1
Viewers 112

Unicode 


ငါဖျားနာပြီး သေဆုံးသွားတော့ systemတစ်ခုက ငါ့ဆီကိုလာပြီးအသက်ဆက်ရှင်ချင်ရင် ၀တ္ထုတစ်ခုကဗီလိန်ရဲ့ အကျင့်ယုတ်တဲ့မိထွေး လုပ်ရမယ်လို့ပြောလာတယ်


ဒါပေမဲ့ ငါပြန်ပေးရမဲ့တန်ဖိုး က ဇာတ်ကောင်စရိုက်ကို ချိုးဖောက်လို့မရပဲ မူရင်းဇာတ်ကောင်အတိုင်းပဲ ပြုမူရမယ်တဲ့


အဲ့၀တ္ထုက အမျိုးသားဇာတ်လိုက်ဗဟိုပြု မြို့ပြဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ အခုချိန်မှာ ဗီလိန်လေးရွှယ်ယွီက ငါးနှစ်သားလေးဖြစ်နေတုန်းပဲ 

အနာဂတ်မှာ သူက အဓိကဗီလိန်အဖြစ်ကြီးပြင်းလာပြီးတော့ အမျိုးသားဇာတ်လိုက်ရဲ့ မိသားစုနဲ့ဘ၀ကို ဖျက်ဆီးပစ်လိမ့်မှာတဲ့


ပြီးတော့ အဲ့လိုဖျက်ဆီးရတဲ့ အ‌ဓိကအကြောင်းအရင်းကလဲ ငါနဲ့ပတ်သတ်နေတာလို့ပြောလို့ရတယ်


သူ့ရဲ့ အကျင့်ယုတ်တဲ့မိထွေး...


ငါဒီအကြောင်းတွေးကြည့်လိုက်သေးတယ် ရှင်းရှင်းပြောရရင် ငါကအကျင့်ယုတ်တဲ့နေရာမှာ သိပ်ပြီးတော့အတွေ့အကြုံမရှိဘူး


ဒါကြောင့် ရိုးရိုးလေးပဲလုပ်မယ်လို့ စဉ်းစားလိုက်တယ် သူ့ကိုသက်တောင့်သက်သာဘ၀မျိုးမပေးဘူးဆိုပြီးတော့ပေါ့


ဒီအတွေးနဲ့ပဲ ခုံပေါ်မှာငြိမ်ငြိမ်လေး ထိုင်ပြီး သူ့နို့ခွက် ကိုဖြည်းဖြည်းချင်းသောက်နေတဲ့ ငါးနှစ်သား ပဲလုံးလေးကိုလှမ်းကြည့်လိုက်မိတယ်


ပြီးတော့ သူ့လက်ထဲကနို့ခွက်ကိုဆွဲယူပြီး အိမ်ထိန်းဆီကမ်းပေးလိုက်ရင်း


"ဒါကို ကြက်ဟင်းခါးသီးဖျော်ရည်နဲ့ လဲလိုက် ပိုခါးလေကောင်းလေပဲ"


ကောင်‌ငယ်လေးက ပါးစပ်တစ်ဝိုက်မှာနို့ကွင်းလေးပေနေပြီး ခဏတာ အေးခဲသွား‌သည်။


သူငါ့ကို ဒေါတသကြီးကြည့်လိုက်ပေမဲ့စကားတော့မပြောသေးဘူး။


ငါကူးပြောင်းလာတဲ့အချိန်မှာ ဒီခန္ဓာကိုယ်ပိုင်ရှင်က ရွှယ်မိသားစုနဲ့လက်ထပ်ပြီးတာ နှစ်၀က်လောက်ရှိနေပြီ။


မူရင်းဇာတ်ကြောင်းအရဆိုရင် ဗီလိန်လေးရဲ့အဖေ ရွှယ်ချန်းလီက တစ်ခါတလေမှ အိမ်ပြန်လာတာ

အဲ့တာနဲ့ငါလည်း ငါ့ရဲ့ညင်သာတဲ့မိထွေးမျက်နှာဖုံးကိုဆွဲချွတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့


ရွယ်ယွီလေးကို စိတ်ဒုက္ခရောက်အောင်   နည်းအမျိူးမျိုးနဲ့ ညှင်းပန်းနှိပ်စက်တော့မှာလေ


အစပိုင်းမှာတော့ သူခုခံသေးတယ် 

ဒါပေမဲ့ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ငါ့လိုလူကြီးတစ်ယောက်နဲ့ယှဉ်ချနိုင်မှာလဲ


သူစောဒကတက်တိုင်း ပိုပြီးလက်တုန့်ပြန်ပစ်မယ်


စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကို အကြာကြီးသည်းခံပြီးတဲ့အချိန်မှာ ဒီဗီလိန်လေးက ဒေါသထွက်နေပေမဲ့ ပြန်ခံမပြောရဲတဲ့သူမျိုးဖြစ်လာတယ်


ဒါပဲလေ အခုငါ့ရဲ့တာ၀န်က ဒီအပြုအမူကိုဆက်ထိန်းသွားဖို့ပဲ ငါ့ရဲ့ကိုယ်ပိုင်လှည့်ကွက်လေးနည်းနည်းလဲ ထည့်ပေးရဦးမှာပေါ့


ဒီဗီလိန်လေးက ကြက်ဟင်းခါးသီးဖျော်ရည် တစ်ခါမှသောက်ဖူးတဲ့ပုံမပေါ်ဘူး


တစ်ငုံသောက်လိုက်တာနဲ့ သူရဲ့နူးညံ့‌  တဲ့မျက်နှာလေးတွန့်ချိုးသွားပြီး 

ရွံရှာတဲ့ပုံစံနဲ့ အလိုအလျှောက်ထွက်လာသလိုမျိုး လျှာ

တစ်လစ်ကလေးက ထွက်လာသေးတယ်


သူ့ရဲ့ချစ်စရာကောင်းမှု‌ကြီးကြောင့် ငါ့အသည်း‌နှလုံးလေးနည်းနည်းပျော်ကြသွားပေမဲ့ အေးစက်စက် အသံနဲ့ပဲ

"ကုန်အောင်သောက်" လို့ပြောလိုက်ရတယ်


ကလေးတစ်ယောက်အတွက် ကြက်ဟင်းခါးသီးက အမုန်းဆုံးအစားအစာဖြစ်လောက်တယ်လေ


ဒါကို သေချာပေါက် နှိပ်စက်တာလို့သတ်မှတ်လို့ ရပြီ


ဟားဟား ငါကတကယ်ကို အကျင့်ယုတ်တဲ့မိထွေးပဲ


ဒီအကြောင်းတွေးမိပြီးမထိန်းနိုင်စွာ ရီချလိုက်မိတော့တယ်။

-----


Extra ကလွဲပြီးတော့ ဇာတ်လမ်းအစအဆုံးက မိထွေးရဲ့ အတွေးတွေကိုပြောနေတဲ့ စကားပြောပုံစံလေးမို့ အရေးအသားကို စကားပြောပုံစံလေးနဲ့ပဲ ဆုံးထားပါတယ်နော်


Zawgyi

































ရွယ်ယွီလေးကို စိတ်ဒုက္ခရောက်အောင်   နည်းအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်တော့မှာလေ




























----

Extra ကလွဲပြီးတော့ ဇ
