Unicode
ညနေခင်းမှာတော့ ဒရိုင်ဘာက မူကြို၀င်ပေါက်ကို အချိန်မှီရောက်လာလေသည်။
မနက်တုန်းက ရွှယ်ယွီလေးငါ့ကိုဘာမှမပြောပဲ ထွက်သွားတာလေ
ဒါကြောင့် ငါခြိမ်းခြောက်ထားတဲ့အတိုင်းသူ့ကို အရှက်ရအောင် လာကြိုရပြီပေါ့
ဒီမိထွေးကဘယ်လောက်ဆိုးလဲဆိုတာ သူ့ကိုပြပြီး ငါ့အာဏာကိုထိန်းသိမ်းထားရမယ်
ဒီမူကြိုက ရဲတိုက်ငယ်လေးနဲ့တူတယ်လို့ပြောလို့ရတယ်
သိပ်မကြာခင်မှာပဲ ဆရာမတစ်ယောက်က ကလေးအုပ်စုကိုဦးဆောင်ပြီး၀င်ပေါက်ကိုထွက်လာခဲ့တယ်
သူတို့လေးတွေက ဘယ်ညာကြည့်ပြီးသူတို့မိဘတွေကိုရှာနေကြလေရဲ့
ငါကားပေါ်မှာပဲနည်းနည်းကြာကြာထပ်စောင့်ဖို့ဆုံးဖြတ်လိုက်တယ်
ငါ့အစီအစဉ်က သူ့မိဘတွေသူ့ကိုမေ့သွားပြီဆိုပြီး ရွှယ်ယွီကိုစိုးရိမ်အောင်လုပ်မယ် သူ၀မ်းနည်းနေတဲ့အချိန်မှာရုတ်တရက်ပေါ်လာပြီး သူ့ကိုနည်းနည်း လေးလန့်အောင်လုပ်မလို့ပဲ
မမျှော်လင့်ထားစွာပဲ တီချယ်ထွက်သွားတာနဲ့ ကလေးတစ်ချို့က ရွှယ်ယွီကိုချက်ခြင်းဝိုင်းလာကြတယ်လေ
"အမေ" "မင်းကိုလာကြိုရဲ့လား"ဆိုတဲ့စကားတွေလိုမျိုး စကားလုံးအချို့ကိုလည်းမပြတ်မသား ကြားလိုက်ရတယ်
ရွှယ်ယွီလေးကတော့သူ့ခေါင်းကိုပဲတိတ်တိတ်လေးငုံ့ထားတာ
အဲ့ကလေးတွေက ခုန်ပေါက်လာပြီးလက်ခုပ်တွေလည်းတီးလာကြပါရောလား
ငါ : ??
ဘာကြီး? ဘာလို့ရုတ်တရက် ကစားနေကြတာလဲ?
ငါလည်း အကျင့်ပုတ်တဲ့မိထွေးတစ်ယောက်ရဲ့လမ်းစဉ်အတိုင်း သူတို့ရဲ့အပျော်တွေကိုဖျက်ဆီးပစ်ဖို့ အချိန်မဖြုန်းပဲချက်ခြင်းသွားလိုက်တယ်လေ
"ဟိတ် ကောင်စုတ်လေးတွေ ဘာလို့အိမ်ကလာမကြိုကြသေးတာလဲ မင်းတို့မိဘတွေ မင်းတို့ကိုမလိုချင်ကြတော့တာများလားနော် "
ငါ သူတို့စက်၀ိုင်းရဲ့အလယ်မှာရှိနေတဲ့
ရွှယ်ယွီ ကိုဆွဲထုတ်လိုက်ပြီး ကောင်စုတ်လေးတွေကို ကြမ်းကြုတ်စွာ စိုက်ကြည့် ပေးလိုက်တယ်
ဒါပေါ့ မှန်တယ်လေ သူ့ရဲ့သူငယ်ချင်းတွေငါ့ကိုမုန်းသွားအောင် လုပ်နေတာ
"ခင်ဗျားကဘယ်သူလဲ ? ဒီလူလိမ်ကောင်ရဲ့ အမလား"
အမ လို့ခေါ်ခံရတာက နည်းနည်းပျော်စရာကောင်းသလိုပဲ
ဒါပေမဲ့ ငါချက်ခြင်းပဲပြန် တုန့်ပြန်လိုက်
တယ်
"ဘာ လူလိမ်ကောင်လဲ? ဘယ်သူကလူလိမ်လဲ? မင်းတို့ရဲ့ဆရာမက လူတွေကိုကိုယ်ပိုင်နာမည်နဲ့ပဲခေါ်ရမယ်လို့ မသင်ပေးထားဘူးလား? ငါက ရွှယ်ယွီရဲ့အမေပဲ !
ပြီးတော့ ငါ့ရွယ်ယွီက မင်းတို့ကိုမကြိုက်ဘူး ဒါကြောင့်မို့ အခုကစပြီး တော့ သူနဲ့လာကစားဖို့ မစဉ်းစားနဲ့တော့"
"ရွှယ်ယွီရဲ့ အမေ? သူ့အမေက ကလေးထိန်းကြီးမဟုတ်လား မြင်ဖူးသားပဲ
ခင်ဗျားနဲ့လည်းမတူပါဘူး ပြီးတော့သူလိမ်ပြောခဲ့တာပဲလေ ကလေးထိန်းကိုသူ့အမေတဲ့ သူကစိတ်ကြီး၀င်နေတဲ့လူလိမ်သာသာပဲ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လည်း သူနဲ့မကစားချင်နေပါဘူးနော် !"
ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတာမျိုးကြီးလဲ?
"ငါက ရွှယ်ယွီရဲ့တကယ့်အမေပဲ!"
စိတ်တိုတိုနဲ့ ငါ့လက်သီး မြှောက်ပြလိုက်မှပဲ အဲ့ပြဿနာကောင်လေးတွေက တစ်ခစ်ခစ်ရီပြီး ထွက်ပြေးသွားကြလေရဲ့
အဲ့အချိန်မှာပဲ ငါ့အနောက်မှာတိတ်တိတ်လေး ရပ်နေတဲ့ ဗီလိန်လေးက ငါ့အ၀တ်စကို ဆွဲနေတာကိုခံစားမိလိုက်တယ်
ငါ့ကိုကြည့်လာတဲ့သူ့ရဲ့ မျက်လုံး၀ိုင်းကြီးတွေဟာလည်း တလက်လက်တောက်ပနေတယ်
"ဒီနေ့ ကျွန်တော့်ကို လာကြိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ဟင်? သူငါ့ကိုဘာတွေကျေးဇူးတင်နေတာလဲ။
----
ညေနခင္းမွာေတာ့ ဒ႐ိုင္ဘာက မူႀကိဳ၀င္ေပါက္ကို အခ်ိန္မွီေရာက္လာေလသည္။
မနက္တုန္းက ႐ႊယ္ယြီေလးငါ့ကိုဘာမွမေျပာပဲ ထြက္သြားတာေလ
ဒါေၾကာင့္ ငါၿခိမ္းေျခာက္ထားတဲ့အတိုင္းသူ႕ကို အ႐ွက္ရေအာင္ လာႀကိဳရၿပီေပါ့
ဒီမိေထြးကဘယ္ေလာက္ဆိုးလဲဆိုတာ သူ႕ကိုျပၿပီး ငါ့အာဏာကိုထိန္းသိမ္းထားရမယ္
ဒီမူႀကိဳက ရဲတိုက္ငယ္ေလးနဲ႔တူတယ္လို႔ေျပာလို႔ရတယ္
သိပ္မၾကာခင္မွာပဲ ဆရာမတစ္ေယာက္က ကေလးအုပ္စုကိုဦးေဆာင္ၿပီး၀င္ေပါက္ကိုထြက္လာခဲ့တယ္
သူတို႔ေလးေတြက ဘယ္ညာၾကည့္ၿပီးသူတို႔မိဘေတြကို႐ွာေနၾကေလရဲ႕
ငါကားေပၚမွာပဲနည္းနည္းၾကာၾကာထပ္ေစာင့္ဖို႔ဆုံးျဖတ္လိုက္တယ္
ငါ့အစီအစဥ္က သူ႕မိဘေတြသူ႕ကိုေမ့သြားၿပီဆိုၿပီး ႐ႊယ္ယြီကိုစိုးရိမ္ေအာင္လုပ္မယ္ သူ၀မ္းနည္းေနတဲ့အခ်ိန္မွာ႐ုတ္တရက္ေပၚလာၿပီး သူ႕ကိုနည္းနည္း ေလးလန္႔ေအာင္လုပ္မလို႔ပဲ
မေမွ်ာ္လင့္ထားစြာပဲ တီခ်ယ္ထြက္သြားတာနဲ႔ ကေလးတစ္ခ်ိဳ႕က ႐ႊယ္ယြီကိုခ်က္ျခင္းဝိုင္းလာၾကတယ္ေလ
"အေမ" "မင္းကိုလာႀကိဳရဲ႕လား"ဆိုတဲ့စကားေတြလိုမ်ိဳး စကားလုံးအခ်ိဳ႕ကိုလည္းမျပတ္မသား ၾကားလိုက္ရတယ္
႐ႊယ္ယြီေလးကေတာ့သူ႕ေခါင္းကိုပဲတိတ္တိတ္ေလးငုံ႔ထားတာ
အဲ့ကေလးေတြက ခုန္ေပါက္လာၿပီးလက္ခုပ္ေတြလည္းတီးလာၾကပါေရာလား
ငါ : ??
ဘာႀကီး? ဘာလို႔႐ုတ္တရက္ ကစားေနၾကတာလဲ?
ငါလည္း အက်င့္ပုတ္တဲ့မိေထြးတစ္ေယာက္ရဲ႕လမ္းစဥ္အတိုင္း သူတို႔ရဲ႕အေပ်ာ္ေတြကိုဖ်က္ဆီးပစ္ဖို႔ အခ်ိန္မျဖဳန္းပဲခ်က္ျခင္းသြားလိုက္တယ္ေလ
"ဟိတ္ ေကာင္စုတ္ေလးေတြ ဘာလို႔အိမ္ကလာမႀကိဳၾကေသးတာလဲ မင္းတို႔မိဘေတြ မင္းတို႔ကိုမလိုခ်င္ၾကေတာ့တာမ်ားလားေနာ္ "
ငါ သူတို႔စက္ဝိုင္းရဲ႕အလယ္မွာ႐ွိေနတဲ့
႐ႊယ္ယြီ ကိုဆြဲထုတ္လိုက္ၿပီး ေကာင္စုတ္ေလးေတြကို ၾကမ္းၾကဳတ္စြာ စိုက္ၾကည့္ ေပးလိုက္တယ္
ဒါေပါ့ မွန္တယ္ေလ သူ႕ရဲ႕သူငယ္ခ်င္းေတြငါ့ကိုမုန္းသြားေအာင္ လုပ္ေနတာ
"ခင္ဗ်ားကဘယ္သူလဲ ? ဒီလူလိမ္ေကာင္ရဲ႕ အမလား"
အမ လို႔ေခၚခံရတာက နည္းနည္းေပ်ာ္စရာေကာင္းသလိုပဲ
ဒါေပမဲ့ ငါခ်က္ျခင္းပဲျပန္ တုန္႔ျပန္လိုက္
တယ္
"ဘာ လူလိမ္ေကာင္လဲ? ဘယ္သူကလူလိမ္လဲ? မင္းတို႔ရဲ႕ဆရာမက လူေတြကိုကိုယ္ပိုင္နာမည္နဲ႔ပဲေခၚရမယ္လို႔ မသင္ေပးထားဘူးလား? ငါက ႐ႊယ္ယြီရဲ႕အေမပဲ !
ၿပီးေတာ့ ငါ့႐ြယ္ယြီက မင္းတို႔ကိုမႀကိဳက္ဘူး ဒါေၾကာင့္မို႔ အခုကစၿပီး ေတာ့ သူနဲ႔လာကစားဖို႔ မစဥ္းစားနဲ႔ေတာ့"
"႐ႊယ္ယြီရဲ႕ အေမ? သူ႕အေမက ကေလးထိန္းႀကီးမဟုတ္လား ျမင္ဖူးသားပဲ
ခင္ဗ်ားနဲ႔လည္းမတူပါဘူး ၿပီးေတာ့သူလိမ္ေျပာခဲ့တာပဲေလ ကေလးထိန္းကိုသူ႕အေမတဲ့ သူကစိတ္ႀကီး၀င္ေနတဲ့လူလိမ္သာသာပဲ ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔လည္း သူနဲ႔မကစားခ်င္ေနပါဘူးေနာ္ !"
ဒါက ဘယ္လိုအဓိပၸာယ္မ႐ွိတာမ်ိဳးႀကီးလဲ?
"ငါက ႐ႊယ္ယြီရဲ႕တကယ့္အေမပဲ!"
စိတ္တိုတိုနဲ႔ ငါ့လက္သီး ေျမႇာက္ျပလိုက္မွပဲ အဲ့ျပႆနာေကာင္ေလးေတြက တစ္ခစ္ခစ္ရီၿပီး ထြက္ေျပးသြားၾကေလရဲ႕
အဲ့အခ်ိန္မွာပဲ ငါ့အေနာက္မွာတိတ္တိတ္ေလး ရပ္ေနတဲ့ ဗီလိန္ေလးက ငါ့အ၀တ္စကို ဆြဲေနတာကိုခံစားမိလိုက္တယ္
ငါ့ကိုၾကည့္လာတဲ့သူ႕ရဲ႕ မ်က္လုံးဝိုင္း
ႀကီးေတြဟာလည္း တလက္လက္ေတာက္ပေနတယ္
"ဒီေန႔ ကြၽန္ေတာ့္ကို လာႀကိဳေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"
ဟင္? သူငါ့ကိုဘာေတြေက်းဇူးတင္ေနတာလဲ။