Chapter 5
Viewers 133


Chapter 5

 

ယဲ့ရှီဝမ် ပျော်ရွှင်နေစဉ်မှာပင်၊ ရေပန်းစားသော ခေါင်းစဉ်အချို့အောက်တွင် ဘလော့ဂ်ပို့စ်တစ်ခု ပေါ်ထွက်လာ၏။

 

တုန်လှုပ်စရာသတင်း- နာမည်ကြီးမင်းသမီးတစ်ဦး ညဉ့်နက်ပိုင်း လူချမ်းသာစီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမှုကြောင့် လိင်ပိုင်းဆိုင်ရာ ကိစ္စသံသယဖြစ်ဖွယ်ရာ ပေါ်ပေါက်လာ!”

 

ပို့စ်တင်သူ၏ နာမည်က “လိမ်ညာသူများကို ဖျက်ဆီးသူ” ဖြစ်ပြီး၊ ၎င်းသည် အကောင့်အသစ်တစ်ခုပင်။

 

ဘလော့ဂ်ပို့စ်ထဲမှ “နာမည်ကြီး မင်းသမီး” ဆိုသည်မှာ ရှချန်းချန်းနှင့် ဆင်တူနေသောကြောင့်၊ ရှချန်းချန်းကို စိတ်ဝင်စားသော အွန်လိုင်းအသုံးပြုသူများကို ဆောင်းပါးထဲသို့ ဝင်ရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။

 

ထို့နောက် ၎င်းတို့သည် ဓာတ်ပုံထဲတွင် ကျိကျင်းဟန်၏ ရှင်းလင်းသော မျက်နှာကို တွေ့လိုက်ရ၏။

 

ဓာတ်ပုံအချို့တွင် ကျိကျင်းဟန်သည် ဝဝဖြိုင်းဖြိုင်း သူဌေးကြီးတစ်ဦး၏ ရင်ခွင်ထဲ၌ မှီတွယ်နေပုံများ၊ ကျိကျင်းဟန်သည် သူဌေးကြီးကို နမ်းရှုံ့နေပုံများ၊ ထို့ပြင် သူဌေးကြီးက ကျိကျင်းဟန်ကို ပွေ့ဖက်ထားပုံများ… စသည်ဖြင့် ပါရှိသည်။

 

နှစ်ဦးသား၏ ဆက်ဆံရေးသည် ပြောစရာမလိုအောင် ရှင်းလင်းနေသည်။

 

{ကျိကျင်းဟန်က ဝင်းနတ်သမီးလေး မဟုတ်ဘူးလား၊ သူက ဘာဖြစ်လို့ ဒီလို အဆီပိတ် ဝက်ကြီးနဲ့ ပေါင်းနေရတာလဲ}

 

{အပေါ်က ငအ တွေ ဘာလုပ်နေကြတာလဲ စပွန်ဆာဆိုတာ ကတော့ သေချာသွားပြီ!}

 

{Fuck! ခုနက ရှချန်းချန်းမှာ စပွန်ဆာ ရှိနိုင်တယ်လို့ ပြောနေကြတာ! တကယ် စပွန်ဆာ ရှိနေတဲ့သူက ကျိကျင်းဟန် ဖြစ်နေတာပဲ!}

 

{အချစ်စစ် များလားအေ?}

 

{ဘုရားရေ တကယ်ချစ်နေကြတာလား! ကျိကျင်းဟန်က လွန်ခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ အကြိုက်ပုံစံက ရှဲ့ကျစ်ရှင်းလို့ ပြောခဲ့သေးတယ် မဟုတ်ဘူးလား? ဒီအဆီပိတ်ဝက်ကြီးနဲ့  ရှဲ့ကျစ်ရှင်းနဲ့ ဘာတူလို့လဲ ကြည့်ပါဦး!}

 

{ကယ်ကြပါဦး! ဒီလိုအဆီကျနေတဲ့ဝက်ကြီးကို ကျိကျင်းဟန်က ဘယ်လိုများ နမ်းနိုင်တာလဲ!}

 

{နင်တို့ ထင်ကြလား... ရှချန်းချန်းက ကျိကျင်းဟန်ကို ပါးရိုက်တာက ကျိကျင်းဟန်မှာ စပွန်ဆာ ရှိတယ်ဆိုတာ သိလို့များလား}

 

ကျိကျင်းဟန်၏ စပွန်ဆာနှင့် လျှို့ဝှက်တွေ့ဆုံမှုသတင်းသည် ရှချန်းချန်း၏ နာမည်ပျက်သတင်းများကို အခွင့်ကောင်းယူကာ အင်တာနက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

 

အွန်လိုင်းအသုံးပြုသူများသည် ရှချန်းချန်း၏ ကိစ္စများကို ဂရုမစိုက်တော့ပေ။ ကြွားဝါသော ဒုတိယမျိုးဆက် သူဌေးတစ်ဦးက နာမည်ကြီး မင်းသမီးလေးတစ်ဦးကို ရိုက်နှက်သည်ဆိုသော ကိစ္စက ပေါက်ကွဲသွားသော်လည်း ထိုမျှလောက်သာ ဖြစ်၏။ ရှချန်းချန်းတွင် နာမည်ပျက်များ ထပ်တိုးလာခြင်းက အံ့သြစရာ မဟုတ်တော့ပေ။

 

သို့သော်လည်း ကျိကျင်းဟန်! သူမက အနုပညာလောကတွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် တက်လာပြီး နာမည်ကောင်းလည်း အလွန်ကောင်းသော ကျိကျင်းဟန်ပင်!

 

ကျိကျင်းဟန်သည် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး၊ သူမ၏ သရုပ်ဆောင်စွမ်းရည်က အံ့မခန်းဖြစ်ပြီး၊ လုပ်ငန်းခွင်၌ သူမအား အများက ချီးကျူးကြ၏။ လူမှုရေးသတင်းများ ပေါ်ပေါက်လာတိုင်း ကျိကျင်းဟန်သည် အားနည်းသူများအတွက် ကိုယ်တိုင် ထွက်ပေါ်လာကာ ထောက်ခံပြောကြားပေးလေ့ ရှိသည်။

 

ဤမျှ ထူးချွန်ပြီး အလားအလာရှိသော အနုပညာရှင်တစ်ဦးသည် ဤမျှကြီးမားသော အရှုပ်တော်ပုံ ရှိနေသည်ဟု ဘယ်သူက ထင်မှာလဲ?

 

ဆယ်မိနစ်အကြာတွင် Weibohot search list တွင် အကြီးအကျယ် ပြောင်းလဲသွားပြီး၊ ရှေ့တန်းတွင် ကျိကျင်းဟန်နှင့် သက်ဆိုင်သော စကားလုံးများအားလုံးကို အနီရောင်ဖြင့် မီးမောင်းထိုးပြထားတော့သည်။

 

#နာမည်ကြီး မင်းသမီးလေး ညသန်းခေါင်ယံတွင် ငွေထောက်ပံ့သူနှင့် လျှို့ဝှက်တွေ့ဆုံ #

 

#ကျိကျင်းဟန်ရဲ့ စပွန်ဆာ ဟုန်ထောင်#

 

#ကျိကျင်းဟန် နဲ့ ရှဟွာအိမ်ခြံမြေ ဟုန်ထောင်#

 

#ကျိကျင်းဟန် နဲ့ လိမ်ညာသူများကို ဖျက်ဆီးသူ#

 

ကျိကျင်းဟန်နှင့် သူမ၏ မန်နေဂျာတို့မှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

 

"ရှန်းကျွယ်" ရုပ်ရှင်အတွက် သရုပ်ဆောင် ရွေးချယ်ပြီးနောက် ၎င်းတို့သည် ရှချန်းချန်း၏ အရှိန်အဝါကို အသုံးချကာ နောက်ထပ်လှိုင်းလုံးတစ်ခု ဖြစ်ပေါ်စေလိုခဲ့သည်။ S အဆင့် ရုပ်ရှင်၏ အမျိုးသမီး ဇာတ်ပို့နေရာကို မရရှိခဲ့သော်လည်း၊ ဤနည်းဖြင့် ပရိသတ်များကို ဆွပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့၏။

 

ထို့ကြောင့် ၎င်းတို့သည် စျေးကွက်ရှာဖွေရေး အကောင့်များကို ဆက်သွယ်ကာ ရှချန်းချန်းကို ပုတ်ခတ်သော သတင်းအချို့ကို တင်ခဲ့ကြသည်။

 

သို့သော်လည်း ရုတ်တရက် ပေါ်ထွက်လာသော ဤဆောင်းပါးသည် ၎င်းတို့အား လက်မှိုင်ချသွားစေခဲ့၏။

 

ဗီလာထဲတွင် ကျိကျင်းဟန်သည် ဒေါသတကြီး ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ “အဲ့ဒီလိမ်ညာသူများကို ဖျက်ဆီးသူဆိုတာ ဘယ်က အကောင်လဲ!”

 

ပြီးတော့ မင်း!”

 

ကျိကျင်းဟန်သည် သူမ၏ မန်နေဂျာကို ဒေါသတကြီး ကြည့်ကာ “ဘာတွေ မှိုင်နေတာလဲ၊ မြန်မြန် Weibo ကို ဆက်သွယ်ပြီး ရေပန်းစားနေတာတွေကို ဖျက်ခိုင်းစမ်း!”

 

ဖျက်လို့မရပါဘူး”

 

မန်နေဂျာက ကျိကျင်းဟန်အား Weibo ဘက်နှင့် စကားပြောထားသော မှတ်တမ်းများကို ပြသလိုက်၏။ "ဒီပို့စ်က အခုဆို လိုင်းပေါ်မှာ တော်တော်လေး ဟော့ဖြစ်နေပြီ ဒါဇင်နဲ့ချီပြီး hot search တွေတောင် အလိုလိုတက်နေတာ၊ Weibo ကတောင် ဖိထားလို့မရတော့ဘူး!”

 

အကောင့်အသစ်က တင်တဲ့ ဆောင်းပါးတစ်ခုတည်းကိုတောင် ဖိထားလို့မရဘူး ဟုတ်လား! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

 

ကျိကျင်းဟန်က မယုံကြည်ပေ။ သူမလည်း ယခင်က နာမည်ပျက်များ ထွက်ပေါ်ခဲ့ဖူးသော်လည်း Weibo မီဒီယာလိုင်းကို ဆက်သွယ်ပြီး ပိုက်ဆံအနည်းငယ် ပေးလိုက်သည်နှင့် နာမည်ပျက်များသည် ချက်ချင်း ဖျက်ပစ်ခံရလေ့ ရှိသည်။

 

ဒီတစ်ခါက မတူဘူးလေ”

 

မန်နေဂျာက ဖုန်းကို သိမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဒီလိမ်ညာသူများကို ဖျက်ဆီးသူက မားကတ်တင်း ကို တော်တော်နားလည်သားပဲ ရှချန်းချန်းရဲ့ မကောင်းသတင်း  hot search ကို အသုံးချပြီး၊ ဆက်စပ်နေတဲ့ ခေါင်းစဉ်  တွေကို တစ်ခါတည်း ဆွဲတင်လိုက်တာ”

 

အဲ့ဒါအပြင်…” မန်နေဂျာက ထပ်ဖြည့်ပြောလိုက်သည်။ “ဒီည "ရှန်းကျွယ်" ရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးချယ်မှု ထွက်ပေါ်လာချိန်မှာ ယဲ့ရှီဝမ်က မင်းအတွက် ဆောင်းပါးကို like လုပ်ပေးခဲ့ပြီး၊ ငါတို့ကလည်း မားကတ်တင်း အကောင့်အချို့ကနေ ရှချန်းချန်းကို ပြစ်တင်ရှုတ်ချတဲ့ သတင်းတွေ တင်ခဲ့ကြသေးတယ်”

 

ဒါက မီးလောင်ရာ လေပင့်သလိုပါပဲ။

 

မူလက ဤသတင်းများသည် ရှာရှင်းရှင်းကို နက်ရှိုင်းသော ချောက်ထဲသို့ တွန်းပို့မည့် အုတ်နံရံများ ဖြစ်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ကျိကျင်းဟန်ကို သတ်ပစ်မည့် ကောက်ရိုးတစ်ပင် ဖြစ်သွားခဲ့၏။

 

သတင်းများ၏ သဘောသဘာဝသည် ထိုသို့ပင် ဖြစ်သည်။ တိုက်ရိုက်ဖော်ထုတ်လိုက်လျှင်ပင် ဆောင်းပါးပါ အကြောင်းအရာသည် မည်မျှ ပေါက်ကွဲဖွယ် ကောင်းစေကာမူ၊ ရေစီးကြောင်း မစတင်သေးသရွေ့၊ ပျံ့နှံ့နှုန်းက အလွန်နည်းပါးသည်ဖြစ်ရာ၊ Weibo ဘက်ကို ဆက်သွယ်လိုက်သည်နှင့် ဆောင်းပါးကို အလွယ်တကူ ဖျက်ပစ်နိုင်သည်သာ။

 

သို့သော်လည်း၊ အွန်လိုင်းအသုံးပြုသူများ၏ စိတ်ဝင်စားမှု အမြင့်ဆုံး အချိန်တွင် ဆက်စပ်ဆောင်းပါးတစ်ပုဒ်ကို တွေ့မြင်ရပါက၊

 

ကြည့်ရှုမှုများကြောင့် ဆောင်းပါး၏ ရေစီးကြောင်းသည် အဆပေါင်းများစွာ တိုးတက်လာပြီး၊ နောက်ဆက်တွဲအနေဖြင့် ထိုဆောင်းပါးသည် လူအများ၏ စကားဝိုင်းထဲသို့ ရောက်ရှိလာတော့မည်။ ရှချန်းချန်း၏ နာမည်ပျက်သတင်းများကို စိတ်ဝင်စားသူတိုင်း ကျိကျင်းဟန်၏ စပွန်ဆာနှင့် ပတ်သက်သော ဤဆောင်းပါးကို မြင်တွေ့ရမည် ဖြစ်သည်။

 

ပြောရမည်ဆိုလျှင် ရှချန်းချန်း နာမည်ပျက်ခံရတာ ဘယ်လောက် ဆိုးဆိုးရွားရွားလဲ၊ ကျိကျင်းဟန် ပြိုလဲတာက အဲဒီထက် ပိုဆိုးရွားလိမ့်မယ်!

 

ကျိကျင်းဟန်၊ ဒီကိစ္စကို ဒီည ဖြေရှင်းမှရမယ်”

 

ဧည့်ခန်းတံခါးပွင့်လာပြီး ဟုန်ထောင်က ကျိကျင်းဟန်၏ ဗီလာသို့ ရောက်ရှိလာသည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာက မှောင်မှိုင်းနေ၏။

 

ကျိကျင်းဟန်သည် ဟုန်ထောင်၏ ဤမျှ ရက်စက်ကြမ်းကြုတ်သော အမူအရာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လွန်ခဲ့သည့်အကြိမ်က သူ့ဇနီး တိုက်ပေါ်မှမှ ခုန်ချသတ်သေခဲ့သည်တိုင်အောင် သူ၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။

 

သို့သော်လည်း ယခုအခါ သူ၏ မျက်လုံးများက လူသတ်မည့်အလား ကြောက်မက်ဖွယ်ကောင်းနေသည်။

 

ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့က ကျုပ်ကို မေးနေကြပြီ” ဟုန်ထောင်က ကျိကျင်းဟန်အနီးသို့ လျှောက်လာပြီး အေးစက်သော အကြည့်ဖြင့် ပြောသည်။ “ဒီည မဖြေရှင်းနိုင်ရင် မနက်ဖြန် ရှဟွာစတော့ရှယ်ယာစျေးကို ထိခိုက်လိမ့်မယ်”

 

ရှဟွာအိမ်ခြံမြေသည် စတော့ဈေးကွက်တွင် စာရင်းဝင်ထားသော ကုမ္ပဏီဖြစ်ပြီး စတော့ရှယ်ယာစျေးအတက်အကျသည် ယွမ်ဘီလီယံနှင့်ချီ၍ အငွေ့ပျံသွားနိုင်သည်ပင်။

 

ကျိကျင်းဟန်၏ လည်ချောင်းက ကျဉ်းကျဉ်းသွားပြီး နှလုံးခုန်နှုန်းက တစ်စုံတစ်ဦးက ဖမ်းဆုပ်ထားသလိုပင်။ “ဒါပေမဲ့ မစ္စတာ ဟုန်၊ သူတို့က ကျွန်မတို့ရဲ့ မျက်နှာချင်းဆိုင် ပုံတွေကို ရိုက်ထားတာ…

ကျွန်မတို့ ရှင်းပြဖို့က တော်တော်လေး ခက်…”

 

ငါ မရှင်းပြချင်ဘူး”

 

ဟုန်ထောင်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ကျိကျင်းဟန်ကို မျက်လုံးပင် မကြည့်ဘဲ “ငါက ဖြေရှင်းနည်းပဲ ကြားချင်တယ် ငါက မင်းကို ပိုက်ဆံနဲ့ ဝယ်ထားတာ၊ ဝန်ဆောင်မှုခံစားဖို့ပဲ၊ မင်းကြောင့် ငါ့ကိုယ်ငါ အညစ်ပတ် မခံချင်ဘူး!”

 

ကျိကျင်းဟန်သည် အံ့ဩသွားပြီး မျက်လုံးများ ချက်ချင်းနီရဲလာကာ ပုခုံးများ တုန်ယင်လာသည်။

 

တကယ်တော့ သူမ နားလည်ပြီးသားဖြစ်သည်။ ဟုန်ထောင်သည် သူ့ဇနီးအပေါ်ပင် ဤမျှ ရက်စက်နိုင်သေးပါက၊ သူမအပေါ် ဆို ဘယ်လောက်တောင် ရက်စက်မလဲ?

 

သူမသည် ဟုန်ထောင်အတွက် လှပသော ကစားစရာတစ်ခုသာ ဖြစ်သည်။

ထိုကစားစရာက သူ့ကို ပျော်ရွှင်စေနိုင်ပြီး၊ သူ့အား စိတ်ကျေနပ်မှု ခံစားရစေနိုင်ပါက သူက ချစ်ခင်နှစ်သက်မည်မှာ သေချာသည်။

သို့သော် ထိုကစားစရာက သူ၏လုပ်ငန်းစု ရှယ်ယာစျေးကို ယွမ်ဘီလီယံနှင့်ချီ၍ အငွေ့ပျံစေပါက -

 

သူသည် ဤပြဇာတ်ကို ရပ်တန့်ဖို့ ထိုကစားစရာအား သတ်ပစ်ရန်ပင် ဂရုမစိုက်ပေ။

 

မစ္စတာ ဟုန်၊ တကယ်တော့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်” ဟု မန်နေဂျာက ရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။ “ဟန်ဟန်ရဲ့ မကောင်းသတင်း ထဲမှာ အငြင်းပွားစရာ အကြီးဆုံးအချက်က လိင်ပိုင်းဆိုင်ရာ ကိစ္စပဲ လိင်နဲ့ငွေကြေး ကိစ္စ ဆိုတာ ဘယ်အသိုင်းအဝိုင်းမှာမဆို ရှုတ်ချစရာပဲလေ ဒါပေမဲ့ လိင်နဲ့ငွေကြေး ကိစ္စ ရဲ့ နယ်နိမိတ်က တော်တော်လေး ဝေဝါးတယ် အကယ်၍များ လိင်ကိစ္စကို အချစ်အဖြစ် ပြောင်းလဲပစ်လိုက်ရင်ရော?”

 

ကျိကျင်းဟန်နှင့် ဟုန်ထောင် နှစ်ဦးစလုံး အံ့ဩသွားကြသည်။

 

မန်နေဂျာက “မစ္စတာ ဟုန်က ဒီအသိုင်းအဝိုင်းက လူတစ်ယောက် မဟုတ်ဘူး၊ တစ်ကိုယ်ရေပဲ ချစ်ခြင်းမေတ္တာအကြောင်း ပြောတာ ဘာမှ ပြဿနာမရှိဘူး။လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ်အကြောင်း ပြောတာကလည်း ဘာမှ မရှိဘူး ပုံရိပ်က နည်းနည်း ဆိုးသွားပေမယ့် ပြိုလဲသွားမှာတော့ မဟုတ်ဘူး ပုံမှန် ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲလိုက်တာနဲ့ ဒီအန္တရာယ်ကို ဖြေရှင်းနိုင်ပြီ”

 

အတိအကျပြောရလျှင် ချစ်ခြင်းမေတ္တာဖြင့် ရှင်းလင်းပါက ဟုန်ထောင်သည် မည်သည့် ထိခိုက်မှုမှ ခံရမည် မဟုတ်ပေ။ သူက ပြင်ပသို့ မိသားစုအခြေအနေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသည့်အပြင်၊ ယခုအခါ ဝမ်းနည်းပူဆွေးနေသည့် အခြေအနေတွင်ပင် ဖြစ်၏။ ကျိကျင်းဟန်သည် စပွန်ဆာကို ကိုးကွယ်ခဲ့သည်ဟူသော ကိစ္စသည် ခဏတာမျှ ကောလာဟလ ဖြစ်နိုင်သော်လည်း၊ လက်ရှိ မုန်တိုင်းအတွက်မူ အသေးအမွှာမျှသာ ဖြစ်ပေသည်။

 

နာရီဝက်အကြာတွင် ကျိကျင်းဟန်သည် ဗီလာတွင် တိုက်ရိုက်ထုတ်လွှင့်နေပြီး၊ ဟုန်ထောင်က သူမဘေးတွင် ထိုင်နေသည်။

 

စောင့်နေရတာ တော်တော်ကြာသွားထင်တယ်၊ တောင်းပန်ပါတယ်နော်~ တကယ်တော့ ဒီသတင်းကို အချစ်တို့ကို အမြဲတမ်း ပြောပြချင်နေခဲ့တာ ဒါပေမဲ့ Paparazzi တွေက အရင်ဖော်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး~”

 

ကျိကျင်းဟန်သည် ကင်မရာရှေ့တွင် မျက်လုံးများ နီရဲလျက်၊ ပြောရင်းဆိုရင်း သူမဘေးရှိ ဟုန်ထောင်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

 

ကျွန်မနဲ့ ကောထောင်က ချစ်သူသက်တမ်း တစ်လပြည့်ပါပြီ။ ကျွန်မ အလုပ်အဆင်ပြေအောင်လို့ သူက ကျွန်မတို့ရဲ့ ဆက်ဆံရေးကို မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ချိန်းတွေ့တာကို Paparazzi ဇီတွေက မဟုတ်မမှန် ကောလဟာလတွေ ဖြန့်ပြီး ပုတ်ခတ်ကြလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ ကျွန်မ ဒီအတိုင်း ဆက်ပြီး တိတ်ဆိတ်မနေနိုင်တော့ဘူး ထပြီး အမှန်တရားကို ရှင်းလင်းပြောပြရပါမယ်!”

 

ဟုန်ထောင်သည် ကျိကျင်းဟန်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ကင်မရာကို တည့်တည့်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ကျွန်တော်နဲ့ ဟန်ဟန်က ပုံမှန် ချစ်သူတွေပါ၊ လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ် လုပ်နေတာ မဟုတ်ပါဘူး! ကျွန်တော် ဟန်ဟန်ကို အရမ်းချစ်တယ်၊ ဟန်ဟန်ကလည်း ကျွန်တော့်ကို အရမ်းသဘောကျတယ်”

 

လိမ်ညာသူများကို ဖျက်ဆီးသူ’ ရဲ့ ဘလော့ဂ်ပို့စ်က ကျွန်တော်နဲ့ ဟန်ဟန်ရဲ့ ဘဝကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်! ကျွန်တော်တို့က တရားစွဲဆိုခွင့်ကို ထိန်းသိမ်းထားပြီး ရှေ့နေနဲ့ တရားစွဲစာပို့ပြီး ကျွန်တော်နဲ့ ဟန်ဟန်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုအတွက် နစ်နာကြေး တောင်းဆိုသွားပါမယ်!”

 

“‘လိမ်ညာသူများကို ဖျက်ဆီးသူ’၊ မင်း တရားရုံးက ထုတ်ဆင့်တဲ့ ဆင့်ခေါ်စာကို စောင့်နေလိုက်တော့!”