Chapter 4
Viewers 167

သူ့ရဲ့လှပတဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ အမူအရာတစ်ခု ပေါ်လာတယ်။ 


သူ့အသံက အေးခဲနေတဲ့စမ်းရေလို ငါ့နားနားကနေစီးဆင်းလာပြီး မေးလိုက်တယ။


"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ" 


ဒါက သူစကားပြောတာကို ငါ ပထမဆုံးကြားဖူးတာပဲ။


ငါ နာခံတဲ့ပုံစံလေးနဲ့ အော်ပြောလိုက်တယ်။


"‌လောင်ကုန်း ကယ်ပါဦး!" 


နောက်လှည့်ကြည့်လိုက်တော့ မြေကြီးပေါ် တွားသွားနေတဲ့ ကောင်လေးက မလိုက်လာနိုင်တော့ဘူး။


တအားခုန်နေတဲ့ ငါ့ နှလုံးခုန်သံက နောက်ဆုံးတော့ နှေးကွေးသွားတယ်။ 


ဒါပေမယ့် ငါ သူ့ကို လွှတ်မပေးချင်သေးဘဲ ကိုအာလာကောင်လို တွယ်ကပ်နေခဲ့တယ်။ 


သူ့နားရွက်တွေက သွေးစက်ကျသလို နီရဲနေတယ်။ 


သူ ဒီလိုရှက်တဲ့အမူအရာ ပြတာကို ငါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။


ငါ ခုနက ကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံရှိပေမယ့်လည်း အမျိုးသားဇာတ်လိုက်ကို အောင်နိုင်ပြီး ဆယ်သန်းဆုရဖို့ ရှိနေသေးတာကို ငါ မမေ့သေးဘူးကွ! 


ငါ ချက်ချင်းပဲ အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ခါးကို ပိုတင်းတင်းဖက်လိုက်တယ်။


ငါ့ခေါင်းကို သူ့ရင်ဘတ်ထဲ ထိုးထည့်လိုက်တယ်။


ငါ့မျက်နှာကို သူ့ရှပ်အင်္ကျီနဲ့ ပွတ်လိုက်တယ်။ 


"လောင်ကုန်း...ငါ မင်းကို ငါ့လောင်ကုန်းဖြစ်စေချင်တယ်... ငါ မင်းကို အကြာကြီး လိုက်ခဲ့တာ... ငါ့ရဲ့ချစ်သူ မဖြစ်ပေးတော့ဘူးလားဟင်"


သူ့ခန္ဓာကိုယ် တောင့်တင်းသွားတာကို ငါ ခံစားမိပေမယ့် သူက ငါ့ကို မတွန်းထုတ်ဘူး။ 


"ဒါဆို မင်း ငါ့ကို အမျိုးမျိုးပေးနေတာက မင်းငါ့ကို လိုက်နေတာလား"


ငါ မျက်တောင်ခတ်လိုက်တယ်။


"ဟုတ်တယ်၊ ငါ မင်းကို လိုက်နေတာ" 


သူ ငါ ဘာလုပ်နေတယ်လို့ ထင်ခဲ့တာလဲ...


သူ့မျက်နှာ နီရဲသွားပြီး သူ့မျက်လုံးတွေ ပြူးသွားတယ်။


"မင်း... ငါ့ကို ကြိုက်တာလား"


ငါ အကုန်လုံးဖွင့်ပြောလိုက်တယ်။


ငါ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တယ်။


"ဟုတ်တယ်၊ ငါ ယောက်ျားလေးတွေကို ကြိုက်တယ်... မင်းကို ကြိုက်တယ်... ပထမဆုံးတွေ့ကတည်းက ချစ်မိတာ... မင်းက မယုံနိုင်လောက်အောင် ချောတယ်... ငါ့အကြိုက်ပုံစံမျိုးပဲ! မလိုက်ဘဲ မနေနိုင်ဘူး! ငါ့ချစ်သူဖြစ်ပေးပါနော်"


---