2
Viewers 117

Unicode 


မနက်စာစားပြီးတော့ ကလေးထိန်းက ဗီလိန်လေးကိုကျောင်းပို့ဖို့ ပြင်နေတုန်းမှာ

ဗီလိန်လေးက ဈေးပေါပုံပေါ်ပြီးဟောင်းနွမ်းနေတဲ့ ကျောင်း၀တ်စုံ၀တ်နေတာကိုကြည့်ပြီး ငါမျက်မှောင်ကြုတ် လိုက်မိတယ်


"ဘာလို့ ဒီလိုအ၀တ်တွေ၀တ်နေတာလဲ?"


"ခင်ဗျားပဲပြောခဲ့တာမလား ကလေးတစ်ယောက်ကို အကောင်းစားတွေ၀တ်ပေးရင် အဲ့ကလေးကမာနကြီးလာလိမ့်မယ်တဲ့ ဒါကြောင့်မို့ မထင်မရှားပဲနေရမယ်ဆိုပြီးတော့လေ "


ကျစ် မူးရင်းကိုယ်ရဲ့အတွေးအခေါ်တွေကကောက်ကျစ်ပြီး ပုပ်သိုးနေတာပဲ


ရွှယ်ယွီရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ဒီနည်းနဲ့ဖျက်ဆီးချင်နေတာကိုး


ဒါပေမဲ့ သူမှားနေတုန်းပဲ


ဘာလို့ မူကြိုမှာရှိတဲ့ကလေးတွေက ကြွယ်၀မှုတွေ ဆင်းရဲမှုတွေ‌အကြောင်း သိနိုင်မှာတဲ့လဲ


ဒီအရွယ်မှာသူတို့အကြောက်ဆုံးက  ငြင်းငယ်ခံရမှာနဲ့ တစ်ယောက်ထဲအထီးကျန်နေမှာကိုပဲ


အဲ့လိုနဲ့ ငါချက်ခြင်းပဲ ကလေးထိန်းကို 

ကလေး၀တ်suitပြောင်း၀တ်ပေးဖို့ပြောလိုက်ပြီး သူအ၀တ်လဲပြီး‌တော့ချစ်စရာကောင်းတဲ့ဖဲပြားလည်စည်းလေးပါတပ်ပေးလိုက်တယ်


ပြီးတော့ဒရိုင်ဘာကို ဂိုထောင်ထဲမှာရှိတဲ့ ဈေးအကြီးဆုံးနဲ့ အမြန်ဆုံးကားကိုထုတ်

ခိုင်းလိုက်တယ်


မူကြိုတစ်ခုလုံးမှာ ဗီလိန်လေးက အထင်ရှားဆုံး အပေါ်လွင်ဆုံးကလေးတစ်ယောက်ဖြစ်အောင်လုပ်ဖို့ငါဆုံးဖြတ်ထားတာလေ


မူကြိုကလူတိုင်း ငါတို့ရဲ့ကြွယ်၀မှုကိုအားကျစေရမယ်ကွ!


ဒါက မိထွေးကာရိုက်တာကိုချိုးဖောက်နေလို့လားတော့မသိ ၊ ရွှယ်ယွီလေးကတစ်မျိုးဖြစ်နေပုံရပြီး သူမထွက်သွားခင်ပြန်လှည့်လာပြီး သူ့နှုတ်ခမ်းကိုဖိထားကာ နူးညံ့စွာမေးလာတယ်

"ခင်ဗျား ဘာလို့ဒီလိုမျိုးတွေလုပ်နေတာလဲ?"


ငါလည်း ဆောင့်ကြောင့်ထိုင်လိုက်ရင်းလူယုတ်မာ ပုံစံနဲ့ရီပြီး ပြောလိုက်တယ်လေ 

"ဘာလို့လဲဆိုတော့ ငါကအကျင့်ပုတ်လို့ပေါ့ " 


ဒါကိုကြားတော့ ရွှယ်ယွီလေးက အလန့်တကြားနဲ့ ခြေတစ်လှမ်းဆုတ်လိုက်တယ်


ငါလည်းသူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ဗီလိန်လေးရဲ့၀၀ကစ်ကစ် ပါးပေါ်ကို အနမ်းတစ်‌ပွင့်ပေးလိုက်တော့သူ့မျက်နှာတစ်ခုလုံး အံ့အားသင့်မှုတွေနဲ့ပြည့်နှက်သွား‌သေးတယ်


အဲ့တော့ ဒီအခွင့်အရေးကိုသုံးပြီးခြိမ်းခြောက်ပြောလိုက်တယ်လေ

"အခု မေမေ့ကို goodbye လို့ပြော မဟုတ်ရင် နေ့လည် မူကြိုပြီးတဲ့အချိန်ကျရင် မင်းအရှက်ရအောင် လာကြိုပစ်လိုက်မှာနော် "


မူရင်းကိုယ်နဲ့နှစ်၀က်ကျော် ဆက်ဆံပြီး‌ နောက် တော့သူငါ့ကိုတော်တော်မုန်းနေလောက်မှာပဲ


အခုငါ့ကို မေမေ လို့ခေါ်ခိုင်းပြီး သူ့ကိုနမ်းနေတာက သူ့ရဲ့နောက်ဆုံးသည်းခံနိုင်မှုကိုစမ်းသပ်သလို ဖြစ်နေမလား


ဒါပေမဲ့သူ့မှာ ရွေးစရာမရှိ‌ဘူး ငါပြောတာလုပ်ရမှာပဲလေ


ဗီလိန်လေး နှုတ်ခမ်းကိုတင်းတင်းဖိကာ goodbye မပြောပဲ ထွက်သွားတာကိုကြည့်ရင်း ငါက ကောက်ကျစ်တာထက်ကိုပိုဆိုးနေပြီဟု ခံစားလိုက်ရတယ်။


------


Zawgyi 























ခိုင်းလိုက်တယ်



























------