အခန်း-၁၇
အဖွဲ့က ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်နေသည်။
စတူဒီယိုထဲသို့ ဒုတိယမြောက်ဝင်ရောက်လာသူမှာ
အသက် (၂၀) ပြည့်ခါစ သရုပ်ဆောင်မင်းသမီးငယ်လေး လင်းရှိချန်ပင်ဖြစ်သည်။
သူမသည် တန်ရန် Sect ခေါင်းဆောင်၏
သမီးဖြစ်ပြီး အစောပိုင်းတွင် ရိုးသားပျော်ရွှင်သော ဇာတ်ရုပ်ဖြစ်ကာ နောက်ပိုင်းတွင်
သန့်စင်သောစိတ်ထားရှိသူဖြစ်သည်။
ဒုတိယ အမျိုးသားဇာတ်လိုက်ထံမှ နှိပ်စက်ညှင်းပန်းကာ အဓ္ဓမပြုကျင့်ခံရ၍
ထိုညမှာပင် သူ၏အတွင်းစိတ်တွင် မကောင်းမှူများ မွေးဖွားလာကာ ဇာတ်လမ်း၏ အကြီးမားဆုံး ဗီလိန်များထဲမှ တစ်ယောက်ဖြစ်လာသည်။
ရှို့ရှန်နန်သည် ဇာတ်ကောင်၏ အမှောင်ဘက်ခြမ်းသို့ပြောင်းလဲမှုကို
ဖော်ပြရန် မိတ်ကပ်များ အလွန်အကျွံလိမ်းမည်ကို မနှစ်သက်ပေ။
ထို့ကြောင့် လင်းရှီချန်သည် သန့်စင်သောမိတ်ကပ်ဖြင့်သာ
ဇာတ်ကောင်၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ခံစားချက်ကို ဖော်ပြရန် လိုအပ်သည်။
ဤသည်မှာ အလွန်ခက်ခဲသော ဇာတ်ကောင်တစ်ခုဖြစ်သည်။
ရုပ်ရှင်ဇာတ်လမ်းတွဲအများစုသည် ဇာတ်ကောင်၏
စရိုက်လက္ခဏာများကို မိတ်ကပ်နှင့် ဝတ်စားဆင်ယင်မှုဖြင့် မြှင့်တင်လေ့ရှိသည်။
ရှုရှားယန် သရုပ်ဆောင်သည့် နတ်ဆိုးဘုရင်ဇာတ်ကောင်သည် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါး
တစ်ကောင်ဖြစ်ပြီး အမည်းရောင်ဝတ်စုံ၊ မှောင်မိုက်သောမိတ်ကပ်နှင့် ကြောက်စရာကောင်းသော
ပစ္စည်းများကို အသုံးပြုထားသည်။
တိတ်တိတ်လေး ရပ်နေရုံနှင့်ပင် ရက်စက်ကြမ်းကြုတ်သော
မကောင်းဆိုးဝါးတစ်ကောင်၏ အငွေ့အသက်ကို အပြည့်အဝ ခံစားရသည်။
လင်းရှီချန်မှာမူ အပြစ်ကင်းစင်သော မိတ်ကပ်ဖြင့်
မလိုက်ဖက်ဆုံးသော ဇာတ်ရုပ်ကို သရုပ်ဆောင်ရမည်ဖြစ်သည်။
မည်မျှခက်ခဲမည်ကို တွေးကြည့်၍ပင်မရ။
ကျိုးရှန်းနန် "အက်ရှင်" ဟု ပြောလိုက်တာနှင့်တစ်ပြိုင်နက် လင်းရှီချန်သည် စတင်သရုပ်ဆောင်တော့သည်။
သူ့ရှေ့က စီနီယာအကို တစ်ယောက်ကို ကြည့်ကာ
ပြုံးပြလိုက်သည်။ သူမ၏ ပြုံးရယ်မှုသည်
အလွန်ချိုမြိန်ပြီး သန့်စင်သော်လည်း ရှချန်းချန်း သည် သူမ၏မျက်လုံးထဲတွင် အခြားတစ်ယောက်ကို
မြင်တွေ့လိုက်ရသကဲ့သိုပင်။
သူမ မလိုလားဘဲ ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့ရပြီး
တန်ရန် sect ၏
နေရာကိုပါ မဖြစ်မနေ ဆက်ခံခဲ့ရသည်။
တန်ရန် Sect ၏အကြီးအကဲများနှင့် နတ်သမီးများက
သူမအား နတ်ဆိုးဘုရင်နှင့်ပူးပေါင်းကာ အပြည့်အဝပျက်စီးသွားစေခဲ့သည်။
ဤဇာတ်ရုပ်၏ ကူရာကယ်ရာမဲ့လွန်းလှသော ခံစားချက်နှင့်အတူ လင်းရှီချန်၏ မျက်ဝန်းထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းပူဆွေးမှုများကိုပါ ရှချန်းချန်းခံစားမိလိုက်သည်။
ထိုအပိုင်းကို တစ်ခေါက်တည်းဖြင့် ရိုက်ကူးနိုင်လိုက်သည်။
ကျိုးရှန်းနန် ၏အသံကိုကြားမှသာ ရှချန်းချန်း
သည် သတိရလာကာ
"ဒီမိန်းကလေး အရမ်းတော်တာပဲ"
ရှချန်းချန်း သည် သတင်းထောက်တစ်ဦးအနေဖြင့်
ကြာမြင့်စွာအချိန်ကုန်ဆုံးခဲ့ပြီး သူမတွေ့ကြုံခဲ့ဖူးသမျှ သရုပ်ဆောင်များထဲတွင် လင်းရှီချန်သည်
အသက်ဝင်ဆုံးသော သရုပ်ဆောင်တစ်ဦးဖြစ်သည်။
"ဒါပေမယ့် သူက ဘာလို့
တတိယမင်းသမီးရဲ့ အစားထိုးသရုပ်ဆောင် ဖြစ်နေရတာလဲ
"
ရှချန်းချန်း သည် သရုပ်ဆောင်စာရင်းကို လှန်ကြည့်ရင်း
ရှုပ်ထွေးနေသည်။
ကျိုးရှန်းနန်လည်း နားမလည်နိုင်သဖြင့် ဘေးနားတွင် ထိုင်နေသော ချမ်မင်းဂျိ ကို လှည့်ကြည့်လိုက်သည်။
အဓိကဇာတ်
ဆောင်များမှလွဲ၍ တခြားဇာတ်ရုပ်များကို ချမ်မင်းဂျိ က ရွေးချယ်ခဲ့သည်။
ချန်းမင်ကျယ် က ခပ်သွက်သွက်ဖြင့်
"တတိယမင်းသမီးဇာတ်ကောင်က
တိုက်ခိုက်မှုဇာတ်ကွက်တွေ အများကြီးရှိလို့ အစားထိုးသရုပ်ဆောင်တစ်ယောက်ကို ရှာခဲ့တာပါ”
ရှချန်းချန်း သည် မျက်မှောင်ကျုံ့ကာ
"သူ သရုပ်ဆောင်တာ
အရမ်းကောင်းတယ်လေ၊ ဘာလို့ တတိယမင်းသမီးဇာတ်ကောင်မပေးတာလဲ"
ချန်းမင်ကျယ် သည်ဆွံ့အသွားကာ ရှချန်းချန်း
နှင့်ကျိုးရှန်းနန် တို့၏မေးခွန်းများကို ရှောင်ရှားရန် အကြောင်းပြချက်ရှာနေသည်။
"သူ...သူသရုပ်ဆောင်တာ
မကောင်းဘူး၊
ဒီဇာတ်ကွက်တစ်ခုတည်းမှာပဲ ကောင်းတာ။
အခုတတိယမင်းသမီးဖြစ်တဲ့ လင်ချင်းက ပိုကျော်ကြားပြီး
သရုပ်ဆောင်မှုပိုကောင်းတယ်"
"တကယ်လား ငါကတော့ သူသရုပ်ဆောင်တာ တော်တော်ကောင်းတယ်လို့ထင်တယ်"
ရှချန်းချန်းအသံက လုံးဝပြတ်သားပြီး ငြင်းစရာ စကားလုံးရှာမတွေ့ပေ။ သူမ၏လှပသောမျက်ခုံး မို့မို့ လေးများကို
ပင့်တင်ကာ
"လင်ချင်း ရဲ့အချိန်ဇယားက
အရမ်းပြည့်နေတယ်၊
နောက်ဆုံးမိတ်ကပ်ဓာတ်ပုံတောင် လာမရိုက်ဘူး။
သရုပ်ဆောင်တစ်ယောက်နဲ့ အစားထိုးလိုက်ရင် ပိုက်ဆံလည်းသက်သာမယ်၊
အချိန်လည်းညှိရတာလွယ်မယ်။
ဒါရိုက်တာကျိုးရော၊ ဘယ်လိုထင်လဲ"
ကျိုးရှန်းနန် သည် ခဏတာ တိတ်ဆိတ်ပြီး စဉ်းစားသည်။
ချန်းမင်ကျယ် ၏ ဇာတ်ဆောင်ရွေးချယ်မှုသည် မှန်မှန်ကန်ကန်
မဖြစ်ကြောင်း သူသိသည်။
လူကြိုက်များသော ရုပ်ရှင်တစ်ကားတွင် ပါဝင်လိုသူ
များစွာရှိပြီး ရွေးချယ်မှုများသည် သမရိုးကျမဖြစ်နိုင်ပေ။
ကျိုးရှန်းနန်သည်လည်း အရေးမကြီးသောအရာများကို မျက်ကွယ်ပြုထားလိုက်သည်။
ထို့အပြင် " ရှန်းကျွယ် " တွင်
တတိယမင်းသမီးဇာတ်ကောင်မှာ ဇာတ်ကွက်နည်းပါးနေသည်။
ဖြတ်လျှောက်အခန်းများကိုဖယ်လိုက်လျှင် အသားပေး
ဇာတ်ကွက်များမှာ ဆယ်မိနစ်ခန့်လောက်သာရှိသည်။
သို့သော် စပွန်ဆာက ပြောသည့်အတွက် ကျိုးရှန်းနန်လည်း
ခေါင်းညိတ်ကာ
"သူသရုပ်ဆောင်တာကောင်းတယ်လို့
ထင်ပါတယ်၊
တတိယမြောက်ဇာတ်ဆောင်အဖြစ် ပါဝင်လို့ရတယ်"
ချန်းမင်ကျယ် သည် အလျင်အမြန် ရှောင်ဖယ်လိုက်ပြီး
"ဒါပေမယ့် ဒါရိုက်တာကျိုး
တတိယမြောက်ဇာတ်ဆောင်အတွက် ကျွန်တော်တို့စာချုပ်ချုပ်ပြီးသားဖြစ်နေပါပြီ..."
ရှချန်းချန်း က
မျက်မှောင်ကျုံ့ကာ
"ပထမ နဲ့ ဒုတိယဇာတ်ကောင်တွေကို
တောင်အစားထိုးလိုက်သေးတာပဲ၊ တတိယမြောက်ဇာတ်ကောင်ကို ဘာလို့အရေးစိုက်နေသေးတာလဲ"
သူမသည် ပြုံးနေသော်လည်း ပြုံးနေသည်နှင့်မတူ။
သူမသည် မျက်လုံးအတွင်းမှ အထင်သေးမှုများဖြင့်
ချန်းမင်ကျယ် ကို ကြည့်နေလိုက်သည်။
"ဒါမှမဟုတ် အခုကျွန်မရဲ့
ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး တစ်ခုခု ကန့်ကွက်စရာရှိလို့လား"
ချန်းမင်ကျယ် သည် တံတွေးကို မျိုချလိုက်သည်။
အရင်က ရှချန်းချန်း သည် နောက်ခံကောင်းကောင်း
ရှိသော်လည်း တတိယတန်း
စားမင်းသမီးတစ်ဦးသာဖြစ်ပြီး သူမကို ကြိုက်သလို ပြောနိုင်ဆိုနိုင်ခဲ့သည်။
သို့သော် ယခု အရင်ကနှင့် မတူတော့ပေ။
ချန်းမင်ကျယ်က မကျေနပ် သောလေသံဖြင့် "မရှိပါဘူး"
"ဒါဆိုရင် ဒီဆုံးဖြတ်ချက်က
အတည်ပဲ!"
ရှချန်းချန်း မတ်တပ်ထရပ် ကာ ခေါက်နေသော စကတ်ကို
ဖြန့်လိုက်ပြီး
"နောက်ထပ်ရိုက်ကူးမှုတွေကို
ကျွန်မ မကြည့်နေတော့ဘူး။
မင်းတို့ဘာသာမင်းတို့ ဆက်လုပ်ကြပါ"
ရှချန်းချန်း သည် စတူဒီယိုမှ ထွက်ခွာသွားသည်။
အဖွဲ့သည် ဇာတ်ကောင်၏ VCR နှင့် အလှဓာတ်ပုံများကို ဆက်လိုက် ရိုက်ကူးရင်း ညနေ ၆ နာရီရောက်သွားပြီဖြစ်သည်။
ကျိုးရှန်းနန် က နောက်ထပ်စကားအနည်းငယ်ပြောပြီး
ရိုက်ကူးရေးကို သိမ်းလိုက်သည်။
ရုံးခန်းထဲတွင် လင်းရှီချန်သည် တတိယမင်းသမီးနေရာရသည်ကို
သိရသည့်အခါ စကားပင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေလေသည်။
ရှချန်းချန်း က သူမကို တတိယမင်းသမီးအဖြစ်
ပါဝင်ဖို့ တောင်းဆိုခဲ့သည်။
ထိုအပိုင်းသည် ဆယ်မိနစ်မျှသာရှိသော်လည်း အနုပညာ
အသိုင်းအဝိုင်းမှ မင်းသမီး တော်တော်များများ လိုချင်သော ဇာတ်ရုပ်ဖြစ်သည်။
မမျှော်လင့်ပဲ ရှချန်းချန်း ၏စကားကြောင့်သာ ဤဇာတ်ကောင်ကို ရရှိလာခြင်းဖြစ်သည်။
သို့သော် လင်းရှီချန်၏အပျော် များကြာကြာမခံခဲ့ပေ။
ချန်းမင်ကျယ်က ပုံနှိပ်ထားသော စာချုပ်အသစ်ကို
ဆွဲယူလိုက်ကာ လင်းရှီချန်၏မျက်နှာပေါ်သို့ ပစ်
ပေါက်လိုက်သည်။
" ဒီနေ့မှ လာကောင်းပြနေတယ် ဟုတ်လား!
အခုမှ ထုတ်လုပ်သူရှ နဲ့ ဒါရိုက်တာကျိုး ရှေ့မှာ
မင်းကအစွမ်းတွေ ထုတ်ပြချင်နေတယ်ပေါ့!"
လင်းရှီချန်သည် ကြောက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့ကာ
" အစ်မလင်ချင်း မလာနိုင်ဘူးလို့ ပြောတယ်...
ကျွန်မက ဒီတိုင်း ဒါရိုက်တာကျိုးဆီက အဆူမခံရအောင်
ကောင်းကောင်းကြိုးစားတာပါ..."
"မင်းဘာ ကြံစည်နေလဲ
ငါမသိဘူးလို့ထင်လား
မင်းကိုယ်မင်း တော်ကြောင်း တတ်ကြောင်းပြပြီး
ဒီ နေရာကိုခိုးချင်တာမဟုတ်ဘူးလား
မထင်ထားပေမဲ့ အလုပ်ဖြစ်သွားတာပဲ!"
"ဒါရိုက်တာချန်း
၊ တကယ်အဲ့လိုမဟုတ်ဘူး!"
လင်းရှီချန်သည် ချန်းမင်ကျယ်၏လက်ကို တင်းတင်းဆုပ်ကိုင်ပြီး
ရှင်းပြရန်ကြိုးစားသည်။
"ကျွန်... ကျွန်မ သရုပ်ဆောင်တာ မကောင်းရင် ဒါရိုက်တာကျိုးက ကျွန်မကိုအစားထိုးမှာစိုးလို့ပါ!
Stand-in တစ်ယောက်ကို
အစားထိုးဖို့က အရမ်းလွယ်တယ်လေ!
ကျွန်မအမေက အိပ်ယာထဲမှာလဲနေတော့ ဒီအလုပ်မရှိရင်
မဖြစ်လို့ပါ”
"မင်းအမေ မကျန်းမာတာလည်း
သိတယ်မလား!"
ချန်းမင်ကျယ်က ခါးကိုကိုင်းကာ လင်းရှီချန်၏
မေးစေ့ကိုညှစ်လိုက်ရင်း
"ဒီမှာ
ငါပြောမယ်၊
ရှချန်းချန်းက မင်းကို ကာကွယ်ပေးနိုင်မယ်လို့
မထင်လိုက်နဲ့!
သရုပ်ဆောင်ရွေးချယ်တဲ့ နေရာမှာ ငါကဘုရင်ပဲ!
ကောင်းကောင်းမွန်မွန် မနေရင် ကြိုက်တဲ့အချိန်
ထုတ်ပစ်လို့ရတယ်!"
လင်းရှီချန် ၏မျက်လုံးများ တုန်ခါနေသည်။
ရှချန်းချန်းက တကယ်ပင် အဓိကထုတ်လုပ်သူဖြစ်သော်လည်း ရိုက်ကူးရေး
တစ်ခုလုံးတွင် အပေါ်ယံမျှပင် ပါဝင်နိုင်သည်။ ဇာတ်ကား ထုတ်လုပ်ရေး အစတွင်သာ စိတ်နှစ်ပြီး
ရိုက်ကူးရေးတွင် တစ်ချိန်လုံးရှိမနေနိုင်။
ထိုအချိန်တွင် ချန်းမင်ကျယ်သည် သရုပ်ဆောင်ရွေးချယ်ရေးတွင်
ဆက်လက်ဩဇာရှိနေမည်ဖြစ်သည်။
လင်းရှီချန် သည် ချမ်မင်းဂျိ ကို အံ့အားသင့်စွာကြည့်နေပြီး
ပြန်လည်ငြင်းဆန်နိုင်ခြင်းမရှိပေ။
ချန်းမင်ကျယ်သည် သူ့ရင်ဘတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ကာ
လင်းရှီချန်၏ လက်ဝါးထဲသို့ ထည့်လိုက်သည်။
" ဒီမှတ်စုပေါ်ကလိပ်စာအတိုင်း
၈နာရီကျရင်သွားလိုက်။"
ချန်းမင်ကျယ်သည် မချိပြုံး ပြုံးကာ လှောင်ပြောင်သော
အမူအရာဖြင့်လင်းရှီချန်၏ မျက်နှာကိုပုတ်ကာ
"ကောင်းကောင်းလုပ်၊
အဲ့တာဆို ဒီအခန်းကမင်းအတွက်ပဲ။
မဟုတ်ရင် အစားထိုး တစ်ယောက်တောင် မဖြစ်စေရဘူး!"
လင်းရှီချန် ၏မျက်လုံးများနီရဲနေပြီး တုန်တုန်ရီရီဖြင့် ခေါင်းညိတ်ကာ
"...နားလည်ပါပြီ"
ချန်းမင်ကျယ် ရုံးခန်းထဲမှ ထွက်ခွာသွားသည်။
လင်းရှီချန်လည်း မြေပြင်ပေါ်ပစ်ထိုင်ချပြီး
ဒူးကိုဖက်ထားကာ တစ်ယောက်တည်းတိတ်တိတ် လေးငိုနေတော့သည်။
ဖျော်ဖြေရေးလောကလမ်းသည် အလွန်ခက်ခဲသည်။
အထူးသဖြင့် နောက်ခံမရှိသော မင်းသမီးတစ်ဦးအတွက်
ပိုမိုခက်ခဲလှသည်။
ငွေသည်သာ အရာအရာ ကြီးစိုးသော လောကပင်။
လက်ရှိ နာမည်ကြီး မင်းသမီး အများစုသည် ချမ်းသာကြွယ်ဝပြီး
အာဏာရှိတဲ့သူများ သို့မဟုတ် စပွန်ဆာ ကောင်းကောင်းတစ်ဦးရှိကြသည်။
လင်းရှီချန်သည် ဤလမ်းကို မလျှောက်လှမ်းရန်
ရွေးချယ်နိုင်သော်လည်း သူမ၏မိခင်သည်
သူမဘွဲ့ရသည့်နှစ်တွင် နှလုံးရောဂါဖြစ်ပွားခဲ့သည်။
နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်ရုံဖြင့်
သူမမိခင်၏ ခွဲစိတ်ကုသမှုအတွက် ငွေမလုံလောက်နိုင်ပေ။
အဆုံးတွင် လင်းရှီချန် သည် ဖျော်ဖြေရေးလောကထဲသို့
ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။
ထိုစဉ် ဖုန်းဝင်လာကာ လင်းရှီချန်လည်း ကပြာကယာဖြင့်
ကိုင်လိုက်သည်။
ဖုန်းဆက်သည်မှာ သူမိခင်ကိုကုသပေးနေသော ဆရာဝန်ဖြစ်သည်။
သူက လင်းရှီချန်အား သူမမိခင်၏အခြေအနေသည် ဆိုးရွားနေပြီး
ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ဤလအတွင်း အသက်မရှင်နိုင်တော့ကြောင်း
ပြောကြားခဲ့သည်။
သူမ၏မိခင်အတွက် ခွဲစိတ်ကုသမှုစရိတ်အားလုံးကို " ရှန်းကျွယ် " ရုပ်ရှင်မှ ရမည့်ငွေဖြင့်သာ ပေးချေမှရမည်ဖြစ်သည်။
လင်းရှီချန်သည် မျက်ရည်များကိုသုတ်ကာ ပြတ်သားစွာဖြင့်
"ဆရာ စိတ်မပူပါနဲ့
ကျွန်မ ရိုက်ရမဲ့အခန်းရပါပြီ။
စာချုပ်လက်မှတ်ထိုးပြီတာနဲ့ စရန်တန်းရမှာပါ။
ဆေးရုံကိုချက်ချင်းလွှဲလိုက်ပါမယ်။ အမေ့ရဲ့
ခွဲစိတ်မှုအတွက် လုံလောက်ပါတယ်!"
"ဒါဆို မြန်မြန်လုပ်ပါ၊
ဒီခွဲစိတ်မှုက ဒီ့ထက်ပို စောင့်လို့မရတော့ဘူး"
ပြောပြောဆိုဆိုနှင့် ဆရာဝန်က ဖုန်းချသွားသည်။
လင်းရှီချန်သည် ထိုအကြင်နာကင်းမဲ့ သောအသံကိုနားထောင်ရင်း
အတော်ကြာအောင် ကြက်သေသေသွားသည်။
ထို့နောက်လက်ဖြန့်ကာ လက်ဖဝါးထဲရှိ စာရွက်ကိုကြည့်လိုက်သည်။
လက်မှထွက်သောချွေးများကြောင့် စာလုံးတွေက
ဝိုးတိုးဝါးတားဖြင့်
" ပလက်တီနမ် ဟိုတယ် "
လင်းရှီချန်းလည်း လိပ်စာကို ကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ ပြုံးနေမိပြီး မျက်ဝန်းများမှာလည်း မျက်ရည်များနှင့် ပြည့်နေလေတော့သည်။