Chapter 4
Viewers 46

အဲနေ့ အလုပ်တွေပြီးတော့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး ချင်ကောကို စောင့်နေခဲ့တယ်။


သူပြန်ရောက်တော့ ည ၁၁ နာရီနီးပါးရှိနေပြီ။ 


အဲဒီအချိန်မှာ ငါ့မျက်ခွံတွေက အရမ်းလေးလံနေတာမို့ ဖွင့်ထားဖို့တောင် ခက်ခဲနေခဲ့တယ်။


ချင်ကော ရေချိုးပြီးတာနဲ့ ငါသမ်းရင်း သူ့ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။


သူမှတ်ဉာဏ်မရှိတော့ရင် ငါတို့ရဲ့ အပြန်အလှန်ဆက်ဆံရေးတွေက တင်းမာလာလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် သူက အံ့သြစရာကောင်းလောက်အောင် လိုက်လျောညီထွေဖြစ်အောင် နေနိုင်တယ်လေ၊ ပိုလို့တောင် ရင်းနှီးလာခဲ့ကြသေးတယ်။


ချင်ကောက ငါ့နားထင်ကို နှိပ်ပေးနေတုန်း ငါမျက်စိမှိတ်ပြီး ပျင်းရိရိနဲ့ သူ့ကိုမေးလိုက်တယ်။


"စစ်ယန်က ငါ့ရည်းစားဟောင်းဆိုတာ နင်သိလား"


ချင်ကောရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် ရပ်တန့်သွားတယ်။


သူက တိုးတိုးလေး ပြန်ပြောတယ်။


"အင်း"


ကိုယ့်ကိုယ်ကို ပိုပြီး သက်သောင့်သက်သာဖြစ်အောင် ပြောင်းရွှေ့ရင်း သူ့ဆီကို အပြည့်အဝ မှီလိုက်တယ်။


နေ့ခင်းက သူတင်ထားတဲ့ သူငယ်ချင်းရပ်ဝန်းက ပိုစ့်ကို သတိရပြီး ငါ မထိန်းနိုင်ဘဲ ရယ်လိုက်မိတယ်။


"နင်က ဘယ်အရွယ်ရောက်နေပြီမလို့ ကလေးဆန်နေသေးတာလဲ သူနဲ့ဘာလို့ပြိုင်နေရတာလဲ"


ချင်ကောက ငါ့ကို ရင်ခွင်ထဲဖက်ထားပြီး အသံတိုးတိုးလေးနဲ့ ပြောတယ်။


"ကိုယ် နောက်တစ်ခါ ဒီလိုမလုပ်တော့ပါဘူး"


သူ့အသံက အားငယ်နေပုံရပြီး မှိုင်တွေနေပုံရတယ်။


ငါသူ့ကို နားမလည်တဲ့ ပုံစံနဲ့ ကြည့်လိုက်မိတယ်။


ချင်ကောက ဘယ်တုန်းက ဒီလောက် စကားနားထောင်လာတာလဲ။


ငါက စစ်ယန်ကို စွဲလမ်းနေတုန်းပဲလို့ သူထင်သွားတာလား မသိဘူး။


အဲ့လိုဆို မဖြစ်ဘူး။


ငါအမြန်ဆက်ပြောလိုက်တယ်။


"စစ်ယန်က ငါ့အတိတ်မှာပဲ ကျန်ခဲ့ပြီ၊ အခု နင်က ငါ့ယောက်ျားလေ"


"သူ ရက်အနည်းငယ်အတွင်း ပြန်ရောက်လာတော့မယ်၊ နင်တို့နှစ်ယောက်ကြား တင်းမာမှုတွေဖြစ်နေရင် မိသားစုနှစ်ဖက်လုံးအတွက် မကောင်းဘူး"


ချင်ကော ရုတ်တရက် ခေါင်းထောင်လိုက်တယ်။


ဘယ်လိုဖြစ်လို့လဲမသိဘူး၊ သူ့မျက်လုံးတွေ နီရဲနေပုံရတယ်။


သူ့လည်ချောင်းလှုပ်ရှားသွားပြီး နက်ရှိုင်း ဆွဲဆောင်မှုရှိတဲ့ သူ့အသံထွက်လာတယ်။


"ကောင်းပြီ"


ဒါပေမယ့် ဒီ "ကောင်းပြီ" ဆိုတဲ့ စကားလုံးမှာ ဒေါသတကြီး ကြိတ်ပြောလိုက်တဲ့ အရိပ်အမြွက်တစ်ခု ပါနေသလို ခံစားရတာကို ငါဖျောက်ဖျက်လို့ မရခဲ့ဘူး။


ဒါငါ စိတ်ထင်တာပဲဖြစ်မှာပါ။


ချင်ကော ခေါင်းငုံ့ပြီး ငါ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ ချိုမြိန်ပြီး ပြေပြစ်တဲ့ ခံစားမှုက ငါတို့ပါးစပ်ထဲမှာ ရောယှက်နေပြီး ငါတို့ရဲ့ အသက်ရှုသံတွေ ရောထွေးသွားကာ လျှာတွေက ရစ်နှောင်နေခဲ့တယ်။


အချိန်အတော်ကြာမှ ငါတို့ ခွဲခွာခဲ့ကြတယ်။


ချင်ကောက သူ့‌ရေချိုးဝတ်ရုံခါးစည်းကို ဖြည်လိုက်တယ်။ သူ့မျက်လုံးတွေက မဖုံးကွယ်နိုင်တဲ့ တပ်မက်မှုတွေနဲ့ မှောင်မည်းနေတယ်။


"ဇနီးလေး မနေ့ညက ကိုယ်အဆင်သင့်မဖြစ်ခဲ့ဘူး၊ ဒီနေ့တော့ ကိုယ် အများကြီး လေ့လာခဲ့ပါတယ်... ယုံပါနော်"


သူ့လေသံက ခိုင်မာပြီး ယုံကြည်မှုအပြည့်နဲ့ ပြည့်နှက်နေတယ်။


နောက်ဆုံးမှာတော့ ငါ့ရဲ့ အဖြူရောင်ဇာပန်းထိုး ညဝတ်ဂါဝန်က ဆွဲဖြဲခံလိုက်ရပြီး ငါက သူ့နဲ့အတူ ရမ္မက်လှိုင်းတွေထဲမှာ နစ်မြောသွားခဲ့ရတယ်။


ငါသူ့ကို မယုံခဲ့သင့်ဘူး။


ဖြစ်ချင်တော့ သူက တကယ်ကို အရည်အချင်းမရှိတာဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူငါနဲ့ပဲ လေ့ကျင့်ဖူးတာကြောင့် အတွေ့အကြုံမရှိတာလဲ ဖြစ်နိုင်တယ်။


ငါ့ဘေးမှာ ခေါင်းငုံ့ပြီး သနားစရာကောင်းလောက်အောင် ထိုင်နေတဲ့ ချင်ကောကို ကြည့်ရင်း ငါသူ့ဆံပင်တွေကို ထပ်ပြီး ဖွရမ်းလိုက်မိတယ်။


အချိန်အတော်ကြာ ငြိမ်သက်ပြီးမှ ငါတွန့်ဆုတ်နေရင်း ပြောလိုက်တာက...


"နင်တိုးတက်လာပါပြီ... တကယ်ပြောတာ"


ချင်ကောက သူ့ခေါင်းကို ပိုပြီး နိမ့်အောင် ငုံ့လိုက်တယ်။


~~~