Unicode
ရွှယ်ယွီကျောင်းသွားလိုက်တော့ ငါ ဗီလာမှာဘာမှလုပ်စရာမရှိတော့ပဲ ဒီတိုင်းရောက်တတ်ရာရာလျှောက်သွားနေမိတယ်
ဇာတ်ကြောင်းအရဆိုရင် ရွှယ်ချန်းလီက အပြင်မှာအရမ်းအလုပ်များပြီးတော့ အိမ်ကိုလည်းပြန်လာတာ ရှားတယ်လေ
ငါက ရွယ်ယွီကို ဂရုစိုက်ပေးဖို့သက်သက် သူလက်ထပ်ထားတဲ့ မိန်းမတစ်ယောက်ဖြစ်ရမယ်
သူလတိုင်းနေထိုင်စရိတ် 3မီလီယံလွှဲပေးတာ
ဒီလောက်များတဲ့ငွေတွေနဲ့ဆို ဒီမိထွေးက သူ့ကလေးကိုကောင်းကောင်းဂရုစိုက်ပေးနိုင်လိမ့်မယ်လို့သူထင်နေမှာပဲ ဒါပေမဲ့ ဒီငွေတွေကပဲ မူရင်းကိုယ်ရဲ့လောဘတွေကို တောက်လောင်လာစေတာကို သူလေးသိရဲ့လား
ဒါကိုတွေးမိတော့ သက်ပြင်း ချလိုက်ရင်း systemကိုမေးလိုက်တယ်
"ဒီဗီလိန်စရိုက်ကို ဘယ်လောက်ကြာကြာ ထိန်းထားရမှာလဲ?"
Systemက ရွှယ်ယွီရဲ့မိထွေးမှာ အဓိကအရေးပါတဲ့အခန်း အနေနဲ့ ဗီလိန်လေးရဲ့ ကောလိပ်၀င်ခွင့်ကိုတိတ်တိတ်လေးပြောင်းပြီး နိုင်ငံခြားကို အတင်းစေလွတ်ကာ ဗီလိန် ကိုပိုပြီးမှောင်မိုက်လာစေတဲ့အရေးကြီးတဲ့အခန်း ရှိကြောင်းပြန်ဖြေပေးခဲ့သည်။
ဒါဆို ငါကဒီအပြုအမူတွေကိုသူကောလိပ်၀င်ခွင့်လျှောက်တဲ့အထိထိန်းထားရမှာပေါ့လေ
အကြမ်းဖျဉ်းတွက်ကြည့်ရင်တောင်အနည်းဆုံး နောက်ထပ်13နှစ်ကျော်ကအသာလေးပဲ
နေ့တိုင်း သူဌေးဘ၀ကိုနေရတာကကောင်းပေမဲ့ ဗီလိန်စရိုက်ကိုထိန်းထားရတာက စိတ်ပင်ပန်းစရာပဲ
ဒါကြောင့် ကိုယ့်ဘာသာနှစ်သိမ့်ဖို့ အရူးအမူး shopping ထွက်ပစ်ရမှာပေါ့
----
Zawgyi
ဒါကြောင့် ကိုယ့်ဘာသ