Chapter 3
နေမင်းကြီး တဖြည်းဖြည်း နိမ့်ဆင်းလာသည်နှင့်အမျှ
ကောင်းကင်ယံတစ်ခုလုံး မီးပမာ နီရဲ တောက်လောင်နေ၏။
သုံးနာရီခန့် ကြာပြီးနောက် ရှချန်းချန်းသည်
ကျန်းချန်မြို့၌ နာမည်အကြီးဆုံးဖြစ်သော တိဟောင်ကလပ်သို့ ရောက်ရှိလာသည်။
ဤနေရာသည် အဖွဲ့ဝင်စနစ်ဖြင့်သာ ဝင်ရောက်နိုင်သော
နေရာဖြစ်ပြီး၊ လာရောက်သုံးစွဲသူ အများစုမှာ စီးပွားရေးလောကမှ
ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ကလပ်၏ လျှို့ဝှက်ထိန်းသိမ်းမှုသည်
အလွန်မြင့်မားရာ၊ ထိုပုဂ္ဂိုလ်ကြီးများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို
ဤနေရာတွင် ဆွေးနွေးကြရင်း အဆင့်မြင့် ဝန်ဆောင်မှုများကို ခံစားကြပေသည်။
မည်သူမျှ မသိသော လျှို့ဝှက်ချက်များသည်လည်း
ဤနေရာတွင် မကြာခဏ ပေါ်ပေါက်တတ်သည်။
“မင်း ဝင်လို့မရဘူး”
စနစ်က ကျောခိုင်းကာ မှန်ဖြင့်ကြည့်ကာ
မိတ်ကပ်လိမ်းနေသော ရှချန်းချန်းကို ပြောလိုက်သည်။ “တိဟောင်ရဲ့ လုံခြုံရေးက အရမ်း
ကောင်းတယ် မင်းလို့ Paparazziကများ ဝင်လို့ရမယ်ထင်နေလား!”
ရှချန်းချန်းသည် စနစ်ကို ဂရုမပြုဘဲ သူမ၏
ဖြူဖွေးသော မျက်နှာပေါ်တွင် အနက်ရောင်အမှုန့်တစ်ထပ် လိမ်းလိုက်သည်။ ထို့နောက်
ဆံပင်တိုအတုနှင့် လက်ဖြူအိတ်ကို ဝတ်ဆင်၍ တန်ဖိုးနည်းသော ဝတ်စုံတစ်စုံကို
ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူမသည် ယောက်ျားလေး စားပွဲထိုးတစ်ဦးအဖြစ် ရုတ်တရက်
ပြောင်းလဲသွားချေပြီ။
ထိုအချိန်တွင် ဇိမ်ခံကားတစ်စီးသည် ကလပ်အဝင်ဝတွင်
ခန့်ခန့်ညားညား ရပ်တန့်လိုက်သည်။
ရှချန်းချန်းသည် ထိုဇိမ်ခံကားနောက်သို့
လျင်မြန်စွာ လျှောက်သွားပြီး ခါးကို ကိုင်းညွတ်၍ ကားတံခါးကို ဖွင့်ပေးလိုက်သည်။
ကားပိုင်ရှင်သည် ကားပေါ်မှ ဆင်းလာပြီး
ရှချန်းချန်း၏ ဦးဆောင်မှုအောက်တွင် ကလပ်ထဲသို့ ဝင်ရောက်သွား၏။
ကားပိုင်ရှင်သည် ရှချန်းချန်းကို လုံးဝမကြည့်ပေ။
သူ၏မျက်လုံးထဲတွင် သူ(မ)သည် ကားတံခါးဖွင့်ပေးရန်နှင့် ကားရပ်ပေးရန်သာ တာဝန်ရှိသော
ဝန်ဆောင်မှုပေးသည့် စားပွဲထိုးငယ်တစ်ဦးမျှသာ ဖြစ်ပေသည်။
ကလပ်၏ လုံခြုံရေးဝန်ထမ်းများသည်လည်း
ရှချန်းချန်းကို သတိမပြုမိကြ။ သူ(မ)သည် ဧည့်သည်၏ နောက်ကွယ်မှ တင်းတင်းကျပ်ကျပ်
လိုက်ပါလာသည်ကို ကြည့်ခြင်းအားဖြင့် ဧည့်သည်၏ ယာဉ်မောင်း သို့မဟုတ် လက်ထောက်တစ်ဦး
ဖြစ်မည်ဟု တွေးထင်ကြပေသည်။
ရှချန်းချန်းသည် ကားပိုင်ရှင်၏ နောက်ကွယ်မှ
လိုက်ပါသွားပြီး ကလပ်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားသည်။
စနစ် : “...”
ကလပ်ထဲသို့ ဝင်ရောက်ပြီးနောက် ရှချန်းချန်းသည်
အမျိုးသမီးသန့်စင်ခန်းသို့ ချက်ချင်းဝင်ရောက်၍ ကလပ်ရှိ
အမျိုးသမီးဝန်ထမ်းအဝတ်အစားကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
သူမသည် မိတ်ကပ်များကို ထပ်မံလိမ်းကျံလိုက်ပြီး
သူမ၏ ထူးခြားလှပသော မျက်နှာကို ဖုံးကွယ်ကာ သာမန်ရိုးရိုး မျက်နှာတစ်ရပ်အဖြစ်
ပြောင်းလဲပစ်လိုက်သည်။
ထို့နောက် ရှချန်းချန်းသည် သန့်စင်ခန်းမှ
ထွက်လာပြီး အနားယူစားပွဲပေါ်ရှိ ဝန်ဆောင်မှုပေးသည့် ဗန်းတစ်ချပ်ကို ကောက်ယူလိုက်သည်။
ထိုဗန်းပေါ်တွင် မည်သည့်နေရာမှ ရောက်လာသည်မသိသော ခွက်ရှည်နှစ်ခွက်ကို တင်လိုက်၏။
သူမ၏ လှုပ်ရှားမှုများသည် ရေစီးသလို ပီပီပြင်ပြင်ရှိလှပြီး အလွန် ကျွမ်းကျင်လှသည်။
စနစ်က အံ့အားသင့်သွားသည်။ “Host၊ မင်း အရင်ဘဝက… CIA agent များဖြစ်ခဲ့တာလား?”
“လာပြောင်နေတာလား?”
ရှချန်းချန်းက စနစ်ကို စိတ်ထဲမှ ပြန်ဖြေလိုက်သည်။
“ငါက Paparazziတစ်ယောက်ပါပဲ!”
စနစ် : “...”
မင်းတို့ကမ္ဘာက Paparazzi ရဲ့ စံနှုန်းတွေက ဒီလောက် မြင့်တာလား?
လျှို့ဝှက်ဝင်ရောက်ပြီးနောက် ရှချန်းချန်းသည်
ကလပ်ထဲတွင် ပစ်မှတ်ကို ချက်ချင်း ရှာဖွေတော့သည်။
ဝတ္ထုထဲတွင် တိဟောင်ကလပ်သည် ကျင်းဟန်နှင့် သူမ၏
ငွေထောက်ပံ့သူ တွေ့ဆုံရာ အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး၊ ဇာတ်လမ်း
အဆုံးပိုင်းရောက်သောအခါ ကျိကျင်းဟန်တွင် ငွေထောက်ပံ့သူရှိကြောင်း ဖော်ထုတ်ခံရပြီး
သူမ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်ခဲ့သည်။
ထိုအချိန်က ဖော်ထုတ်ခဲ့သော ဓာတ်ပုံများသည်
ကျိကျင်းဟန်နှင့် သူမ၏ စပွန်ဆာတို့ တိဟောင်ကလပ်တွင် တွေ့ဆုံနေသော ပုံများပင်
ဖြစ်သည်။
ရှင်းနေသည်မှာ ဝတ္ထုထဲက Paparazziသည် ကလပ်ထဲသို့ လျှို့ဝှက်ဝင်ရောက်နိုင်စွမ်း
မရှိခဲ့သော်လည်း၊ ရှချန်းချန်း ဖောက်ထွင်းဝင်ရောက်ခဲ့လေပြီ။
“မင်းက ကျိကျင်းဟန်ရဲ့ အရှုပ်တော်ပုံ
ဓာတ်ပုံတွေကို ရိုက်ချင်တာလား” ဟု စနစ်က ရှချန်းချန်း၏ ရည်ရွယ်ချက်ကို
နားလည်သွားသည်။ “ဒါပေမဲ့ ဒီနေ့ သူတို့ ကလပ်ကို လာမယ်ဆိုတာ မင်း ဘယ်လိုများ
သေချာတာလဲ?”
ဝတ္ထုထဲက ဖော်ထုတ်တဲ့ ရက်စွဲအတိုင်းဆိုရင်တောင်
ဒါက လအနည်းငယ်ကြာမှ ဖြစ်လာမယ့် ကိစ္စပင်။
“သူတို့ ဒီနေ့ လာမှာ သေချာတယ်”
ရှချန်းချန်းသည် ဗန်းကို ကိုင်ဆောင်၍
ဧည့်သည်များကြားတွင် လှည့်လည်သွားလာရင်း “မင်းမေ့နေပြီလား၊ ဝတ္ထုထဲမှာ
ကျိကျင်းဟန်က သူ့စပွန်ဆာကို ဘာလို့ သွားရှာတာလဲဆိုတာ?”
စနစ်က ဝတ္ထုကို ချက်ချင်း လှန်လှောကြည့်လိုက်သည်။
“ကျိကျင်းဟန်နဲ့ နာမည်ကြီး မင်းသမီးလေး လုယန်ရန်တို့ အဆင်မပြေဖြစ်ပြီး၊ လုယန်ရန်က
အင်တာနက်မှာ သူ့ကို အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်။ အဲဒီအတွက် အကြောင်းပြချက်က
လုယန်ရန်က သူ့ကို ပါးရိုက်ခဲ့တာပဲ…”
ပါးရိုက်တယ်?
စနစ်က ချက်ချင်း သဘောပေါက်သွားသည်။ “Host!
ဒါဆို မင်း ဒီနေ့ ကျိကျင်းဟန်ကို
ပါးရိုက်လိုက်တာက!”
“Bingo!” ရှချန်းချန်းက “ကျိကျင်းဟန်ရဲ့
အငြိုးအတေးကြီးတဲ့ စိတ်နေစိတ်ထားအရ သူ ငါ့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး! ဒါက
ဝတ္ထုထဲက ဇာတ်ကွကမကို ဆွဲဆောင်လိုက်တာ မဟုတ်လား?”
စနစ်က မျက်လုံးများ ပြူးကျယ်သွားသည်။ Host…
မိုက်လိုက်တာ!
ဆယ်မိနစ်အကြာတွင် ရှချန်းချန်းသည်
ကျိကျင်းဟန်နှင့် သူမ၏ စပွန်ဆာကို ရှာတွေ့ခဲ့သည်။
နှစ်ဦးသားသည် ကလပ်၏ ဗဟိုဧည့်ခန်း၏
ဒုတိယထပ်ထောင့်တစ်နေရာတွင် မှီတွယ်နေကြပြီး၊ သတ်မှတ်ထားသော စားပွဲထိုးများကိုသာ
အနားကပ်ခွင့် ရပေသည်။
ရှချန်းချန်းသည် ဗန်းကို ကိုင်ဆောင်၍ ဧည့်ခန်း
ပထမထပ်တွင် ရပ်နေရင်း၊ သူမ၏ အိတ်ကပ်ထဲရှိ ကင်မရာအပေါက်ငယ်ကို နေရာချလိုက်သည်။ မှန်ဘီလူးသည်
ဘောင်းဘီအပေါက်ငယ်မှတစ်ဆင့် ကျိကျင်းဟန်နှင့် သူမ၏ စပွန်ဆာတို့ မှီတွယ်နေသော
ပုံများကို ရိုက်ကူးနေ၏။
ကံမကောင်းစွာဖြင့် နေရာနှစ်ခုကြား အကွာအဝေး
အလွန်ဝေးကွာလှပြီး ကျိကျင်းဟန်၏ မျက်နှာကို ဝါးတားတားသာ မြင်နေရသည်။
ရှချန်းချန်းက ပတ်ပတ်လည်ကို အကဲခတ်လိုက်ပြီး
တည်ငြိမ်စွာပင် ဒုတိယထပ်သို့ တိုးကပ်သွားသည်။
စနစ်က အချက်ပေးသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “Host!
မသွားနဲ့! ဟိုဘက်က ကလပ်ရဲ့ VIP ဧရိယာ! မိသွားလိမ့်မယ်!”
စကားသံဆုံးသည်နှင့် သူမ၏ နောက်ကွယ်မှ
ခန့်ခန့်ညားညား ဝတ်ဆင်ထားသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ရှချန်းချန်းကို
သတိပြုမိသွားသည်။ မျက်မှောင်ကြုတ်ကာ “ရှေ့က စားပွဲထိုးလေး၊ မင်း ဘယ်ဧရိယာကလဲ၊ ငါ
မင်းကို တစ်ခါမှ မမြင်ဖူးဘူးနော်”
ရှချန်းချန်း ချက်ချင်း ရပ်တန့်သွားသည်။
“သွားပါပြီ! သွားပါပြီ!”
စနစ်က ကြောက်လန့်တကြား တုန်ယင်နေ၏။
“ဒီအမျိုးသမီးက ကလပ်ရဲ့ မန်နေဂျာ၊ ဂန်းစတားတစ်ဝက်နော် ! သူက အရမ်း ရက်စက်တာပဲ!
သံသယရှိတဲ့ စားပွဲထိုးကို တွေ့တာနဲ့ ချက်ချင်း လက်တွေ ဖြတ်ပစ်မှာ! မင်းကို Paparazziမှန်း သိသွားရင်တော့ ဒီကနေ အရှင်လတ်လတ်
ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး!”
ရှချန်းချန်းသည် ညင်သာစွာ ပြုံးလိုက်ပြီး
လှည့်ကြည့်လိုက်ရာ အမျိုးသမီး၏ ရင်ဘတ်ပေါ်ရှိ နာမည်ကတ်ကို မြင်လိုက်ရသည်။
—လင်ဂျူအန်း
“ကျဲလင် ညီမက မီးဖိုချောင်က အသစ်ရောက်လာတဲ့
စားပွဲထိုးပါ”
ဟု ရှချန်းချန်းက လင်ဂျူအန်း၏ လက်မောင်းကို
ချစ်စနိုးဆွဲကိုင်ရင်း ပြောသည်။ “ကျဲက အလုပ်ရှုပ်နေတော့ ညီမကို မမှတ်မိတာ
မဆန်းပါဘူးနော်”
လင်ဂျူအန်းသည် ထိုစကားများကို လုံးဝ လက်မခံဘဲ
ရှချန်းချန်းကို တွန်းဖယ်လိုက်သည်။ “မင်းရဲ့ ဝန်ထမ်းကတ် ပြ!”
ရှချန်းချန်းသည် မျက်နှာမပြောင်းလဲဘဲ၊ သူမ၏
အိတ်ကပ်ထဲမှ ဝန်ထမ်းကတ်ကို အေးအေးဆေးဆေး ထုတ်ယူပြီး လင်ဂျူအန်းအား
ကမ်းပေးလိုက်သည်။
“မင်း ဝန်ထမ်းကတ်တောင် ပြင်လားတာလား။
ဘယ်တုန်းက ပြင်လိုက်တာလဲ ငါတောင် ဘာမှ မသိလိုက်ဘူး”
စနစ်က အလွန်အံ့ဩသွားပြီး၊ သူမ၏ နောက်ကျောမှ
ဝန်ထမ်းကတ်ကို ဖုံးအုပ်ထားသော ကတ်အဖုံးကို Ai ဉာဏ်ရည်တုဖြင့်
စကန်ဖတ်ကြည့်လိုက်သည်။
စကန်ဖတ်မှုရလဒ်သည် သူ့၏ Ai ဉာဏ်ရည် မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး၊ စနစ်သည်
ချက်ချင်း ထိုနေရာတွင် မှင်တက်သွား၏။ ထိုကျောခိုင်းထားသော ဝန်ထမ်းကတ်သည်
ရှချန်းချန်း၏ စတား ဖျော်ဖြေရေးကုမ္ပဏီ၏ ဝင်ခွင့်လက်မှတ် ဖြစ်နေသည်ကိုး!
လင်ဂျူအန်းသည် ဝန်ထမ်းကတ်၏ မျက်နှာပြင်ကို
လှန်ကြည့်တော့မည့်အချိန်တွင် ရှချန်းချန်း၏ မျက်နှာပေါ်တွင်
ပြုံးယောင်သန်းနေဆဲပင်။
ထိုအချိန်တွင် ဝီစကီနှင့် ရေခဲကို
ကိုင်ဆောင်ထားသော ဖောက်သည်တစ်ဦးသည် လူနှစ်ဦးအနီးမှ ဖြတ်လျှောက်လာခဲ့သည်။
ရှချန်းချန်းသည် အပေါ်ယံသာ တည်ငြိမ်နေသော်လည်း၊
အောက်ခြေ၌ လျင်မြန်စွာ ခြေထောက်ကို ရွှေ့လိုက်ပြီး ဖောက်သည်ကို ခလုပ်တိုက်
လဲကျစေတော့သည်။
“အား…!”
ဖောက်သည်သည် လင်ဂျူအန်းနှင့် မတိုက်မိအောင်
ထိန်းထားလိုက်ရာ ဝီစကီများ လင်ဂျူအန်း၏ ကိုယ်ပေါ်သို့ ပေပွကုန်တော့သည်။
တုန်လှုပ်နေစဉ်တွင် ဝီစကီ၊ ရေခဲနှင့်
ဝန်ထမ်းကတ်များ အားလုံး မြေကြီးပေါ်သို့ ပြုတ်ကျကုန်သည်။
ရှချန်းချန်းသည် လက်မြန်ခြေမြန်ဖြစ်ရာ၊
တစ်လှမ်းတည်းနှင့် ဝန်ထမ်းကတ်ကို နင်းလိုက်သည်။ ထို့နောက် ဖောက်သည်ကို
ပုံမှန်အတိုင်း ပြန်လည် ထူမပေးရင်း “ဆရာ၊ အဆင်ပြေရဲ့လား?”
သူမသည် ဖောက်သည်ကို ကူညီထူမပေးနေစဉ်တွင်
အခြားတစ်ဖက်လက်ဖြင့် ဝန်ထမ်းကတ်ကို လျင်မြန်စွာ ကောက်ယူ၍ သူမ၏ အိတ်ကပ်ထဲသို့
ထိုးထည့်လိုက်၏။
လင်ဂျူအန်းသည်လည်း တုန်လှုပ်စွာဖြင့်
ထရပ်လိုက်ပြီး မြေကြီးပေါ်ရှိ ရှုပ်ထွေးမှုများကို ဂရုမပြုဘဲ ဖောက်သည်အား
ချက်ချင်းပင် ခေါင်းငုံ့တောင်းပန်လိုက်သည်။ “ဆရာ! တောင်းပန်ပါတယ်! ဒီနေရာက
ကြမ်းပြင်က မညီတာကြောင့် လဲကျသွားတာ ဖြစ်နိုင်ပါတယ် ကျွန်မ အနူးအညွန့်
တောင်းပန်ပါတယ်!”
ဖောက်သည်ကလည်း ကောင်းကောင်းမွန်မွန်
ပြောတတ်သူဖြစ်ရာ၊ လက်ကို ဝှေ့ယမ်းပြပြီး “ဘာမှ မဖြစ်ပါဘူး၊ ခြေထောက်
နည်းနည်းခိုက်မိရုံပါ”
“ခြေထောက်လေး နည်းနည်းခိုက်မိတာ
မဖြစ်နိုင်ထင်တယ်နော်?” ဟု စနစ်က တိတ်တိတ်လေး ပြောလိုက်သည်။ ကလပ်၏
ဧည့်ခန်းကြီးမှ မီးရောင်က မှိန်ပြပြရှိနေ၍ ရှချန်းချန်း၏
ထိုခြေထောက်လှုပ်ရှားမှုကို မည်သူမျှ မမြင်လိုက်ကြပေ။ သို့သော်လည်း သူမက ရက်စက်စွာ
ထိုးသွင်းလိုက်သည်ဖြစ်ရာ၊ လင်ဂျူအန်းကို တိုက်မိလျှင်ပင် မြေကြီးပေါ်သို့
ပြုတ်ကျပြီး သွားများကျွတ်ထွက်သွားနိုင်သည်ပင်။
ရှချန်းချန်းသည် ဖောက်သည်ကို အလွန်ရင်းနှီးစွာ
ကူညီထူမပေးရင်း “ဆရာက၊ ဒုတိယထပ်က VIP မှာပါ၊
ကျွန်မ ကူညီပြီး ပြန်ပို့ပေးပါ့မယ်နော်”
ဖောက်သည်သည် မူလက လက်တွန့်ဆုတ်နေသော်လည်း၊
ခေါင်းကို မော့ကြည့်လိုက်ရာ သူ့ဘေးနားရှိ လှပသော အမျိုးသမီးငယ်ကို
မြင်လိုက်သည်နှင့် နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာတော့သည်။
ရှချန်းချန်း၏ မိတ်ကပ်က မျက်နှာအလှကို အသင့်အတင့်
ဖုံးကွယ်ထားရာ သူမ၏ မျက်နှာအလှသည် အံ့မခန်း မဖြစ်တော့ပေ။ သို့သော်လည်း သူမ၏ ရိုးရှင်းသော
ချစ်စဖွယ် အလှသည် ခေတ်ပေါ် ခွဲစိတ်ပြုပြင်ထားသော မျက်နှာများ ပြည့်နှက်နေသော
လက်တွေ့ဘဝတွင် အသုံးဝင်လှပေသည်။
ဖောက်သည်၏ မျက်လုံးများက မှေးမှိန်သွားပြီး
ရှချန်းချန်အား ကိုယ်တိုင် ထူမခွင့်ပြုလိုက်သည်။ “ကောင်းပြီ၊ ငါ့ကို
အပေါ်ပို့ပေးပါ!”
ရှချန်းချန်းသည် ဖောက်သည်ကို ဒုတိယထပ်သို့
ထူမပေးသွားရာ၊ သူမ၏ ဘေးနားတွင် ကျိကျင်းဟန်သည် သူမ၏ စပွန်ဆာနှင့် ချစ်ချစ်ခင်ခင်
ရင်းနှီးစွာ နေနေသည်ကို တွေ့ရ၏။
စပွန်ဆာသည် အသက်ငါးဆယ်ခန့်ရှိပြီး၊ ဝတုတ်နေသော
ကိုယ်ခန္ဓာနှင့် ဗိုက်ပူတစ်လုံး ရှိနေသည်။ သူသည် အသက်ပြင်းပြင်း ရှူရင်း ကျိကျင်းဟန်ကို
ပွေ့ဖက်ထားသည်။
“သူ ကျောက်ကပ် မကောင်းဘူး ထင်တယ်” ဟု စနစ်က
မှတ်ချက်ချသည်။ “ကျိကျင်းဟန်နဲ့ တစ်ညအိပ်ပြီးရင် သူလည်း တော်တော်
ပင်ပန်းသွားလိမ့်မယ်!”
ရှချန်းချန်း၏ အာရုံစိုက်မှုက ဤနေရာတွင် မရှိပေ။
သူမသည် ဖောက်သည်ကို ထူမပေးနေရင်း၊ တစ်ချိန်တည်းမှာပင် သူမ၏ အိတ်ကပ်ထဲမှ
ကင်မရာအပေါက်ငယ်ဖြင့် လူနှစ်ဦး၏ ရင်းနှီးသော မြင်ကွင်းကို လျင်မြန်စွာ
ရိုက်ကူးနေသည်။ လူနှစ်ဦး၏ မျက်နှာများကို ရှင်းလင်းစွာ ရိုက်ကူးပြီးမှသာ
ရှချန်းချန်းက တရားဝင် အောင်မြင်ကြောင်း ကြေညာလိုက်သည်။
ဖောက်သည်သည် ရှချန်းချန်းနှင့် ပိုမိုနက်ရှိုင်းသော
ကစားနည်းကို ကစားလိုသဖြင့် သူမကို ဆွဲထားပြီး လွှတ်မပေးပေ။
ရှချန်းချန်းက ပြုံးရွှင်စွာ ဖောက်သည်၏
နှာခေါင်းကို ညင်သာစွာ ကုတ်လိုက်ပြီး ချစ်စနိုးနှင့် မရေမရာ အသံဖြင့် “အိုး၊
အစ်ကိုလေး၊ ဂိမ်းဆော့ချင်လား?”
သူမ၏ နူးညံ့သောအသံကို ကြားပြီး စနစ်ပင် စိတ်လှုပ်ရှားသွားတော့သည်။
ကယ်ပါဦး! ဒီHostက
ပြည့်တန်ဆာအိမ်ကများ ထွက်လာတာလား မသိဘူး!”
ဖောက်သည်၏ စိတ်ဝင်စားမှု ချက်ချင်း ထကြွလာသည်။
“မင်း ဘာကစားချင်တာလဲ?”
“ဘေးကတစ်ယောက်က ကျွန်မရဲ့ ကျဲလေ” ဟု ရှချန်းချန်းက
ဘေးနားရှိ ကျိကျင်းဟန်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ “ကျွန်မတို့
လေးယောက်ပေါင်းပြီး ဂိမ်းကစားလို့ရတယ်~ ပိုပြီး
စိတ်ဝင်စားစရာဖို့ ကောင်းမှာ!”
မှိန်မှိန်ထိန်ထိန် မီးရောင်အောက်တွင် ဧည့်သည်သည်
ကျိကျင်းဟန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ လှပသော အမျိုးသမီးတစ်ဦး
ဖြစ်နိုင်သည်ဟုသာ ဝေဝါးစွာ ခန့်မှန်းနိုင်ခဲ့သည်။
“သူတို့… သဘောတူပါ့မလား?” ဖောက်သည်၏ အမူအရာက တုန်လှုပ်နေသော်လည်း
စကားပြောဟန်က စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဟု ရှချန်းချန်းက
မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း ပြောသည်။ “ကျွန်မတို့ ဒီလို အမြဲတမ်း
ကစားနေကျပါ! ခဏလေး စောင့်နော်၊ ကျွန်မ သူ့ကို သွားပြောလိုက်မယ် အဲ့အခါကျ အစ်ကိုလေး
တိုက်ရိုက် လာခဲ့လိုက်တော့! မိန်းမလှလေး နှစ်ယောက် ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ ပျော်စရာကြီး
မလား!”
“ကောင်းပြီ!”
ဖောက်သည်၏ မျှော်လင့်တကြီး ကြည့်နေသော
မျက်လုံးများအောက်တွင် ရှချန်းချန်းသည် ဘေးဘက်သို့ ညင်သာစွာ လျှောက်သွားသည်။
သို့သော်လည်း ထောင့်တစ်နေရာကို ကျော်ပြီးနောက် သူမသည် ဒုတိယထပ်မှ လျင်မြန်စွာ
ထွက်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။
"မင်း တော်တော် ဆိုးတာပဲ!" စနစ်က
ညည်းတွားလိုက်သည်။ "မင်း ဒါ သူနဲ့ ကျိကျင်းဟန်ကို တမင်တကာ ထောင်ချောက်ဆင်တာ
မလား?"
"အိုး! မင်း မှန်အောင်မှန်းလိုက်ပြီပဲ!"
ရှချန်းချန်းသည် ရေချိုးခန်းထဲသို့
ပြန်ဝင်သွားပြီး၊ အမှိုက်ပစ်ရာနေရာတွင် ဝှက်ထားသော ဝတ်စုံနှင့် ဆံပင်တုကို
ရှာဖွေတွေ့ရှိလိုက်သည်။ "CICC ဆောက်လုပ်ရေးက
ဒုတိယဥက္ကဋ္ဌ ကျန်းရှောင် ဆိုတာ အဲ့ဒီ ရုပ်ချောချောလူ လေ သူက
အိမ်ထောင်သက်ဆယ်နှစ်တောင် ရှိနေတာတောင် ခုထိ ဒီလိုနေရာမျိုးကို တစ်ပတ်တစ်ခါ
လာတုန်းပဲ"
"ပြီးတော့ ကျိကျင်းဟန်ရဲ့ စပွန်ဆာက ရှဟွား
အိမ်ခြံမြေဥက္ကဋ္ဌ ဟုန်ထောင်တဲ့ သူက မိသားစုကို ဘယ်တော့မှ အများသိအောင်
ချမပြဘူး။ ဒါပေမဲ့ သူ တိတ်တိတ်ပုန်းယူထားတဲ့ ပထမဇနီးက စိတ်ကျရောဂါနဲ့
သုံးရက်နေတုန်းကပဲ တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ
ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက မကောင်းတဲ့လူတွေ၊ အပြစ်ပေးခံရမှာပဲ"
"ခဏလေး နေပါဦး!"
စနစ်က အနည်းငယ် မှင်တက်သွားသည်။
"မင်းပြောတာတွေက ဝတ္ထုထဲက အကြောင်းအရာတွေ လုံးဝ မဟုတ်ဘူး! ငါတောင်
မသိဘူး!"
"မင်း မသိတာတော့ သဘာဝကျတာပေါ့!"
ရှချန်းချန်းသည် လျင်မြန်စွာ
မိတ်ကပ်လိမ်းခြယ်ပြီး ပုံစံပြောင်းလိုက်သည်။ သူမသည် အစကတည်းက ဝတ်ထားသည့်
ကားမောင်းသူလေး ပုံစံသို့ ပြန်ရောက်လာပြီး၊ တိဟောင် ကလပ်ရှေ့တွင် ကားရပ်လိုက်သည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သော သတင်းများကို သူ(မ) လေ့လာခဲ့ပြီးဖြစ်ရာ၊ နာမည်ကြီးပုဂ္ဂိုလ်များအတွက်
လျှို့ဝှက်သတင်းယူခြင်းသည် Paparazzi များအတွက်
မဖြစ်မနေ လေ့ကျင့်ရမည့် ဘာသာရပ်ပင်။
"သုံးရက်အကြာက၊ စိတ်ကျရောဂါနဲ့
တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ သူဌေးကတော်တစ်ယောက် အကြောင်း
သတင်းတက်လာခဲ့တယ်လေ"
ရှချန်းချန်းက သူဌေးကြီးဒုတိယမျိုးဆက်တစ်ဦး
အဆောက်အအုံပေါ်က ခုန်ချသတ်သေတဲ့ Weibo ပို့စ်ကို
ဖွင့်လိုက်ပြီး၊ အပေါ်မှာ "နာမည်ကျော် သူဌေးကတော်တစ်ဦး စိတ်ဓာတ်ကျပြီး
အဆောက်အအုံပေါ်က ခုန်ချသတ်သေ" ဆိုတဲ့ စာသားကြီးတွေကို မီးမောင်းထိုးပြထား၏။
စနစ်က ရှုပ်ထွေးသွားသည်။ "ဒီပေါ်မှာ
ဟုန်ထောင်နာမည်တောင် မပါဘူးလေ သူက ဟုန်ထောင် ဇနီးဆိုတာ မင်း ဘယ်လိုများ သိတာလဲ?"
"သူ ခုန်ချသက်သေသွားတဲ့ နေရာကြောင့်"
ရှချန်းချန်းက သူဌေးကတော် ခုန်ချသေတဲ့ နေရာရဲ့
ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။ "ဒီနေရာက ရှဟွားအိမ်ခြံမြေက အသစ်ဆောက်ထားတဲ့
တိုက်ခန်းကျယ်ပဲ၊ အခုထိ ရောင်းမရသေးဘူး အတွင်းလူ ရောင်းတာကလည်း တရားမဝင်ဘူး။
ဒါပေမဲ့ ဒီသူဌေးကတော်က ဒီမှာနေပြီး ဒီမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်တာ
တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ သူက ဒီအိမ်ခြံမြေရဲ့ ပိုင်ရှင်၊ ဒါမှမဟုတ်
ဟုန်ထောင်ရဲ့ ဇနီးမို့ပဲ"
"ဒါဆို မင်း သိပြီလား?"
ရှချန်းချန်းက မှန်ထဲက အမျိုးသားပုံစံ မိတ်ကပ်ကို
ကြည့်ရင်း သူမ၏ မျက်နှာက အနည်းငယ် မှောင်မည်းနေ၏။ သူမသည် သူမကိုယ်သူမ
ကြည့်နေပုံရသလို၊ သူမ ဦးနှောက်ထဲက စနစ်ကိုလည်း ကြည့်နေပုံရသည်။
"ဟုန်ထောင်ရဲ့ တိတ်တိတ်ပုန်းဇနီး စိတ်ဓာတ်ကျပြီး
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ မဟုတ်ဘူး" ရှချန်းချန်းက တစ်လုံးချင်းစီ
ဖြည်းဖြည်းချင်း ပြောသည်။ "အတင်း သက်သေသလိုဖြစ်အောင် အလုပ်ခံရတာ"
ပုံစံပြောင်းပြီးနောက် ရှချန်းချန်းသည် ကလပ်၏
ဧည့်ခန်းကြီးသို့ ရဲရဲဝံ့ဝံ့ ပြန်သွားသည်။
ထိုအချိန်တွင် ဧည့်ခန်းကြီးသည် ရှုပ်ထွေးနေပြီး၊
လင်ဂျူအန်းက လုံခြုံရေးအစောင့်များကို ဒုတိယထပ်သို့ ဦးဆောင်သွားခဲ့သည်။
ရှချန်းချန်းက လှမ်းကြည့်လိုက်ရာ၊
ဒုတိယထပ်ထောင့်တစ်နေရာတွင် ရှဟွာအိမ်ခြံမြေ၏ ဥက္ကဋ္ဌ ဟုန်ထောင်နှင့် ကျုံးကျင်း
ဗိသုကာလုပ်ငန်း၏ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှောင်တို့ ရန်ဖြစ်နေကြသည်ကို တွေ့ရ၏။
ကျန်းရှောင်က ဘာလုပ်လိုက်မှန်း မသိသော်လည်း၊ ဟုန်ထောင်၏ မျက်နှာက နီရဲနေပြီး၊ သူ့
တိုက်ခိုက်မှုများကလည်း အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
ဘေးမှ ကျိကျင်းဟန်ကတော့ ဒရာမာရုပ်ရှင်ထဲက
မင်းသမီးတစ်ပါးလို အော်ဟစ်နေသည်။ "တော်ကြပါတောါ! ကျွန်မအတွက်
ရန်မဖြစ်ကြပါနဲ့တော့!"
"သနားစရာပဲ!"
ရှချန်းချန်းက သက်ပြင်းချလိုက်သည်။
"ဒီတိဟောင်ကလပ်ရဲ့ လျှို့ဝှက်ထိန်းသိမ်းမှုက ဒီလောက် ကောင်းနေတာ၊
အင်တာနက်အသုံးပြုသူတွေ ဒီလောက်ကြီးမားတဲ့ ဖရဲသီး (သတင်း)ကို ဘယ်တော့မှ သိမှာ
မဟုတ်ဘူး!"
စနစ် : "မင်း မျက်လုံးဖွင့်ပြီး
လိမ်ပြောနေရင် ငါ့ကို သတိထားဦးနော်! ငါ စောင့်ကြည့်နေတာ! မင်းဘောင်းဘီအိတ်ကပ်ထဲက
လျှို့ဝှက်ကင်မရာသေးသေးလေးက အကုန်ရိုက်ထားတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်!"
ရှချန်းချန်းက စနစ်၏ ညည်းတွားမှုကို
လျစ်လျူရှုကာ၊ ခပ်တိုးတိုး အသံဖြင့် "ဟုန်ထောင်နဲ့ ကျန်းရှောင်က
ဒီဗီဒီယိုအတွက် ဘယ်လောက်ပေးချေကြမလဲ?"
ဆယ်မိနစ်အကြာတွင် ရှချန်းချန်းက အမှန်တရားကို
သက်သေပြလိုက်သည်။
ယွမ်ငါးသိန်းပင်။
သူမက စနစ်ကို ဟုန်ထောင်၊ ကျန်းရှောင်နှင့်
လင်ဂျူအန်း သုံးဦးစလုံးထံ ဗီဒီယိုဖိုင်ကို ပို့ခိုင်းလိုက်ရာ၊ ထိုသုံးဦးစလုံးက
တစ်ပြိုင်နက်တည်း စနစ်ထံသို့ စျေးနှုန်းကို ပေးပို့လာကြသည်။
၎င်းတို့ မသိသည်မှာ ရှချန်းချန်းက
ထိုသုံးဦးစလုံးကို တစ်ချိန်တည်း ခြိမ်းခြောက်နေခြင်းပင်။ ယွမ်ငါးသိန်းဆိုတာကလည်း
ဒီလို သတင်းအမည်းတွေအတွက် အမြင့်ဆုံးစျေးနှုန်းပင်။
ဟုန်ထောင်နဲ့ ကျန်းရှောင်တို့က သူတို့ရဲ့
ကိုယ်ပိုင်ကုမ္ပဏီတွေကို ကိုယ်စားပြုနေတာဖြစ်ပြီး၊ ဘယ်လိုမှ
နာမည်ပျက်မဖြစ်နိုင်ဘူး။ တိဟောင်ကလပ်ကလည်း လျှို့ဝှက်ထိန်းသိမ်းမှု အလွန်ကောင်းတဲ့
ကလပ်ဖြစ်ပြီး၊ ဒီလို ဗီဒီယိုဖိုင် ထွက်ပေါ်လာရင် ကလပ်ကလည်း ပြိုလဲသွားမှာပဲ။
ယွမ်တစ်သန်းခွဲ၊ လွယ်လွယ်ကူကူ ဝင်ငွေရလိုက်သည်။
စနစ်က အံ့ဩသွားသည်။ "Host၊ ပိုက်ဆံရပြီဆိုတော့ မင်း ဘယ်လို သတင်း
ဖောက်တော့မှာလဲ? ကျိကျင်းဟန်ကို လွှတ်ပေးတော့မှာလား?"
"လွှတ်ပေးတာလား?"
ဤအချိန်တွင် ရှချန်းချန်းသည် ကလပ်ထဲကနေ
ထွက်ခွာလာပြီး မှန်လုံကားထဲမှာ ထိုင်ရင်း၊ အသစ်ထပ်တိုးလာသော ယွမ်တစ်သန်းခွဲ
ပိုင်ဆိုင်မှုကို ပျော်ရွှင်စွာ ခံစားနေ၏။
"ရန်ဖြစ်တာက တစ်ကိစ္စ၊ စပွမ်ဆာက တစ်ခြားကိစ္စ။
ကျိကျင်းဟန်ရဲ့ စပွန်ဆာကို ဖော်ထုတ်ချင်ရင်တော့ အခြားစျေးနှုန်းနဲ့ပေါ့!"
ရှချန်းချန်းက ဖုန်းကို သိမ်းလိုက်ပြီး
မှန်လုံကားကို မြို့လယ်ဘက်သို့ မောင်းထွက်သွားတော့သည်