Chapter 16
Viewers 119

အခန်း-၁၆

နေ့လည်စာစားချိန်အတွင်း အဖွဲ့ဝင်များသည် ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်နေကြသည်။

 

ရှချန်းချန်းသည် ဒါရိုက်တာကျိုးထံမှ အလုပ်ထုတ်ခံရခြင်းမဟုတ်ဘဲ ဝူဟွမ် ဇာတ်ရုပ်မှ မိမိသဘောဖြင့် နုတ်ထွက်ခဲ့ပြီး စာချုပ်ဖျက်သိမ်းရေးဆွေးနွေးနေစဉ်အတွင်း " ရှန်းကျွယ်" ၏ အဓိကထုတ်လုပ်သူဖြစ်လာခဲ့သည်။

 

အဓိကထုတ်လုပ်သူဖြစ်လာပြီးနောက် ရှချန်းချန်းသည် ဒါရိုက်တာကျိုး ၏ ရိုက်ကူးမှုကို အနှောင့်အယှက်မဖြစ်စေရန် ဇာတ်ညွှန်းနှင့် ဇာတ်ကွက်များကို အကြီးအကျယ်ပြောင်းလဲခြင်း မလုပ်သည့်အပြင် အဖွဲ့အတွက် ပြင်ဆင်ချိန်နှင့် အနားယူချိန်များလည်း ပိုပေးခဲ့သည်။

 

ဒါ့အပြင် ဒီလှပတဲ့ အမျိုးသမီးလေးက နေ့ခင်းတစ်ဖြတ်အချိုတည်းဖို့ မုန့်တွေပါယူလာပေးသေးသည်။

 

ဤနေ့လည်စာစားချိန်တစ်ချိန်အတွင်းမှာပင် ရိုက်ကူးရေးအဖွဲ့အတွင်း ရှချန်းချန်း၏ဂုဏ်သတင်းသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

 

လှည့်ဖြားတတ်သည့်အမျိုးသမီး၊ ထစ်ကနဲဆို ပြဿနာရှာတတ်သည့် drama queen စသဖြင့် ထင်မှတ်ခံရသူမှာ အခုတော့ လှပစွန့်ကြဲတတ်သည့် နတ်သမီးတစ်ပါးအဖြစ် သတ်မှတ်ခံလိုက်ရသည်။

 

အရင် ခေါင်းဆောင်မင်းသမီးယဲ့ရှီဝမ် အပေါ် အဖွဲ့ဝင်များ၏ အမြင်သည်လည်း ပြောင်းလဲသွားခဲ့သည်။ သူမ၏မိခင်သည် နောက်မိန်းမဖြစ်ကြောင်း သိရပြီးနောက် လူအများ၏အကြည့်သည် သဘာဝမကျတော့ပေ။

 

အင်တာနက်ပေါ်တွင်လည်း ကောလာဟလများ ပျံ့နှံ့သွားပြီး ရှချန်းချန်းနှင့် ယဲ့ရှီဝမ် တို့၏ မိသားစု နောက်ခံကို လူတွေက စတင်စိတ်ဝင်စားလာကြသည်။

 

နှစ်ဦးစလုံးသည် လူကုံထံမိသားစုမှ ဖြစ်သော်ငြားလည်း ကျန်းချန် မြို့ရှိ တစ်ခုတည်းသော အချမ်းသာဆုံး မိသားစုမှာ ရှအိမ်တော်ပင်ဖြစ်သည်။ ထိုအိမ်တော်၏တစ်ဦးတည်းသော အမွေဆက်ခံသူမှာ ရှချန်းချန်း၏မိခင်ဖြစ်သူ  ရှပေလု ဖြစ်၏။  

 

ရှယုံးဒယ် မှာ ရှအိမ်တော်၏ မွေးစားသားပင်ဖြစ်သည်။ ဆယ့်သုံးနှစ်အကြာက ရှပေလု နာမကျန်းဖြစ်ကာဆုံးပါးသွားသည်။ သူမ ကွယ်လွန်ပြီး ခြောက်လအတွင်းမှာတွင် ရှယုံဒယ်က ယဲ့လျူဖန်း နှင့် လက်ထပ်ခဲ့သည်။ ယဲ့လျူဖန်းအား နောက်မိန်းမဟု တပ်အပ်မပြောနိုင်သော်လည်း ခြောက်လအတွင်း နောက်အိမ်ထောင်ပြုခြင်းသည်  သံသယဝင်စရာကောင်းလှသည်။

 

အင်တာနက်ပေါ်ပြန့်နှံ့သွားသော "အိမ်တော်၏သခင်မအသစ်" ဆိုသည့် ကောလဟာလအား တစ်ခဏအတွင်းပင် ရှမိသားစု၏ ပြန်ကြားရေးအဖွဲ့မှ အမြန်ဖြေရှင်းခဲ့သည်။

 

သို့သော် ယဲ့ရှီဝမ် မှာ စိတ်မသက်သာဖြစ်နေဆဲဖြစ်သည်။

 

အဘယ့်ကြောင့်ဆိုသော် ရှချန်းချန်းသည် ယဲ့လျူဖန်းအား နောက်မိန်းမဟုပြောရုံသာမကရှန်းကျွယ် အဓိကထုတ်လုပ်သူပင် ဖြစ်လာခဲ့သည်။

 

အဓိကထုတ်လုပ်သူဖြစ်လာခြင်းသည် ယခင်ဘဝတွင် မဖြစ်ဖူးသော အရာဖြစ်သည်။

 

ယဲ့ရှီဝမ်၏ယခင်ဘဝ မှတ်ဉာဏ်ထဲတွင် ရှချန်းချန်းကရှန်းကျွယ် ထုတ်လုပ်ရေး၏ ခေါင်းဆောင်မင်းသမီးအဖြစ် အောင်မြင်‌ ‌ ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့သည်။

 

ထို့ကြောင့် ယဲ့ရှီဝမ် စီစဉ်ထားသည်မှာ ရှချန်းချန်း၏လမ်းကြောင်းအတိုင်း လိုက်ကာ အောင်မြင်မှု၊ ကျော်ကြားမှုများကို သိမ်းပိုက်ရန်ဖြစ်သော်လည်း ယခုအခါ ရှချန်းချန်း၏လုပ်ရပ်တိုင်းသည် ယခင်ဘဝနှင့် ကွဲပြားနေသည်။

 

ကျိကျင်းဟန်ကိုပါ လက်မတွန့်ပဲ ရိုက်နိုင်သူဖြစ်ပြီး ယခု အဓိက ထုတ်လုပ်သူအထိပါ ဖြစ်လာလေသည်။

 

ယခင်ဘဝက မှတ်ဉာဏ်များဖြင့် ပြန်လည်မွေးဖွားလာသည့်အတွက် ယခုဘဝအတွင် အရာရာကို လွယ်လွယ်ကူကူ ချောချော့မွေ့မွေ့ ဖြတ်သန်းနိုင်မည် ဆိုသော ယဲ့ရှီဝမ်၏စိတ်ကူးမှာ တဖြည်းဖြည်းမှေးမိန်လာတော့သည်။

 

နေ့လည်စာစားချိန်အပြီးတွင် လက်ထောက်ဒါရိုက်တာသည် ယဲ့ရှီဝမ် အား ရိုက်ကူးရေးပြန်စရန် အဆင့်သင့်ဖြစ်မဖြစ် လာမေးမြန်းသည်။

 

သို့သော် ယဲ့ရှီဝမ်၏စိတ်ထဲတွင် တွေဝေနေဆဲဖြစ်ပြီး ရိုက်ကူးရေး လုပ်ချိန်တွင် လုံးဝ အာရုံမစိုက်နိုင်ပေ။

 

ခေါင်းဆောင်မင်းသား ရှု‌‌ရှောင်းယန်သည် သရုပ်ဆောင်ကောင်းလှသဖြင့် နာမည်ကြီးသူဖြစ်ကာရှန်းကျွယ်၏ နတ်ဆိုးဘုရင်ဇာတ်ကောင်ကို အရှိန်အဝါအပြည့်ဖြင့် လက်တွေ့ကျကျ သရုပ်ဆောင်နိုင်သည့်အတွက် အစကတည်းကပင် ဒါရိုက်တာကျို့ ကိုယ်တိုင်ရွေးချယ်ထားသူဖြစ်သည်။

 

သို့သော် အကြိမ်ပေါင်းများစွာ ရိုက်ကူးပြီးချိန်မှာတွင်ပင် ယဲ့ရှီဝမ်အနေဖြင့် ရှုရှောင်းယန်၏ သရုပ်ဆောင်စွမ်းရည်ကို လုံးဝ လိုက်မမှီချေ။

 

ဝါရင့်တစ်ဦးနှင့် တက်သစ်စ မင်းသမီးတစ်ယောက်ကြား ကွားခြားချက်က ကြီးမားလွန်းလှသည်။ ဇာတ်ဆောင် ရှုရှောင်းယန် နှင့်အတူ ရိုက်ကူးရာတွင် ယဲ့ရှီဝမ်၏ အဆင်မပြေလှသည့် သရုပ်ဆောင်မှုကို လူတိုင်းသတိထားမိခဲ့သည်။

 

အကြိမ်ကြိမ် NGဖြစ်ရသည်အထိ  ယဲ့ရှီဝမ်၏သရုပ်ဆောင်မှုမှာ ညံ့ဖျင်းနေခဲ့ပြီး သူမကိုယ်တိုင်လည်း ပျာယာခတ်နေလေသည်။

 

ဒါပေမဲ့ သူမပျာယာခတ်လေလေ သရုပ်ဆောင်ပိုဆိုးလေလေဖြစ်နေသည်။

 

ရုတ်တရက် သူမ ဒါရိုက်တာထိုင်ခုံဘက်သို့ ကြည့်လိုက်ရာ ရှန်ချန်းချန်းသည် ဒါရိုက်တာနှင့်အတူ ဘေးချင်းယှဉ်ထိုင်နေသည်ကို မြင်လိုက်ရသည်။

 

ရိုက်ကူးရေးအဖွဲ့သည် အဆင့်အတန်းကွာဟမှုများစွာရှိသည့် လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်သည်။

 

ပုံမှန်အားဖြင့် ဒါရိုက်တာ၏ဘေးတွင် ခုံမထားတတ်ပေ။ အလွန်အောင်မြင်သော မင်းသမီးပင် ဒါရိုက်တာ၏ အနောက်တွင်ထိုင်ရ၏။

 

သို့သော် ရှချန်းချန်း သည် ဒါရိုက်တာနှင့် တန်းတူထိုင်ခွင့်ရသည်ကို မြင်ရသည့်အခါ ယဲ့ရှီဝမ် တုန်လှုပ်သွားခဲ့သည်။

 

ဒါရိုက်တာကျိုးရှန်းနန်လည်း ခေါင်းကိုက်နေလေပြီ။ ယဲ့ရှီဝမ်က လူရွေးပွဲတွင် အလွန်သရုပ်ဆောင်ကောင်းကာ ဇာတ်ဆောင်၏ ခံစားချက်များကို ပေါ်လွင်စွာ ဖော်ပြနိုင်ခဲ့သည်။ မဟုတ်ပါက ဒါရိုက်တာကျိုးသည် သူမကို ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးခဲ့မည်မဟုတ်ပေ။

သို့သော် ယနေ့ ယဲ့ရှီဝမ်၏ သရုပ်ဆောင်မှုမှာ လုံးဝမကျေနပ်ဖွယ်ရာဖြစ်နေသည်။

 

ရှချန်းချန်း က ဒါရိုက်တာ၏ မော်နီတာကိုကြည့်ရင်း

"ဒါရိုက်တာကျိုး၊ ယဲ့ရှီဝမ် ရဲ့သရုပ်ဆောင်စွမ်းရည်က ဒီလိုသာဆိုရင် ခေါင်းဆောင်မင်းသမီး နေရာနဲ့ သင့်တော်ပါ့မလားလို့ ကျွန်မသံသယဖြစ်မိတယ်"

 

ချန်းမင်ကျယ်က အခြေအနေမကောင်းသည်ကို မြင်သောအခါ ခပ်သွပ်သွပ်စကားဖြတ်ပြောလိုက်သည်။

 “ဝမ်ဝမ်က သရုပ်ဆောင်ကောင်းပါတယ်၊

အစမ်းသရုပ်ဆောင်စစ်ဆေးတုန်းက ကျွန်တော်တို့ မြင်ဖူးပြီးသားပါ။

ပြီးတော့ သရုပ်ဆောင်တွေကို ကြေငြာပြီးသားဆိုတော့ အခုမှ ပြန်ပြောင်းဖို့က ကောင်းတဲ့အကြံတော့ မဟုတ်ဘူး

 

ရှချန်းချန်းက  မာချာလက်တေး ကိုသောက်ရင်း "ဒုတိယမင်းသမီးဇာတ်ဆောင်လည်း ကြေငြာပြီးသားပဲကို ပြောင်းလိုက်တာပဲမလား။ ဒါရိုက်တာကျိုး အရင်က အချိန်ဇယားတွေကျပ်ပြီး အလျင်လိုနေလို့ အမြန်ရွေးခဲ့ရတာ။ အခုအချိန်ရှိပြီဆိုတော့ ဖြည်းဖြည်းချင်း ပြန်ရွေးလို့ရပြီ"

 

ရှချန်းချန်း၏ဆိုလိုရင်းကို ဒါရိုက်တာကျိုး ချက်ချင်းပင် နားလည်သွားသည်။

 

ခေါင်းဆောင်မင်းသမီးကို သေချာပြန်ရွေးဖို့ အချိန်ရှိနေသေးတုန်းပင်။

 

သူ ရှချန်းချန်း၏အကြံကို အပြည့်အဝထောက်ခံသည်။ လူကြိုက်များသည့် ပထမတန်းစား မင်းသမီးတစ်ယောက်ကို ရွေးချယ်ခြင်းက ဇာတ်လမ်းကို လူကြိုက်များစေ၏။ သို့သော် ဈေးနှုန်းမြင့်မားကာ သရုပ်ဆောင်ကလည်း သာမန်မျှသာဖြစ်သည်။

 

အချိန်သာရလျှင် ပိုသင့်တော်သည့် သရုပ်ဆောင်တစ်ဦးကို အရောင်တင်မွမ်းမံပေးလိုက်ခြင်းက ပိုကောင်းကာ သရုပ်ဆောင်ခလည်း လျော့ချနိုင်မှာ အမှန်ပင်။

 

 

ယဲ့ရှီဝမ် ပိုမိုစိုးရိမ်လာသည်။ ရှချန်းချန်း အဓိကထုတ်လုပ်သူဖြစ်လာကတည်းက သူမ မကောင်းတဲ့ခံစားချက်ကြီး ရနေသည်။ အခု သူ့ကိုအစားထိုးဖို့ ရည်ရွယ်နေသည်မှာ သေချာသလောက်ပင်။

 

"ချန်းချန်း! ငါက အဖွဲ့နဲ့ စာချုပ်လက်မှတ်ထိုးပြီးသားလေ!

ဒီလိုလူပြောင်းလိုက်ဖို့ လုံးဝမသင့်တော်ဘူး!

ပြီးတော့ ငါက လူရွေးပွဲတုန်းက သရုပ်ဆောင်အရမ်းကောင်းခဲ့တာ

 

"တကယ်လား"

ရှချန်းချန်း က ပြုံးရယ်လိုက်ပြီး

"ဒါဆို မင်းက အဲဒီတစ်ခန်းတည်းကိုပဲ ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်ဆိုတဲ့သဘောပဲ၊

ငါတို့အဖွဲ့က တစ်ခန်းတည်းကို သရုပ်ဆောင်နိုင်တဲ့သူကို မလိုဘူး၊

မင်းက အခုတစ်ခန်းကို ငါးခါလောက် NG ဖြစ်နေတယ်၊

ရှုရှားယန်က တစ်ခါတည်းနဲ့ လုပ်နိုင်တယ်"

 

ယဲ့ရှီဝမ်အလောတကြီးဖြင့်

"ဒီဇာတ်ကွက်က မျက်ရည်ချုရတဲ့အခန်းပါ၊

ယုစူစူနဲ့ နတ်ဆိုးဘုရင်တို့ ခွဲခွာတာကို ပြရမှာ ဒါကသရုပ်ဆောင်ဖို့သိပ်မလွယ်ဘူး!"

 

ယဲ့ရှီဝမ်အနေနဲ့ အချိန်အကြာကြီး စီစဉ်ထားပြီးကာမှ အခွင့်အရေးကို လက်မလွတ်ချင်ပေ။

 

ရှချန်းချန်းက  ယဲ့ရှီဝမ် ကို လုံးဝမကြည့်ဘဲ ဒါရိုက်တာထိုင်ခုံတွင် ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူမ၏ စကပ်သည် ဝဲကျနေကာ ထိုင်ခုံအစွန်းတွင် ညင်သာစွာ လှုပ်ခတ်နေသည်။

 

သူမသည် ယဲ့ရှီဝမ် ကို  မြင့်မြတ်သည့်ကြောင်တစ်ကောင်က သူ့ရှေ့မှောက်တွင် ရှင်သန်ဖို့ ရုန်းကန်နေရသည့်သားကောင်ကို ကြည့်နေသည့်အလား ကြည့်လိုက်သည်။

 

"ယဲ့ရှီဝမ် ငါကအခြားသူတွေကို ဒုတိယ အခွင့်အရေးမပေးတတ်ဘူး။ မင်းကိုဖြုတ်လိုက်ပြီ။

 

အားလုံး အံ့အားသင့်သွားကြသည်။

 

ယဲ့ရှီဝမ် “..!”

သူမသည် လူကြိုက်များသည့် ပထမတန်းစား မင်းသမီးတစ်ဦးဖြစ်သည်ကို ယခုကဲ့သို့ ထုတ်ခံလိုက်ရသည်!

 

ယဲ့ရှီဝမ်၏ ဦးနှောက်ထဲတွင် အသံများမြည်လာပြီး သူမ ရှင်းပြရန် ကြိုးစားနေဆဲပင်။

 

အကင်းပါးသည့် လက်ထောက်ဒါရိုက်တာက ရှချန်းချန်း ၏စကားကို ကြားသည်နှင့် ယဲ့ရှီဝမ် ကို ချက်ချင်းစတူဒီယိုမှ ထွက်သွားခိုင်းလိုက်သည်။

 

ရှချန်းချန်း၏ ဦးနှောက်ထဲရှိ စနစ်က တစ်မိနစ်အကြာမှ တုံ့ပြန်ကာ သူမဦးနှောက်ထဲတွင် ဒေါသတစ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ!

မင်းလုပ်လိုက်တာက ဇာတ်ဆောင်အတွက် ရုပ်ရှင်ဘုရင်မဖြစ်ဖို့ အရေးကြီးဆုံးအလုပ်ကို ဆုံးရှုံးသွားစေပြီ!

အဓိကဇာတ်ကြောင်းပျက်သွားမှတော့ ဒီဝတ္ထုဇာတ်လမ်းက ဘယ်လိုဆက်သွားမှာလဲ! "

 

ရှချန်းချန်း က လုံးဝဂရုမစိုက်စွာဖြင့်  "သူဇာတ်လမ်းအတိုင်းပဲ ဆက်သွားပေါ့ "

 

စနစ်က ဒေါသထွက်ကာ

"မင်းတမင်လုပ်တာပဲ! မင်းကတမင် ဇာတ်လမ်းကိုဖျက်နေတာ!"

 

"မဟုတ်ဘူး!" ရှချန်းချန်း က တရားမျှတစွာပြောရင်း

"ငါက ဇာတ်ဆောင်အတွက် စိတ်လှုပ်ရှားစရာတွေဖန်တီးပေးနေတာ!

ဝတ္ထုတွေက အခက်အခဲတွေနဲ့မှ ဇာတ်ရှိန်တက်တာ။

ငါ့လိုမျိုး မကောင်းတဲ့ ဇာတ်ကောင်ဆိုတာ အဓိကဇာတ်ဆောင်ကို အခက်အခဲတွေ ဖန်တီးပေးဖို့ပဲမဟုတ်ဘူးလား။

အဲ့လိုမှမဟုတ်ရင် အဲ့ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတော့မလား"

 

စနစ်: "..."

 

သူပြောသည့်စကားမှာ ဖြစ်နိုင်သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသည်။

 

"ဒါဆို ယဲ့ရှီဝမ်ကို ဘယ်လိုလုပ်မလဲ"

စနစ်က မေးလိုက်သည်။

"မင်းက အခု အဓိကထုတ်လုပ်သူဖြစ်နေပြီ၊ မင်းသဘောမတူရင် သူမပြန်လာနိုင်ဘူး!"

 

"မင်းပြောတာမှန်တယ်"

ရှချန်းချန်း က အလေးအနက်ပြောလိုက်ပြီး

 "ဒါပေမယ့် ဒါက ငါ့ဘက်က အဓိကဇာတ်ဆောင်အတွက် ခိုင်မာတဲ့အခက်အခဲတွေ ဖန်တီးပေးနိုင်တာကို သေချာပြသနေတာပဲ။

အခုအချိန်က အဓိကဇာတ်ဆောင်ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အချိန်ပဲ။ ငါသူမဖြတ် ကျော်နိုင်မယ်လို့ယုံကြည်တယ်!

ငါ့လိုအသေးစားဘော့စ်လေး တစ်ယောက်ကိုတောင် မနိုင်ရင် ကျီဇီရှင်းလို Big Boss ကို ဘယ်လိုလုပ်နိုင်မှာလဲ မဟုတ်ဘူးလား"

 

စနစ်သည် ရှုပ်ထွေးသွားပြီး ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပေ။

 

 "...အင်းနော်"

 

ရှချန်းချန်းက အာရုံစိုက်စွာဖြင့် ထပ်ပြောလိုက်တယ်

"သူ ကျီဇီရှင်းကိုတောင် မနိုင်ရင် ဇာတ်ဆောင်ဖြစ်ဖို့ ဘယ်လိုလုပ်အရည်အချင်းပြည့်မီမှာလဲ ဟုတ်တယ်မလား"

 

စနစ်သည် မျက်မှောင်ကျုံ့ကာ စဉ်းစားမိသည်၊ ဒါအမှန်ပဲ၊

"အင်း... ဟုတ်သလိုလိုပဲ"

 

"အဲ့တော့ ငါက ဇာတ်လမ်းကို ဖျက်နေတာမဟုတ်ဘူး၊ ဇာတ်ဆောင်ရဲ့အနာဂတ်အတွက် လေ့ကျင့်ပေးနေတာ!"

ရှချန်းချန်းသည် ကြေကွဲကာ သူမရဲ့ အသံက ဝတ္ထု၏ အနာဂတ်ဖွံ့ဖြိုးမှုအတွက် စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုများ ပြည့်နှက်နေသယောင်။

"ဇာတ်လမ်းမှာ အလှည့်အပြောင်းများလေလေ၊ ဇာတ်ဆောင်အတွက် ခက်ခဲလေလေ၊

ဝတ္ထုရဲ့အနာဂတ်ဇာတ်ကွက်က ပိုကောင်းလာလေပဲ! ပရိသတ်တွေကလည်း ပိုကြိုက်လာမယ်! အဲ့လို မထင်ဘူးလား!"

 

စနစ်သည် နားထောင်နေရင်း စိတ်ထဲတွင် ရုတ်တရက် လေးစားမှုမြင့်မားလာပြီး ၎င်း၏မျက်နှာအမူအရာသည် ချက်ချင်းတည်ကြည်လာကာ အသံသည်လည်း ပိုမိုပြင်းထန်လာသည်။

 

"မှန်ပါတယ်!"