေ"
သူက ဝမ်းသာနေပုံရပြီး နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်နေတာကို မထိန်းနိုင်ဘူး။
"ဘာလို့လဲဆိုတော့ ချင်ကောချစ်တဲ့ကောင်မလေးက ကျူးလစ်ပန်းတွေကို သဘောကျလို့ သူက ပြည်ပကနေ အရည်အသွေးမြင့် တူးလစ်မျိုးစေ့တွေ အထူးတင်သွင်းခဲ့တာ"
ငါရေခွက်ကို ကိုင်ထားတဲ့လက် ရပ်တန့်သွားတယ်။
ပြီးတော့ စစ်ယန် ဆက်ပြောတာကို ငါကြားလိုက်ရတယ်။
"ချင်ကောက နိုင်ငံခြားဝက်ဘ်ဆိုက်တစ်ခုကနေ ဂြိုဟ်တစ်လုံးရဲ့ နာမည်ပေးပိုင်ခွင့်ကို ဝယ်ခဲ့တယ်၊ အဲဒါကို 'ယန်ယန်' လို့ နာမည်ပေးခဲ့တယ်၊ အဲဒီကောင်မလေးရဲ့ နာမည်ပြောင်တဲ့ ကိုယ့်မှာ သူ့ရဲ့ ဝယ်ယူမှုမှတ်တမ်းတွေရှိတယ်"
"အဲအပြင် အဲဒီကောင်မလေးက မင်းလိုပဲ ချဉ်စပ်ငါးကို သဘောကျတယ်၊ ကန်တင်က မီနူးကနေ ဖြုတ်လိုက်တော့ ချင်ကောက ကျောင်းကို သင်ကြားရေးအဆောက်အအုံတစ်ခု လှူလိုက်တယ်၊ ပြီးတော့ ချဉ်စပ်ငါးကို ပြန်ထည့်ပေးခဲ့သေးတယ်"
အံ့ဩစရာမရှိပါဘူး။ ငါ ကြေညာချက်နံရံမှာ ချဉ်စပ်ငါးဖယ်ရှားခံရတာကို မကျေမနပ်ဖြစ်ပြီး ရက်ပိုင်းအတွင်း မီနူးမှာ ပြန်ပါလာတာ။ အဲဒါလည်း ချင်ကောလုပ်တာပဲ။
"အဲဒီကောင်မလေးက limited-edition ပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာတစ်လုံးကို သဘောကျလို့ ချင်ကောက သိန်းတစ်သောင်းနီးပါး သုံးပြီး ပြန်ဝယ်ခဲ့ပြီး မဲနှိုက်တဲ့ဟန်နဲ့ သူ(မ)ကို တိတ်တိတ်လေး လက်ဆောင်ပေးခဲ့တာ"
ကျူးလစ်ပန်းတွေ၊ ယန်ယန်၊ ချဉ်စပ်ငါး၊ ကင်မရာ... ငါ့အတွေးတွေ တခဏချင်း ရပ်တန့်သွားတယ်။
ဒီလောကမှာ ဒီလောက် တိုက်ဆိုင်မှုဆိုတာ မရှိနိုင်ဘူး။
စစ်ယန်က ယုံကြည်မှုအပြည့်နဲ့ ဆက်တိုက်ပြောနေတာကို ကြည့်ရင်း ငါရုတ်တရက် ရယ်မိတယ်။
စစ်ယန်က ရှုပ်ထွေးစွာ မေးလာတာက...
"မင်း သဝန်မတိုဘူးလား"
ငါအေးစက်စက် ထရပ်ပြီး သူ့ကို ငုံ့ကြည့်လိုက်တယ်၊ ငါ့လှောင်ပြောင်မှုကို မထိန်းနိုင်တော့ဘူး။
"စစ်ယန်၊ နင်နဲ့တွဲခဲ့တာ ငါ့ဘဝရဲ့ အဆိုးရွားဆုံးဖြတ်ချက်ပဲ"
"ကျူးလစ်ပန်းကြိုက်တာ၊ ချဉ်စပ်ငါးစားတာ၊ ယန်ယန်ဆိုတဲ့ နာမည်ပြောင်နဲ့ခေါ်တာ... အဲဒါငါပဲဆိုတာ နင်တစ်ခါမှ မစဉ်းစားဖူးဘူးလား"
ဘယ်လို အရူးလဲ။
ငါသူ့ကို တစ်နှစ်လောက်တွဲခဲ့တာ၊ ငါ့နာမည်ပြောင်ကိုတောင် သူမသိဘူး။
ဒါက အဓိပ္ပာယ်ရှိတယ်။ သူငါ့အကြောင်း ဘယ်တော့မှ စိတ်ဝင်စားပြီး မမေးဖူးဘူး။
သူတကယ် ငါ့ကို ဂရုစိုက်ခဲ့ရင် ဘယ်လိုလုပ် အထီးကျန်တာကို မခံနိုင်ဘဲ ဖောက်ပြန်နိုင်မှာတဲ့လဲ။
စစ်ယန်တစ်စက္ကန့်လောက် ကြက်သေ သေသွားတယ်။
ပြီးတော့ သူထရပ်ပြီး ပြန်ပြောတယ်။
"မဖြစ်နိုင်တာ၊ မင်းက အနီရောင်နှင်းဆီပန်းကိုပဲ သဘောကျတာ သိသာနေတာပဲ"
ငါအေးစက်စက် ရယ်မောလိုက်ပြီး ပြန်ပြောလိုက်တယ်။
"နင်ငါ့ကို အနီရောင်နှင်းဆီပန်းတွေပဲ အမြဲပေးခဲ့လို့ ငါကြိုက်တယ်လို့ နင်ထင်သွားတာ"
"စစ်ယန်၊ နင်ငါ့ကို မချစ်ဘူး၊ နင်ချစ်တာ နင်ကိုယ်နင်ပဲ"
"နင်အခုငါ့ကို တွယ်ကပ်နေတာ နင်မှားတယ်လို့ ထင်လို့မဟုတ်ဘူး၊ နင်မလွှတ်ချချင်လို့လေ"
"ငါ့ဘဝလမ်းကြောင်းကို ငါဆက်လျှောက်နေပြီ၊ နင်ငါ့ကို ထပ်မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ် နင်ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် စုန့်မိသားစုနဲ့ စစ်မိသားစုကြားက ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းသွားမယ်လို့ ငါထင်တယ်"
ငါအိတ်ကိုယူပြီး ထွက်သွားဖို့လုပ်လိုက်တော့ စစ်ယန်က ငါ့နောက်ကို လိုက်လာပြီး ငါ့လက်ကို ဆွဲဖမ်းလိုက်တယ်။
သူအော်လိုက်တယ်၊ ထိန်းမနိုင်တော့ဘူးပဲ။
"ယန်ရှူ၊ မင်းငါ့ကို ဒေါသထွက်အောင်လုပ်ဖို့ ချင်ကောနဲ့တွဲနေတာ ငါသိပါတယ်၊ အခု ငါပြောင်းလဲသွားပါပြီ ငါတို့ပြန်စလို့ရမလား"
ငါသူ့ကို ရိုက်ဖို့ပြင်နေတုန်း နောက်ကနေ တစ်ယောက်ယောက်က ရုတ်တရက် သူ့ကို တွန်းဖယ်လိုက်ပြီး ငါ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
ကြမ်းတမ်းတဲ့ လက်ကြီးတစ်စုံက ငါ့ကို သူ့ရဲ့ ခိုင်မာပြီး ပူလောင်တဲ့ ရင်ဘတ်နဲ့ ဖိကပ်ထားတယ်။
ချင်ကောရဲ့ မျက်လုံးတွေက အေးစက်စွာ တောက်လောင်နေတယ်။
"မစ္စတာစစ်၊ ဒါက ခင်ဗျားအိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ကို လူအများရှေ့မှာ နှောင့်ယှက်တဲ့ပုံစံလား"
သူက ပျင်းရိစွာ ပြောနေပေမယ့် သူ့လေသံမှာ မဖုံးကွယ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ပါဝင်နေတယ်။
"ခင်ဗျားကျွန်တော့်ဇနီးကို ဒီလိုဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် မနက်ဖြန်ခေါင်းစီးသတင်းမှာ စစ်မိသားစုရဲ့ ကောလာဟလအသစ်တစ်ခု ထပ်ဖြည့်ဖို့ ကျွန်တော်စိတ်မဝင်စားတာတော့ မဟုတ်ပါဘူး"
CEO လိုပဲ၊ အရမ်းကြည့်ကောင်းလွန်းတယ်
ငါ့အတွင်းစိတ်က fan girl တစ်ယောက်လို အော်ဟစ်နေမိတယ်။
အပြန်လမ်းမှာ ငါသူ့ရဲ့ ချို့ယွင်းချက်မရှိတဲ့ ဘေးတိုက်ပုံကို စိုက်ကြည့်ရင်း ငါ့မျက်လုံးတွေက တောက်ပနေတယ်။
ဗီလာကို ပြန်ရောက်တာနဲ့ ချင်ကောက ငါ့ခါးကို မြှောက်ပြီး အိပ်ရာပေါ်ကို ပစ်တင်လိုက်တယ်။
သူသူ့လည်စည်းကို အားနဲ့ ဆွဲဖြည်လိုက်တယ်။
ငါကြောင်နေတုန်း ချင်ကောရဲ့ မျက်လုံးတွေ အနည်းငယ်နီရဲလာပြီး သူ့အသံက စိတ်ခံစားမှုနဲ့ ပြည့်နှက်နေလေရဲ့။
"ဇနီးလေး... ကိုယ်သူ့ရဲ့ အစားထိုး ဖြစ်ပေးနိုင်ပါတယ်... သူ့ဆီကို ပြန်မသွားပါနဲ့နော်"
ငါ : ? ဒါဘယ်လို roleplay အသစ်မျိုးလဲ
~~~