Chapter 6
Viewers 129


Chapter 6

 

{ကျိကျင်းဟန်နဲ့ ဟုန်ထောင်က တကယ် ချစ်သူတွေ ဖြစ်နေကြတာလား?}

 

{အပေါ်ကလူရေ၊ ဟုန်ထောင်ရုပ်ဆိုးးတိုင်း ဒါကို လိင်မှုကိစ္စလို့ ပြောလို့မရဘူး သူတို့နှစ်ယောက် နမ်းကြတာပဲရှိတာ၊ ဘာလိင်မှုကိစ္စမှမရှိဘူး}

 

{ဟန်ဟန်က ချစ်သူထားတာပဲဟာ၊ ဖျက်ဆီးသူတွေက တော်တော်ဆိုးတာပဲ ဒါက ငါတို့ရဲ့ ဟန်ဟန်လေးကို တမင်သက်သက် သိက္ခာကျအောင် လုပ်တာ}

 

{ဟန်ဟန်၊ အဲ့ဒီ Paparazziကို မြန်မြန် ဖယ်ရှားပစ် ဆယ်လီတွေကို ထုတ်ဖော်လိုက်တဲ့ အကြောင်းအရာတွေက အရမ်းများနေပြီ}

 

{ဘေးလူ အနေနဲ့ပြောရရင် ဖျက်ဆီးသူတွေ နောက်ထပ် သက်သေအထောက်အထား ခိုင်မာတာတွေ ထုတ်လာသင့်တယ် မဟုတ်ရင်တော့ ဒီတစ်ခါ ကျိကျင်းဟန်ဘက်ကပဲ  ရပ်တည်ပေးမှာ}

 

 

“Host၊ ကျိကျင်းဟန်က တော်တော် မျက်နှာပြောင်တိုက်တာပဲ ချစ်သူထားတာတဲ့ ဘာအချစ်လဲ?" စနစ်က ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ "သူက Sugar Daddy နဲ့ တွဲနေတာကို၊ ဘာလို့ ဒီလောက် မှန်တယ်ဆိုပြီး ပြောရဲရတာလဲ!”

 

ရှချန်းချန်းက ကုတင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်ရင်း ကျိကျင်းဟန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် သစ်သီးချောင်းများစားရင်း "ဘာတွေ အလကားနေရင်း စိတ်ဆိုးနေကြတာလဲ? သူတို့ပြောနေတာ ငါ့ကိုမှမဟုတ်တာ၊ ငါတော့ စိတ်မဆိုးပါဘူး"

 

"ဒါဆို အခု ဘယ်လိုလုပ်မလဲ? အဲ့ဒီ ပို့စ်က အသုံးမဝင်တော့ဘူးလေ" စနစ်က ဒေါသတကြီး ပြောလိုက်သည်။

 

"ဘာလို့ အသုံးမဝင်ရမှာလဲ"

 

ရှချန်းချန်းက ပခုံးတွန့်လိုက်၏။ "အဲ့ဒီပို့စ်က ငါလိုချင်တာကို ဖော်ထုတ်ဖို့အတွက် ငါးစာလေးပဲ ရှိသေးတယ် ဒါမှ နောက်ပိုင်းမှာ ပိုခိုင်မာတဲ့ သက်သေတွေ ပေါ်လာမှာပေါ့"

 

စနစ်က မျက်နှာတစ်ပြင်လုံး သံသယများဖြင့် ပြည့်နှက်နေ၏။

 

ရှချန်းချန်းက သူ့လက်ထဲက သစ်သီးချောင်းကို ချလိုက်ပြီး သမ်းလိုက်သည်။

 

"ဘေးဟင်းလျာလေးတွေ စားပြီးသွားပြီဆိုတော့ အဓိက ဟင်းလျာတွေ စားရတော့မှာပေါ့"

 

ကျိကျင်းဟန် တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် အင်တာနက်ပေါ်က လေထုများ ချက်ချင်း ပြောင်းလဲသွားသည်။

 

အသရေဖျက်သူပရိသတ်များရဲ့ Follower အရေအတွက်က အဆများစွာ တိုးတက်လာခဲ့သည်။ သို့သော် ဒါက ရှချန်းချန်းက မှတ်ချက်ပေးရာတွင် follow လုပ်ရန် သတ်မှတ်ထားသောကြောင့်ဖြစ်ပြီး၊ နာမည်ဆိုးဖြင့် လာရောက်သော အင်တာနက်အသုံးပြုသူ အများစုက သူ့ကို ဆဲဆိုဖို့ လာကြခြင်းဖြစ်သည်။

 

မှတ်ချက်များက အမှိုက်ပုံလို စုပုံနေပြီး ကြည့်ရဆိုးလှသည်။

 

အင်တာနက်အသုံးပြုသူများ၏ ဆဲဆိုသံများကြားတွင် ရှချန်းချန်းက သူ့ရဲ့ ဒုတိယမြောက် Weibo ပို့စ်ကို ပေါ့ပေါ့ပါးပါးလေး တင်လိုက်သည်။

 

"အချစ်ဆိုတာ ဂုဏ်ယူစရာကောင်းတာပဲနော် မစ္စတာဟုန်နဲ့ ကျိကျင်းဟန်တို့ တစ်လပြည့်ပြီလို့ ဘယ်သူထင်ထားမလဲ? ဒါဆို ခင်ဗျားတို့ ကျုံးဆူဆိုတဲ့ အမျိုးသမီးကြီးကို မှတ်မိကြသေးလား?"

 

ကျုံးဆူသည် ဟုန်ထောင်၏ သုံးရက်အကြာက မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော ဇနီးဟောင်းဖြစ်သည်။ ရှချန်းချန်းက သူ၏ ဒုတိယ Weibo တွင် ကျုံးဆူ၏ Weibo link ကိုလည်း ထည့်သွင်းပေးထားသည်။

 

{ကျုံးဆူ? အဲ့တာ ဘယ်သူလဲ?}

 

{ဖျက်ဆီးသူက ဒီ link ကို ထည့်ထားတာက ကျုံးဆူရဲ့ Weibo ဖြစ်ပုံရတယ် သူ့ Weibo မှာ ကျုံးဆူနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ရဲ့ ပုံကို ငါ တွေ့လိုက်တယ် Holy crab! ဒီလူက ဟုန်ထောင်နဲ့ တူနေတယ်}

 

{ငါလည်း တွေ့ပြီ! မတ်လမှာ ကျုံးဆူက မင်္ဂလာနှစ် ၂၀ ပြည့်တယ်လို့ ဂုဏ်ပြုထားတယ်! သူ့လက်ဖဝါးမှာ အမာရွတ်တစ်နေရာရှိနေတာ ကျုံးဆူ ပုံထဲက အတိုင်းပဲ!}

 

{ဒါဆို ကျုံးဆူနဲ့ ဟုန်ထောင်က လင်မယားတွေလား နှစ်ပေါင်း ၂၀ လုံးလုံး လက်ထပ်ခဲ့တာလား? ဒါဆို သူက ဘာလို့ ကျိကျင်းဟန်နဲ့ ချစ်သူဖြစ်တယ်လို့ ကြေညာရတာလဲ?}

 

ဖျော်ဖြေရေး သတင်းထောက်များက မှတ်ချက်ပေးမှုများ၏ ဦးတည်ချက်ကို စောင့်ကြည့်ပြီးနောက် ကျိကျင်းဟန်ဘက်ကို ချက်ချင်း ဖုန်းဆက်ကာ ဘာတွေဖြစ်နေတာလဲဟု မေးမြန်းကြသည်။

 

ကျိကျင်းဟန်နဲ့ ဟုန်ထောင်တို့ ဘယ်သူမှ အင်တာနက်အသုံးပြုသူတွေက ကျုံးဆူကို အခုလောက် မြန်မြန် ဖော်ထုတ်နိုင်လိမ့်မယ်လို့ မထင်ထားကြပေ။ သို့သော် ဒီလိုဖြစ်အောင် လှုံ့ဆော်ပေးခဲ့တာကတော့ လိမ်ညာသူများကို ဖျက်ဆီးရဲ့ လုပ်ဆောင်ချက်ကြောင့်ပင်ဖြစ်သည်။

 

ဟုန်ထောင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်းနည်းဖွယ်အသံဖြင့် သတင်းထောက်ကို ပြန်ဖြေလိုက်သည်။ "ကျုံးဆူက ကွယ်လွန်သွားပြီ"

 

ကျုံးဆူ သေဆုံးမှုသတင်းသည် အင်တာနက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

 

ဒီတစ်ခု ပြီးတော့ နောက်တစ်ခု ပေါ်လာ၏။ ဖျော်ဖြေရေး သတင်းထောက်များက "ကျုံးဆူ၊ ကွယ်လွန်ပြီ" ဆိုတဲ့ သတင်းကို တစ်ပြိုင်နက်တည်း ထုတ်ပြန်နေချိန်မှာ ရှချန်းချန်းက သူရဲ့ တတိယမြောက် Weibo ပို့စ်ကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည် - ချမ်းသာကြွယ်ဝသော မိန်းမတစ်ဦး၏ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်

 

{ဖျက်ဆီးသူ ဒါ ဘာကိုဆိုလိုတာလဲ? သေဆုံးသွားတဲ့ ချမ်းသာတဲ့ မိန်းမက ကျုံးဆူပဲလား?”

 

{အပေါ်ကလူရေ၊ မင်း အမှန်တရားကို မှန်းဆမိနေပြီလို့ ငါထင်တယ်}

 

{What the hell! What the hell! ငါ့မှာ သတင်းထောက်သူငယ်ချင်းတစ်ယောက်ရှိတာ သူပြောတာက သုံးရက်အကြာက သေဆုံးသွားတဲ့ ချမ်းသာတဲ့ မိန်းမက ကျုံးဆူပဲတဲ့။ ဒါပေမဲ့ ဒီသတင်းကို ဟုန်ထောင်က ဖုံးကွယ်ထားခဲ့တာ}

 

{သေချာပြန်ကြည့်ရင်! ကျိကျင်းဟန်နဲ့ ဟုန်ထောင်တို့ အခုမှ ချစ်သူဖြစ်တာ  တစ်လပဲရှိသေးတယ်လို့ ကြေညာတယ် အခုကျ လိမ်ညာသူများကို ဖျက်ဆီးက ကျုံးဆူရှိနေတာကို ဖော်ထုတ်လိုက်ပြီ ဟုန်ထောင်နဲ့ ကျုံးဆူက လက်ထပ်တာ နှစ် ၂၀ ရှိပြီတဲ့ ပြီးတော့ သုံးရက်အကြာက ကျုံးဆူက မိမိကိုယ်ကို အဆုံးစီရင်ခဲ့တယ် ခင်ဗျားတို့ စဉ်းစားကြပါဦး! သေသေချာချာလေး!}

 

{What the hell! ဒါက မယားငယ်က အနိုင်ယူပြီး ဇနီးသည်ကို သေတဲ့အထိ ဖိအားပေးတဲ့ ဒရာမာမျိုး မဟုတ်လား}

 

{နောက်ထပ် ပိုပြီး ခိုင်မာတဲ့ အကြောင်းအရာတစ်ခုကို ငါ ပြောပြမယ် ကျုံးဆူ ခုန်ချခဲ့တဲ့နေရာက ရှဟွားအုပ်စု အသစ်တည်ဆောက်ထားတဲ့ တိုက်ခန်းအဆောက်အအုံတဲ့၊ မျက်နှာချင်းဆိုင်က စျေးဝယ်စင်တာရဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်မှာ ကျိကျင်းဟန်ရဲ့ ဧရာမ ပိုစတာကြီး ချိတ်ထားတာတဲ့}

 

{ Fuck! ကျုံးဆူကို ကျိကျင်းဟန်က သေအောင် တွန်းပို့ခဲ့တာပဲ ဒါကြောင့် အဲ့ဒီနေရာကနေ ခုန်ချခဲ့တာပေါ့ ဒါက ကျိကျင်းဟန်ကို တိတ်တဆိတ် စွပ်စွဲနေတာ မဟုတ်ဘူးလား}

 

{အရင်တုန်းက ကျိကျင်းဟန်က လိင်ကိစ္စနဲ့ပဲ ပတ်သက်နေတာ၊ အခုတော့ မယားငယ်ဖြစ်ပြီး မူလဇနီးကို သေအောင် တွန်းပို့လိုက်ပြီ! Damn it! ဘာကို ရိုးသားဖြူစင်တဲ့ ပန်းလေးလဲ?  လုံးဝ အတုအယောင်ပဲ}

 

{အနုပညာလောက က လူပြောတော့ ဒီမိန်းမရဲ့ မျက်နှာကလည်း အတုပဲတဲ့ တစ်ကိုယ်လုံးမှာ တကယ့်အရာ တစ်ခုမှ မရှိဘူးတဲ့}

 

{ညီမတို့ရေ၊ ငါ ပြောချင်တဲ့ မေးခွန်းထုတ်စရာ တစ်ခု ကျန်သေးတယ်။ အရင်တုန်းက ကျိကျင်းဟန်ကို ရှချန်းချန်းက သူ့ကို ပါးရိုက်ခဲ့တယ်လို့ မပြောခဲ့ဘူးလား? ဒီနေ့ တောင်းပန်ပွဲမှာ ရှချန်းချန်းက သူ့ကို နောက်တစ်ကြိမ် ပါးရိုက်ခဲ့တယ်လေ နင်တို့ သတိမထားမိကြလား? အဲ့ဒီပါးရိုက်တာက မညီမညာဖြစ်နေတာကို၊ တစ်ဖက်က အပေါ်ကို၊ တစ်ဖက်က အောက်ကို။ငါ စမ်းကြည့်တာ၊ ကိုယ့်လက်နဲ့ ကိုယ့်ကို ရိုက်မှပဲ အောက်ကို ကျမှာ}

 

{ငါတို့ နောက်တစ်ကြိမ် ပြန်တွေးကြည့်ရအောင် ရှချန်းချန်းက ဘာလို့ ကျိကျင်းဟန်ကိင ဒုက္ခပေးချင်ရတာလဲ? လုံးဝ အကြောင်းပြချက် မရှိဘူး။ ဖြစ်နိုင်ခြေလည်း မရှိဘူးလား? သူက ကျိကျင်းဟန်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ သူ့ကို အနိုင်ကျင့်ခဲ့တာလား?}

 

{ဖြစ်နိုင်တယ်လို့ ငါထင်တယ် ရှချန်းချန်းက မောက်မာပေမဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတော့ ရှိတယ် ဒါပေမဲ့ ကျိကျင်းဟန်ကကော လုံးဝကို စည်းမျဉ်းစည်းကမ်းမရှိတာ!}

 

 

အင်တာနက်ပေါ်က လူထု ထင်မြင်ယူဆချက်တွေက အပူတပြင်းဖြစ်လာပြီး အင်တာနက်အသုံးပြုသူတွေက ကျိကျင်းဟန်သည် မယားင်မအဖြစ် အသေးစိတ်အချက်အလက်တွေကို ပိုမို ဖော်ထုတ်လာကြသည်။

 

လိမ်ညာသူများကို ဖျက်ဆီးရဲ့ ဘလော့ဂ်ပို့စ်က အင်အားကြီးမားစွာနဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။

 

ကျိကျင်းဟန်ရဲ့ အေဂျင်စီက ကျိကျင်းဟန်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ “မယားငယ်က မယားကြီးကို သေအောင် တွန်းပို့" တဲ့ ကောလဟာလတွေ ပူလာတဲ့အခါမှာတော့ သူတို့က ချက်ချင်း လက်လျှော့လိုက်ကြ၏။ ဘာကြောင့်လဲဆိုတော့ ကျိကျင်းဟန်ကြောင့် ကုမ္ပဏီရဲ့ တခြားအနုပညာရှင်တွေကို ထိခိုက်စေနိုင်လို့ပင်!

 

အေဂျင်စီက ကြေညာချက်တစ်ခုကို ချက်ချင်း ထုတ်ပြန်ပြီး ကျိကျင်းဟန်ရဲ့ ကိုယ်ရေးကိုယ်တာဘဝ ရှုပ်ထွေးမှုကို မသိရှိကြောင်း ပြောကြားခဲ့ကာ ကျိကျင်းဟန်နဲ့ စာချုပ်ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။

 

တစ်ချိန်တည်းမှာပင် သူတို့က ဗီဒီယိုတစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

 

ဒီဗီဒီယိုက ရှချန်းချန်းက ကျိကျင်းဟန်ကို တွန်းခဲ့တဲ့ ဗီဒီယို အစအဆုံးပင်။

 

မြင်ကွင်းစစချင်းမှာ မိတ်ကပ်လိမ်းခန်းထဲမှာ ကျိကျင်းဟန် တစ်ယောက်တည်းသာရှိ၏။

သူမက ဖုန်းရဲ့ ဗီဒီယိုမှတ်တမ်းတင်ခလုတ်ကို နှိပ်လိုက်ပြီး ကင်မရာကို ချိန်ညှိလိုက်ကာ မိတ်ကပ်မှန်ရှေ့တွင် ထိုင်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

 

ထို့နောက် "ဖြောင်း" ခနဲ အသံထွက်ပေါ်လာပြီး ကျိကျင်းဟန်က သူ့ညာဘက်ပါးကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်!

 

သူမရဲ့ ညာဘက်ပါးမှာ ပါးရိုက်ရာ အမှတ်အသား ထင်ထင်ရှားရှား ပေါ်လာပြီး လက်မရာက အောက်ကို ငုံ့နေသည်။

 

မကြာမီ ရှချန်းချန်းလည်း မှန်ထဲမှာ ပေါ်လာသော်လည်း သူမက ကျိကျင်းဟန်ကို သတိမထားမိဘဲ သူ့ကိုယ်သူ မိတ်ကပ်ပြင်နေခဲ့သည်။

 

ကျိကျင်းဟန်က ရုတ်တရက် ရှချန်းချန်းရဲ့ နောက်ဘက်ကို လျှောက်သွားပြီး အရမ်းကို မထေမဲ့မြင်ပြုစွာ သူ့ကို တစ်ချက် ကြည့်လိုက်သည်။

 

"ဟွန့်၊ ဘယ်လောက်ပဲ ပြင်ပြင် ဘာမှ အသုံးမဝင်ဘူး ရှချန်းချန်း၊ နင် ယဲ့ရှီဝမ်ကို ဘယ်တော့မှ ကျော်လွန်နိုင်မှာ မဟုတ်ဘူး ဟန်ကျားလင်းကလည်း နင့်ကို ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး နင် အဲ့စိတ်ကူးတွေကို လက်လျှော့လိုက်ပါတော့ဟယ်”

 

ရှချန်းချန်းက ချမ်းသာတဲ့ အိမ်က သမီးလေးတစ်ယောက်ဖြစ်တာကြောင့် ဒီလိုအနိုင်ကျင့်မှုကို ဘယ်လိုမှ ခံနိုင်ရည်မရှိခဲ့။ သူက စကားတစ်ခွန်းမှ မပြောဘဲ ကျိကျင်းဟန်အား တွန်းပစ်လိုက်သည်။

 

"ကျိကျင်းဟန် နင် ရူးနေတာလား!"

 

ကျိကျင်းဟန် မြေပြင်ပေါ် လဲကျသွားပြီး မျက်ရည်များ ရွှဲရွှဲစိုနေကာ အလွန်အမင်း နစ်နာခံရပုံရသည်။

 

ဒါက ဗီဒီယိုတစ်ခုလုံး၏ အကြောင်းအရာဖြစ်သည်။

 

{Oh Shit!}

{What the hell!!!}

{What the hell!!!!}

 

{ဒါဆို ရှချန်းချန်းက ကျိကျင်းဟန်ကို အနိုင်ကျင့်တာ မဟုတ်ဘူး။ ကျိကျင်းဟန်က အရင်ဆုံး အနိုင်ကျင့်တာပေါ့}

 

{ပြီးတော့ အဲ့ပါးရိုက်တာက! တကယ်ကို ကျိကျင်းဟန် ကိုယ်တိုင် ရိုက်တာပဲ}

 

{ဒီမိန်းမက အရမ်းကို ရက်စက်တာပဲ!}

 

{ရှချန်းချန်းက ဒီနေ့မှ ကျိကျင်းဟန်ကို ပါးပဲရိုက်ခဲ့တာ ငါသာဆိုရင် သူ့ကို ဝက်ခေါင်းဖြစ်အောင် ရိုက်ပစ်မှာ}

 

{ရှချန်းချန်း ချစ်တယ်! ချမ်းသာဖြူစင်တဲ့ အလှပဂေးတစ်ယောက်က ကျိကျင်းဟန်လို

ဝါရင့် လက်ဖက်ရည်စိမ်းမမျိုးနဲ့ တွေ့တော့ ကျိကျင်းဟန်က သူ့ကို တိုက်ခိုက်ခဲ့တာ မသိပဲ အင်တာနက်အသုံးပြုသူတွေက သူ့ကို ဆဲဆိုနေကြတာ}

 

 

{ “ရှန်းကျွယ်" ရုပ်ရှင်အဖွဲ့သားတွေကို ရှေ့ဆုံးကနေ ချီးကျူးလိုက်ပါရစေ သူတို့က အတွင်းသတင်းတွေ သိထားကြလို့ပဲ ဖြစ်ရမယ် ရှချန်းချန်း တစ်ယောက် အင်တာနက်ပေါ်မှာ လူအများရဲ့ ဝိုင်းဝန်းပုတ်ခတ်ခြင်း ခံနေရတဲ့အချိန်မှာတောင် သူ့ကို ဒုတိယဇာတ်လိုက်မင်းသမီးအဖြစ် ရွေးချယ်ခဲ့ကြတယ်ဆိုတော့! သဘောကျတယ်ရှင်!}

 

{အခု ငါ ရှချန်းချန်း ကျိကျင်းဟန်ကို ပါးရိုက်တဲ့ ဗီဒီယိုကို ကြည့်နေတာ တကယ်ကို ကြည့်လေ ပို အားရလေပဲ ရှချန်းချန်း ဘာလို့ ငါတို့အတွက် နောက်ထပ် အချက်များများလောက် မရိုက်ပေးတာလဲနော်!}

 

….