Chapter 5
မိုက်ကီရယ်တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးနေသည်မဟုတ်။ ယောလ်သည်လည်း ထိုအခြေအနေကြောင့် အရှက်ရပြီး အံ့သြမှင်တက်နေလေသည်။ ယောလ်သည် ခဏတာမျှ သူ့ကိုယ်သူ လုံးဝအနားပေးလိုက်ပြီး ထိုအခြေအနေမှ မည်သို့လွတ်မြောက်ရမည်ကို စဉ်းစားဆင်ခြင်နေရင်း ရှေ့သို့လဲကျသွား၏။
"..."
"..."
တိတ်ဆိတ်ခြင်းက တစ်ခဏတာ ဖြတ်သန်းသွားသည်။ ဟုတ်သည်၊ လဲကျသွားသော ယောလ်သည် ဘာမျှမပြော၊ မိုက်ကီရယ်လည်း ဘာတစ်ခွန်းမျှ ထွက်ဆိုခြင်းမရှိခဲ့ပေ။
တိတ်ဆိတ်ခြင်းက ကြာရှည်လာသည်နှင့်အမျှ ယောလ်၏ ခေါင်းထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာသည်။ သူ့ရဲ့ မူလအစစ်အမှန်ကို ရိုးသားစွာ ဖော်ထုတ်လိုက်ခြင်းက ပိုမိုကောင်းမွန်မည်လား။ သို့မဟုတ် ယခုလိုမျိုးပဲ ဆက်နေသင့်လားဟု တွေးတောမိသည်။
ဝါဂွမ်းတစ်ဆုပ်စာမျှသာ ရှိသော သူ့ခေါင်းထဲတွင် အတွေးနှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ သူ မည်သည့်လမ်းကို ရွေးချယ်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ သူ့ရဲ့ပူပန်မှုများသာ ပိုမိုနက်ရှိုင်းလာချိန်တွင်...။
"ဆီလက်ဖ်..."
မိုက်ကီရယ်က တိုးလျသောအသံဖြင့် ဆီလက်ဖ်ကို ခေါ်လိုက်သည်။ ဆီလက်ဖ် မာဆွန်သည် အိုလော့မိသားစု၏ သူရဲကောင်းတပ်မှူး ဖြစ်ပြီး၊ ဝတ္ထုထဲတွင် မိုက်ကီရယ်၏ ရူးသွပ်သော အမိန့်များကို လိုက်နာဆောင်ရွက်ပေးရသည့် သူ့၏ ညာလက်ရုံးပင် ဖြစ်လေသည်။
ဝတ္ထုထဲတွင် မိုက်ကီရယ်သည် ဆီလက်ဖ်၏ ကျေးဇူးရှင်အဖြစ် ရိုးရှင်းစွာ ဖော်ပြခဲ့သည်။ သူသည် မည်သို့သော ကျေးဇူးရှင်မျိုး ဖြစ်သည်ကို မသိခဲ့ပေ။ သို့သော် ယောလ်၏ အမြင်တွင် မိုက်ကီရယ်သည် မည်မျှပင် ကြီးမြတ်သော ကျေးဇူးရှင် ဖြစ်စေကာမူ သူ၏ ရူးသွပ်သော အမိန့်များကို လိုက်နာသော ဆီလက်ဖ်သည်လည်း ရူးသွပ်နေပုံရ၏။
ဝတ္ထု၏ အဆုံးတွင် မိုက်ကီရယ်က ပုန်ကန်မှုစတင်သည့်တိုင် ဆီလက်ဖ်သည်သာ ရှေ့တန်းတွင် ရှိခဲ့လေသည်။
ရိုးရိုးသားသားပြောရလျှင် ကျွန်တော်လည်း ပါမောက္ခပြောသမျှကို လုပ်ဆောင်ပေးရသည်။ သို့သော် သူက အာဏာသိမ်းရန် ကြိုးစားနေသည်ဆိုလျှင်တော့ ကျွန်တော်ချက်ချင်း သတင်းပို့ပေလိမ့်မည်။ ဟုတ်ပါသည်။ ပါမောက္ခသည် ကျေးဇူးရှင်မဟုတ်၊ ကျွန်တော်၏ ရန်သူ ဖြစ်သည်။
"ဟုတ်ကဲ့၊ ပြောပါ"
"ဒါ... ဒါကို ကြည့်လိုက်ပါဦး"
"ဒါကို….?"
မိုက်ကီရယ် ညွှန်ပြနေသည်ကို မြင်သောအခါ ဆီလက်ဖ်သည် ခေါင်းကို စောင်းပြီး မေးလိုက်သည်။
မိုက်ကီရယ်၏ ဖြောင့်စင်းသော လက်ညှိုးဖြူဖြူလေးသည် ဝါဂွမ်းအရုပ်ကလေးတစ်ရုပ်ကို ညွှန်ပြနေသည်။ မြို့စားမင်း၏ အခန်းထဲတွင် ထိုကဲ့သို့ အရာဝတ္ထုတစ်ခု ရှိနေသည်ကို ဆီလက်ဖ် အံ့သြမိသည်။ သို့သော် မည်သည့်အရာကိုမျှ ကြောက်ရွံ့ပုံမရသော သူ့အထက်အရာရှိက အဆုံးတွင် ထစ်အငေါ့ငေါ့ပြောပြီး ၎င်းကို သွားကြည့်ရန် တောင်းဆိုသည်ကိုတော့ သူနားမလည်ခဲ့ပေ။
"အမ်... ဟုတ်တယ်၊ အဲ့ဒါ"
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ"
ဆီလက်ဖ်သည် သူဘာလုပ်နေသည်ကို အနည်းငယ်မျှပင် နားမလည်ခဲ့ပေ။ သို့သော် ၎င်းသည် အမိန့်ဖြစ်သောကြောင့် သူ လိုက်နာရန် ဆုံးဖြတ်လိုက်သည်။ သူ ရှေ့သို့ လှမ်းတက်သွားစဉ် မိုက်ကီရယ်က ဆီလက်ဖ်၏ ပခုံးကို ဆွဲကိုင်ကာ နောက်သို့ ဆွဲလိုက်သည်။
"ဘာဖြစ်တာလဲ"
"သတိထား"
"ဗျာ?"
"သတိထားလို့ ငါ ပြောနေတာ"
သူကြားတာ မမှားစေရန် ထပ်မေးလိုက်သော်လည်း သူပြန်ကြားရသည့် အသံမှာ အတူတူပင်။ မြို့စားမင်းသည် သူများကို စိုးရိမ်ကြောင်း ပြောရမည့်သူမျိုးမဟုတ်ဘဲ သူ့ကို နှစ်ကြိမ်တိုင်တိုင် သတိထားရန် ပြောနေခဲ့လေသည်။
... ထို့နောက် ဝါဂွမ်းအရုပ်ကို စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဆီလက်ဖ်သည် မိုက်ကီရယ်၏ ပုံမှန်မဟုတ်သော အပြုအမူကို ပို၍ပင် ထူးဆန်းစွာ ခံစားလိုက်ရပြီး အရုပ်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။
ဆီလက်ဖ်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အရုပ်ကို ကောက်ယူလိုက်သည်။ ၎င်းသည် အစိတ်အပိုင်း နှစ်ခုပါသော အရုပ်ဖြစ်ပြီး၊ ခေါင်းနှင့် ကိုယ်ထည် အချိုးအစားညီညာလေသည်။
ထိုမျှ အရေးမပါသော အရုပ်ကလေးကို အဘယ်ကြောင့် သတိထားရမည်ကို သူ မသိခဲ့ပေ။ သို့သော် ၎င်းသည် အမိန့်ဖြစ်သောကြောင့် ဆီလက်ဖ်သည် ထိုနူးညံ့သော အရုပ်ကလေးကို သေချာနီးနီး ကပ်ကပ်ကြည့်လိုက်၏။
သူ၏ ပန်းရောင်ဆံပင်က နွေးထွေးပြီး မျက်လုံးများက အပြာရောင် ချည်မျှင်လေးများဖြင့် ပန်းထိုးထားသည်။ ထို့ပြင် သူသည် အလွန်ပင် အပြစ်ကင်းစင်ပြီး စင်ကြယ်သော အသွင်အပြင် ရှိပေသည်။
ထို့အပြင် သူ့မျက်လုံးများက သူ့မျက်နှာတစ်ဝက်နီးပါး နေရာယူထားသည်အထိ ကြီးမားလှသဖြင့် အရုပ်များအကြောင်း မသိသော်လည်း ချစ်စရာကောင်းသည်ဟု ဆီလက်ဖ်က တွေးမိခဲ့သည်။ သူ၏ ပါးစပ်ပုံစံက ကြောင်ပါးစပ်နှင့် တူပြီး လက်သီးစုပ်အရွယ်ခန့်သာ ရှိလေသည်။
ယေဘူယျအားဖြင့် ကိုယ်ထည်လုံးလုံးပေါ်ရှိ ခြေလက်တိုတိုလေးများသည် လုံးဝ အန္တရာယ်ရှိပုံမရပေ။
"ဘာကို စစ်ဆေးရမှာလဲဗျ? ဒါက သာမန်အရုပ်လေးပဲလေ"
"... သာမန်အရုပ်လေးတဲ့လား?"
"ဟုတ်တယ်လေ၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒါက ချစ်စရာအရုပ်လေးပေါ့”
ဆီလက်ဖ်၏ စကားကို ကြားသောအခါ မိုက်ကီရယ် မျက်နှာအမူအရာက တင်းမာသွားခဲ့သည်။
မဖြစ်နိုင်ဘူး။ သူကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ။ အရုပ်က သူ့ဘာသာ မတ်တပ်ရပ်နေပြီး မျက်တောင်ပါခတ်ပြနေတာ။
"မျက်လုံးတွေကရော"
"အပြာရောင်နဲ့ ဝိုင်းစက်နေတာလေ"
"... အဲ့ဒါပဲလား"
"အာ... မျက်တောင်နှစ်ခုလည်း ရှိသေးတယ်"
"..."
ဆီလက်ဖ် စကားကြောင့် မိုက်ကီရယ် ဘာမှ မပြောနိုင်တော့ပေ။ ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို သူသည် မြင်ယောင်ခြင်းဟု ယူဆခဲ့လျှင်ပင် ထိုအရုပ်ကလေးသည် အခုလေးတင် လှုပ်ရှားနေသည်ကို သူ မျက်စိဖြင့် ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ သို့သော် ဆီလက်ဖ် အရုပ်ကို အနီးကပ် ကြည့်နေသော်လည်း ထူးဆန်းသည်ဟု မခံစားရပေ။
ညက အိပ်ရေးမဝလို့များ သူမှားမြင်ခဲ့တာလား? မိုက်ကီရယ်သည် ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။ ထူးဆန်းသော ဖြစ်ရပ်ကြောင့် သူ့ကျောကုန်းတွင် စိမ့်ကနဲ ဖြစ်သွားသော်လည်း တစ်ချိန်တည်းတွင် သူသည် မှားယွင်းမြင်ခဲ့ခြင်းလားဟု တွေးတောမိသည်။
တစ်ချိန်တည်းမှာပင် ဆီလက်ဖ်၏ လက်ထဲတွင် ရှိနေသော ယောလ်သည် သူ့နှလုံးသားက ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူသည် သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ပြေလျော့စေသော်လည်း သူ့တင်းမာမှုက အမြင့်ဆုံးသို့ ရောက်နေခဲ့သည်။ သူသည် သူ့မျက်လုံးများကို အကျယ်ဆုံးဖွင့်ကာ အပြစ်ကင်းစင်သော အသွင်အပြင်ကို ပြသနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။
ကံကောင်းစွာပင် ဆီလက်ဖ်က သူ့ကို သာမန်အရုပ်ကလေးအဖြစ် ထင်မှတ်ပုံရသည်။ ဖြစ်နိုင်သည်မှာ သူ့ရဲ့ စိတ်ရင်းအပြည့်ဖြင့် သရုပ်ဆောင်မှုက အလုပ်ဖြစ်ခဲ့ပေသည်။
မိုက်ကယ် မည်သို့တုံ့ပြန်မည်ကို သူ တွေးတောနေခဲ့သည်။ သို့သော် ဆီလက်ဖ်၏ မျက်နှာက သူ့ရှေ့တွင် ရှိနေသောကြောင့် သူသည် မျက်နှာကိုပင် လွှဲဖယ်၍မရဘဲ မျက်နှာချင်းဆိုင်သာ ကြည့်နေနိုင်ခဲ့သည်။
မှားယွင်းမြင်ခဲ့တာပဲလို့ပဲ ထင်လိုက်ပါနော် မင်း အထင်မှားနေတာ၊ ရူးနေပြီလို့သာ ထင်လိုက်စမ်းပါကွာ!
"ပြဿနာ ရှိလို့လား?"
"... မဟုတ်ပါဘူး။ ငါ နည်းနည်း ပင်ပန်းနေတာ ဖြစ်ရမယ်
အိုး... ဒါပေါ့! ယောလ်က မိုက်ကီရယ်၏ စကားကြောင့် အတွင်းစိတ်မှ ပျော်ရွှင်စွာ အော်လိုက်သည်။ မိုက်ကီရယ်က အရူးကြီးတစ်ယောက်လို့ ထင်ရတယ် ဟီးဟီး
"အာ... အခုတော့ ထူးဆန်းတာ တစ်ခု တွေ့ပြီ"
"ဘာလဲ?"
"ဘာ?"
မိုက်ကီရယ်က ဆီလက်ဖ်၏ ရုတ်တရက် စကားပြောင်းသွားမှုကြောင့် အံ့သြစွာ မေးလိုက်ပြီး ယောလ်က စိုးရိမ်လာသည်။ အခန်းထဲတွင် လူနှစ်ယောက်လုံး အတွေးမတူညီမှုကြောင့် စိုးရိမ်နေကြလေသည်။
ငါ ဒီအတိုင်းလေးပဲ နေနေတာလေ၊ မျက်တောင်တောင် မခတ်ဘူးလေဟာ ဘာလဲ၊ ဘာကထူးဆန်းလိုလဲ?
ယောလ်သည် တိတ်ဆိတ်စွာပင် စိတ်ပျက်အားငယ်စွာဖြင့် မတရားမှုများကို ညည်းညူနေခဲ့သည်။ သူသည် မျက်တောင်ပင် မခတ်နိုင်ဘဲ သူ့မျက်လုံးများ ပြုတ်ကျတော့မတတ် ခံစားနေရသည်။ သူသည် အရုပ်တစ်ရုပ်အဖြစ် သရုပ်ဆောင်နေသော်လည်း ဘာတွေမှားနေသည်ကို သူနားမလည်နိုင်ခဲ့ပေ။
"လက်စွပ်ဝတ်ထားတယ် မြို့စားမင်း ရဲ့ မွေးနေ့လက်ဆောင်အဖြစ် မြို့စား ဝေလ်ဆန် ပေးထားတဲ့ စိန်လက်စွပ်လေ"
"ဘာ…?"
"အာ... Damn it!"
ဆီလက်ဖ် စကားကြောင့် မိုက်ကီရယ်သည် မျက်လုံးပြူးသွားခဲ့ပြီး ယောလ်ကတော့ စိတ်ပျက်အားငယ်နေခဲ့သည်။
လက်စွပ်ကြောင့် သူ့ရဲ့အထောက်အထားကို ဖော်ထုတ်ခံလိုက်ရသည်။ သူ့ရဲ့နည်းလမ်းကောင်းတဲ့ သရုပ်ဆောင်မှုက အချည်းနှီး ဖြစ်ခဲ့ပေသည်။ အရာအားလုံးရဲ့ စိန်လက်စွပ်ဖြစ်ပြီး သူ့ရှေ့မှာ အဲဒီလောက်ကြီးတဲ့စိန်ကို ဘယ်သူကများ လျစ်လျူရှုနိုင်မှာလဲ?
"... မြို့စားမင်း ဒါကို ဝတ်ပေးလိုက်တာလား?"
" ရူးနေတာလား၊ မဟုတ်ဘူး!"
ခဏတာ တွေဝေပြီးနောက် ဆီလက်ဖ်က သူ့ရဲ့ ဆင်ခြင်သုံးသပ်မှုများကို သေသေချာချာ ပြောလိုက်သည်။ ထို့နောက် သူ့ကို တစ်ချိန်လုံး နှိပ်စက်ခဲ့သော ကြောက်ရွံ့မှုကို မေ့လျော့ကာ မိုက်ကီရယ်သည် ဒေါသထွက်ပြီး သူ့စကားများကို ငြင်းဆိုခဲ့သည်။
သို့သော် ၎င်းသည် အချည်းနှီးပင် ဖြစ်ခဲ့သည်။ ဆီလက်ဖ်က နားလည်မှုရှိသော အပြုံးဖြင့် ညင်သာစွာ ပြုံးလိုက်သည်။
“ဒါပေါ့၊ မဟုတ်ပါဘူး!"
"ငါ မလုပ်ဘူးလို့ ပြောနေတယ်လေ ဆီလက်ဖ် မင်း ငါ့ကို ဘာထင်နေတာလဲ?"
"အို၊ ဒါပေါ့ မြို့စားမင်းကြီးက တစ်ယောက်တည်း ညညဆို အထီးကျန်ပြီး စိန်လက်စွပ်လေးကို အရုပ်တစ်ရုပ်ပေါ် တပ်ပြီး ဖြေသိမ့်နေလိမ့်မယ်ဆိုတာ မဖြစ်နိုင်တာလေနော့် ဒါပေါ့၊ ကျွန်တော် နားလည်ပါတယ်"
"ငါ... ငါ အဲ့လိုမဟုတ်ဘူးလို့ ပြောနေတယ်လေ!"
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မြို့စားမင်း မဟုတ်မှန်း ကျွန်တော် သိပါတယ် စိတ်မပူပါနဲ့"
အကြောင်းအရာတစ်ခုခုကြောင့် မိုက်ကီရယ် ပို၍ ငြင်းဆိုလေလေ၊ ဆီလက်ဖ်က သူ့ရဲ့ ကိုယ်ပိုင်အတွေးများကို ပို၍ ယုံကြည်လာလေလေ ဖြစ်သည်။ သူ့ရဲ့ အကြီးအကဲက အလုပ်တွေအရမ်းလုပ်လွန်း၍ စိတ်ဖီစီးမှုများနေခြင်း ဖြစ်မည်ဟု ထင်တာ မိုက်ကီရယ်ကိုပင် သနားစိတ် ဝင်မိခဲ့သည်။
သူတို့နှစ်ဦးကို ကြည့်ရင်း ယောလ်သည် သက်ပြင်းချလိုက်သည်။ ဆီလက်ဖ်၊ ဒီကောင်စုတ်လေးကလည်း ငါထင်ထားတာထက် ပိုပြီးအသုံးဝင်သားပဲ။
ဆီလက်ဖ်၏ အခြေအမြစ်မရှိသော ထူးဆန်းသည့် အတွေးများကြောင့် သူ၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံရမည့် အကျပ်အတည်းကို ကျော်လွှားခဲ့ရသော ယောလ်သည် စိတ်ကျေနပ်မှုရရှိခဲ့သည်။ သူသည် နောင်တွင် ဆီလက်ဖ်အား ကျိန်ဆဲခြင်းမှ ရှောင်ကြဉ်မည်ဟု ကတိပြုခဲ့သည်။
"ဆီလက်ဖ်"
"ဗျာ"
"အခုချက်ချင်း ငါ့အခန်းထဲက ထွက်သွားတော့"
"ဟုတ်ကဲ့ပါ ခင်ဗျ"
တစ်နည်းအားဖြင့် သူ့ကိုယ်သူသာ နစ်နာစေသည်ကို သိရှိနားလည်သဖြင့် မိုက်ကီရယ်သည် ဆီလက်ဖ်အား အမိန့်တစ်ခုပေးလိုက်သည်။ ဆီလက်ဖ်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်ခွာသွားပြီးနောက် မိုက်ကီရယ်က သက်ပြင်းရှိုက်လိုက်သည်။ သူသည် သူ့ကို ထူးဆန်းသော အကြိုက်ရှိသည်ဟု စွပ်စွဲခဲ့သော ဆီလက်ဖ်အပေါ် ဒေါသ မပြေနိုင်ခဲ့ပေ။
"နားမလည်ဘူး"
မိုက်ကီရယ်က ကိုယ့်ဘာသာကိုယ် ရေရွတ်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျနေသော အရုပ်ကို ကောက်ယူလိုက်သည်။ သူ အရုပ်လေးအား ကြည့်လိုက်သောအခါ ဆီလက်ဖ် ပြောခဲ့သည်မှာ ၎င်းသည် သာမန်အရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။ ဟုတ်တယ်။ သာမန်အားဖြင့် ၎င်းသည် စိန်လက်စွပ် ဝတ်ဆင်ထားသည်ဆိုသည်ကို သူနားမလည်နိုင်ပေ။ ထို့ပြင် ၎င်းသည် သူ့ဘာသာသူ လှုပ်ရှားပြီး လက်စွပ်ဝတ်ဆင်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူသည် ရှက်ရွံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် ၎င်းကို လွှင့်ပစ်ရန် တွေးလိုက်သောအခါ လယ်ဗီကို သူ မြတ်နိုးမည်ဟု ပြောခဲ့သော စကားများက စိတ်ထဲသို့ ပေါ်လာခဲ့သည်။
ကြာကြာစဉ်းစားပြီးနောက် မိုက်ကီရယ်သည် အရုပ်ကို ပြတင်းပေါက်ဘေးရှိ အံဆွဲထဲသို့ ထည့်လိုက်သည်။
‘ဟမ်? ရား၊ မိုက်ကီရယ်၊ ဘာလို့ ငါ့ကို ထည့်ပိတ်ထားတာလဲ? ဒီမှာ မှောင်မဲနေတာပဲ၊ ကြောက်စရာကြီး!’
ဂွမ်းခနဲ!
ရုတ်တရက် အမှောင်ထဲတွင် ပိတ်မိသွားသော ယောလ်သည် ကျဉ်းမြောင်းသော အံဆွဲထဲတွင် ရုန်းကန်နေပြီး အံဆွဲက အသံတစ်မျိုးဖြင့် လှုပ်ယမ်းသွားသည်။
နှလုံးသားထဲတွင် ငြိမ်းချမ်းမှုရရှိပြီးနောက် အရုပ်ကို အံဆွဲထဲတွင် ပိတ်လှောင်ပြီး လှည့်ထွက်သွားသော မိုက်ကီရယ်သည် ထိုအသံကြောင့် အံ့သြသွားပြီး နေရာတွင် ရပ်တန့်သွားလေသည်။