အခန်း-၁၈
ရုံးခန်းမှထွက်လာချိန်တွင် လင်းရှီချန်သည်
အနည်းငယ်စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ လမ်းလျှောက်ရင်း သူ(မ)၏ခြေထောက်များသည်
သတိမထားမိဘဲ ပျော့ခွေသွားပြီး ဒူးထောက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
ထိုအခိုက်တွင် လူငယ်တစ်ဦးက လင်းရှီချန်အား
မြန်မြန်ဆန်ဆန် ကူပေးလိုက်သည်။
သူ၏ဆံပင်သည် စပျစ်နွယ်အရင့်ရောင်ခပ်တိုတို
ဖြစ်ပြီး ခန့်ညား သောမျက်နှာတွင် မိန်းမပီသမှုနှင့် ယောက်ျားပီသမှုကို ရောစပ်ထားသည့်
ပုံစံရှိသည်။
"ကျေးဇူးတင်ပါတယ်"
လင်းရှီချန်က နူးညံ့စွာဖြင့် ပြောလိုက်သည်။
သူ(မ)သည် ထိုလူငယ်အား
အရင်က တစ်ခါမျှ မတွေ့ဖူးသော်လည်း သူ၏ဝတ်စားဆင်ယင်မှုအရ
idolအဖြစ် လေ့ကျင့်ဆဲ လူငယ်တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိသည်။
"ရပါတယ်”
လူငယ်က ပြန်လည်ဖြေကြားခဲ့သည်။
"အစ်မ... ရှေ့မှာ သွားရမယ့်လမ်းက ဝေးသေးတယ် ၊နောက်တစ်ခါ
လမ်းလျှောက်ရင် သတိထားပါနော်"
လင်းရှီချန်သည် ခဏရပ်ကာ လူငယ်အား ကြည့်လိုက်သည်။
လူငယ်၏မျက်နှာအမူအရာသည် ရင်းနှီးနေသကဲ့သို့
ခံစားရသော်လည်း လမ်းကြားတွင်မှိန်းနေသော အလင်းရောင်ကြောင့် သူ(မ)အနေဖြင့် သူ့ကို မည်သူနှင့်တူသည်ကို ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။
သူ(မ)သည် လူငယ် ပြောသော
စကားအဓိပ္ပါယ်ကို သေသေချာချာနားမလည်သော်လည်း သူ့အား ငေးကြည့်နေမိသည်။
လူငယ်က ပြုံးရယ်ကာ
"လမ်းမှာ
ချိုင့်ခွက်တွေရှိနိုင်ပေမယ့် ကြိုးစားပြီးရှေ့ဆက်သွားရင် အဆင်ပြေမှုတွေနဲ့ တွေ့ရမှာပါ"
ဟု ဆိုလိုက်သည်။
လင်းရှီချန်၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးမှုတစ်ခု
ဖြစ်ပေါ်လာပြီး သူ(မ)လည်း ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
သူ(မ)ထွက်ခွာသွားချိန်တွင်
လက်ထဲ၌ ကိုင်ထားသော မှတ်စုစာရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ရှချန်းချန်း နှင့် စနစ် တို့သည် လင်းရှီချန်၏
နောက်ကျောကို ကြည့်ရင်း နက်ရှိုင်းစွာ သက်ပြင်းချမိသည်။
"Host၊ ကျွန်တော် စုံစမ်းထားပြီးပြီး!"
စနစ်သည် သူ၏ စုံစမ်းစစ်ဆေးနိုင်စွမ်းကို ရှချန်းချန်းအား
ပြသလိုက်သည်။
"လင်းရှီချန်က
ထျန်းရှန်ရဲ့ အနုပညာရှင်တစ်ဦဖြစ်ပြီး သူ(မ)ဒီလောကထဲ စဝင်လာခါစက big boss တစ်ယောက်ရဲ့ မျက်စိကျတာခံရပေမဲ့ သူ(မ)က ထိုလူ့ စကားနားမထောင်ပဲ စည်းမျဉ်းအချို့ကို လွန်ဆန်ခဲ့တာကြောင့် big boos ဆီကနေ သူ(မ)ရဲ့ တတ်လမ်းတွေကို
ပိတ်တာခံလိုက်ရတယ် ၊ ပြီးခဲ့တဲ့ 2နှစ်အတွင်းမှာ
သူ(မ)ရဲ့ အခြေအနေက သိပ်မကောင်းခဲ့ဘဲ ဇာတ်ရံ ဒါမှမဟုတ် အစားထိုးဇာတ်ကောင်အဖြစ်ပဲ
သရုပ်ဆောင်ခဲ့ရတယ်”
"ချန်းမင်ကျယ် ဆိုတာက
ယဲ့ရှီးဝမ်ကို ကပ်ဖားနေတဲ့ ကပ်ဖားကောင် ၊နောက်ပိုင်း သူက ယဲ့ရှီးဝမ်ကို သဘောမကျခဲ့တာကြောင့်
ဟန်ကျားလင်းနဲ့ ယဲ့ရှီးဝမ်တို့ရဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်လာခဲ့တယ် ၊ အဆုံးမှာ
သူက နာမည်မရှိသေးတဲ့ starငယ်လေးကို အဓမ္မပြုကျင့်တဲ့အမှု အတွက် ဖော်ထုတ်ခံခဲ့ရတယ်”
"Host၊ ဒီတစ်ခါတော့ ချန်းမင်ကျယ် ကို ကိုင်တွယ်လို့ ရမှာပါနော်၊ ကျွန်တော်
အသေအချာ စုံစမ်းထားပါတယ်!"
စနစ်သည် မာန်မာနထောင်လွှားနေပြီး ချီးကျူးခံရန်
စောင့်မျှော်နေသည့် အသွင်ဖြင့် ရှိနေသည်။
ရှချန်းချန်းက မျက်ခုံးပင့်ကာ
"အတော်လေး
စုံစုံလင်လင်ရှိပါတယ် ၊ဒါပေမယ့် ၈၀ရာခိုင်နှုန်း က ဝတ္ထုထဲမှာ ပါပြီးသားအကြောင်းတွေပဲ"
စနစ်က မကျေမနပ်ဖြစ်ကာ ငြင်းခုံလိုက်သည်။
"ဝတ္ထုထဲမှာ လင်းရှီချန်လို
ဇာတ်ကောင်မျိုး မရှိဘူး၊သူ(မ) ရဲ့အချက်အလက်တွေကို ကျွန်တော် ထျန်းရှန် ရဲ့
ကွန်ရက်စနစ်ကို hackခဲ့ပြီး ရှာဖွေထုတ်ယူခဲ့ရတာ”
"ဒါဆို ငါဒီနေ့
ဘာကို ဖော်ထုတ်မယ်ဆိုတာ ပြောပါဦး”
ရှချန်းချန်းသည် သူ(မ)၏ လက်နှစ်ဖက်ကို
နောက်ပြစ်လိုက်ပြီး နံရံကိုမှီလိုက်ကာ
“ငါ့နောက်လိုက်နေတာ
ရက်သတ္တပတ်တစ်ခုနီးပါးရှိပြီဆိုတော့ အနည်းဆုံးတော့ တစ်ခုခုတော့ သိမှာပေါ့”
စနစ်:????
"...မ...မဟုတ်ဘူးလား၊ ဒါ မှားယွင်းတာ မဟုတ်ဘူး"
စနစ်သည် စိတ်ရှုပ်ထွေးသွားသည်။
"ဝတ္ထုထဲမှာ
ချန်းမင်ကျယ်ရဲ့ ဂုဏ်သတင်းပျက်စီးရတာက ကြယ်လေးကို အဓမ္မလုပ်ခဲ့လို့ နာမည်ပျက်သွားခဲ့တာ”
"သားလေး၊ မင်း သင်ယူစရာတွေ
အများကြီးကျန်သေးတယ်"
ရှချန်းချန်းက ထလိုက်ပြီး ဓါတ်လှေကားဆီသို့
လျှောက်သွားရင်း
"ချန်းမင်ကျယ်က
ဝတ္ထုထဲမှာ အခုမှ ပေါ်လာတာ ၊ သူပုံစံ
အပြစ်ကင်းစင်သေးတယ် ၊ သူ့စိတ်ထဲမှာ ယဲ့ရှီးဝမ်တစ်ယောက်တည်းရှိနေတုန်း
အခြားအနုပညာရှင်တွေကို ဘယ်လိုလုပ်စော်ကားနိုင်မှာလဲ”
စနစ်က အံ့သြသွားသည်။
"ဒါပေမယ့် သူက လင်းရှီချန်ကို
မှတ်စုစာရွက်တစ်ရွက် လျှိုထည့်ပေးခဲ့တယ်လေ ၊ အဲဒီစာရွက်က ဟိုတယ်လိပ်စာ မဟုတ်လား"
ရှချန်းချန်း ရုတ်တရက် ရပ်လိုက်ပြီး သူ(မ)၏မျက်နှာတွင် ရေခဲကဲ့သို့ အေးစက်သော အသွင်ဖြစ်လာကာ မက်မွန်းပွင့်ရောင်မျက်လုံးများတွင်
ရေခဲမှုန်များဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေသည်။
"ဟုတ်တယ် ၊ အဲတာက
ဟိုတယ်လိပ်စာပဲ ၊ ဒါပေမယ့် ဟိုတယ်ကိုသွားတဲ့သူက
ချန်မင်ကျယ်ပါလို့ ဘယ်သူကပြောတာလဲ”
"ချန်မင်ကျယ်မဟုတ်ရင်
ဘယ်သူလဲ"
"သူ့ရဲ့ဖောက်သည်ပေါ့”
ရှချန်းချန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"နာမည်မကြီးတဲ့ starငယ်လေးတစ်ယောက်ကို အဓမ္မပြုခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ
သူထွက်ပေါက်ရှာဖို့ အကာအကွယ်ပေးထားတဲ့ အကြောင်းပြချက်ပဲ”
စနစ်က တဖြည်းဖြည်း နားလည်လာသည်။
"ဒါဆို
ချန်းမင်ကျယ်ရဲ့ အကြီးမားဆုံး အချက်က ၊ starငယ်လေးကို အဓမ္မပြုတာမဟုတ်ဘူးပေါ့ ဒါဆို…”
“ဖောက်သည်တွေအတွက် လိင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အတူအိပ်မဲ့လူ ရှာပေးတာ”
ရှချန်းချန်း၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေပြီး
စကားလုံးတစ်လုံးချင်းစီကို ဖိဖိရိရိ ပြောလိုက်သည်။
လသည် ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာပြီး ညသည်
တိတ်ဆိတ်နေသည်။
သို့သော် ပလက်တီနမ်ဟိုတယ်၏ အလင်းများမှာ လင်းထိန်နေဆဲဖြစ်သည်။
ဤဟိုတယ်သည် ကျန်းချန်းမြို့၏ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး
ဂျင်ကျန်းမြစ်ကမ်းဘေးတွင် တည်ရှိသည်။ တောင်ဘက်တွင် ကန့်လန့်ဖြတ်မရနိုင်သော မြစ်မြင်ကွင်းပြင်ရှိပြီး
ကျယ်ပြန့်သော မြစ်နှင့် ပင်လယ်ရေများသည် ကောင်းကင်နှင့် တစ်သားတည်းရှိနေသည်။ကုန်တင်သင်္ဘောများနှင့်
ခရီးသွားသင်္ဘောများ လာလိုက်သွားလိုက်ဖြစ်နေပြီး တစ်ခါတစ်ရံတွင် လှေငယ်လေးများလည်း
ပါဝင်နေသည်။
လင်းရှီချန်သည် ပလက်တီနမ်ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။
သူ(မ)၏ ချွေးများဖြင့်
စိုစွတ်နေသော လက်ဝါးပေါ်တွင် "ပလက်တီနမ်ဟိုတယ်" ဟူသော စာလုံးများ မှေးမှိန်လုနီးပါး ဖြစ်နေသည့်
စက္ကူကို ဖြန့်ကြည့်လိုက်သည်။
ထိုနေရာသို့ သူ(မ) တစ်ခါမျှ
မရောက်ဖူးခဲ့ပေ။
ပလက်တီနမ်ဟိုတယ်သည် အလွန်ဈေးကြီးကြောင်း သူ(မ)သိသည်။ ခမ်းနားထည်ဝါသော ဟိုတယ်ဧည့်ခန်းထဲသို့ ဝင်ရောက်ချိန်တွင် ဧည့်ခန်းမန်နေဂျာနှင့်
ဧည့်သည်တို့၏ စကားဝိုင်းကို ကြားလိုက်ရသည်။တစ်ညအိပ်ခန်းခ ယွမ်တစ်သောင်းကျော်ဖြစ်ပြီး
ယင်းငွေပမာဏသည် သူ(မ)၏ ရက်ပေါင်းများစွာ အလုပ်လုပ်ရသည့် လုပ်အားခနှင့်
ညီမျှသည်။
လင်းရှီချန်သည် စကားများများမပြောဘဲ ကောင်တာဘက်သို့
မျက်နှာသွားလိုက်ကာ နေကာမျက်မှန်နှင့် ဘေ့စ်ဘောဦးထုပ်ကို လျင်မြန်စွာ ဝတ်ဆင်ပြီး ဧည့်ဝတ်ပြုအလုပ်သမားနောက်သို့
လိုက်ပါလျက် ဓာတ်လှေကားထဲသို့ ဝင်ခဲ့သည်။
ဖန်သားပြင်ဓာတ်လှေကားသည် အထက်ထပ်များဆီသို့
တက်သွားစဉ် ကျန်းချိန်၊ ညမြင်ကွင်းများသည် အပြည့်အဝ ပွင့်လင်းစွာ မြင်ရသော်လည်း သူ(မ)၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ကျုံ့ဝင်သွားသည်မှာ လင်းရှီချန်၏ ကမ္ဘာကြီးတစ်ခုလုံး
ရွေ့လျားသွားသည်ဟု ခံစားရသကဲ့သို့ပင်။
သူ(မ) သတိမထားမိဘဲ
လက်ထဲရှိ စက္ကူကို ဆုပ်ကိုင်လိုက်မိသည်။
အမှိုက်ပုံးအနီးမှ ဖြတ်သန်းသွားစဉ် မကြာခဏဆိုသလို
စက္ကူကို ပစ်ရန် စိတ်ကူးမိသော်လည်း ချန်းမင်ကျယ်၏ သတိပေးချက်များသည် သူ(မ)၏ နားထဲတွင် ပဲ့တင်ထပ်နေသဖြင့် အဆုံးတွင် မပစ်ဖြစ်ခဲ့ပေ။
ဓာတ်လှေကား၏ သတ္တုတံခါးနှစ်ချပ်သည် ဓားမြှောက်နှစ်စင်းကဲ့သို့
ဖြေးညင်းစွာ ပွင့်လာကာ တောက်ပသော လမ်းကြောင်းတစ်ခု မျက်နှာပြင်ပေါ်သို့ ပေါ်လာသည်။
လင်းရှီကျန်သည် သူ(မ)၏ မျက်လုံးများ
ပြာလာသောကြောင့် ရှေ့တွင် မြင်ရသမျှအားလုံး အနည်းငယ် မှုန်ဝါးသွားသည်ဟု ခံစားရသည်။အခန်းနံပါတ်
၂၂၁၉ ထဲသို့ မည်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့သည်ကိုပင် သူ(မ )မသိခဲ့ပေ။
သူ(မ)၏ ရှေ့တွင် ဘီယာဗိုက်နှင့်အနည်းငယ်
ဝဖြိုးသည့် ယောက်ျားကို မြင်သည့်အခါမှသာ လင်းရှီချန် အသိဝင်လာခဲ့သည်။
ထိုယောက်ျား၏ နာမည်မှာ ကျို့ ဖြစ်ပြီး မစ္စတာကျို့ဟု ခေါ်ဆိုကြသည်။
လင်းရှီကျန်သည် ယခင်က မစ္စတာကျို့ကို တွေ့ဖူးသည်။ "ရှန်းကျွယ်" ဇာတ်လမ်းတွဲ၏ တတိယမြောက် အမျိုးသမီးဇာတ်ဆောင်အဖြစ် မူလပြထားသည့် မင်းသမီး
လင်ချင်း က ဘန်ထလီ ကားပေါ်တက်သွားချိန်
မြင်ဖူးခဲ့သည်။
ထိုအချိန်က မစ္စတာကျို့သည်လည်း ထိုဘန်ထလီကားထဲတွင်
ထိုင်နေခဲ့သည်။
မစ္စတာကျို့သည် လင်းရှီချန်ကို မြင်သောအခါ
သူ၏ မျက်လုံးများ အနည်းငယ် မှိတ်လျက် အံ့အားသင့်
နေသည်။
လင်းရှီကျန်၏ အသွင်အပြင်သည် လင်ချင်း နှင့် ဆင်တူသော်လည်း သူ(မ)၏ မျက်လုံးများတွင် ကြောက်ရွံ့နေသည့် သမင်ကဲ့သို့ ရှက်ရွံ့သည့် အသွင်ရှိသည်။
မစ္စတာကျို့သည် ထိုကဲ့သို့သော အသက်ငယ်သည့် မိန်းကလေးများကို အလွန်နှစ်သက်သည်။ သူတို့၏
အတတ်ပညာများသည် အတွေ့အကြုံရှိသည့် အမျိုးသမီးများကဲ့သို့ မကောင်းသော်လည်း အသစ်အဆန်း
ဖြစ်စေသည်။
လတ်ဆတ်သော အသားကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။
မစ္စတာကျို့သည် သူ၏လက်ထဲရှိ ဝိုင်ဖန်ခွက်ကို
လှုပ်ပြီး လင်းရှီချန်၏ ဘေးတွင် ထိုင်လိုက်သည်။
လင်းရှီချန်သည် ရုတ်တရက် လန့်သွားသည်။ သူ(မ)မစ္စတာကျို့၏ ပြုံးနေသည့် အမူအရာကို ကြည့်ကာ ဘာလုပ်ရမည်ကို မသိဖြစ်နေသည်။
"အဆင်ပြေပါတယ်"
မစ္စတာကျို့၏ အသံသည် တကယ်တော့ အနည်းငယ် အဆင့်အတန်းရှိသည်။
"ကျွန်တော် ညင်သာမှာပါ
၊နာကျင်မှုကို ခံစားရရင် ဘယ်အချိန်ဖြစ်ဖြစ် မင်း ကျွန်တော့်ကို ရပ်ခိုင်းလို့ရပါတယ်”
သူ၏စကားများသည် လင်းရှီချန်ကို စိတ်သက်သာရာမရစေပဲ
သူ(မ)၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားစေသည်။
လင်းရှီချန်၏ အသံတွင် မထိန်းနိုင်သော မျက်ရည်များ
ပါဝင်နေသည်။ ထိုအချိန်တွင် သူ(မ) နောင်တရမိသည်။
"တောင်းပန်ပါတယ်!"
မစ္စတာကျို့ကို ထပ်ခါထပ်ခါ ဦးညွှတ်လိုက်ရင်း
"ကျွန်မ ပြန်သွားလို့ရမလား၊ကျွန်မ ပြန်သွားတာ
ပိုကောင်းမယ်ထင်တယ်”
လင်းရှီချန်သည် ထွက်သွားရန် လှည့်လိုက်သော်လည်း
မစ္စတာကျို့က သူ(မ)၏လက်ကို အမြန်ဆွဲကိုင်လိုက်သည်။
"ခဏနေပါဦး"
လင်းရှီချန်၏ ခန္ဓာကိုယ်သည် အေးခဲသွားပြီး
သူ(မ) မစ္စတာကျို့ကို ကြောက်ရွံ့စွာဖြင့် လှည့်ကြည့်သည်။
"ကျွန်တော်က အရမ်းကြောက်စရာကောင်းလို့လား"
မစ္စတာကျို့ ခါးသက်သက် ပြုံးလိုက်သည်။
"ကျွန်တော်က
ဖိအားမပေးပါဘူး ၊ ဒီလိုအရာမျိုးက
နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ဆန္ဒရှိမှသာ ဖြစ်နိုင်တာ ၊ မင်းဆန္ဒမရှိရင် ပြန်လို့ရပါတယ်”
မစ္စတာကျို့ လင်းရှီချန်၏လက်ကို လွှတ်လိုက်သည်။
"ဒါပေမယ့်
ကျွန်တော့်ရဲ့ လက်ထောက် ခုနက ပြောတာက နာမည်ကြီးတဲ့လူတစ်ယောက် ဟိုတယ်ကို ရောက်နေတယ်တဲ့
၊ ပရိသတ်တွေနဲ့ သတင်းထောက်တွေက ဟိုတယ်အပြင်ဘက်မှာ
ရှိနေတယ် ၊မင်း နည်းနည်းနောက်ကျမှ ထွက်သွားတာ ပိုကောင်းမယ်”
နာမည်ကြီးတဲ့လူတစ်ဦး ဟိုတယ် ရောက်နေသည်။အံ့အားသင့်စရာ
မရှိပါ။ဘိုလီသည် ကျန်းချိန်၏ အထူးချွန်ဆုံး ဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။ပုံမှန်အားဖြင့်
အခြားနေရာများမှ လာရောက်သည့် နာမည်ကြီးသူများသည် ဘိုလီတွင် နေထိုင်လေ့ရှိသည်။
လင်းရှီချန်သည် မစ္စတာကျို့ကို တိတ်တဆိတ်
ကြည့်လိုက်သည်။ဤလူလတ်ပိုင်း အမျိုးသားသည် ဘီယာဗိုက်ရှိသော်လည်း သူ၏ စကားပြောဆိုပုံနှင့်
အပြုအမူမှာအလွန်အဆင့်အတန်းရှိသည်။သူ(မ)၏လက်ကို လွှတ်လိုက်ပြီးနောက် ကော်ဖီစားပွဲရှေ့တွင်
အေးဆေးစွာ ထိုင်ကာ လက်ဖက်ရည်တစ်အိုးကို ဖျော်နေသည်။ဖူချန်းမှ ဒါဟုန်ပါဖြစ်နိုင်သည်။
လင်းရှီကျန်သည် မွှေးသော လက်ဖက်ရည်အနံ့ကို ရှူရှိုက်လိုက်မိသည်။
သူ(မ)၏ စိတ်ထဲတွင် တင်းနေသော
ကြိုးသည် သတိမထားမိဘဲ အနည်းငယ် ပြေလျော့သွားခဲ့သည်။
"လက်ဖက်ရည် သောက်သွားပါဦးလား
၊မင်း ထွက်သွားဖို့ နောက်ထပ် တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် စောင့်ရနိုင်တယ်”
မစ္စတာကျို့သည် လက်ဖက်ရည်ကို ကျွမ်းကျင်စွာဖျော်လိုက်ပြီး
လင်းရှီချန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လင်းရှီချန်သည် သူ(မ)၏လည်ချောင်း အနည်းငယ်
ခြောက်သွေ့နေသည်ကို ခံစားမိသည်။
စတူဒီယိုမှ ထွက်ခွာသည့်အချိန်မှစ၍ သူ(မ) စိတ်လှုပ်ရှားနေပြီး ယခုအချိန်အထိ ရေတစ်စက် မသောက်ရသေးပေ။
လက်ဖက်ရည်၏ ပျော့ပျောင်းသော ရနံ့ကို ရှူရှိုက်မိပြီး
လင်းရှီကျန်သည် မစ္စတာကျို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ဒါဟုန်ပါလက်ဖက်ရည်ကို သောက်လိုက်သည်။
လက်ဖက်ရည်သည် အနည်းငယ် ခါးသက်သက်ဖြစ်သော်လည်း
မွှေးကြိုင်သော ရနံ့သည် သူ(မ)၏လည်ချောင်းမှ ဗိုက်ထဲအထိ နွေးထွေးသွားစေသည်။
လင်းရှီချန်သည် ထိန်းမနိုင်ဖြစ်သွားပြီး နောက်ထပ်
နှစ်ခွက်ထပ်သောက်လိုက်သည်။
လင်းရှီချန်သည် တတိယမြောက် လက်ဖက်ရည်ခွက်ကို
သောက်ပြီးချိန်တွင် သူ(မ)၏ခေါင်းသည် ခါယမ်းလိုက်ပြီး မစ္စတာကျို့၏
ပုံရိပ်မှာ နှစ်ထပ်ကို မြင်လာရသည်။သူ(မ)မျက်လုံးများကို
ပွတ်သပ်ရန် လက်များကို ဆန့်တန်းလိုက်သော်လည်း သူ(မ)၏လက်မောင်းများသည်
ပေါင်ချိန်တစ်ထောင်ဖြင့် ဖိထားသကဲ့သို့ လေးလံနေပြီး လုံးဝ မမြှောက်နိုင်ခဲ့ပေ။
လင်းရှီချန်သည် အလွန်ထူးဆန်းသည်ဟု ခံစားရသော်လည်း
စဉ်းစားရန် အချိန်မရှိတော့။ကမ္ဘာကြီးဂျာလည်လည်နေစဉ်တွင် သူ(မ) ဆိုဖာပေါ်သို့
လဲကျသွားခဲ့သည်။
သူ(မ)၏ဘေးတွင် မစ္စတာကျို့သည်
သက်တောင့်သက်သာဖြင့် လက်ဖက်ရည်တစ်ခွက်ထပ်သောက်ပြီးနောက် လင်းရှီချန်ကို ချီကာ အခန်းထဲသို့
လျှောက်သွားခဲ့သည်။
လင်းရှီချန်ကို အရုပ်တစ်ခုကဲ့သို့ အိပ်ရာပေါ်သို့
ပစ်ချခဲ့ပြီး အိပ်ရာဘေးတွင် ထူးဆန်းသော အရာများ ရှိနေသည်။
သူ(မ) မျက်လုံးများကို
ဖွင့်ကြည့်ရန် ကြိုးစားခဲ့ပြီး သူ(မ)၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
မစ္စတာကျို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး
သားရဲကဲ့သို့အသက်ရှူသံများဖြင့် ပြည့်နှက်နေသည်။ သူသည် လင်းရှီချန်ကို ဖမ်းရန် အလျင်စလို
ဖြစ်နေသည်။
လင်းရှီချန်သည် သူ(မ)၏ နှလုံးသားထဲတွင်
အော်ဟစ်သံများဖြစ်ပြည့်နေသော်လည်း
ထိုအသံများကို မည်သူမျှ မကြားနိုင်ပေ။သူ(မ) ရုန်းကန်ထွက်သွားချင်ပေမဲ့ သူ(မ)၏ ခြေလက်များမှာ
အားနည်းနေသည်။
ရုတ်တရက် အခန်းအတွင်း၌ မီးသတ်သတိပေးချက်သံ
မြည်ခဲ့သည်။
မစ္စတာကျို့သည် လန့်ဖြန့်သွားပြီး တံခါးကို
အလျင်အမြန် ဖွင့်လိုက်သည်။စင်္ကြံတစ်လျှောက်တွင် အလျင်အမြန် ထွက်ပြေးနေကြသည့် ဧည့်သည်များဖြင့်
ပြည့်နှက်နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် သူ့ကဲ့သို့ပင် အံ့အားသင့်ကြောက်ရွံ့နေသည့်
အမူအရာရှိသည်။
တကယ့်မီးလောင်မှု ဖြစ်နေဟန် တူသည်။
မစ္စတာကျို့သည် လင်းရှီချန်ကို ဂရုမစိုက်တော့ဘဲ
အင်္ကျီကို ဝတ်ဆင်ပြီး အခန်းမှ ထွက်ကာ လူအုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။လူအုပ်ထူထပ်လျက်ရှိပြီး
ထွက်လာသည့် ဧည့်သည်များသည် ရေစက်များကဲ့သို့ လူအုပ်ထဲတွင် ပျောက်ကွယ်သွားကြသည်။
ထိုထွက်ပြေးနေကြသည့် လူအုပ်ထဲတွင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့်
လူငယ်တစ်ဦးသည် လူစီးကြောင်းကို ဆန့်ကျင်လျက် အခန်းနံပါတ် ၂၂၁၉ ဆီသို့ လျှောက်သွားနေသည်။
ထွက်ပြေးနေကြသည့် ဧည့်သည်များသည် သူ(မ)ကို သတိမထားမိကြပေ။အဆုံးတွင် ဤအချိန်တွင် အသက်သည် အရေးအကြီးဆုံးဖြစ်နေသည်။
ထိုလူငယ်သည် အခန်းနံပါတ် ၂၂၁၉ သို့ အလွယ်တကူ
ရောက်ရှိလာပြီး အခန်းအတွင်းရှိ အိပ်ရာပေါ်တွင် သတိလစ်နေသည့် လင်းရှီချန်ကို မြင်တွေ့ရသည်။
သူ(မ)သည် အခန်းကို လှမ်းကြည့်ပြီး ခေါင်းရင်းစားပွဲပေါ်ရှိ ရေခွက်ကို ကောက်ယူကာ
မဆိုင်းမတွဘဲ လင်းရှီချန်အပေါ်သို့ လောင်းချလိုက်သည်။
ရုတ်တရက် အေးမြသော ထိတွေ့မှုကြောင့် လင်းရှီချန်
နိုးထလာခဲ့သော်လည်း သူ(မ)၏မျက်နှာတွင် ဝေဝါးနေဆဲဖြစ်ပြီး ခေါင်းမှာ
မူးနေဆဲဖြစ်သည်။
ထိုလူငယ်သည် မျက်ခုံးပင့်လိုက်ပြီး အသစ်စက်စက်
သွားတိုက်တံတစ်ချောင်းကို အမြန်ဖွင့်ကာ လင်းရှီချန်၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ရုတ်တရက်
ပါးစပ်ထဲရောက်လာသည့် ပြင်ပအရာဝတ္ထုကြောင့် လင်းရှီချန် ပျို့အန်လာပြီး လက်ဖက်ရည်များကို
ကြမ်းပြင်ပေါ်သို့ အန်ထုတ်လိုက်သည်။
လင်းရှီချန်၏ သတိသည် အနည်းငယ် ပြန်လည်ရှင်းလင်းလာပြီး
သူ(မ)ရှေ့တွင် ရှိနေသည့် လူငယ်ကို ကြည့်ကာ နှစ်စက္ကန့်လောက် အံ့အားသင့်သွားသည်။
"မင်းက... ဒီနေ့ စတူဒီယိုထဲက တစ်ယောက်လား"
လင်းရှီချန်က လူငယ်ကို မှတ်မိနေသည်။ သို့သော်
မကြာမီ သူ(မ)၏ ဝေဝါးနေသည့် သတိကြောင့် သူ(မ)၏မျက်လုံးများ ပြောင်းလဲသွားပြီး ယနေ့မြင်ဖူးသည့် အခြားလူတစ်ဦးနှင့်
ပိုတူနေသည်ကို တွေ့ရှိရသည်။
"ရှန်းကျွယ်" ၏ အထွေထွေထုတ်လုပ်သူ ရှချန်းချန်းဖြစ်သည်။
"ငေးမနေနဲ့၊ အမြန်ထွက်ပြေး"
ရှချန်းချန်းသည် ဘာမှမပြောဘဲ လင်းရှီချန်ကို
ဆွဲထူလိုက်သည်။
မီးသတ်သတိပေးချက်သံသည် ဘိုလီဟိုတယ်တစ်ခုလုံးတွင်
မြည်ဟီးနေသည်။
လင်းရှီချန်သည် အပြင်ဘက်သို့ ပြေးထွက်လာပြီး
သူ(မ)၏ သတိသည် တဖြည်းဖြည်း ပြန်လည်ရှင်းလင်းလာသည်။ သူ(မ) နှစ်လှမ်းလှမ်းပြီး သူ့နောက်က ရှချန်းချန်းကို လှည့်ကြည့်လိုက်သည်။
သူ(မ)သည် ဘေ့စ်ဘောဦးထုပ်ဆောင်းထားပြီး
ကင်မရာကိုင်ထားကာ အခန်းအတွင်းရှိ တစ်ခုခုကို ဓာတ်ပုံရိုက်နေဟန် ရှိသည်။
လင်းရှီချန်သည် နောက်ထပ် စုံစမ်းစစ်ဆေးရန်
အချိန်မရှိတော့ဘဲ လူအုပ်နှင့်အတူ ဟိုတယ်မှ ထွက်ခွာသွားခဲ့သည်။
လင်းရှီချန်သည် တစ်ဆက်တည်း ပြေးလွှားကာ ဘိုလီဟိုတယ်ရှေ့ရှိ
ရင်ပြင်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် လူအုပ်ဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် သူ(မ) ဟိုတယ်မန်နေဂျာက
ဘေးနားရှိ လက်ထောက်တစ်ဦးကို အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
"ဘယ်အခန်းက
မီးလောင်နေတာလဲ၊
ရှာပြီးပြီလား”
လက်ထောက်သည် ကြောက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့လိုက်ပြီး
"စနစ်က မှားယွင်းတဲ့အချက်ပြမှုဖြစ်နိုင်တယ်..."
ဟု ပြန်ဖြေသည်။
"မှားယွင်းတဲ့ အချက်ပြမှုလား"
မန်နေဂျာသည် မျက်လုံးများကို ပြူးပြီး လက်ထောက်၏ခေါင်းကို ဖိထားကာ
"ငါတို့ဟိုတယ်မှာ
ဘယ်လိုဧည့်သည်တွေ ရှိနေတယ်ဆိုတာ သိလား၊ဒီလိုအရာမျိုးကို မှားယွင်းတယ်လို့ ပြောလို့ရမှာလား"
ဟု တိုးတိုးတိတ်တိတ် ပြောသည်။
မန်နေဂျာ၏ နောက်ထပ် စကားလုံးများကို တိတ်တဆိတ်ပြောနေတာကြောင့်
လင်းရှီချန် မကြားနိုင်တော့ပေ။
သူ(မ) ပန်းအိုးတစ်လုံးကို
ရှာဖွေကာ ထိုင်လိုက်ပြီး သူ(မ)၏အရေပြားပေါ်ရှိ အနီရောင်အစင်းများကို ပွတ်သပ်ရင်း
ငိုကြွေးလိုက်မိသည်။
ထိုအချိန်တွင် မစ္စတာကျို့မှ သူ(မ)အား လုပ်ဆောင်ခဲ့သည့် အရာအားလုံးသည် သူ(မ)၏ စိတ်ထဲတွင် ရှင်းလင်းစွာ
ပေါ်လွင်နေသည်။ထိုကဲ့သို့သော ရွံရှာဖွယ်ရာ၊ ရှက်ဖွယ်ရာနှင့် မကျေနပ်ဖွယ်ရာ ခံစားချက်များသည်
တဒင်္ဂအတွင်း သူ(မ)၏ နှလုံးသားထဲသို့ လှိုင်းများထသကဲ့သို့ဖြစ်လာခဲ့သည်။
သူ(မ)သည် ညစ်ပတ်သော
အရုပ်တစ်ခုကဲ့သို့ ခံစားရပြီး၊ မည်မျှပင် ပွတ်တိုက်သန့်စင်ပါစေ၊ ကိုယ်ခန္ဓာပေါ်ရှိ
အညစ်အကြေးများကို ဖယ်ရှား၍ မရနိုင်ဟု သူ(မ)ထင်မိသည်။
တစ်ဖက်တွင်၊ ဟိုတယ်မန်နေဂျာသည် မီးလောင်မှုအခြေအနေမှာ အချည်းနှီးသော
အချက်ပြမှုသာဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ဧည့်သည်များသည် တဖြည်းဖြည်း ဟိုတယ်ထဲသို့
ပြန်ဝင်လာကြသော်လည်း၊ လင်းရှီချန်မှာမူ ထရပ်ကာ လူစုနှင့်ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း
လျှောက်လှမ်းသွားခဲ့သည်။
ထိုအချိန်တွင်
BMW ကား တစ်စီးသည် အရှိန်ပြင်းစွာဖြင့် မောင်းလာပြီး
ပလက်တီနမ်ဟိုတယ်၏ တံခါးဝတွင် ရပ်လိုက်သည်။ချန်းမင်ကျယ်သည် ကားမှဆင်းလာကာ ပတ်ဝန်းကျင်ကို
လှမ်းကြည့်မိပြီး လူစုနှင့်ဆန့်ကျင်ဘက် ထွက်ခွာနေသော လင်းရှီချန်ကို မြင်လိုက်ရသည်။
သူသည် လင်းရှှချန်ထံသို့ ပြေးသွားကာ အော်ဟစ်ဆဲဆိုလိုက်သည်။
"လင်းရှီချန်၊ မင်း
ဟိုတယ်ကို ပြန်ဝင်လာခဲ့! မစ္စတာကျို့က
အခန်းထဲမှာ မင်းကိုစောင့်နေတယ်!"
"ဒါရိုက်တာချန်း..."
လင်းရှီချန်သည် တိုးတိုးလေးပြောလိုက်သည်၊
"ကျွန်မ
ပြန်မသွားချင်တော့ဘူး"
"မပြန်ချင်တော့ဘူး၊ဟုတ်လား"
ချန်းမင်ကျယ်သည် မျက်မှောင်ကြုတ်ကာ လင်းရှီချန်ကို
အပေါ်အောက် စစ်ဆေးကြည့်မိပြီး သူ(မ)၏ လည်ပင်းပေါ်ရှိ အနီရောင်အစင်းများကို မြင်လိုက်ရသည်။ချန်းမင်ကျယ်
သည် ချက်ချင်းနားလည်သွားကာ သရော်စကားပြောလိုက်သည်၊
"လင်းရှီချန်၊ မင်းမှာ
ရွေးချယ်စရာ အခွင့်အရေးရှိမယ်လို့ ထင်နေတာလား ၊မစ္စတာကျို့က ပိုက်ဆံပေးပြီးပြီ
၊တတိယမင်းသမီးဇာတ်ရုပ်အတွက် မင်းအခွင့်အရေးကို လိုချင်သေးလား”
လင်းရှီချန်သည် အလျင်အမြန် ချန်းမင်ကျယ်၏
လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တောင်းပန် လိုက်သည်။
"ဒါရိုက်တာချန်း.. ကျွန်မ ဒီဇာတ်ရုပ်ကို မဆုံးရှုံးချင်ဘူး၊ ကော်မရှင်လိုချင်ရင် ကျွန်မပေးနိုင်ပါတယ်
၊ကျေးဇူးပြုပြီး ကူညီပါ!"
"ငါ့ကိုတောင်းပန်နေလည်း
အကျိုးမရှိဘူး”
ချန်းမင်ကျယ်သည် တက်တက်ကြွကြွ လင်းရှီချန်၏
လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"အခုပဲ ငါနဲ့အတူ
ဟိုတယ်ကို ပြန်လာခဲ့၊ ဒီကိစ္စကို ဆွေးနွေးလို့ရသေးတယ်"
"မလိုချင်တော့ဘူး! မလိုချင်တော့ဘူး!"
လင်းရှီချန်သည် အလွန်ကြောက်လန့်နေပြီး အပြင်းအထန်
ရုန်းကန်ခဲ့သော်လည်း သူ(မ)၏ အားသည် ချန်းမင်ကျယ်၏ အားနှင့် မမျှပေ။
သူ(မ)သည် ချန်းမင်ကျယ်မှ ပလက်တီနမ်ဟိုတယ်ဘက်သို့ ဆွဲခေါ်ခံရဆဲဆဲဖြစ်နေသည်။
အလင်းများဖြင့် တောက်ပနေသော ဇိမ်ခံဟိုတယ်ကြီးသည်
လင်းရှီချန်၏ မျက်လုံးထဲတွင် သွေးစီးနေသော ငရဲကြီးတစ်ခုနှင့် တူနေသည်။
သူ(မ) ဟိုတယ်ထဲသို့
ဆွဲခေါ်ခံရမည့် အခိုက်အတန့်တွင် မည်သည့်နေရာမှလာသည်ကို မသိရသော ရေဘူးတစ်ဘူးသည် ချန်းမင်ကျယ်၏
နောက်စေ့ကို မှန်လာသည်။
ချန်းမင်ကျယ် အလန့်တကြားဖြစ်သွားစဥ် ထိုအခွင့်အရေးကို
အသုံးချကာ လင်းရှီချန်သည် ချန်းမင်ကျယ်၏ အောက်ပိုင်းကို အပြင်းအထန် ကန်လိုက်သည်။
ချန်းမင်ကျယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရီနေပြီး
သူ၏ အောက်ပိုင်းကို ဆုပ်ကိုင်ကာ သွားကြိတ်နေလိုက်သည်။
သူသည် လင်းရှီချန်၏ ပြေးလွှားနေသော ပုံရိပ်ကို
ကြည့်ရင်း ဟစ်အော်လိုက်သည်။
"လင်းရှီချန်၊
မင်းဒီနေ့ ပြေးသွားရင် ဒီလောကထဲမှာ နေဖို့ နေရာမရှိတော့ဘူးဆိုတာ ငါအာမခံတယ်"
သို့သော် လင်းရှီချန်သည် ဤအရာများကို ဂရုမစိုက်နိုင်တော့ဘဲ
ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း အသက်ရှူမှားလောက်အောင် ပြေးသွားခဲ့သည်။
ချန်းမင်ကျယ်၏ အောက်ပိုင်းနာကျင်မှု အနည်းငယ်သက်သာလာသောအခါ၊
သူ၏ ရှေ့တွင် လင်းရှီချန်၏ အရိပ်အယောင်ပင် မရှိတော့ပါ။သူသည် အလွန်ဒေါသထွက်နေပြီး ဘေးနားရှိ
BMW ကားကို ကန်လိုက်ကာ ဟိုတယ်ထဲသို့ ဒေါသထွက်စွာ
လျှောက်သွားလိုက်သည်။
လင်းရှီချန်သည် မစ္စတာကျို့ကို စွန့်ခွာသွားနိုင်သော်လည်း
သူမတတ်နိုင်ပါ။သူသည် အခြားမိန်းကလေးတစ်ဦးကို ရှာဖွေပြီး မစ္စတာကျို့ထံ တောင်းပန်ရမည်။
ချန်းမင်ကျယ်၏ ပုံရိပ် ပျောက်ကွယ်သွားသောအခါ
ရှချန်းချန်းသည် ချုံပုတ်နောက်မှ ခေါင်းထွက်ကြည့်လိုက်သည်။သူ(မ)၏ ဘေးတွင် ရေသန့်ဘူးများ
ရှိနေသည်။
သူ(မ)၏ လက်ထဲရှိ ကင်မရာကို
ကြည့်လိုက်ပြီး ချန်းမင်ကျယ်နှင့် လင်းရှီချန်တို့ အငြင်းပွားနေပုံကို ရှင်းရှင်းလင်းလင်း
ဖမ်းမိထားသည်။
ထို့နောက် သူ(မ)သည် နားကြပ်ကို
တပ်လိုက်ပြီး လင်းရှီချန်၏ အိတ်ထဲတွင် ဝှက်ထားသော အသံဖမ်းစက်သည်လည်း နှစ်ဦးစကားပြောဆိုမှုကို
ရှင်းလင်းစွာ ဖမ်းမိထားသည်။
ထို့နောက်တွင် ရှချန်းချန်းသည် ခုံတန်းတစ်ခုပေါ်တွင်
ထိုင်လိုက်ပြီး အခန်းနံပါတ် ၂၂၁၉ တွင် သူ(မ) ထည့်သွင်းထားသော
ပင်အပ်ကင်မရာကို ဖွင့်ကြည့်လိုက်သည်။ထိုအချိန်က ရုပ်ပုံမှာ မစ္စတာကျို့မှ ချန်းမင်ကျယ်အား
ဆဲဆိုနေသော မြင်ကွင်းဖြစ်သည်။
ရှချန်းချန်း၏ အေးစက်သော မျက်နှာပေါ်တွင်
အပြုံးများ ရှားရှားပါးပါး ပေါ်လာသည်။
"Host၊ သက်သေအထောက်အထားတွေ စုဆောင်းပြီးပြီ ၊ဟိုတယ်ရဲ့ ကွန်ရက်ထဲကို ခိုးဝင်ပြီး
မီးလောင်မှုကို ဖန်တီးခဲ့တာ ဘယ်သူ
ရှာမတွေ့နိုင်ဘူး”
စနစ်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူသည် ရှချန်းချန်း၏ IQ နှင့် မယှဉ်နိုင်သော်လည်း ကွန်ပျူတာနယ်ပယ်တွင်တော့
ဘယ်တော့မှ မရှုံးဖူးပေ။
"သွားကြရအောင်"
ရှချန်းချန်းသည် ကျေနပ်စွာဖြင့် ထလိုက်ပြီး ဘေ့စ်ဘောဦးထုပ်ကို ဆောင်းလိုက်သည်။
"ရာသီဥတုက အေးလာပြီ၊ တစ်စုံတစ်ယောက်ရဲ့အိမ်လည်း ပြန်ပြိုကျတော့မယ်~"