Chapter 4
ဘဝက မင်းကို ဘလာ ပေးရင်တောင် ဘလာ ဘလာ မလုပ်နဲ့
ယောလ်တစ်ယောက် သူ တစ်နေရာရာမှ ကြားဖူးသည့် စကားများကို ပြန်လည်အမှတ်ရလိုက်၏။ ထိုစကားများက သူ့အား သက်တောင့်သက်သာ မဖြစ်စေခဲ့ပါ၊ သို့သော်လည်း သူ ၎င်းကို ရှိသည့်အတိုင်း လက်ခံပြီး စိတ်ဓာတ်တက်ကြွအောင် ကြိုးစားခဲ့သည်။
ပြီးခဲ့သည့် ညက အမှန်ပင် အန္တရာယ်များခဲ့၏။ မိုက်ကီရယ်၏ အခန်းထဲတွင် အကျဉ်းချခံထားရသည့်အတွက် အစာငတ်မွတ်နေခဲ့ကာ၊ စပျစ်သီးအနည်းငယ်ကို ဆာလောင်စွာ ကောက်စားရန် ကြိုးစားခဲ့သော်လည်း၊ မစားရသေးခင်လေးမှာပင် မိုက်ကီရယ်က သူ့အား မိသွားခဲ့လေသည်။
ယောလ်တစ်ယောက် စိတ်ထဲပေါ်လာသည့် မူးဝေစရာ အမှတ်ရစရာကြောင့် တုန်လှုပ်သွား၏။
"ဟက်ခ်၊ အွတ်၊ ဟက်ခ်၊ ငါတော့… သေတော့မှာပဲ…"
ယောလ်တစ်ယောက် စားပွဲပေါ်သို့ ရောက်လာပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းရင်း မှောက်လျက်လဲကျသွားသည်။ ခဏလောက် နားလိုက်ဦး၊ အင်း၊ ခဏလောက်လေးပဲ…
ထိုအချိန်လေးမှာပင်
"...ဒါ ဘာလို့ ဒီမှာ ရှိနေရတာလဲ?"
အေးစက်စက် အသံတစ်ခုက နားစည်ကို စူးခနဲ ပြတ်သားစွာ ထိုးဖောက်ဝင်ရောက်လာ၏။ သူ့စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေပြီး သူ သေပြီဟု ထင်မှတ်နေသည်။ ဤအခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို သူ မသိပေ။
"ငါ… ဒါကို ဒီမှာထားခဲ့တာလား…? ငါ သေချာပေါက် အဲဒီမှာ ထားခဲ့တာလေ"
မိုက်ကီရယ်တစ်ယောက် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။ သူ့အသံက အနည်းငယ် တုန်ယင်နေသည်။ ကြောက်ရွံ့မှုကြောင့်လား၊ မသေချာမှုကြောင့်လား မသိပေ။
သူ ဖြည်းညှင်းစွာ လက်လှမ်းကာ ယောလ်ကို သတိထား၍ ဆုပ်ကိုင်လိုက်၏။
မိုက်ကီရယ်လက်ထဲမှ ယောလ်မှာ သေချာစွာပင် အသက်မရှူနိုင်တော့ပေ။ သူ့နှလုံးသား ပေါက်ကွဲတော့မလို ခံစားရသည်။ မှောင်မိုက်နေသည့် အထဲ၌ပင် သူ့အား ရင်ဆိုင်နေသည့် တောက်ပသော မျက်လုံးနီနီများက လင်းလက်နေသည်။
"...သူ့ဘာသာသူ ရွေ့သွားတာလား?"
မလုံခြုံစိတ်တစ်ခုက သံသယများနှင့် ရောထွေးနေသည့် မေးခွန်းထဲတွင် ဖုံးကွယ်မထားနိုင်အောင် ပေါ်လွင်နေသည်။ မိုက်ကီရယ်၏ မျက်လုံးများက သူ့အား တည့်တည့်စိုက်ကြည့်နေခြင်းကြောင့် သူ ပွင့်ပွင့်လင်းလင်း မပြသနိုင်ပေ။ သို့သော်လည်း ယောလ်၏ နှလုံးသားက သူ့တုံ့ပြန်မှုကြောင့် ရှုပ်ထွေးသွားသည်။
မိုက်ကီရယ်၊ ဒီခွေးစုတ်ခွေးနာကောင်… သူ သိသွားတာလား?
"...မ-မဖြစ်နိုင်တာ ဟားဟား၊ ငါ တော်တော် ပင်ပန်းနေပြီထင်တယ်"
လန့်သွားတာပဲ ခွေးမသားလေးရဲ့!
ရယ်မောသံများကို ထိန်းချုပ်ရန် ယောလ်တစ်ယောက် သူ့သွားများကို တင်းတင်းကြိတ်လိုက်၏။ စိတ်စွဲလမ်းနေသော လူရူးတစ်ယောက်ပင် ကြောက်စရာတစ်ခုခု ရှိပုံရသည်။ သူ အရုပ်တစ်ရုပ် သူ့ဘာသာသူ ရွေ့သွားခြင်းကို ကြောက်နေပုံရ၏!
အတွင်းစိတ်မှ တတွတ်တွတ်ရယ်နေသော ယောလ်ကို မသိသည့် မိုက်ကီရယ်တစ်ယောက် ယောလ်ကို အိပ်ရာမှ အဝေးရှိ ကုလားထိုင်ပေါ်သို့ ပစ်ချလိုက်သည်။
'အာရှီး၊ ခွေးသူတောင်းစားလေး! မင်း ငါ့ကို မြတ်နိုးပါ့မယ်ဆို! ငါ့ကို နူးနူးညံ့ညံ့ ဆက်ဆံပါမယ်ဆို!’
ပစ်ချခံလိုက်ရသော ယောလ်တစ်ယောက် ရင်ထဲမှ မကျေနပ်မှုများကို အန်ထုတ်လိုက်၏။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ တိုက်ဆိုင်မှုဖြစ်စေ၊ မိုက်ကီရယ်က နောက်ပြန်မကြည့်ဘဲ အိပ်ရာသို့ အလျင်အမြန် ပြန်သွားသည်။ ယောလ်ကို ကျောပေး၍ လဲလျောင်းနေသော မိုက်ကီရယ်က မလှုပ်မယှက် ငြိမ်သက်နေသည်။
'ဗိုက်ဆာလိုက်တာနော်…'
မိုက်ကီရယ်က မလှုပ်မယှက်နေသောကြောင့် အိပ်ပျော်သွားပုံရ၏။ သို့သော် တစ်ကြိမ် ဖမ်းမိပြီးနောက် ထပ်မံလှုပ်ရှားရန် အန္တရာယ်ရှိသည်။
ယောလ်တစ်ယောက် မျက်စိရှေ့မှ လတ်ဆတ်သော သစ်သီးများ ရှိနေသော်လည်း ဗိုက်ဆာနေသည့် သူ့ဗိုက်ကို ပိုက်ကာ အိပ်ရာဝင်ခဲ့ရသည်။
မိုက်ကီရယ်တစ်ယောက် မနက်ပိုင်းတွင် အခန်းထဲမှ ထွက်ခွာသွားသောအခါ၊ သူ ညက မစားခဲ့ရသော သစ်သီးကို စားရန် ကြိုးစားတော့မည်ဖြစ်သည်။ သို့သော်လည်း မိုက်ကီရယ် ထွက်သွားသည်နှင့် တပြိုင်နက်၊ သူ့အိမ်တော်တွင် အလုပ်ခန့်ထားသော အိမ်ဖော်များက အခန်းကို သန့်ရှင်းရေးလုပ်ရင်း သစ်သီးခြင်းများကို ယူသွားသောကြောင့် ထိုနေ့တွင် ယောလ် သစ်သီးကို မြည်းစမ်းခွင့်ပင် မရလိုက်ချေ။
"မိုက်ကီရယ်၊ ဒီစောက်ကောင်စုတ်လေ…"
အပြင်သို့ ထုတ်သွားသည့် သစ်သီးခြင်းအကြောင်းကို တွေးမိရင်း ယောလ်တစ်ယောက် သွားများကို ကြိတ်လိုက်၏။
ဆန္ဒမရှိဘဲပင် သူသည် စောက်ရူးကြီး မြို့စားမင်း မိုက်ကီရယ် အိုလော့ ၏ လက်ထဲသို့ ကျရောက်ခဲ့ပြီး သူ့အခန်းထဲသို့ ဝင်ရောက်လာသည်။ အစပိုင်းတွင် သူသည် ရုံးခန်းထဲ၌ အချိန်တိုင်း နေရမည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ဤအရူးကြီးက သူ့အား အမှန်တကယ် ချစ်ခင်လိုသည့်နှယ် သူ့အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
အစပိုင်းတွင် ကောင်းကင်ပြိုကျသလို ခံစားခဲ့ရသော်လည်း၊ ယောလ်တစ်ယောက် ပြန်စဉ်းစားကြည့်သောအခါ ၎င်းတွင် သူ့အားသာချက်များ ရှိနေသည်ကို တွေ့ရသည်။
အခန်းထဲ၌ ရက်အတော်ကြာ ပိတ်လှောင်ခံထားရပြီးနောက်၊ မိုက်ကီရယ် အလွန်အလုပ်များနေသည်ကို သူ သတိထားမိသည်။ ထို့ကြောင့် သူသည် အချိန်အတော်ကြာ အခန်းထဲမှ ထွက်ခွာသွား၏။ ဤအကြောင်းကြောင့် ယေညလ်သည် ကျယ်ဝန်းသော အခန်းထဲတွင် တစ်ယောက်တည်း နေနိုင်ခဲ့သည်။
ခုချိန်လိုပင်။
"ငါ ခုချက်ချင်း ခုန်ထွက်သင့်တယ်။"
ယောလ်တစ်ယောက် ပါးစပ်တစ်ဖက်စွန်းကိုသာ မြှင့်တင်ကာ တတွတ်တွတ်ရယ်မောလိုက်၏။ မည်သူမဆို မြင်လျှင် ချက်ချင်းပင် သန့်ရှင်းသော ရေ၊ ဆားနှင့် အခြားအရာများကို ဖြန်း၍ "ထွက်သွားစမ်း၊ မကောင်းဆိုးဝါး!" ဟု အော်ဟစ်ကြပေလိမ့်မည်။ မိုက်ကီရယ် မပြန်ခင် သူ ထွက်သွားရန်သာ အရေးကြီးသည်။
မိုက်ကီရယ်၊ ဒီကောင်စုတ်လေးက နေရာကောင်းကောင်းမှာနေနေတာပဲ။
ဝတ္ထု၏ ဇာတ်လမ်းနောက်ခံအရ မိုက်ကီရယ်၏ မိသားစု၊ အိုလော့ မိသားစုသည် မည်သည့်အင်ပါယာကိုပင် တည်ထောင်ခဲ့သည်ဖြစ်စေ၊ မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ ကြီးမားသော ကြွယ်ဝချမ်းသာမှုကို စုဆောင်းခဲ့ကြသည်။ သူတို့သည် ငွေကြေးများစွာ ရှိခြင်းကို ကြွားဝါသော မိသားစုအဖြစ်သာမက၊ တော်ဝင်မိသားစုထံမှ အာဏာကို ပေးနိုင်၊ ယူနိုင်သော အစွမ်းထက်သည့် မိသားစုအဖြစ်လည်း ပုံဖော်ခံခဲ့ရသည်။
ထိုမျှ ကြီးကျယ်ခမ်းနားသော လူတစ်ယောက်၏ အခန်းသည် အခန်းတွင်းပိုင်းသည် အံ့မခန်း ရောင်စုံစုံလင်ပြီး ခမ်းနားထည်ဝါနေသည်။
နီညိုရောင်နောက်ခံပေါ်တွင် ရွှေရောင်ဒီဇိုင်းများပါသော နူးညံ့သည့် ကော်ဇောတစ်ချပ်သည် ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေပြီး၊ ရှေးဟောင်းပရိဘောဂများမှာလည်း ခမ်းနားလှပသည်။ အလှဆင်ပစ္စည်းများကို နေရာတိုင်းတွင် ထားရှိထားပြီး၊ နံရံပေါ်ရှိ ပုံဘောင်များပင် လိုချင်စဖွယ် ရွှေရောင်များဖြင့် တောက်ပနေသည်။
"အား! ဒါဆို ငါ ဘယ်လို ထွက်ပြေးရမလဲ… ဟင်၊ ဒါများ…"
ကုလားထိုင်ငယ်လေးပေါ် ထိုင်နေသော ယောလ်တစ်ယောက် ခုန်ထပြီး တစ်ခုခုကို သတိထားမိကာ ပါးစပ်ဖွင့်လိုက်၏။ ဘေးစားပွဲပေါ်တွင် အလွန်လှပသော ရတနာသေတ္တာတစ်လုံးရှိပြီး၊ တစ်ဝက်ပွင့်နေသည့် ရတနာသေတ္တာထဲတွင် တောက်ပသော အရောင်အသွေးစုံလင်သည့် ကျောက်မျက်ရတနာများကို သူ မြင်တွေ့ရသည်။
"ဟုတ်တယ်၊ မိုက်ကီရယ်ရဲ့ မွေးနေ့လက်ဆောင်စာရင်းထဲမှာ စိန်လက်စွပ်တစ်ကွင်း ရှိတယ်လို့ လယ်ဗီက ပြောခဲ့တာပဲ"
အမြင်အာရုံကို အစွဲဆောင်ဆုံးသော အရာများထဲတွင် ပွင့်လင်းမြင်သာပြီး အရွယ်အစားကြီးမားသော ကျောက်မျက်တစ်ခု ပါဝင်သည်။ ၎င်းသည် စိန်တစ်လုံးဖြစ်သည်ဟု ကြွားဝါနေသည်။ ယောလ်သည် မတူညီသော ကျောက်မျက်ရတနာအမျိုးအစားများကို မသိရှိသော်လည်း၊ ထိုကျောက်မျက်သည် ပွင့်လင်းမြင်သာကာ မျက်နှာပြင်တိုင်းတွင် တောက်ပသော အလင်းပြန်နေသည့် စိန်တစ်လုံးဖြစ်သည်ကို သူ ပြောနိုင်ခဲ့သည်။
ယောလ်တစ်ယောက် သူ ခံစားခဲ့ရသော အရှက်ရမှုများကို ပြန်စဉ်းစားလိုက်၏။
သူ့ဆံပင်များကို တစ်စုံတစ်ယောက်၏ လက်များထဲတွင် ဆုပ်ကိုင်ထားလျက်၊ စိတ်စွဲလမ်းနေသော စောက်ရူး၏ အိမ်တော်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ မိုက်ကီရယ်က သူ့ပါးကို တတ်နိုင်သမျှ တို့ထိုးနှက်ခဲ့ပြီး၊ နောက်ဆုံးတွင် သူ မိုက်ကီရယ်၏ လက်ထဲသို့ လဲကျကာ ဤအခန်းထဲတွင် အကျဉ်းချခံခဲ့ရသည်။
သူသည် များစွာသော ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရပြီး၊ မည်သည့်လျော်ကြေးမှ မပါဘဲ ပြန်သွားရန်မှာ အဓိပ္ပာယ်မရှိပေ။ တိုတိုပြောရလျှင် မိုက်ကီရယ်သည် ချမ်းသာကြွယ်ဝသူများထဲတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ သူ့ခြေရင်း၌ ရွှေများ၊ ရတနာများ ပေါကြွယ်ဝစွာ ရှိသည်။ စိန်လက်စွပ်တစ်ကွင်း ပျောက်ဆုံးခြင်းမှာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။
ထို့အပြင်၊ ဝတ္ထုထဲရှိ မိုက်ကီရယ်၏ စရိုက်ကို ထည့်သွင်းစဉ်းစားပါက၊ စိန်လက်စွပ် ပျောက်ဆုံးခြင်း ရှိမရှိကိုပင် သူ သိချင်မှ သိပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မိုက်ကီရယ်သည် လယ်ဗီမှလွဲ၍ မည်သည့်အရာကိုမျှ ဂရုမစိုက်သောကြောင့်ပင်။
"ငါ ပြန်တော့မယ်နော်၊ မိုက်ကီရယ်လေးရေ လက်ဆောင်လှလှလေးတစ်ခုလည်း ယူသွားမယ်နော်"
ယောလ်တစ်ယောက် သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း သူ့တိုတောင်းသော ခြေလက်များကို ဆန့်ထုတ်ကာ လိမ်လိုက်၏။ သူ့ပျော့ပျောင်းသော၊ ဖောင်းကြွသော ခန္ဓာကိုယ် ပျော့ပြောင်းသွားပြီဟု ခံစားရသော ယုလ်သည် တတ်နိုင်သမျှ တင်းတင်းကြပ်ကြပ် ကုလားထိုင်နောက်မှီကို မှီလိုက်သည်။ ၎င်းသည် အဝေးသို့ ပြေးရန် အရှိန်ယူခြင်းဖြစ်၏။
"အားးးးးးးးးး!"
ဒါဒါဒါ့ဒါ၊ သူ့ခြေထောက်သေးသေးလေးများက ကုလားထိုင်ပေါ်သို့ အလျင်အမြန်ပြေးသွားပြီး၊ သူ၏ရှေ့မှ ခုံပုပေါ်သို့ အားကုန်ခုန်လိုက်၏။ ယောလ်၏ ခန္ဓာကိုယ် လှိမ့်ကျကာ အိစက်ပျော့ပျောင်းသော မွှေ့ရာများဖြင့် ပြည့်နေသည့် ခုံပုလေးပေါ်သို့ လဲကျသွားသည်။
"အာ့!"
သူ ခုံပုလေးအောက်သို့ ကျလုနီးပါးပင်။ ခုံ၏ အစွန်းကို မနည်းဆွဲကိုင်၍ မှီတွယ်ထားသော ယောလ်တစ်ယောက် ညည်းတွားရင်း ခုံပေါ်သို့ ပြန်တက်သွားသည်။
၎င်းအားလုံးသည် ခေါင်းကြီးလွန်းသောကြောင့်ပင် ဖြစ်သည်။ ယောလ်တစ်ယောက် နမ်ဆန်းတောင်လောက် ကြီးမားသော ခေါင်း၏ အရွယ်အစားကို ညည်းညူသော်လည်း၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားကာ လျင်မြန်စွာ လှုပ်ရှားနိုင်ခြင်းအတွက် သူ့ကိုယ်သူ ချီးမွမ်းလိုက်သည်။
ယောလ်၏ ပန်းတိုင်ဖြစ်သည့် ဘေးစားပွဲသည် အကွာအဝေးအရ ခုံပုလေးနှင့် နီးကပ်သော်လည်း ပို၍ မြင့်နေသည်။ ပန်းတိုင်သို့ ရောက်ရန်အတွက် သူသည် ခုံပုလေးမှ ဘေးစားပွဲဆီသို့ ခုန်ပြီး၊ ၎င်းကို တွဲခိုကာ တံတားလိုမျိုး တက်ရမည်ပင်။
သာမန်လူ့ခန္ဓာကိုယ်ဖြင့် ၁၀ စက္ကန့်ပင် မကြာမည့် အလုပ်တစ်ခုသည် တိုတောင်းသော အရုပ်ခန္ဓာကိုယ်ကြောင့် အချိန်အကြာကြီး ဒုက္ခခံခဲ့ရသည်။
ဤကား အရုပ်တစ်ရုပ် ဖြစ်ရခြင်း၏ ဝမ်းသာစရာနှင့် ဝမ်းနည်းစရာများပင်။
ယောလ်တစ်ယောက် အရက်မူးပြီး အရုပ်ကောက်စက်ထဲက အရုပ်တွေကို ပေါ့ပေါ့ဆဆ ဆွဲထုတ်ကာ နိုးလာသည်နှင့် တပြိုင်နက် ပြန်လည်ရောင်းချသည့် ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့သည့် သူ့လုပ်ရပ်များကို စိတ်ရင်းမှန်ဖြင့် ပြန်လည်သုံးသပ်လိုက်၏။
"အရုပ်များရဲ့ ဘုရားသခင်… ကျွန်တော် လူပြန်ဖြစ်ခဲ့မယ်ဆိုရင် အနာဂတ်မှာ အဲဒီလို ဘယ်တော့မှ အဲ့လိုမလုပ်တော့ပါဘူး အဲ့ဒါကြောင့် ကူညီပေးပါနော် ကျွန်တော် ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်"
သူ တစ်ခါမှ မကြားဖူးသော အရုပ်များ၏ ဘုရားသခင်ထံသို့ စိတ်ပါလက်ပါ ဆုတောင်းပြီးနောက်၊ ယောလ်တစ်ယောက် သူ့ရှေ့မှ ချောမွေ့ရှည်လျားသော ဘေးစားပွဲခြေထောက်ကို စိုက်ကြည့်နေသည်။
စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သော ယောလ်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးလိုက်၏။ အပြေးကြောင့် အရှိန်ရနေသော ခန္ဓာကိုယ်ဖြင့် သူ ခုန်တက်ကာ ဘေးစားပွဲခြေထောက်များကို တွဲခိုလိုက်သည်။
"အာ့!"
သူ့ခန္ဓာကိုယ်က ဝါဂွမ်းဖြင့် ပြုလုပ်ထားသောကြောင့် ထိခိုက်မှု နည်းသော်လည်း၊ သူ အိပ်ရာဘေးစားပွဲ၏ သစ်သားတံတားကို အရှိန်အပြင်းဆုံးဖြင့် တိုက်မိသောအခါ သူ့နဖူးက ကျင်တက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသည်။ သို့တိုင် သူသည် သူ၏တိုတောင်းသော ခြေလက်များဖြင့် ဘေးစားပွဲကို အားကုန်ဖက်တွယ်ရန် မမေ့ပေ။ ဤကြောင့် ယောလ်တစ်ယောက် အိပ်ရာဘေးစားပွဲခြေထောက်မှ သစ်ပင်အိုတွင် တွယ်ကပ်နေသော ပိုးကောင်းလေးတစ်ကောင်လို တွဲခိုနိုင်ခဲ့သည်။
"လုပ်နိုင်ခဲ့ပြီ… နည်းနည်းလေးပဲ၊ နောက်ထပ် နည်းနည်းလေး အားထည့်လိုက်ရင်…"
ယောလ်တစ်ယောက် နားထောင်သူမရှိဘဲ သူ့ကိုယ်သူ စကားပြောရင်း အားပေးလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးက ချောမွေ့သော အဝတ်စဖြစ်သောကြောင့် လျှောကျရန်နှင့် လဲကျရန် လွယ်ကူသည်။ ဒီနေရာမှာ လဲကျခဲ့ရင်တော့ သူ့ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားမည်ပင်။ ယောလ်တစ်ယောက် အာရုံစူးစိုက်ပြီး သူ့ခြေလက်များကို အားစိုက်ထုတ်ရင်း ဖြည်းဖြည်းချင်း အပေါ်သို့ ရွှေ့လိုက်သည်။
"မဟုတ်သေးပါဘူး၊ ငါ ဘာလို့ အရုပ်ဖြစ်နေရတာလဲ! ဒါတောင် သေးသေးလေးဖြစ်ရတယ်လို့ကွာ!"
သူ စုဆောင်းထားသည့် ခွန်အားကို မြှင့်တင်ကာ အိပ်ရာဘေးစားပွဲ၏ တံတားကို တက်နေသော ယောလ်တစ်ယောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်၏။
စာအုပ်တစ်အုပ်ထဲသို့ သယ်ဆောင်ခြင်းခံရခြင်းကို သူ ခံနိုင်ရည်ရှိသည်။ BL ဝတ္ထု (လှပသောဘဝဟု အဓိပ္ပာယ်ရ)နေရင်တောင် သူ မနှစ်သက်ဘူး။ ဟုတ်ပြီ၊ သူ နားလည်နိုင်ပါသည်။
ဒါပေမဲ့ ဘာလို့ အရုပ်ဖြစ်ရတာလဲ? သာမန် ဖြတ်လျှောက် အပိုဇာတ်ကောင် တစ် ဖြစ်ခဲ့ရင်တောင် အများကြီး ပိုကောင်အုံးမယ် ပထမဆုံး လူသားတစ်ယောက်အနေနဲ့ သူ့ခြေလက်တွေက ခုထက် အဆနှစ်ဆယ် ပိုရှည်နေမည်! လူတစ်ယောက်! ခေါင်းက ကိုယ်လုံးထက်ကြီးနေတာမျိုးက မဟုတ်ဘူးလေ! လူတစ်ယောက်! လူတစ်ယောက်ကလေ!
တိုးမြင့်လာသော ဒေါသကို အားအဖြစ် အသုံးပြုကာ၊ ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားကို မြှင့်တင်လိုက်သော ယောလ်သည် အိပ်ရာဘေးခြေထောက်ကို ယခင်ကထက် ပိုမြန်မြန် တက်သွားသည်။
နောက်ဆုံးတော့ အပေါ်ရောက်သွားသော ယောလ်တစ်ယောက် မောဟိုက်စွာ အသက်ပြင်းပြင်း ရှူလိုက်၏။
သဲကန္တာရထဲက အိုအေစစ်တစ်ခုလို ပုံစံရှိတဲ့ ရတနာသေတ္တာက သူ့လက်တစ်ကမ်းအကွာမှာ ရှိနေသည်။ မဟုတ်ဘူး၊ ဒီခန္ဓာကိုယ်နဲ့ဆို နောက်ထပ် ဆယ်လှမ်းလောက် လမ်းလျှောက်ရတော့မယ် ထင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပိုနီးလာခဲ့ပြီ။
ရတနာသေတ္တာထဲက စိန်လက်စွပ်ကို ကြည့်နေသော ယောလ်၏ မျက်လုံးပြာလေးများသည် အရုပ်တစ်ရုပ် ဖြစ်ရခြင်း၏ လက်တွေ့ဘဝအပေါ် ဒေါသတကြီးဖြင့်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို စိန်ခေါ်ရာတွင် ခက်ခဲသောကြောင့်လည်းကောင်း ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တောက်ပသော မျက်လုံးများ… အရုပ်မျက်လုံးများကို ချည်မျှင်ဖြင့် ချုပ်ထားသောကြောင့် ဖိအားမရှိသော်လည်း၊ မည်သို့ပင်ဆိုစေ၊ ၎င်းတို့သည် သာမန်အရုပ်မျက်လုံးများ မဟုတ်ပေ။
ယောလ်တစ်ယောက် တောက်ပနေသော စိန်လက်စွပ်ကို ကြည့်ရင်း သူ့တံတွေးကို မျိုချလိုက်ပြီး လက်စွပ်ဆီသို့ သူ့လက်မောင်းများကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။
ဂိုလ်လမ်က လက်စွပ်ကို မြင်တဲ့အခါ ဘာလို့ ရူးသွပ်သွားရတာလဲဆိုတာ သူ သဘောပေါက်ပါ၏။ အဲဒီလက်စွပ်လေးက အမှန်တကယ်ကို လူရူးစေလောက်အောင် တန်ဖိုးရှိလှတာကိုး။ ဒီလို ရှာဖွေရခက်ခဲတဲ့ ပစ္စည်းမျိုးဆိုတော့ သာမန်လူတစ်ယောက်တောင် စိတ်မတည်မငြိမ် ဖြစ်သွားနိုင်တာ သဘာဝပင်။
ယောလ်တစ်ယောက် စိန်လက်စွပ်လေးကို ဂရုတစိုက်ကောက်ယူပြီး ညာဘက်လက်ကောက်ဝတ်လေးမှာ ဝတ်ဆင်လိုက်သည်။ လက်စွပ်ဆိုပေမယ့် သူ့ခန္ဓာကိုယ်လေးနဲ့က လက်ကောက်လေးလိုပဲ အံဝင်ခွင်ကျ ဖြစ်နေပါ၏။ သူမှာ လက်ချောင်းလေးတွေ မရှိတာကြောင့် တခြားရွေးချယ်စရာလည်း မရှိလှပေ။
"... ဒီနေရာမှာ လက်လျှော့ရတာ နှမြောတော့နှမြောစရာပဲ၊ ဒါပေမဲ့ ငါ ဘာမှ လုပ်နိုင်တာမှ မရှိတာ ကဲ၊ အခုပဲ ထွက်ပြေးကြရအောင်လား?"
မရေမရာ ကျောက်မျက်ရတနာမျိုးစုံက မျက်စိထဲ ဆွဲဆောင်နေခဲ့သည်။ သို့သော် ယောလ်က လောဘမကြီးဖို့ ဆုံးဖြတ်လိုက်သည်။ ဒီသေးငယ်လှတဲ့ ကိုယ်လေးနဲ့လည်း ထပ်ပြီး သယ်သွားဖို့က မဖြစ်နိုင်တာကိုး။
စိန်၏ အရွယ်အစားကို ကြည့်လိုက်ရုံနဲ့တင် ပျမ်းမျှလူတစ်ယောက်ရဲ့ လက်မလောက် ရှိတာမို့၊ ဒီတစ်ခုတည်းနဲ့တင် သူ ကြိုးစားခဲ့ရတဲ့ အဖိုးအခကို တန်ပါပေ၏။
ယောလ်တစ်ယောက် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် နူးညံ့သော ကော်ဇောခင်းထားသည့် ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်သည်။
"အူး... နာလိုက်တာ"
အရုပ်ခန္ဓာကိုယ်လေး ဖြစ်ပါလျက် ဘာကြောင့်များ နာကျင်ရတာပါလိမ့်?
မတရားမှုကို ပွစိပွစိ ရေရွတ်ရင်း ယောလ်ရဲ့ ခြေထောက်လေးတွေက အလျင်စလို လှုပ်ရှားလာခဲ့သည်။ ယောလ်ဦးတည်နေတဲ့ နေရာက အိပ်ခန်းတံခါးပင်။ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ သူ စဉ်းစားခဲ့သေးသည်။ ဒါပေမဲ့ နေရာရဲ့ အမြင့်ကိုကြည့်လိုက်တော့ ပြတင်းပေါက်ကနေ ထွက်ပြေးတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနှင့် ဘာမှမထူးခြားလှပေ။
ဒီအခန်းက ဘယ်နှလွှာမှာ ရှိမှန်းတော့ သူ အတိအကျမသိပေ။ ဒါပေမဲ့ မိုက်ကီရယ်၏ လက်တွေက သူ့ကို အဝိုင်းလှေကားအတိုင်း အကြာကြီး ခေါ်လာခဲ့သည်ပင်။ အဆောက်အဦးသည် သာမန်လူခန္ဓာကိုယ်နဲ့ဆို သေလောက်အောင် မြင့်ပုံပေါ်နေ၏။ ဒါတင်မက အရုပ်ခန္ဓာကိုယ်ဆိုတာ ပြောနေစရာပင်မလိုတော့။
ဟုတ်ပါ၏။ တံခါးဖွင့်ပြီး ထွက်ပြေးတဲ့အခါ လူတွေ သတိထားမိနိုင်ခြေတော့ ရှိပါသည်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်လေး သေးတာကြောင့် ဒီနေရာမှာပဲ ပုန်းနေလိုက်ရင် အဆင်ပြေမယ်လို့ သူ ထင်မှတ်ခဲ့သည်။
"... ဒါနဲ့ ဒီတံခါးကို ငါ ဘယ်လိုဖွင့်ရမှာလဲ?"
ရှေ့တံခါးဝရောက်တဲ့အထိ အရာရာတိုင်းက အဆင်ပြေခဲ့ပါ၏။ လျှောတံခါးကြီး နှစ်ချပ်ရှေ့မှာ ယောလ် သက်ပြင်းချလိုက်သည်။ တံခါးလက်ကိုင်သည် အတော်လေး မြင့်မားစွာ ချိတ်ဆွဲထားသည်ပင်။ တံခါးပေါ်မှ အလှဆင်ထားသော ပုံဖော်ထားတာများအား ဆွဲပြီး တက်ကြည့်သော်လည်း နောက်တစ်ခုကိုတော့ သူ လက်လှမ်းမမီနိုင်ခဲ့ပေ။
"ပြ... ပြတင်းပေါက်ဆီ သွားကြရအောင်လေ"
တံခါးကို နှစ်ကြိမ်လောက် တက်ကြည့်ပြီးနောက် ယောလ်က သူ့ရဲ့ ဗျူဟာကို အလျင်အမြန် ပြန်လည်ပြင်ဆင်လိုက်သည်။
ပြတင်းပေါက်ကနေ ထွက်ပြေးတာက အန္တရာယ်များပုံရတာကြောင့် တတ်နိုင်သမျှ ရှောင်ချင်သည်။ သို့သော် ဒီအခြေအနေမှာ တံခါးကိုတောင် ဖွင့်မရတော့ သူမှာ တခြားရွေးချယ်စရာ မရှိလှပေ။
ဝရံတာနဲ့ ဆက်သွယ်ထားတဲ့ တံခါးဆီကို သူ မကြာခဏ အလုပ်များနေသလို လျှောက်သွားနေတဲ့ အချိန်ပင်။ ရုတ်တရက် အသံတစ်ခုက တံခါးထဲကနေ ထွက်လာခဲ့သည်။ ယောလ် အံ့အားသင့်သွားပြီး ပုန်းအောင်းဖို့ နေရာရှာရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သို့သော် ပတ်ဝန်းကျင်က ပွင့်လင်းနေပြီး သူ့ရဲ့ ကိုယ်လေးကို ဝှက်ထားနိုင်တဲ့ နေရာမျိုး မရှိလှပေ။
ယောလ်တစ်ယောက် တုန်ယင်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်ပင်။ မိုက်ကီရယ်၏ မျက်လုံးနီနီများနှင့် ယောလ်၏ မျက်လုံးပြာပြာလေးများက လေထဲမှာ ဆုံတွေ့လိုက်ကြသည်။
ရုတ်တရက် ယောလ်က တောင့်တင်းသွားပြီး အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။
" ဒါ ဘာကြီးလဲ"
မိုက်ကီရယ်၏ ပါးစပ်ကနေ ရှုပ်ထွေးနေတဲ့ တစ်ကိုယ်ရေစကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။