Unicode
အိပ်ချိန်ရောက်တော့ ရွှယ်ယွီကို ဒီနေ့ရဲ့နောက်ဆုံး နှိပ်စက်မှု ပေးဖို့ဆုံးဖြတ်လိုက်တယ်
သူ့ကိုငါ့အခန်းထဲမှာ အတင်းနေခိုင်းပြီး တူတူအိပ်ခိုင်းလိုက်တယ်လေ
ဗီလိန်လေးညအိပ်၀တ်အင်္ကျီလဲတာကိုစောင့်ပြီးသူ့ဆီကိုပုံပြင်စာအုပ်ကမ်းပေးလိုက်သည်။
"ရော့ မေမေအိပ်ပျော်အောင်ပုံပြင်ဖတ်ပြပေး"
လူကြီးတစ်ယောက်ကဘာလို့ဒီလောက်တောင် အရှက်မဲ့နိုင်ရတာလဲ မစဉ်းစားနိုင်သကဲ့သို့ ရွှယ်ယွီ တစ်ခဏ အေးခဲသွားသည်။
ဒါပေမဲ့ ပုံပြင်စာအုပ်ကိုတော့ ယူလိုက်တုန်းပင်။
"ဟိုးရှေးရှေးတုန်းက ဘုရင်မကြီးတစ်ယောက်ကထိုင်နေတာ...အယ်..ပြတင်းပေါက်ပေါ်မှာလား..
သူ့သမီးအတွက်တဲ့"
ငါ : ...
ဒီကလေးက ငါးနှစ်ပဲရှိသေးပြီး စာလုံးတွေအများကြီး မသိသေးဘူးဆိုတာမေ့သွားတယ်
ဒါပေမဲ့ဒီအကြောင်းကနေပဲ စိတ်ကူးတစ်ခုရလာခဲ့တယ်
ကလေးအများစုက ကစားရတာကိုကြိုက်ပြီး စာလုပ်ရတာကိုမုန်းကြတယ်လေ
အကျင့်ပုတ်တဲ့ အကြံအစည်တစ်ခုကငါ့ရဲ့စိတ်ထဲစတင်ဖြစ်ပေါ်လာခဲ့တယ်
ငါ့ရဲ့ဘေးမှာတော့ ရွှယ်ယွီလေးက စာလုံးအများကြီးမသိတာမို့ ပုံပြင်ကိုဖတ်ဖို့ရုန်းကန်နေရတုန်းပဲ ငါသူ့ကိုစိုက်ကြည့်နေတာမြင်တော့ သူ့ရဲ့မျက်နှာက နီရဲလာပြီး အသံဟာလည်းတဖြည်းဖြည်းပိုပိုပြီး နူးညံ့လာလေတယ်
"ကျွန်..ကျွန်တော် မနက်ဖြန်ကျရင်ပုံပြင်ကို သေချာဖတ်ပြမယ်လေ , ရလားဟင်?"
ငါနတ်ဆိုးဆန်စွာရီလိုက်ရင်း ပုံပြင်စာအုပ်ကိုဆွဲယူကာပြောလိုက်တယ်
"လှဲချလိုက် အခုမေမေ မင်းကို ပုံပြင်ပြောပြရမဲ့ အလှည့်ရောက်ပြီ
ဒီနေ့ပုံပြင်လေးရဲ့နာမည်ကတော့
စနိုးဝှိုက်နဲ့ သူရဲ့မိထွေးခုနှစ်ယောက် တဲ့"
အရမ်းကြောက်စရာကောင်းတဲ့ သည်းထိတ်ရင်ဖိုပုံပြင်တစ်ခုပေါ့
ရွှယ်ယွီ အိပ်ပျော်မပျော်တော့ သေချာ မသိပေမဲ့ ငါကတော့ ဒီပုံပြင်ကိုပြောနေတုန်းမှာပဲ အိပ်ပျော်သွားတယ်
အိပ်တစ်၀က်နှိုးတစ်၀က်အခြေအနေမှာ
ငါ့ပါးကို နူးနူးညံ့ညံ့အရာတစ်ခုက လာပွတ်နေတာကိုခံစားမိလိုက်တယ်
အသံသေးသေးလေးတစ်ခုက နူးညံ့စွာဖြင့်ခေါ်လာတာကိုလည်းကြားခဲ့ရတယ်
"မေမေ" တဲ့လေ။
---
Zawgyi
အိပ္ခ်ိန္ေရာက္ေတာ့ ႐ႊယ္ယြီကို ဒီေန႔ရဲ႕ေနာက္ဆုံး ႏွိပ္စက္မႈ ေပးဖို႔ဆုံးျဖတ္လိုက္တယ္
သူ႕ကိုငါ့အခန္းထဲမွာ အတင္းေနခိုင္းၿပီး တူတူအိပ္ခိုင္းလိုက္တယ္ေလ
ဗီလိန္ေလးညအိပ္၀တ္အက်ႌလဲတာကိုေစာင့္ၿပီးသူ႕ဆီကိုပုံျပင္စာအုပ္ကမ္းေပးလိုက္သည္။
"ေရာ့ ေမေမအိပ္ေပ်ာ္ေအာင္ပုံျပင္ဖတ္ျပေပး"
လူႀကီးတစ္ေယာက္ကဘာလို႔ဒီေလာက္ေတာင္ အ႐ွက္မဲ့ႏိုင္ရတာလဲ မစဥ္းစားႏိုင္သကဲ့သို႔ ႐ႊယ္ယြီ တစ္ခဏ ေအးခဲသြားသည္။
ဒါေပမဲ့ ပုံျပင္စာအုပ္ကိုေတာ့ ယူလိုက္တုန္းပင္။
"ဟိုးေ႐ွးေ႐ွးတုန္းက ဘုရင္မႀကီးတစ္ေယာက္ကထိုင္ေနတာ...အယ္..ျပတင္းေပါက္ေပၚမွာလား..
သူ႕သမီးအတြက္တဲ့"
ငါ : ...
ဒီကေလးက ငါးႏွစ္ပဲ႐ွိေသးၿပီး စာလုံးေတြအမ်ားႀကီး မသိေသးဘူးဆိုတာေမ့သြားတယ္
ဒါေပမဲ့ဒီအေၾကာင္းကေနပဲ စိတ္ကူးတစ္ခုရလာခဲ့တယ္
ကေလးအမ်ားစုက ကစားရတာကိုႀကိဳက္ၿပီး စာလုပ္ရတာကိုမုန္းၾကတယ္ေလ
အက်င့္ပုတ္တဲ့ အၾကံအစည္တစ္ခုကငါ့ရဲ႕စိတ္ထဲစတင္ျဖစ္ေပၚလာခဲ့တယ္
ငါ့ရဲ႕ေဘးမွာေတာ့ ႐ႊယ္ယြီေလးက စာလုံးအမ်ားႀကီးမသိတာမို႔ ပုံျပင္ကိုဖတ္ဖို႔႐ုန္းကန္ေနရတုန္းပဲ ငါသူ႕ကိုစိုက္ၾကည့္ေနတာျမင္ေတာ့ သူ႕ရဲ႕မ်က္ႏွာက နီရဲလာၿပီး အသံဟာလည္းတျဖည္းျဖည္းပိုပိုၿပီး ႏူးညံ့လာေလတယ္
"ကြၽန္..ကြၽန္ေတာ္ မနက္ျဖန္က်ရင္ပုံျပင္ကို ေသခ်ာဖတ္ျပမယ္ေလ , ရလားဟင္?"
ငါနတ္ဆိုးဆန္စြာရီလိုက္ရင္း ပုံျပင္စာအုပ္ကိုဆြဲယူကာေျပာလိုက္တယ္
"လွဲခ်လိုက္ အခုေမေမ မင္းကို ပုံျပင္ေျပာျပရမဲ့ အလွည့္ေရာက္ၿပီ
ဒီေန႔ပုံျပင္ေလးရဲ႕နာမည္ကေတာ့
စႏိုးဝိႈက္နဲ႔ သူရဲ႕မိေထြးခုႏွစ္ေယာက္ တဲ့"
အရမ္းေၾကာက္စရာေကာင္းတဲ့ သည္းထိတ္ရင္ဖိုပုံျပင္တစ္ခုေပါ့
႐ႊယ္ယြီ အိပ္ေပ်ာ္မေပ်ာ္ေတာ့ ေသခ်ာ မသိေပမဲ့ ငါကေတာ့ ဒီပုံျပင္ကိုေျပာေနတုန္းမွာပဲ အိပ္ေပ်ာ္သြားတယ္
အိပ္တစ္၀က္ႏိႈးတစ္၀က္အေျခအေနမွာ
ငါ့ပါးကို ႏူးႏူးညံ့ညံ့အရာတစ္ခုက လာပြတ္ေနတာကိုခံစားမိလို
က္တယ္
အသံေသးေသးေလးတစ္ခုက ႏူးညံ့စြာျဖင့္ေခၚလာတာကိုလည္းၾကားခဲ့ရတယ္
"ေမေမ" တဲ့ေလ။
---