Chapter : 8 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [5] )
ဖျင်ကျယ့်သည် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အားတက်သရော ရှေ့တန်းသို့ ထွက်လာ၏။
"ငါတို့ရထားတဲ့သဲလွန်စတွေအကြောင်း အရင်ပြောကြမလား ဒါမှဟုတ် ငါကိုယ်တိုင် စပြီးရှာသင့်လား"
သို့သော် ရှန့်ချန့်ယန်သည် အခန်း ၁ မှစ၍ အစဉ်လိုက်သွားကြရန် အကြံပြုလိုက်၏။
ဖျင်ကျယ့် : "အဲ့လိုလုပ်လို့ ဘာထူးခြားမှာတုန်း၊ ဘယ်သူပဲ အရင်စပါစေ အတူတူပဲလေ"
ရှန့်ချန့်ယန် : "ဘာမှမထူးခြားလို့ကို အခန်း ၁ က စဖို့ပြောတာ"
ဖျင်ကျယ့်မှာ သူ့အားခုခံနေခြင်းကို အဓိပ္ပာယ်နားမလည်နိုင်တော့ပေ။ ထို့နောက် စိတ်ပျက်သွားသောကာ...
"ဘာပဲဖြစ်ဖြစ် ရတယ်၊ ငါက လူသတ်သမားမှ မဟုတ်တာ"
ဟိုင်ရိသည် ခဏမျှ တွေတွေဝေဝေ ငေးကြည့်နေပြီးမှ တစ်ခုခုကိုသတိရကာ ထပ်မေးလိုက်သည်။
"အခန်း ၁ ကို ကျွန်တော် ရှာခဲ့တာလား"
ရွှယ်ချွမ်းက ရယ်မောလျှက်...
" ဟုတ်ပါ့ အဲတာ ကျွန်မ အခန်းလေ၊ ဘာတွေများတွေ့ခဲ့တုန်း"
ဟိုင်ရိသည် တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားက လူလား၊ ကျဲ"
ရွှယ်ချွမ်း : ?
ဟိုင်ရိ : "ခင်ဗျားအခန်းထဲမှာ ချယ်ရီပန်းရနံ့က ပုံမှန်ထက် အရမ်းပြင်းလွန်းတယ်၊ တကယ်လို့ အဲဒီရနံ့ကအနံ့ဆိုးတွေကို ဖုံးကွယ်ဖို့မဟုတ်ဘူးဆိုရင်၊ အဲဒီရနံ့က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကနေသဘာဝအလျောက် ထွက်လာတဲ့ အနံ့ဖြစ်နိုင်တယ်၊ ပြီးတော့ ခင်ဗျားရဲ့အခန်းထဲကမှန်က လိမ်ကောက်နေတဲ့လူမျက်နှာပဲပေါ်တယ်၊ ဆိုတော့ အဲမှန်ကလူတွေရဲ့ပုံရိပ်တွေကို ထင်ဟပ်စေဖို့မဟုတ်ဘဲ ပြတင်းပေါက်အပြင်ဘက်က ချယ်ရီပင်ရဲ့ပုံရိပ်ထင်စေဖို့အတွက်ပဲ ဒါကြောင့် ကျဲ၊ ခင်ဗျားက သရဲလား ဒါမှမဟုတ် ယောင် (နတ်ဆိုး) လား"
ရွှယ်ချွမ်းမှာ အံ့အားသင့်သွားကာ၊ လူတိုင်းကို တစ်ချက်ကြည့်၍
"စစချင်းမှာပဲ ဒီလိုမေးခွန်းတွေ မေးနေတာလား"
ဟိုင်ရိ : "ကျွန်တော် ဒီအကြောင်းကို မေးပြီးပြီဆိုရင် ဆက်ပြောကြတာပေါ့၊ ကျွန်တော်တို့ တိုးတက်မှု မြန်ဆန်လေလေ သေဆုံးရတဲ့ အရေအတွက် နည်းလေလေပဲ"
ရွှယ်ချွမ်း : "ကျွန်မက လူပါပဲ၊ ချယ်ရီပန်းရနံ့ကို ပိုကြိုက်လို့ပါ၊ မှန်ကိစ္စတော့ သေချာမသိဘူး၊ ကွေးနေသလားတော့ မပြောတတ်ဘူး၊ ရှင်နည်းနည်း အာရုံမများလွန်းဘူးလား"
ဟိုင်ရိ : "ဒါဆို အဲတာအတွက် အမွှေးခဲက ဘယ်မှာလဲ၊ ခင်ဗျား အဲ့ဒီရနံ့ကို ကြိုက်တယ်ဆိုရင် ဘာလို့ ခင်ဗျားအခန်းထဲမှာ အမွှေးနံ့သာပစ္စည်းတွေ မရှိတာလဲ"
ရွှယ်ချွမ်း : "ဖြစ်နိုင်တာက သဲလွန်စကို အခန်းထဲမှာ မရှိလို့ပေါ့"
ထိုအခါဟိုင်ရိသည် အလွန်ဝမ်းသာသွား၏။ ထိုသို့ဖြစ်နိုင်ခြေ မရှိသည်ကို လူတိုင်း သိရှိနေသောကြောင့်ပင်ဖြစ်သည်။
မည်သို့သော အလုပ်ဖြစ်စေကာမူ ထူးဆန်းသော အနံ့အသက်များသည် သဲလွန်စတစ်ခုကို သေချာပေါက် ညွှန်ပြနိုင်သော အဓိက သက်သေအထောက်အထားများ အမြဲတမ်း ဖြစ်ခဲ့သည်။ ဟိုင်ရိသည် ထိုအကြောင်းအရာကို ဆက်လက်မပြောတော့ဘဲ အပေါ်ယံသဘောသာ ထိတွေ့ပြောဆိုကာ... ယဥ်ကျေးစွာပင် စကားအဆုံးသတ်လိုက်၏။
''ကျွန်တော့်မှာ တခြား သဲလွန်စတွေ မရှိတော့ပါဘူး၊ ခင်ဗျားတို့ ဆက်ပြီးလုပ်ကြပါ"
ရှန့်ချန့်ယန်က အံ့သြသွားပြီး မေးလိုက်၏။
"ဒါလေးပဲလား"
ဟိုင်ရိ: "ဟုတ်တယ်လေ တော်တော်လေး ရှင်းသွားပါတယ်"
ရွှယ်ချွမ်းသည် လူမဟုတ်ဟု တထစ်ချ ပြောရန် မဖြစ်နိုင်သော်လည်း၊ ပြင်ပရှိ ချယ်ရီပင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်မှု ရှိနေသည်မှာ သေချာသည်။ သူတို့ငယ်စဉ်က သင်ယူခဲ့ရသော ကဗျာထဲရှိ ဇာတ်လမ်းသည် ချယ်ရီပင်အောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ သူမ၏ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်ရုံဖြင့် မှန်ထဲတွင် ချယ်ရီပင်ကို မြင်တွေ့နိုင်သည်။
ဟိုင်ရိသည် ရှေ့သို့တက်၍ လူတစ်ဦးတစ်ယောက်ကို မကောင်းပြောဆိုကာ လူသိရှင်ကြား ပြဿနာများ ဖန်တီးလိုစိတ် မရှိပေ။ သူသည် အမျိုးသမီးများကို သဘာဝအားဖြင့် ရိုသေလေးစားသောကြောင့် ထိုအကြောင်းအရာကို ပေါ့ပေါ့ပါးပါးသာ ပြောဆိုခဲ့ခြင်းဖြစ်၏။
လူတိုင်းက သူတို့၏ သက်သေအထောက်အထားများကို ထုတ်ပြလာပြီး အချိန်ကိုက်ဖြစ်ချိန်မှ ဤကိစ္စအား ပြန်လည်ဆွေးနွေးလျှင်လည်း နောက်မကျပါပေ။
ရှန်းရှင့်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ လက်ကိုမြှောက်၍ ပြောလာ၏။
"ကျွန်မ အခန်း ၂ ကို ရှာခဲ့ပါတယ်၊ အဲဒါက ချန်ဇယ်ရဲ့ အခန်း၊ ရှင့်ဇီနဲ့ စေ့စပ်ထားသူရဲ့ အခန်းပါ"
ထိုအခြင်းအရာသည် အမျိုးသမီးအုပ်စုဘက်မှ ပြန်လည်ခြေပလိုက်ခြင်းမျိုးပင်ဖြစ်၏။
ဖျင်ကျယ့် : "ဘာသဲလွန်စတွေ တွေ့ခဲ့လဲ"
ရှန်းရှင့် : "ရှင့်ဇီဆီကို ရေးထားတဲ့ စာတစ်စောင် တွေ့ခဲ့တယ်၊ အဲ့ဒီစာထဲမှာ ရှင့်ဇီကို အဲဒီညက သင်္ဘောပေါ်ခေါ်ပြီး ထွက်ပြေးချင်တယ်လို့ ရေးထားတယ်.. ချန်ဇယ်၊ ရှင် ဘာလို့ ထွက်ပြေးချင်တာလဲ.. ရှင် တစ်ယောက်ယောက်ကို သတ်ခဲ့တာလား"
ချန်ဇယ် : "သေဆုံးသွားတဲ့သူက ကိုယ့်ရဲ့ စေ့စပ်ထားသူကို အနိုင်ကျင့်ခဲ့လို့ပါ။ ဒါကြောင့် ကိုယ် သူ့ကို ခေါ်ပြီး ထွက်သွားချင်တာ။ ကိုယ့်ရဲ့ စေ့စပ်ထားသူက ဒီအကြောင်းကို သက်သေပြနိုင်ပါတယ်"
စေ့စပ်ထားသူ ရှန့်ချန့်ယန် : "မှန်တယ် လောင်ကုန်း"
ထိုအခါ လူတိုင်း ရယ်မောကြပြီး ရှန့်ချန့်ယန်က ရှင်းပြလာသည်။
"ကျွန်တော်က ထွက်သွားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊ သူက ကျွန်တော့်ကို ခေါ်သွားချင်တာ၊ အဲဒါကြောင့်ပဲ ကျွန်တော်တို့ စကားများပြီး ဆက်ဆံရေး ပြတ်သွားတာပါ"
ရွှယ်ချွမ်းက မေးမြန်းလာသည်။
"ဒါဆို ဘာလို့ ရှင် မထွက်သွားခဲ့တာလဲ"
ရှန့်ချန့်ယန် : ''ကျွန်တော့်ညီမလေးကို အရမ်းချစ်ပြီး သူ့(မ)ကို မထားခဲ့နိုင်တာမလို့ပါ''
ထိုစဉ် ဟိုင်ရိသည် ရုတ်တရက် အတွေးတစ်ခု ရလိုက်ကာ မေးလိုက်၏။
"မင်းရဲ့ ညီမလေးကို ဘယ်မှာ မြှုပ်ထားတာလဲ"
ရှန့်ချန့်ယန်က ပြုံး၍ ဖြေလိုက်သည်။
"ချယ်ရီပင်အောက်မှာ"
ဟိုင်ရိ : ....
ဟိုင်ရိသည် ရွှယ်ချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ ရွှယ်ချွမ်းကလည်း သူ့ကို ပြန်ကြည့်နေ၏။
ရွှယ်ချွမ်း သူ့ကို ကြည့်သည့် အဓိပ္ပာယ်ကို ဟိုင်ရိ မည်သို့မျှ နားမလည်နိုင်ဖြစ်နေသည်။
ရွှယ်ချွမ်း၏ အကြည့်နောက်ကွယ်က အဓိပ္ပာယ်ကား အဘယ်နည်း။ သေဆုံးသူနှင့် ရွှယ်ချွမ်းကြားက ဆက်စပ်မှုကား အဘယ်နည်း။
ဟိုင်ရိသည် ကန့်သတ်ချက်များဖြင့် ဇာတ်လမ်းများ ကစားခြင်းကို မနှစ်သက်ပေ။ ချစ်သူများ၏ ကာရိုက်တာများသည် တာဝန်များတွင် မကြာခဏဆိုသလို တွေ့ရပြီး၊ ထိုလူနှစ်ဦးသည် အချင်းချင်း အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ကာ တစ်ဦးက လူသတ်သမားဖြစ်ပြီး ကျန်တစ်ဦးက အပေါင်းအပါအဖြစ်ဖြင့်၊ နှစ်ဦးထဲမှ မည်သူသည် လူသတ်သမားဖြစ်ကြောင်း မည်သူမျှ မဆုံးဖြတ်နိုင်စေရန် အနှောင့်အယှက်များ ဖန်တီးလေ့ရှိသည်။
ထိုကဲ့သို့သော ကိစ္စများတွင် သူ၏ဂိမ်းအတွေ့အကြုံမှာ အလွန်ညံ့ဖျင်းသည်။ ရှန့်ချန့်ယန်၏ ကာရိုက်တာနှင့် ချန်ဇယ်၏ ကာရိုက်တာသည် ထိုသို့သော အခြေအနေမျိုးတွင် ရှိနေနိုင်ဖွယ် အလွန်မြင့်မား၏။
ထိုအချက်တွင် ဟိုင်ရိသည် နောင်တ အနည်းငယ်ရမိသည်။ အကယ်၍ သူသာ စောစီးစွာ သိခဲ့ပါက ချန်ဇယ်၏ ကာရိုက်တာကို ရွေးချယ်ခဲ့မည်ဖြစ်၏။ အနည်းဆုံးတော့ ရှန့်ချန့်ယန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပေသည်။ မဟုတ်ပါက၊ ချန်ဇယ်သည် မည်သို့ကစားရမည်ကို သိမသိအား မသေချာသေးသော လက်ရှိအခြေအနေတွင် သူ၏သားက သေခြင်းတရားထဲသို့ ဆွဲချခံရမည်လား။
ဟိုင်ရိသည် သူ၏သားအား ဆုံးရှုံးရခြင်း၏ နာကျင်မှုကို တစ်ကြိမ် ခံစားခဲ့ပြီးဖြစ်ရာ၊ ထပ်မံ၍ ခံစားလိုစိတ် လုံးဝမရှိပေ။
ရှန်းရှင့် : "ချန်ဇယ်ရဲ့ အခန်းထဲမှာ ကြိုးလည်း ရှိတယ်။ သေဆုံးသူက ကြိုးဆွဲချ သေဆုံးတာဆိုတာ ရှင်တို့ သိကြတယ် မလား"
ရွှယ်ချွမ်းက ပြန်ပြောလိုက်သည်။
"မလိုအပ်ဘူး ညီမလေး"
ရွှယ်ချွမ်း : "သေဆုံးသူက ကြိုးဆွဲချ သေဆုံးတာ မဟုတ်တာလည်း ဖြစ်နိုင်တယ်။ သူ့လည်ပင်းက ကြိုးရာတွေက အလျားလိုက် ဖြစ်နေတယ်။ ကြိုးဆွဲချရာက ကျန်ခဲ့တဲ့ အမှတ်အသားတွေက အဲ့ဒီလို ညီနေဖို့ မဖြစ်နိုင်ဘူး။ သူတို့က ထောင့်ချိုး ဖြစ်သင့်တယ်"
ချန်ဇယ် : "ကြိုးက ရှင့်ဇီအတွက် ပြင်ဆင်ထားတာပါ၊ မင်းတို့ တွေ့သင့်တဲ့ မေ့ဆေးတွေနဲ့အတူပေါ့၊ ကိုယ် ရှင့်ဇီကို ဒီညမှာပဲ မေ့ဆေးတိုက်ပြီး သူ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ခေါ်သွားဖို့ စီစဉ်ထားခဲ့တာ"
'ရင်ထဲထိစရာပဲ'
ဟိုင်ရိက စိတ်ထဲမှ တွေးလိုက်မိသည်။
ရှန်းရှင့် : "ဒါပေမယ့် ရှင်က ကြိုးကို သုံးပြီးသွားပြီလေ၊ ဖြတ်ထားတဲ့ အရာတွေက သပ်ရပ်မနေဘူး"
ချန်ဇယ် : "မင်းက ဘယ်လို သိနိုင်တာလဲ၊ အဲဒါ သုံးပြီးသားလား မသုံးရသေးဘူးလားဆိုတာ ပြောနိုင်တာလား၊ ကိုယ် ဝယ်တုန်းကတည်းက အဲလိုပဲ ဖြစ်နေတာ"
ထိုနှစ်ဦးကြား တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပေါ်လာမည့် အရိပ်အယောင်ကို အာရုံခံမိသောအခါ ဟိုင်ရိက ဝင်ရောက်၍ ဖြတ်မေးလိုက်၏။
"တခြား သဲလွန်စတွေ ရှိသေးလား"
ရှန်းရှင့်က ဒေါသတကြီးဖြင့်
"မေ့ဆေးတစ်ဝက်ပဲ ရှိတော့တယ်၊ သူ သေဆုံးသူအတွက် သုံးခဲ့တာ ဖြစ်ရမယ်၊ ရှင့်ဇီ ရှင် သတိလစ်သွားသေးလား"
"အင်း"
ရှန့်ချန့်ယန်က ခေါင်းညိတ်လိုက်၏။
သူ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး၊ သူ့အကြည့်မှာ ရက်စက်လှသည်။
"သူ(မ)က ကျွန်တော့်ကို မေ့ဆေးတိုက်ခဲ့တယ်၊ ကျွန်တော် သုံးနာရီလောက် အိပ်ပျော်သွားပြီး နိုးလာတော့ ကျွန်တော့်အမေ ပျောက်သွားပြီ"
ရှန်းရှင့်တွင် ပြောစရာ စကားမရှိတော့ပေ။
ချန်ဇယ် : "မေးစရာ ရှိသေးလား"
ရှန်းရှင့်မှာ တိတ်ဆိတ်နေလေသည်။ အမျိုးသမီးနှစ်ဦး ရန်ဖြစ်ကုန်မည်ကို ဟိုင်ရိ စိုးရိမ်သဖြင့် အလျင်အမြန် မေးလိုက်သည်။
"အခန်း ၃ ကို ဘယ်သူရှာခဲ့လဲ"
ဖျင်ကျယ့်က ပြောလိုက်သည်။
"ငါပါ"
"ငါ ရှာခဲ့တဲ့ သတင်းထောက်ရဲ့ အခန်းအကြောင်း ပြောစရာ သိပ်မရှိပါဘူး။ သူ့ဆီမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သတင်းစာတစ်စောင် ရှိတယ်၊ အဲဒါက ယွိရှန့် သေဆုံးခဲ့တဲ့ အချိန်ကပေါ့"
သတင်းထောက် ဖုယွမ်သည် ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့ အချင်းချင်း သိကျွမ်းကြောင်း ထောက်ပြခဲ့သူဖြစ်၏။
သူက တည်ငြိမ်စွာပင် ....
"ကျွန်တော်က အဲ့ဒီသတင်းကို ရေးပြီး အဲ့ဒါကြောင့်ပဲ နာမည်ကြီးခဲ့တဲ့ သတင်းထောက်ပါ။ မနေ့က ကျွန်တော့်ဆီကို စာတစ်စောင် ရောက်လာတယ်၊ ဒီကိုလာဖို့ ပြောထားတာ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို နောက်ထပ် လုံးဝလှိုင်းဂယက်ထသွားစေနိုင်တဲ့ သတင်းကြီးတစ်ခု ရှိတယ်တဲ့။ အဲ့ဒါကြောင့် ကျွန်တော် ဒီကို လာခဲ့တာပါ"
ဖုယွမ်က ဆက်ပြောသည်။
"ကျွန်တော်က ဒီအလှည့်မှာ မပါပါဘူး။ ခင်ဗျားတို့ တကယ်တမ်းဆိုရင် ကျွန်တော့်ကို 'ရဲအရာရှိ တံဆိပ်' ပေးပြီး ထောင်ချောက်ဆင်ခံရတာကို ရှောင်လို့တောင် ရတယ်"
ရှန်းရှင့် : "ဒါပေမယ့် ရှင့်ရဲ့ ချစ်သူက သံသယဖြစ်စရာ ကောင်းတယ်"
ဖုယွမ်၏ အသံတွင် မကျေနပ်မှုများ ပါဝင်နေ၏။
"သံသယဖြစ်စရာ ကောင်းတယ်လား ခင်ဗျားကကော သံသယဝင်စရာမကောင်းလို့လား"
ဖျင်ကျယ့် : "အိုင်း.. ဘာရဲအရာရှိ တံဆိပ်လဲ၊ ငါတို့က ရဲအရာရှိဇာတ်လမ်းမျိုး ကစားနေတာ မဟုတ်ဘူးလေ... အခန်း ၄ ကို ဘယ်သူ ရှာခဲ့တာလဲ၊ ဒီနှုန်းနဲ့ ဆက်ငြင်းနေရင် မှောင်ကုန်တော့မှာပဲ"
ရွှယ်ချွမ်း : "ကျွန်မ အခန်း ၄ ကို ရှာခဲ့တာ၊ အဲဒါ ရှင့်ဇီရဲ့ အခန်း မဟုတ်လား"
ရှန့်ချန့်ယန်သည် ထမင်းစားပွဲရှေ့တွင် ခြေချိတ်ထိုင်ကာ ငါးကို တစ်ကိုက်စားပြီး ခေါင်းညိတ်လိုက်သည်။
ရွှယ်ချွမ်း : "ရှင့်မှာ အရုပ်တစ်ရုပ် ရှိလား"
ရှန့်ချန့်ယန်က ထမင်းများကို ပါးစပ်ထဲသို့ ထည့်ရင်း ပြန်ဖြေ၏။
"ဒါက ပုံမှန် မဟုတ်ဘူးလား၊ ကျွန်တော်က သနားစရာ ကောင်မလေးပါ"
စိတ်ပျော်ရွှင်စွာဖြင့် ဟိုင်ရိသည် ပန်းကန်လုံးကို ကောက်ယူကာ စားသောက်ပါတော့သည်။
ရွှယ်ချွမ်း : "အရုပ်က ရှင်ရဲ့ ဇာတ်ကောင်နဲ့ အရမ်းတူတယ်"
ရှန့်ချန့်ယန် : "အဲဒါ ကျွန်တော့်အမေက ကျွန်တော့်အစ်မ သေပြီးတဲ့နောက် ပုံစံတူ လုပ်ပေးထားတာ။ ကျွန်တော့်အစ်မ သေတာကို လက်မခံနိုင်လို့ နေ့တိုင်းငိုပြီး အရမ်းစိတ်ဆိုးနေခဲ့တာဆိုတော့ သူ လုပ်ပေးပြီး ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တာလေ"
ရွှယ်ချွမ်းက ခေါင်းညိတ်ကာ ခပ်မေး၏။
"ဒါဆို ရှင် ဘာလို့ ချန်ဇယ်နဲ့ စေ့စပ်စာချုပ်ကို ဆုတ်ဖြဲခဲ့တာလဲ၊ ရှင် သူ့ကို မုန်းလို့လား"
ရှန့်ချန့်ယန်သည် ဟင်းချိုတစ်ငုံသောက်ပြီး ထမင်းတစ်ဇွန်းမျိုချလိုက်သည်။ အရသာက မဆိုးဘူးလို့ ခံစားရသောကြောင့် နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်၏။
"ကျွန်တော် သူ့ကို မကြိုက်ရုံသက်သက်ပါ၊ သူက ကျွန်တော့်ကို မလုပ်ချင်တဲ့အရာတွေ အမြဲလုပ်ခိုင်းတယ်၊ ကျွန်တော်က အစ်မနဲ့ အတူနေပြီး စောင့်ရှောက်ချင်တာကို သူက ကျွန်တော့်ကို ထွက်သွားဖို့ အတင်း ခိုင်းနေတယ်လေ"
လူတိုင်းက ဒါဟာ အလွန် ယုတ္တိရှိသည့် ကိစ္စဟုပင်ခံစားမိကြသည်။
ရှန့်ချန့်ယန်သည် သူ၏ ပန်းကန်လုံးကို ချလိုက်သည်။
"ကျွန်တော် အခန်း ၅ ကို ရှာခဲ့တယ်၊ ဗိုလ်ချုပ် ဖျင်ကျယ့်ရဲ့ အခန်းပေါ့၊ သူက သေဆုံးသူနဲ့ အတူနေတာ၊ ပြီးတော့ ဒါက သေဆုံးသူ သေခဲ့တဲ့ အခန်းလည်း ဖြစ်တယ်၊ သေဆုံးသူ သောက်ခဲ့တဲ့ ဆေးထဲမှာ အဆိပ်ပါတယ်၊ အဆိပ်ကို တွေ့ပြီးတော့ ကျွန်တော့်ဖုန်းထဲမှာ နောက်ထပ် သဲလွန်စတစ်ခု ပေါ်လာတယ်၊ အဲဒါက အဆိပ်မိပြီး နှစ်နာရီအကြာမှာ သေဆုံးသူက သေသွားခဲ့တာတဲ့"
ဟိုင်ရိ : "သေဆုံးသူက အဲဒီဆေးကို သောက်ခဲ့တာလား"
''နည်းနည်းတော့လျော့သွားတယ်"
ရှန့်ချန့်ယန်က ဟင်းချိုသောက်ရင်း ပြော၏။
"သူ(မ) သောက်ခဲ့တာ ဖြစ်နိုင်တယ်"
ဟိုင်ရိသည် လူတိုင်း၏ မျက်နှာအမူအရာများကို လှည့်ပတ်ကြည့်ရှုသည်။ လူတိုင်း ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြ၏။ ရှန့်ချန့်ယန်လောက် ကောင်းမွန်စွာ စားနိုင်သူ တစ်ယောက်မှ မရှိတော့ပေ။ လူတိုင်းနီးပါး သူတို့၏ ပန်းကန်များကို မထိဘဲ ထားခဲ့ကြသည်။ ဟိုင်ရိကတော့ တော်တော်လေး စားပြီးနေပြီဖြစ်၏။ ထိုညတွင် ပြင်းထန်သည့် တိုက်ပွဲတစ်ခု သေချာပေါက် ရှိလာလိမ့်မည်ဖြစ်၏၊ သူ တစ်ခုခု စားထားသင့်ပေသည်။
ဤအလှည့်တွင် အဆိပ်ခတ်သည်ကို မည်သူမှ ဝန်ခံမှာ မဟုတ်ဘူးဆိုတာ သေချာ၏။ သူတို့၏ လက်ချက်နဲ့ သေဆုံးတာ မဟုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်၏၊ ထို့ကြောင့် နောက်ထပ် သဲလွန်စများ မပေါ်ပေါက်ခင်မှာ မည်သူမှ အဆိပ်ခတ်ခဲ့ကြောင်းကို စတင်ဝန်ခံမှာ မဟုတ်ပေ။
ရှန့်ချန့်ယန် : "ဖျင်ကျယ့်အခန်းရဲ့ ဘေးနားတွေနဲ့ ထောင့်တွေမှာ ခြောက်သွေ့နေတဲ့ သွေးရာတွေ အများကြီး တွေ့ခဲ့တယ်။ အဲဒါတွေက ဒီနေ့မတိုင်ခင်ကတည်းက ရှိနေတာ ဖြစ်နိုင်တယ်၊ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ခဲ့တာလား"
ဖျင်ကျယ့်က ခါးသက်သော အပြုံးဖြင့် ခေါင်းညိတ်သည်။
"မင်း မှန်မှန်ကန်ကန် ခန့်မှန်းနိုင်တာပဲ။ ငါလည်း လိမ်ဖို့ ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ငါနဲ့ သေဆုံးသူကြားမှာ ပဋိပက္ခနည်းနည်းက တကယ်ရှိခဲ့တယ်။ သူက သူ့ရဲ့ သေသွားတဲ့ သမီးအကြောင်းကို မမေ့နိုင်ဘဲ အမြဲတမ်း ပြောနေခဲ့တာလေ၊ ငါ မခံနိုင်တော့ဘူး"
"အဲတာက အမှန်မဟုတ်နိုင်ဘူး"
ရှန့်ချန့်ယန်က အစာစားနေရင်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျား သူ(မ)ကို သတ်ချင်ခဲ့တာ မလား၊ သူ(မ) ဖောက်ပြန်နေတယ်ဆိုတာ ခင်ဗျားသိနေခဲ့တယ်"
ဖျင်ကျယ့် : "မင်းမှာ အဲဒါရဲ့ သက်သေရှိလား"
ရှန့်ချန့်ယန် : "သေဆုံးသူရဲ့ ဒိုင်ယာရီက အခန်းထဲမှာ ရှိတယ်၊ အားနဲ့ ဖွင့်ခံထားရတာ.... ခင်ဗျား မြင်ဖူးတယ်မလား"
ဖျင်ကျယ့် : "ဒါပေမယ့် ငါ သူ(မ)ကို သတ်ချင်ခဲ့တာ မဟုတ်ဘူး၊ ငါ သူ့ကိုပဲ သတ်ချင်ခဲ့တာ..."
ပြောရင်းဖြင့် လက်ဆန့်ကာ ဟိုင်ရိကို လက်ညှိုးထိုးပြလိုက်သည်။
"သူ့(ဟိုင်ရိ)ကိုယ်ပေါ်က ဒဏ်ရာတွေက ငါလုပ်ခဲ့တာ.. ငါဘာမှ ထပ်ပြောစရာ မလိုပါဘူး၊ ငါ့ဇနီးကို ငါခံစားချက်ရှိတယ်၊ သူ(မ)ကို သတ်ချင်တာ မဟုတ်ဘူး။ ငါက သူ(မ)ချစ်သူကို သတ်ပစ်လိုက်မှပဲ သူ(မ) သူ့(ဟိုင်ရိ)အပေါ် စိတ်ပြတ်သွားမှာ"
🌟🌟🌟