Unicode
နောက်တစ်နေ့ ရွှယ်ယွီ ကျောင်းသွားတဲ့အချိန်မှာတော့ ငါ့ရဲ့ ကျားအသွင်ကလေးအုပ်ထိန်းနည်းအစီအစဉ်ကို စပြီးလုပ်ဆောင်လိုက်တယ်လေ
တရုတ်စာ သင်္ချာအိုလံပစ် အင်္ဂလိပ် ဂီတအတန်း တွေအကုန်လုံးကို စီစဉ်ပေးထားတာ တစ်ခုမှမကျန်ခဲ့စေရဘူး
အကောင်းဆုံး ဆရာတွေနဲ့ အစုံလင်ဆုံးသင်ရိုးတွေကိုရှာထားတာလေ
ရွှယ်ယွီ အိမ်ပြန်ရောက်လို့ ဒီအကြောင်းတွေကို ရှာတွေ့သွားရင်သူ့ကမ္ဘာကြီးပြိုကွဲသွားသလို ခံစားရမယ်လို့ ငါမျှော်မှန်းထားတယ်
ဒါပေမဲ့ အခုဘာလို့ ငါမျှော်မှန်းထားသလိုမဟုတ်ပဲ သူကိုယ်တိုင်ကိုက သင်ချင်နေသလိုလိုဖြစ်နေရတာလဲ
အထူးသဖြင့် စာဖတ်တာသင်ရမှာကို အရမ်းတွေစိတ်၀င်စားနေသလိုပုံမျိုးဖြစ်နေတာ
ရက်နည်းနည်းကြာတော့ ငါသူ့ရဲ့စာဖတ်ခန်းအရှေ့ကနေဖြတ်သွားတဲ့အချိန်မှာ သူကခေါင်းလေးကိုတံခါးဘက်စောင်းကြည့်ပြီးတော့ ရှင်းလင်းတဲ့အသံနဲ့ "ဟိုးရှေးရှေးတုန်းက ပြတင်းပေါက်နားမှာထိုင်နေတဲ့ဘုရင်မကြီးဟာ သူ့သမီးအတွက် အ၀တ်အစားတွေ ချုပ်ပေးနေသတဲ့" လို့ဖတ်နေတာကိုကြားလိုက်ရတယ်
သူဖတ်ပြီးတော့ ငါ့ဆီက တစ်ခုခုကိုကြားရဖို့ မျှော်လင့်တကြီးပုံစံနဲ့ စောင့်နေသေးတာ
အဲ့တော့ငါလည်း သူအားတက်စေဖို့ ဆုပေးတဲ့အနေနဲ့ ညတိုင်းငါအိပ်ပျော်အောင် အိပ်ရာ၀င်ပုံပြင် ပြောပြခိုင်းပြီး ဆုချလိုက်တယ်လေ
Zawgyi
ေနာက္တစ္ေန႔ ႐ႊယ္ယြီ ေက်ာင္းသြားတဲ့အခ်ိန္မွာေတာ့ ငါ့ရဲ႕ က်ားအသြင္ကေလးအုပ္ထိန္းနည္းအစီအစဥ္ကို စၿပီးလုပ္ေဆာင္လိုက္တယ္ေလ
တ႐ုတ္စာ သခ်ၤာအိုလံပစ္ အဂၤလိပ္ ဂီတအတန္း ေတြအကုန္လုံးကို စီစဥ္ေပးထားတာ တစ္ခုမွမက်န္ခဲ့ေစရဘူး
အေကာင္းဆုံး ဆရာေတြနဲ႔ အစုံလင္ဆုံးသင္႐ိုးေတြကို႐ွာထားတာေလ
႐ႊယ္ယြီ အိမ္ျပန္ေရာက္လို႔ ဒီအေၾကာင္းေတြကို ႐ွာေတြ႕သြားရင္သူ႕ကမ႓ာႀကီးၿပိဳကြဲသြားသလို ခံစားရမယ္လို႔ ငါေမွ်ာ္မွန္းထားတယ္
ဒါေပမဲ့ အခုဘာလို႔ ငါေမွ်ာ္မွန္းထားသလိုမဟုတ္ပဲ သူကိုယ္တိုင္ကိုက သင္ခ်င္ေနသလိုလိုျဖစ္ေနရတာလဲ
အထူးသျဖင့္ စာဖတ္တာသင္ရမွာကို အရမ္းေတြစိတ္၀င္စားေနသလိုပုံမ်ိဳးျဖစ္ေနတာ
ရက္နည္းနည္းၾကာေတာ့ ငါသူ႕ရဲ႕စာဖတ္ခန္းအေ႐ွ႕ကေနျဖတ္သြားတဲ့အခ်ိန္မွာ သူကေခါင္းေလးကိုတံခါးဘက္ေစာင္းၾကည့္ၿပီးေတာ့ ႐ွင္းလင္းတဲ့အသံနဲ႔ "ဟိုးေ႐ွးေ႐ွးတုန္းက ျပတင္းေပါက္နားမွာထိုင္ေနတဲ့ဘုရင္မႀကီးဟာ သူ႕သမီးအတြက္ အ၀တ္အစားေတြ ခ်ဳပ္ေပးေနသတဲ့" လို႔ဖတ္ေနတာကိုၾကားလိုက္ရတယ္
သူဖတ္ၿပီးေတာ့ ငါ့ဆီက တစ္ခုခုကိုၾကားရဖို႔ ေမွ်ာ္လင့္တႀကီးပုံစံနဲ႔ ေစာင့္ေနေသးတာ
အဲ့ေတာ့ငါလည္း သူအားတက္ေစဖို႔ ဆုေပးတဲ့အေနနဲ႔ ညတိုင္းငါအိပ္ေပ်ာ္ေအာင္ အိပ္ရာ၀င္ပုံျ
ပင္ ေျပာျပခိုင္းၿပီး ဆုခ်လိုက္တယ္ေလ