Chapter 3
Viewers 164

ငါ ခေါင်းညိတ်လိုက်တယ်။ 


"ဟုတ်တယ်" 


အချစ်ဂိမ်းပေါ့နော်။ 


သူတို့က ငါ့ပြိုင်ဘက်တွေလား။


သူတို့လည်း လိင်တူချစ်သူတွေလား။ 


အမျိုးသားဇာတ်လိုက်ကို အောင်နိုင်ဖို့ ဒီကိုရောက်လာကြတာလား။


ရွှီကျစ်လန်က သူ့ဘာသာသူ ရေရွတ်လိုက်တယ်။ 


"ထူးဆန်းတယ်... များသောအားဖြင့် လူခြောက်ယောက်မဟုတ်လား...ဘာလို့ အခုတစ်ယောက် ပိုနေတာလဲ" 


ညဘက်မှာ ကောင်လေးသုံးယောက်ရဲ့ မျက်နှာတွေက ပိုပြီး ဖြူဖျော့လာကြတယ်။ 


ပြီးတော့ ရွှီကျစ်လန်က အကြုံပြုတယ်။


"ဒီည ပထမဆုံးသော့ကို ဘယ်သူသွားယူမလဲဆိုတာ မဲနှိုက်ရအောင်" 


ဘာသော့လဲ။ 


ငါ နားမလည်ဘူး။ 


နောက်ဆုံးတော့ ငါက နံပါတ် ၁ ကိုရသွားတယ်။ 


ကျန်တဲ့ ကောင်လေးသုံးယောက်က သနားစိတ်နဲ့ဖြစ်ဖြစ်၊ စိတ်သက်သာရာရတဲ့ပုံနဲ့ဖြစ်ဖြစ် ကြည့်ကြတယ်။


ရွှီကျစ်လန်က ပြောတယ်။ 


"မင်း သော့သွားယူ" 


ငါက စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ်။


"ဘာသော့လဲ..ဘယ်ကနေယူရမှာလဲ"


"မင်းက တကယ်ကို အသစ်လေးပဲ"


ရွှီကျစ်လန်က ရှင်းပြတယ်။


"ဒီပွဲစဥ်ရဲ့ ဂိမ်းလမ်းညွှန်ချက်တွေအရ ပထမသော့က အဆောင်မှူးအခန်းထဲမှာ"


ငါ အဆောင်မှူးအခန်းကို လှမ်းကြည့်လိုက်တယ်။


အဲဒါလား။ 


ငါ အဆောင်မှူး ဒေါ်လေးလီနဲ့ အရင်က စကားပြောဖူးတယ်။ 


သူက သဘောကောင်းပြီး စိတ်အားထက်သန်သူမလို့ သော့ယူတာသပ်သပ်ဆိုရင်တော့ သူ ငြင်းမှာမဟုတ်ဘူး။ 


ဘာလို့ ကျောင်းသားသစ် သုံးယောက်က ဒီလောက် စိတ်ပူနေကြတာလဲ။ 


"ဘာလို့ သော့ယူရမှာလဲ" 


ရွှီကျစ်လန်က... 


"အဆင့်တက်ဖို့ပေါ့ဟာ... ပြီးတော့ သော့ယူတာက အပိုဆုကြေးလည်း ရသေးတယ်" 


ငါ စူးစူးစမ်းစမ်းနဲ့ မေးလိုက်တယ်။


"ဘာဆုကြေးလဲ"


ရွှီကျစ်လန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး တခြားသူတွေနဲ့ မျက်စပစ်ပြီးနောက် ပြောလိုက်တယ်။ 


"တစ်သန်း"


ဘာ! တစ်သန်း! 


ငါ ရင်ဘတ်ကို ပုတ်လိုက်တယ်။


"ငါ သွားမယ်!" 


အဆောင်ကနေထွက်လိုက်တော့ ဝမ်ဟောက်က ငါ့ကို ပြောတယ်။


"ညသန်းခေါင်မတိုင်ခင် အဆောင်ကို ပြန်ရောက်ရမယ်၊ မဟုတ်ရင် ပြန်ဝင်လို့ရမှာ မဟုတ်ဘူး" 


ငါ နားလည်သွားပြီ၊ ဒေါ်လေးလီက တံခါးပိတ်မယ်ဆိုတဲ့သဘောပဲ။


"ကောင်းပြီ"


ငါ အဆောင်ထဲက ထွက်လိုက်တာနဲ့ အဆောင်လမ်းကြားက ဗလာနတ္တိဖြစ်ပြီး အေးစိမ့်နေတာကို တွေ့ရတယ်။ 


ဖုန်းကိုဖွင့်ပြီး မီးအလင်းရောင်နဲ့ လမ်းလျှောက်ခဲ့တယ်။ 


အဆောင်မှူးရဲ့ တံခါးဝရောက်တော့ ရုတ်တရက် ကျောင်းဝတ်စုံဝတ်ထားပြီး သွေးတွေပေနေတဲ့ ကောင်လေးတစ်ယောက်က ငါ့ဆီကို တွားသွားလာနေတယ်။ 


သူ့မှာ ခြေထောက်တွေမရှိဘူးဆိုတာ ငါ တွေ့လိုက်ရတယ်။


ငါ အရမ်းကြောက်သွားတာနဲ့ ထွက်ပြေးခဲ့တယ်။ 


လမ်းကို သေချာကြည့်ဖို့တောင် ကြောက်နေခဲ့တယ်။ 


ငါ ကိုယ်တိုင် အေးစက်တဲ့ ပွေ့ဖက်မှုတစ်ခုနဲ့ တိုက်မိသွားသလို ခံစားရတယ်။ 


မော့ကြည့်လိုက်တော့ ငါ့မျက်လုံးတွေရှေ့မှာ လှပတဲ့မျက်နှာတစ်ခုကို တွေ့ရတယ်။ 


ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ခံစားရတာနဲ့ သူ့ကို တင်းတင်းဖက်လိုက်တယ်။ 


မစဉ်းစားနိုင်တော့ပဲ ပါးစပ်ကပါ မရည်ရွယ်ဘဲ ပြောမိသွားတယ်။


"လောင်ကုန်း!"


ပုံမှန်ဆို ငါ စစ်ရန်ရဲ့ ပရိသတ်လုပ်တုန်းက "လောင်ကုန်း" လို့ တိတ်တိတ်လေး ခေါ်လေ့ရှိတယ်လေ။


---