Chapter 10
ရှချန်းချန်းသည် စာကြည့်ခန်းထဲသို့
ပြေးဝင်သွားပြီး ပစ္စည်းများကို ရှုပ်ပွသည်အထိ ရှာဖွေပြီးနောက် အဆုံးတွင်
မူလပိုင်ရှင်၏ လက်ထပ်လက်မှတ်ကို ရှာတွေ့ခဲ့သည်။
လက်ထပ်မင်္ဂလာဆောင်သည့် ရက်စွဲမှာ
လွန်ခဲ့သောသုံးရက်ခန့်ကပင် ဖြစ်၏။
ဓာတ်ပုံကို မြင်လိုက်ရသည့်အချိန်တွင်
ရှချန်းချန်းသည် ဆိုဖာပေါ်သို့ ဖုတ်ခနဲ ထိုင်ချလိုက်သည်။ "စနစ်၊ မင်း ဘာလို့
မူလပိုင်ရှင် လက်ထပ်သွားပြီလို့ စောစောစီးစီး မပြောတာလဲ?"
စနစ်သည် ရှက်ရွံ့စွာဖြင့်
"အမှန်တိုင်းပြောရရင် ငါလည်း မင်းထက် နာရီဝက်စောပြီး သိရုံပါပဲ"
ထို့ကြောင့် ၎င်းမှာ
လျှို့ဝှက်ဇာတ်ကြောင်းတစ်ခုပင် ဖြစ်တော့သည်။
"ဒါပေမဲ့လေ"
စနစ်သည် ဝင့်ကြွားစွာ ပြောလိုက်သည်။ "မင်း
မနေ့ကကောင်းကောင်း ခန့်မှန်းနိုင်ခဲ့တာပဲ မဟုတ်လား? ဘာလို့
အမှန်တရားကိုကျ မရှာဖွေနိုင်ခဲ့တာလဲ?"
"ဟဲဟဲ၊ ကျွန်မ ဘယ်လောက်တော်တော် ကျွန်မကိုယ်တိုင်က
ရှဲ့ကျစ်ရှင်းရဲ့ မိန်းမ ဖြစ်နေမှန်း ဘယ်လိုလုပ်သိမှာလဲလို့!"
ရှချန်းချန်းသည် မျက်လုံးလှန်ကြည့်လိုက်သည်။
"မူလပိုင်ရှင်က တစ်ကိုယ်လုံးမှာ 'ငါ
ဟန်ကျားလင်းကိုပဲ ချစ်တယ်' ဆိုပြီးရေးထားတာကို သူက ရှဲ့ကျစ်ရှင်းနဲ့
လက်ထပ်လိမ့်မယ်လို့ကျွန်မက ဘယ်လိုထင်မှာလဲ?"
မဟုတ်ဘူး!
ရှချန်းချန်းသည် ရုတ်တရက် တစ်စုံတစ်ရာကို
သတိရလိုက်သည်။
မူလပိုင်ရှင်သည် ဟန်ကျားလင်းကို နှစ်သက်ပြီး
ရှဲ့ကျစ်ရှင်းကိုလက်ထပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့်
ဤအိမ်ထောင်ရေးသဘောတူညီချက်သည် လူကြီးတစ်ဦးမှသဘောတူညီခဲ့ခြင်း ဖြစ်နိုင်ပြီး
မူလပိုင်ရှင်၏ အမေ ရှပိုင်လုက စီစဉ်ခဲ့ခြင်းဖြစ်နိုင်သည်။
မူလပိုင်ရှင်နှင့် ရှဲ့ကျစ်ရှင်းတို့သည်
ဤအိမ်ထောင်ရေးမှတစ်ခုခု ရရှိနိုင်မည်ဖြစ်ပြီး ထို့ကြောင့်ပင် သူတို့နှစ်ဦး လက်ထပ်ခဲ့ကြခြင်းပင်
ဖြစ်သည်။
သန်းချီသောငွေပမာဏနှင့်
ယွီလန်ယွမ်တို့ကဲ့သို့ပင်။
ရှချန်းချန်းသည် ရုတ်တရက် သဘောပေါက်သွား၏။
“မူလပိုင်ရှင်က ရှပိုင်လုချန်ခဲ့တဲ့ အမွေတွေကို
လက်ထပ်ပြီးရယူချင်ခဲ့တာ ပြီးရင် အဲ့ဒီပိုက်ဆံနဲ့ အနုပညာလောကမှာ ပြန်ခြေချပြီး
ဟန်ကျားလင်းကို ပြန်လိုချင်ခဲ့တာ!”
ရှချန်းချန်းသည် မတိကျသော
ထင်မြင်ချက်တစ်ခုကိုကောက်ချက်ချခဲ့သည် "ဒါပေမဲ့ ကျိကျင်းဟန်ရဲ့ ကိစ္စကြောင့်သူက
ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်ခဲ့လို့ ဒီလက်ထပ်စာချုပ်က
လျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့တာပဲ"
ရှချန်းချန်းသည် မေးစေ့ကို ပွတ်သပ်လျက်
ပြန်လည်စဉ်းစားလိုက်သည်။ "မူလပိုင်ရှင်ရဲ့ နောက်ဆုံးပန်းတိုင်က
ဟန်ကျားလင်းကို ပြန်ရယူဖို့၊ အဲ့ဒါကြောင့် ရှဲ့ကျစ်ရှင်းနဲ့
လက်ထပ်တာကအရေးကြီးတယ်လေ ပစ္စည်းတွေ ရပြီဆိုရင် သူတို့နှစ်ဦး လမ်းခွဲကြမှာပဲဟာ
ဒါဆို...... ရှဲ့ကျစ်ရှင်းက ဒီနေ့ ကျွန်မကို ကွာရှင်းဖို့လာတာလား?"
စနစ်- "......"
သူသည် ယခု လေးနက်စွာ သံသယဝင်နေသည်။
ဇာတ်ညွှန်းကိုကိုင်ဆောင်ထားပြီး ဘုရားသခင်ကဲ့သို့ အမြင်ရှိနေသူမှာ သူမဟုတ်ဘဲ သူ၏ Host
ပင်! သူ၏ Host သည်
သူ့ကိုပင် လိမ်ညာခဲ့သေးသည်ပင်။
စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ရာ
ရှဲ့ကျစ်ရှင်းသည် တံခါးဝတွင် ရပ်နေသည်။
ရှချန်းချန်းသည် လက်ထပ်လက်မှတ်ကို
အလျင်အမြန်ပင်နောက်ကျောတွင် ဝှက်လိုက်ပြီး ရှဲ့ကျစ်ရှင်းကို တည့်တည့်ကြည့်လိုက်၏။
ထိုချောမောသော မျက်နှာမှာ ရှချန်းချန်း၏
နှလုံးသားခုန်နှုန်းကို ပိုမြန်စေခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့်လား၊
ချောမောမှုကြောင့်လား မသိပေ။
ရှဲ့ကျစ်ရှင်း၏ ယဉ်ကျေးသိမ်မွေ့မှု၌ အနည်းငယ်
အရိုင်းအဆိုင်းဆန်မှုများ ပါဝင်နေသည်။
"အဆင်သင့်ဖြစ်ပြီလား?"
ရှချန်းချန်း၏ ပါးစပ်သည် ဦးနှောက်ထက်
ပိုမြန်နေပြီးပြတ်သားစွာ ပြန်ဖြေလိုက်သည်။ "မဖြစ်သေးဘူး!"
ရှဲ့ကျစ်ရှင်း- "......?"
သူ၏မျက်ခုံးများ ပင့်တက်သွားပြီး ရှချန်းချန်းကို
မသိမသာစိုက်ကြည့်လိုက်၏။
စနစ်- "Host! မင်း
ဘာလုပ်နေတာလဲ။ ရှဲ့ကျစ်ရှင်းနဲ့ ကွာရှင်းဖို့ မသွားဘူးလား?"
"ဒီလောက်ချောတဲ့ ရှောင်ကောကောလေး ရထားတာကို
ဘာဖြစ်လို့ ကွာရှင်းရမှာ!"
ရှချန်းချန်းသည် တည်တည်ငြိမ်ငြိမ်ပင်
ဆိုလိုက်သည်။"ကွာရှင်းလိုက်ရင် သူ့ရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ်ဖော်ထုတ်နိုင်တော့မှာလဲ?"
စနစ်- "???"
စနစ်- "ခင်ဗျား
ကိုယ့်လျှို့ဝှက်ချက်တွေကိုတောင် မချန်တော့ဘူးလား?"
"ဘယ် Paparazzi က
လျှို့ဝှက်ချက်တွေကို လက်လွှတ်ခံမလဲ မဖြစ်နိုင်ဘူး!" ရှချန်းချန်း၏
မျက်လုံးများသည် ပြတ်သားနေသည်။ "ဒါက Paparazziတစ်ယောက်အနေနဲ့
ကျွန်မရဲ့နောက်ဆုံးခံယူချက်ပဲ!"
စနစ်- "......"
ရှဲ့ကျစ်ရှင်းက ထပ်မမေးသည်ကို မြင်သောအခါ
ရှချန်းချန်းသည် လက်ထပ်လက်မှတ်ကို နောက်ကျောအိတ်ထဲသို့ ပျော်ရွှင်စွာ
ထိုးထည့်လိုက်ကာ ဘာမှမဖြစ်သကဲ့သို့ စာကြည့်ခန်းထဲမှထွက်ခွာသွားသည်။
ရှဲကျစ်ရှင်းသည် အေးစက်စွာ ဆိုလိုက်သည်။
"ဒီလိုပဲ ထွက်သွားတော့မလို့လား?"
"အိပ်တော့မယ်" ရှချန်းချန်းသည်
အကြောင်းပြချက်တစ်ခုကိုအမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။
ရှဲ့ကျစ်ရှင်းသည် တိတ်ဆိတ်သွားပြီး
မည်သည့်အရာကိုမျှ ပြန်မပြောပေ။
သို့သော် စနစ်သည် ရှဲ့ကျစ်ရှင်း ပြောချင်နေသည့်
စကားကိုဖြည့်စွက်ပေးလိုက်သည်။ "သူကတော့ မင်း ဘာလို့
ရုတ်တရက်ကွာရှင်းမယ့်အစီအစဉ်ကို ဖျက်လိုက်တာလဲဆိုပြီး ခေါင်းစားနေမှာ သေချာတယ်။
မင်း ဒီလောက်လွယ်လွယ်လေးနဲ့ လွတ်မယ် မထင်နဲ့!"
ရှချန်းချန်းသည် ခဏတာ စဉ်းစားလိုက်ပြီးနောက်
မျက်ခုံးနှင့်မျက်လုံးများက အနည်းငယ် ကွေးသွားကာ ရှဲ့ကျစ်ရှင်း၏လက်မောင်းကို
ငှက်ငယ်တစ်ကောင်ကဲ့သို့ ဆွဲယူလိုက်သည်။ "ယော~ကျ်ား~
တူတူသွားကြမလား?"
ရှဲ့ကျစ်ရှင်း- "?"
ကျုံးဆူ- "??"
စနစ်- "???"
ရှချန်းချန်းသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး သူမ
အနားရှိအမူအရာနှစ်ခုကို လျစ်လျူရှုကာ အခန်းထဲသို့ လှည့်ပြန်သွားတော့သည်။
"မစ္စတာရှဲ့......"
ရှချန်းချန်း ထွက်သွားပြီးနောက် ကျုံးဆူသည်
စကားစပြောလိုက်သည်။ အသံမှာ တုန်ယင်နေဆဲပင်။ "မဒမ်...... သရဲ အပူးခံနေရတာ
များလား!"
ရှဲ့ကျစ်ရှင်းသည် မျက်ခုံးများကို
ပွတ်သပ်လိုက်သည်။ ရှချန်းချန်းသည် အဘယ့်ကြောင့် ဤကဲ့သို ဖြစ်လာသည်ကို သူလည်း နားမလည်နိုင်ပေ။
"ထားတော့၊ အရင်ဆုံး ကုမ္ပဏီကို ပြန်ကြစို့"
"အရပ်ဘက်ရေးရာရုံးကို မသွားတော့ဘူးလား?"
ကျုံးဆူကအံ့ဩစွာ မေးလိုက်သည်။ "ဒါဆို
ကွာရှင်းဖို့ လုပ်ငန်းစဉ်တွေကဘယ်လိုလုပ်မလဲ?"
"ထားလိုက်ဦး ရှချန်းချန်း ဒီနေ့နည်းနည်း
ထူးဆန်းနေတယ်" ရှဲ့ကျစ်ရှင်းသည် အေးဆေးတည်ငြိမ်စွာပင် ဆိုလိုက်သည်။ သူသည်
ရှချန်းချန်းထွက်ခွာသွားသည့် ဘက်သို့ ပြန်လည်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင်
စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ "......သူ လူတစ်ယောက်လုံး
ပြောင်းလဲသွားသလိုပဲ"
Rolls-Royce ကားသည် ကြာကြာ မနေတော့ဘဲ အဆုံးတွင် ယွီလန်ယွမ်
အမှတ် ၁၈ မှ ထွက်ခွာသွားတော့သည်။
ရှချန်းချန်းနှင့် စနစ်နှစ်ဦးစလုံး စိတ်သက်သာရာ
ရသွားကြ၏။
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို
အရပ်ဘက်ရေးရာရုံးသို့ ခေါ်ဆောင်ပြီး ကွာရှင်းတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်းသူသည်
သူမကို လွှတ်ပေးလိုက်မည်ကို မမျှော်လင့်ခဲ့ပေ။
"Host! ခင်ဗျား ဘာလို့ ဗီလိန်ကို ယောကျာ်းလို့
ခေါ်ရဲရတာလဲ? ပြီးတော့ သူ့နဲ့အတူတူ အိပ်ဦးမှာ!" စနစ်သည်
စကားပင်မပြောနိုင်တော့ပေ။ "သူက မင်းရဲ့ စရိုက် ပြောင်းသွားတာကို
ရှာတွေ့မှာမကြောက်ဘူးလား? အဲ့ဒီအချိန်ကျရင် သူ ခင်ဗျား
တန်းသတ်ပစ်လိမ့်မယ်နော်!"
ရှချန်းချန်းသည် သွားများကို ကြိတ်ကာ "သူ
ကျွန်မကို သတ်ပစ်မယ်ဆိုရင်တောင် လုံးဝ မကွာရှင်းပေးနိုင်ဘူး မဟုတ်ရင်
ကျွန်မက ရုပ်ရှင်မင်းသားရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုများဖော်ထုတ်နိုင်မှာလဲ?"
စနစ်- "......"
Paparazziတစ်ယောက် ဖြစ်နေလျှင်တောင် အလွန်အလုပ်ကြိုးစားလွန်းနေသည်
မဟုတ်ပါလား?
"ဒါပေမဲ့ ယောက်ျားလို့ ခေါ်တာ
ဒီလောက်ထိအသုံးဝင်မယ်လို့မထင်ထားဘူး!" ရှချန်းချန်းသည် ပြုံးရွှင်စွာ
ဆိုလိုက်သည်။"စနစ်ရယ်၊ ရှဲ့ကျစ်ရှင်းက ကျွန်မ သူ့ကို ချစ်တယ်ဆိုတာတကယ်
ယုံလိမ့်မယ်လို့ ရှင်ထင်လား?"
စနစ်သည် နှုတ်ခမ်းတွန့်လိုက်သည်။ "မဖြစ်နိုင်ဘူးလို့
ထင်တယ်"
ရှချန်းချန်းသည်လည်း ဂရုမစိုက်ပါပေ။
"ကိစ္စမရှိပါဘူး၊ သူကျွန်မကို ကွာရှင်းဖို့ မလုပ်ရင် ရပြီ! ဒါဆို ကျွန်မရဲ့
ဖရဲသီးတွေလည်း ရှိနေသေးတာပေါ့! နောက်ပိုင်း ဖော်ထုတ်ဖို့
အခွင့်အရေးအမြဲရှိနေမှာပဲ!"
စနစ်- "......"
သေချာတာပေါ့ ဖရဲသီးများကို ဖော်ထုတ်ရန်မှာ သူမ၏
ပထမဆုံးပန်းတိုင်ပင်!
"ဒါပေမဲ့ စိတ်အေးအေးထားဦးနော်။ ဒီ ဖရဲသီးကို
နောက်ဆုံးအချိန်မရောက်ခင်အထိ တွေးတောင်မတွေးနဲ့" စနစ်က ပြောလိုက်သည်။
"ခင်ဗျားရဲ့ လိမ်ညာသူများကို ဖျက်ဆီးသူအယောင်ဆောင် ကိစ္စကို အခုတော့
ကျွန်တော် ဖုံးထားပေးနိုင်တယ် ဒါပေမဲ့ ခင်ဗျားသာ ရှဲ့ကျစ်ရှင်း
လျှို့ဝှက်လက်ထပ်ထားတာကို ဖော်ထုတ်လိုက်မယ်ဆိုရင်တော့ ဒါကို ဖုံးကွယ်ထားလို့
ရတော့မှာ မဟုတ်ဘူးနော်"
"ရှဲ့ကျစ်ရှင်းက ခင်ဗျားက လိမ်ညာသူများကို
ဖျက်ဆီးသူ ဖြစ်နေပြီး သူ့ကို သတင်းဖော်ထုတ်ဖို့ အသုံးချခဲ့တာကို သိသွားရင်၊ သူ့ရဲ့
စရိုက်နဲ့ဆိုရင် ခင်ဗျားကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး!"
"စိတ်ချစမ်းပါ!" ရှချန်းချန်းသည် စနစ်ကို
နှစ်သိမ့်လိုက်သည်။"ဒါက ကျွန်မရဲ့ အသက်ကယ် အပင်လေးလေ နောက်ဆုံးအချိန်အထိ
ကျွန်မ ဖော်ထုတ်မှာ မဟုတ်ဘူး~"
ကွာရှင်းရေး အကျပ်အတည်းမှာ
ပြီးဆုံးသွားပြီဖြစ်သည်။
ရှချန်းချန်း ခဏနားလိုက်ပြီးနောက်
လိမ်ညာသူများကို ဖျက်ဆီးသူ အကောင့်ကို ဖွင့်လိုက်သည်။
ထိုအကောင့်၏ မှတ်ချက်အရေအတွက်များမှာ
ပေါက်ကွဲထွက်သည်အထိ ဖြစ်သွားပြီး
ပရိသတ်များအားလုံးသည် ရှဲ့ကျစ်ရှင်း၏ ဖရဲသီးများကို တောင်းဆိုနေကြသည်။
ရှဲ့ကျစ်ရှင်းသည် အနုပညာလောကတွင်
အလွန်လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးပင်။
ရုပ်ရှင်မင်းသားဖြစ်လာပြီးနောက် သူသည်
တစ်နှစ်လျှင် ရုပ်ရှင်တစ်ကားသာ ရိုက်ကူးပြီး အခြားသော လှုပ်ရှားမှုများ
လုံးဝမရှိပေ။
Paparazzi များက သူ့ကို ဓာတ်ပုံရိုက်ချင်ကြသော်လည်း
သူ၏လျှို့ဝှက်ထိန်းသိမ်းမှုမှာ ကောင်းမွန်လှပြီး ပရိသတ်များ သိနိုင်သော
သတင်းများသည်လည်း နည်းပါးလှသည်။
သို့သော်လည်း သူသည် အလွန်နာမည်ကြီးသည်။
ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတပေ။ ထို့ကြောင့်
ရှဲ့ကျစ်ရှင်း၏ ဖရဲသီးများအား ရောင်းစားနေသော မားကပ်တင်း အကောင့်များမှာ
အလွန်အားကောင်းလာခဲ့သည်။
ရှချန်းချန်းသည် ၎င်းကို ကောင်းစွာနားလည်သည်။
သူမသည်ရေစီးအတိုင်းလိုက်ပါသော မားကပ်တင်း အကောင့်မျိုး မဖြစ်သင့်ပေ။
Paparazzi များ ရရှိသည့် အာရုံစူးစိုက်မှုသည်
နာမည်ကြီးများ၏ပရိသတ်များကဲ့သို့ ခိုင်မာမှု မရှိပေ။ ထိုကဲ့သို့
အားနည်းသောနာမည်ကြီးမှုသည် တစ်ချက်ကလေးမျှဖြင့် ပြိုလဲသွားနိုင်၏။သူမသည်
လျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်လျှင်၊ သို့မဟုတ်အတုအယောင်
လျှို့ဝှက်ချက်များကို ဖော်ထုတ်မိပါကပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများသည်
သူမကိုယုံကြည်မှု ကင်းမဲ့လာမည်ဖြစ်ပြီး သူမ၏ ဂုဏ်သတင်းမှာလည်းချက်ချင်း ပြိုလဲသွားလိမ့်မည်ပင်။
ထိုသို့ဆိုလျှင် နောင်တွင် လျှို့ဝှက်ချက်များကို
ထပ်မံဖော်ထုတ်နိုင်လျှင်ပင် သူမသည် ဂုဏ်သတင်းကောင်းစွာရရှိနိုင်တော့မည်မဟုတ်ပေ။
သူမသည် လိမ်ညာသူများကို ဖျက်ဆီးသူကို လုံးဝ
အာဏာရှိစေရန် ပြုလုပ်ရမည်။ ထိုမှသာ သူမ၏ ဂုဏ်သတင်း တန်ဖိုး ကို ရရှိမည့်နည်းလမ်းကို
တည်ငြိမ်စေနိုင်မည်ပင်။
"ဒါပေမဲ့ ဘာတွေကို ထပ်ဖော်ထုတ်နိုင်သေးလို့လဲ?"
စနစ်သည်သက်ပြင်းချလိုက်သည်။
"ရှဲ့ကျစ်ရှင်းရဲ့ မိသားစုကိစ္စတွေကိုပြောလို့မရဘူး ရှဲ့ကျစ်ရှင်းရဲ့
အိမ်ထောင်ရေးကိစ္စကိုလည်း ပြောလို့မရဘူးလေ!"
ရှချန်းချန်းသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ
စဉ်းစားလိုက်သည်။ "လျှို့ဝှက်ချက်တွေ မရှိဘူးဆို ငါတို့
တစ်ခုဖန်တီးကြမလား? အိမ်ကိုတော့ ပြိုကျအောင် လုပ်မယ်လို့
မပြောဘူးနော်အင်တာနက်အသုံးပြုသူတွေ မျှော်လင့်ထားတာကို လုပ်ပေးနိုင်ရင်…..
ကျေနပ်ပြီ!"
အနုပညာလောကမှ သတင်းအချက်အလက်များကို အဆင့်သုံးဆင့်ခွဲထားပြီး
ဤအဆင့်များသည် နာမည်ကြီးများ၏ အဆင့်နှင့် ဆက်စပ်နေသည်။
ဥပမာအားဖြင့် ဆယ်ကျော်သက်
အိုင်ဒေါလေးများ၏အိမ်ထောင်ရေး ဖောက်ပြန်မှုကဲ့သို့သော သတင်းများသည်ထိပ်တန်း
နာမည်ကြီးအမျိုးသားတစ်ဦး၏ ကောလဟာလများနှင့် တူညီသော ရေပန်းစားမှုမျိုး ရှိပေသည်။
ရှဲ့ကျစ်ရှင်းကဲ့သို့
ထိပ်တန်းကြယ်တစ်ပွင့်အတွက်မူ မည်သည့်သတင်းကိုမဆို ဖော်ထုတ်လိုက်သည်နှင့်
ကြီးမားသော သတင်းဖြစ်သွားလိမ့်မည်ပင်။
စနစ်သည် အနည်းငယ် မူးဝေလာသည်။ "Host၊ ခင်ဗျား ဘာပရိယာယ်တွေ ထပ်ဆင်ဦးမလို့လဲ? ကျွန်တော် သတိပေးမယ်နော်! ရှဲ့ကျစ်ရှင်းက
ဗီလိန်ကြီးပဲ! ဗီလိန်ကြီးပဲနော်! ခင်ဗျား သူ့အနား မကပ်ပါနဲ့တော့!"
စနစ်အတွက် ရှချန်းချန်းသည် စီမံခန့်ခွဲရန်
ခဲယဉ်းလှသည်။ သူသည် ရှချန်းချန်းကို ဆယ်ပိုင်းတောင်မကျော်ဘဲ သေဆုံးသွားစေရန်
မလိုလားပေ။
ရှချန်းချန်းသ ည် လှစ်ခနဲ ပြုံးလိုက်သည်။
"စိတ်ချပါ ကျွန်မက ပရော်ဖက်ရှင်နယ်လေ၊ အခု ကျွန်မက မဒမ်ရှဲ့ ဖြစ်နေပြီ
ရှဲ့ကျစ်ရှင်းအတွက် လျှို့ဝှက်ချက်တစ်ခု ဖန်တီးရုံလေးပဲ~ အရမ်းလွယ်တယ်
အိမ်ပြိုကွဲစေတဲ့ လျှို့ဝှက်ချက် မဟုတ်ရင်တောင်ရေပန်းစားတဲ့ သတင်းတစ်ပုဒ်ဖြစ်အောင်
လုပ်ရုံပဲ၊ လုံးဝပြဿနာမရှိဘူး!"
စနစ်သည် မည်သည်ကိုမျှ ပြန်မပြောဘဲ မျက်ခွံများသာ
တဆတ်ဆတ် ခုန်နေသည်။
အိုး၊ ဘာကြောင့် သူက သူ့Host၏ အပြုံးကို မြင်လိုက်ရသောအချိန်တွင် ပို၍
စိတ်မလုံခြုံသကဲ့သို့ ခံစားနေရပါလိမ့်?