ငါက အမျိုးသားဇာတ်လိုက်ရဲ့ ဘေးချင်းကပ် ထိုင်ခုံ အဖော် ဖြစ်လာခဲ့တယ်။
သူ့စာအုပ်ပေါ်မှာ အမျိုးသားဇာတ်လိုက်ရဲ့နာမည်ကို တွေ့လိုက်ရတယ်။
ရှန်မော့...
တစ်လလုံး ငါ ရှန်မော့ကို မနားမနေ လိုက်ခဲ့တယ်။ နေ့တိုင်း သူ့ကို မုန့်တွေ၊ နို့တွေ ပေးတယ်၊ ဒါမှမဟုတ် သူနဲ့အတူ လမ်းလျှောက်တယ်။
ဒါပေမယ့် သူတစ်ခါမှ ငါ့ကို စကားမပြောဘူး။ တခြားသူတွေနဲ့လည်း သူစကားမပြောဘူးဆိုတာ ငါ သတိထားမိတယ်။
ငါရထားတဲ့ အချက်အလက်တွေအရ သူက အထီးကျန်ပြီး သနားဖို့ကောင်းတယ်။
ငါက ဒီလိုပျက်စီးနေပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတွေကို မြတ်နိုးတယ်။
ဒါကြောင့် သူငါ့ကို လျစ်လျူရှုနေရင်တောင် သူ့အပေါ် ငါ့ရဲ့ စိတ်အားထက်သန်မှုက ပိုတိုးလာခဲ့တယ်။
အဲဒီနေ့မှာ ယောက်ျားလေးကျောင်းသားသစ် ခြောက်ယောက် အတန်းထဲရောက်လာပြီး လစ်လပ်နေတဲ့ နေရာခြောက်နေရာမှာ ဝင်ထိုင်ကြတယ်။
ဆရာမက စင်မြင့်ပေါ်မှာ ရပ်ပြီး ပြုံးလိုက်တယ်။
"အခုအားလုံးရောက်နေပြီဆိုတော့ ဂိမ်းစလို့ရပါပြီ"
ငါက ငိုက်နေတာမလို့ ဆရာမပြောတာကို မကြားလိုက်ဘူး။ ငါ့ဘေးက ကောင်လေးက ငါ့ကို ကြည့်နေတဲ့ ထူးဆန်းတဲ့အကြည့်ကိုလည်း မရိပ်မိလိုက်ဘူး။
အဲဒီညမှာ ငါ အဆောင် ၂၀၄ ကို ပြန်ရောက်ခဲ့တယ်။
ကျောင်းသားသစ်သုံးယောက်နဲ့ ငါက အဆောင်တူပြီး ကျန်သုံးယောက်က အဆောင် ၂၀၅ မှာ ရှိတယ်။
သူတို့အားလုံး မျက်နှာဖြူဖျော့နေကြတယ်။ အပြာရောင်အင်္ကျီလက်ပြတ်ဝတ်ထားတဲ့ ရွှီကျစ်လန် က ငါ့ကို မေးတယ်။
"မင်းလည်း ဂိမ်းထဲက ကစားသမားလား"
---