Chapter 5
Viewers 165

ရှန်မော့ရဲ့ မျက်လုံးထဲမှာ သဘာဝမကျတဲ့ အလင်းရောင်တစ်စွန်းတစ်စ လင်းလက်သွားတယ်။ 


"မရဘူး၊ ငါ ယောက်ျားလေးတွေကို မကြိုက်ဘူး" 


ဒါကိုကြားတော့ ငါ စိတ်ဓာတ်မကျပါဘူး။ 


ဆယ်သန်းအတွက် ဘယ်လိုလုပ် အလွယ်တကူ လက်လျှော့နိုင်မှာလဲ။ 


ပြီးတော့ ဒါက BL ဂိမ်းတစ်ခုလေ။


သူက ငါ့ပစ်မှတ်ဖြစ်နေမှတော့ ဘယ်လိုလုပ် ယောက်ျားလေးတွေကို မကြိုက်ရမှာလဲ။ 


သူက ဒီအတိုင်း ခေါင်းမာနေတာဆိုတာ သေချာတယ်။


ငါ ကျိန်ဆိုလိုက်တယ်။


"ဒါဆို မင်း သဘောတူတဲ့အထိ ငါ ဆက်လိုက်နေမယ်" 


ရှန်မော့ရဲ့ မျက်တောင်တွေက လိပ်ပြာတောင်ပံတွေလို တဖျပ်ဖျပ်ခတ်သွားတယ်။ 


သူ ငါ့ စကားကို ပြန်မဖြေဘဲ ပြောလိုက်တယ်။ 


"ငါ့ပေါ်က ဆင်း" 


ငါ ခေါင်းခါလိုက်ပြီး ပိုလို့တောင် တင်းတင်းဖက်လိုက်တယ်။ 


တစ်လတောင် ရှိနေပြီ! 


ပစ်မှတ်နဲ့ ဒီလောက်နီးကပ်ခွင့်ရတာ ဒါပထမဆုံးပဲ။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး သူ့နဲ့ ရင်းနှီးအောင် လုပ်ရမယ်! 


ဒါကြောင့် ငါ ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်တယ်။ 


"ဒါပေမယ့် ငါ ကြောက်တယ်" 


ခုနက တကယ်ကြောက်ခဲ့တာ၊ ဒါပေမယ့် အခုကတော့ ကြောက်ချင်ယောင်ဆောင်တာ။


ရှန်မော့ရဲ့ ပိုပြီးထူးဆန်းလာတဲ့ မျက်နှာအမူအရာကို ငါ လှမ်းကြည့်လိုက်မိပေမယ့် သူက ငါ့ကို မတွန်းထုတ်သေးဘူး။


ရှန်မော့ကို ဖက်ထားရင်း ခုနက ဖြစ်ခဲ့တာတွေကို ငါ ပြောပြလိုက်တယ်။ 


"တစ်ယောက်ယောက်က လှည့်စားတာများလား" 


ဒီလောကမှာ သရဲမရှိဘူး၊ ငါက ရုပ်ဝါဒကို ယုံကြည်တယ်။ 


ရှန်မော့က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ 


"အင်း၊ လူတွေကို ကြောက်အောင်လုပ်တာ ဖြစ်မှာပါ" 


"ဒါကတော့ အရမ်းလွန်တာပဲ!"


ငါ ဒေါသတကြီး အော်လိုက်တယ်။


ရှန်မော့က သဲ့သဲ့လေးပြုံးတယ်။


"မင်း ဒီမှာ ဘာလုပ်နေတာလဲ"


"ငါ သော့လာရှာတာ" 


ငါ ရိုးသားစွာပြောလိုက်တယ်။


"အဆောင်မှူးအခန်းထဲမှာ ရှိတယ်လို့ ကြားတယ်" 


ရှန်မော့က ငါ့ကို အဓိပ္ပာယ်ပါပါကြည့်လိုက်တယ်။


"ဒါဆို သွားရှာပေါ့" 


ငါ အခွင့်ကောင်းယူပြီး ထပ်ဖြည့်ပြောလိုက်တယ်။


"တစ်ယောက်ယောက်က ငါ့ကို ထပ်ကြောက်အောင် လုပ်မှာကို ကြောက်တယ်.... မင်း ငါနဲ့ လိုက်ခဲ့ပေးလို့ရမလား" 


ငါက ကပ်တွယ်‌နေပြီး သူ့လက်မောင်းကို ဆွဲကိုင်ထားတယ်။


ရှန်မော့က ငါ့ကို အဆောင်ကို လိုက်ပို့ဖို့ သဘောတူလိုက်ရတယ်။


အဲဒီအချိန်မှာ ငါ နာရီကို ကြည့်လိုက်တော့ ည ၁၁:၅၆ နာရီ ရှိနေပြီ။ 


ညသန်းခေါင်မတိုင်ခင် အဆောင်ကို ပြန်ရောက်ရမယ်လို့ သူတို့ပြောခဲ့တာကို ငါ ရုတ်တရက် သတိရသွားတယ်။ 


ငါ ချက်ချင်း ရှန်မော့ရဲ့လက်ကို ဆွဲပြီး အမျိုးသားဆောင်ဘက်ကို ပြေးသွားခဲ့တယ်။ 


အဆောင်အဆောက်အအုံကို ရောက်တော့ မောဟိုက်နေပြီး အသက်ရှူလိုက်တယ်။ 


တံခါးက ပွင့်နေတယ်။ ငါ နာရီကို စစ်လိုက်တော့ အချိန်က မနက် ၁၂:၀၃ နာရီ။ 


ငါ ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းချလိုက်တယ်။


"ကပ်သီး‌လေးပဲ၊ အဒေါ်ကြီး တံခါးပိတ်ဖို့ မေ့သွားတာ ဖြစ်မယ်၊ ဒီနေ့က ကံကောင်းတဲ့နေ့ပဲ" 


ပြီးတော့ ငါ သော့ကို သတိရသွားတယ်။ 


ဒါနဲ့ ငါ အဆောင်မှူးရဲ့ တံခါးကို မြန်မြန်ခေါက်ပြီး ယဉ်ယဥ်ကျေးကျေး ပြောလိုက်တယ်။


"ဒေါ်‌လေး ကျွန်တော် သော့လိုတယ်! အခန်းထဲမှာ အထူးသော့ ရှိလား"


ငါ့နောက်က ရှန်မော့ရဲ့ မျက်နှာပေါ်က လှောင်ပြုံးကို ငါ မမြင်မိလိုက်ဘူး။



ရှန်မော့က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။


"ဒေါ်လေး သူလိုချင်ရင် ပေးလိုက်ပါ၊ သော့ကို ပစ်ချပေးလိုက်" 


ပြီးတာနဲ့ အဆောင်တံခါးက နည်းနည်းဟသွားပြီး အနီရောင်သော့တစ်ချောင်း ပစ်ချခံလိုက်ရတယ်။


ငါ သော့ကို ဖမ်းမိပြီး ကျေးဇူးတင်စွာ ပြောလိုက်တယ်။ 


"ဒေါ်လေး ဒေါ်လေးက အရမ်းကောင်းတဲ့လူပဲ! ကျေးဇူးတင်ပါတယ်" 


တစ်သန်းက လက်ထဲမှာကွ! 


ဒီလိုအံ့သြစရာကောင်းတဲ့ ကိစ္စက ရုတ်တရက်ကြီး ဖြစ်လာတာပဲ။


အဆောင်ထဲမှာတော့ နေ့ခင်းတုန်းက သဘောကောင်းခဲ့တဲ့ အဒေါ်ကြီးက အခု လုံးဝကို မတူညီတဲ့ ပုံစံမျိုး၊ ခေါင်းပြတ်နေပြီး သူ့ခေါင်းရှိသင့်တဲ့နေရာကနေ သွေးတွေ စီးကျနေခဲ့တယ်။


---