5
Viewers 115

Unicode


ကြည့်ရတာငါ့ရဲ့ မိထွေးကာရိုက်တာက ပီပြင်သွားပုံပဲ 


အိမ်ပြန်ရောက်တော့ ဗီလိန်လေးက 

ပုံမှန်မဟုတ်စွာပဲ အရမ်းကိုနာခံနေတယ်လေ


ငါသွားတဲ့နောက်ကိုလျှောက်လိုက်နေရုံတင်မကဘူး ညစာစားတဲ့အချိန်မှာလဲ ငါ့ကို ပုဇွန်ခွာပေးဖို့တောင် ကမ်းလှမ်းလာသေးတယ်


သူ ခွာထားတဲ့ပုဇွန်တွေကိုငါ့ရဲ့ပန်းကန်လုံးထဲ သေသေချာချာလေးထည့်လာပေးတယ်


ငါမလှုပ်ရှားတာတွေ့တော့ လေးနက်တဲ့ အသံနဲ့ ပြောလာတယ်

"ကျွန်တော့်လက်ကို ဆေးထားပြီးပြီ"


ငါလည်း ခရင်းကိုယူပြီး မြည်းကြည့်လိုက်တော့ ကောင်းသားပဲ


"မဆိုးပါဘူး "


"ဆုပေးတဲ့အနေနဲ့ အမေ့ကို ပုဇွန် နည်းနည်းထပ်ခွာပေးဦး "


ရွှယ်ယွီလေးလည်း နှုတ်ခမ်းကိုဖိလိုက်ပြီး ခေါင်းငုံ့ကာ စိတ်ပါလက်ပါနဲ့ ပုဇွန်ဆက်ခွာနေလိုက်သည်။


နောက်ဆုံး ငါလုံး၀ထပ်မစားနိင်တော့တဲ့အချိန်ကျမှ ကျန်နေတဲ့ပုဇွန်အာလုံးသူ့ဗိုက်ထဲရောက်သွားတော့တယ်


ညစာ အများကြီးစားလိုက်တော့ လေ့ကျင့်ခန်းနည်နည်းလေးလုပ်ဖို့လိုနေပြီလေ


ငါ့ရဲ့ ဗီလိန်အကျင့်စရိုက်အရဆို ဘယ်လေ့ကျင့်ခန်းက ကလေးတစ်ယောက်ကို နှိပ်စက်ဖို့သင့်တော်မှာများလဲ?


ငါ၀ယ်လာတဲ့ ဈေး၀ယ်အိတ်18အိတ်ကို အခန်းထဲယူလာပြီးpuzzleဆော့နေတဲ့  ရွယ်ယွီလေးကို လက်ယပ်ခေါ်လိုက်တယ်


"လာပါဦး ဒီအ၀တ်တွေစမ်း၀တ်ကြည့်လိုက်"


ပုံမှန်အားဖြင့် သူ့အ၀တ်တွေက ကိုယ်အတိုင်းအတိအကျတိုင်းပြီးချုပ်ထားတဲ့ပုံစံမျိူးတွေသာဖြစ်ပြီး ဒီလိုပုံစံအ၀တ်မျိုးတွေတစ်ခါမှမ၀တ်ဖူးတာကြောင့် ဒီ‌အကြောင်းတွေးပြီးစိတ်လှုပ်ရှားနေလေသည်။


သူ၏ကျားသွားလေးများ ပေါ်အောင်ပင်ပြုံးနေလိုက်သေးသည်။


ဒါပေမဲ့ ခဏအ‌ကြာမှာတော့....


သူဒေါသထွက်နေသောအသံဖြင့်

"ကျေးဇူးပြုပြီးတော့... ကျွန်တော် နောက်ထပ် ထပ်မ၀တ်နိုင်တော့ဘူး.."


"ဒါပေမဲ့ မေမေတို့မှာ ပျားလေးရယ်

ပင်ကွင်းလေးရယ် အဝါရောင်ဘဲလေးနဲ့ မကောင်းဆိုးဝါးလေး ၀တ်စုံတွေ ၀တ်ကြည့်ဖို့ ကျန်သေးတယ်လေ "


ရွှယ်ယွီ တိတ်ဆိတ်သွားလေသည်။


အစိမ်းရောင်ဒိုင်နိုဆော ၀တ်စုံအား၀တ်ထားရင်း ရပ်နေကာမျက်ရည်များ ဝေ့သီး နေသောမျက်လုံးကြီးများဖြင့်ငါ့ကိုမော့ကြည့်လာခဲ့သည်။


ငါ : ...


ကောင်းပြီလေ 


ဗီလိန် အစီအစဉ်က ရှေ့ဆက်ရမှာပဲ

အခုက အသစ်အဆန်းတွေအတွက်အချိန်ရောက်ပြီ


---

Zawgyi


ၾကည့္ရတာငါ့ရဲ႕ မိေထြးကာ႐ိုက္တာက ပီျပင္သြားပုံပဲ 


အိမ္ျပန္ေရာက္ေတာ့ ဗီလိန္ေလးက 

ပုံမွန္မဟုတ္စြာပဲ အရမ္းကိုနာခံေနတယ္ေလ


ငါသြားတဲ့ေနာက္ကိုေလွ်ာက္လိုက္ေန႐ုံတင္မကဘူး ညစာစားတဲ့အခ်ိန္မွာလဲ ငါ့ကို ပုဇြန္ခြာေပးဖို႔ေတာင္ ကမ္းလွမ္းလာေသးတယ္


သူ ခြာထားတဲ့ပုဇြန္ေတြကိုငါ့ရဲ႕ပန္းကန္လုံးထဲ ေသေသခ်ာခ်ာေလးထည့္လာေပးတယ္


ငါမလႈပ္႐ွားတာေတြ႕ေတာ့ ေလးနက္တဲ့ အသံနဲ႔ ေျပာလာတယ္

"ကြၽန္ေတာ့္လက္ကို ေဆးထားၿပီးၿပီ"


ငါလည္း ခရင္းကိုယူၿပီး ျမည္းၾကည့္လိုက္ေတာ့ ေကာင္းသားပဲ


"မဆိုးပါဘူး "


"ဆုေပးတဲ့အေနနဲ႔ အေမ့ကို ပုဇြန္ နည္းနည္းထပ္ခြာေပးဦး "


႐ႊယ္ယြီေလးလည္း ႏႈတ္ခမ္းကိုဖိလိုက္ၿပီး ေခါင္းငုံ႔ကာ စိတ္ပါလက္ပါနဲ႔ ပုဇြန္ဆက္ခြာေနလိုက္သည္။


ေနာက္ဆုံး ငါလုံး၀ထပ္မစားနိင္ေတာ့တဲ့အခ်ိန္က်မွ က်န္ေနတဲ့ပုဇြန္အာလုံးသူ႕ဗိုက္ထဲေရာက္သြားေတာ့တယ္


ညစာ အမ်ားႀကီးစားလိုက္ေတာ့ ေလ့က်င့္ခန္းနည္နည္းေလးလုပ္ဖို႔လိုေနၿပီေလ


ငါ့ရဲ႕ ဗီလိန္အက်င့္စ႐ိုက္အရဆို ဘယ္ေလ့က်င့္ခန္းက ကေလးတစ္ေယာက္ကို ႏွိပ္စက္ဖို႔သင့္ေတာ္မွာမ်ားလဲ?


ငါ၀ယ္လာတဲ့ ေဈး၀ယ္အိတ္18အိတ္ကို အခန္းထဲယူလာၿပီးpuzzleေဆာ့ေနတဲ့  ႐ြယ္ယြီေလးကို လက္ယပ္ေခၚလိုက္တယ္


"လာပါဦး ဒီအ၀တ္ေတြစမ္း၀တ္ၾကည့္လိုက္"


ပုံမွန္အားျဖင့္ သူ႕အ၀တ္ေတြက ကိုယ္အတိုင္းအတိအက်တိုင္းၿပီးခ်ဳပ္ထားတဲ့ပုံစံမ်ိဴးေတြသာျဖစ္ၿပီး ဒီလိုပုံစံအ၀တ္မ်ိဳးေတြတစ္ခါမွမ၀တ္ဖူးတာေၾကာင့္ ဒီ‌အေၾကာင္းေတြးၿပီးစိတ္လႈပ္႐ွားေနေလသည္။


သူ၏က်ားသြားေလးမ်ား ေပၚေအာင္ပင္ျပဳံးေနလိုက္ေသးသည္။


ဒါေပမဲ့ ခဏအ‌ၾကာမွာေတာ့....


သူေဒါသထြက္ေနေသာအသံျဖင့္

"ေက်းဇူးျပဳၿပီးေတာ့... ကြၽန္ေတာ္ ေနာက္ထပ္ ထပ္မ၀တ္ႏိုင္ေတာ့ဘူး.."


"ဒါေပမဲ့ ေမေမတို႔မွာ ပ်ားေလးရယ္

ပင္ကြင္းေလးရယ္ အဝါေရာင္ဘဲေလးနဲ႔ မေကာင္းဆိုးဝါးေလး ၀တ္စုံေတြ ၀တ္ၾကည့္ဖို႔ က်န္ေသးတယ္ေလ "


႐ႊယ္ယြီ တိတ္ဆိတ္သြားေလသည္။


အစိမ္းေရာင္ဒိုင္ႏိုေဆာ ၀တ္စုံအား၀တ္ထားရင္း ရပ္ေနကာမ်က္ရည္မ်ား ေဝ့သီး ေနေသာမ်က္လုံးႀကီးမ်ားျဖင့္ငါ့ကိုေမာ့ၾကည့္လာခဲ့

သည္။


ငါ : ...


ေကာင္းၿပီေလ 


ဗီလိန္ အစီအစဥ္က ေ႐ွ႕ဆက္ရမွာပဲ

အခုက အသစ္အဆန္းေတြအတြက္အခ်ိန္ေရာက္ၿပီ


---