Chapter 18
Viewers 2k

ငါ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ဂိမ်းခန်းထဲက အပန်းဖြေကုလားထိုင်ပေါ် လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ 


ငါ့ရဲ့ တကယ့်ဘဝကို ပြန်ရောက်လာခဲ့ပြီ။ 


ကြည်လင်တဲ့မျက်ရည်တွေ ငါ့ရဲ့မျက်လုံးထောင့်ကနေ စီးကျလာတယ်။ 


ဂိမ်းဝန်ထမ်းက တောင်းပန်ပြီး ပြောတယ်။ 


ပရိုဂရမ်အမှားကြောင့် ငါ့ကို ခြောက်ခြားစရာဂိမ်းထဲ ပို့မိသွားတာတဲ့။ 


ငါ မေးလိုက်တယ်။ 


"ခြောက်ခြားစရာဂိမ်းထဲမှာ သေတဲ့ကစားသမားတွေက တကယ့်ဘဝမှာလည်း သေသွားတာလား"


မျက်မှန်နဲ့ ဝန်ထမ်းက ပြောတယ်။


"ခြောက်ခြားစရာဂိမ်းအများစုက ဒီလိုမျိုးပဲ လုပ်ဆောင်ပါတယ်... ခြောက်ခြားစရာဂိမ်းတွေမှာ ပါဝင်တဲ့သူတွေက ဆုကြေးရဖို့အတွက် အသက်ရှင်သန်ရေး သေခြင်းရှင်ခြင်း စာချုပ်ကို လက်မှတ်ထိုးကြပါတယ်... ဒါပေမယ့် မင်းပါဝင်တဲ့ဂိမ်းက မတူဘူး.. ဒီဂိမ်းထဲက Boss ကလည်း ကစားသမားပဲ... သူ့မှတ်ဉာဏ်ကို ပိတ်ဆို့ထားရုံပဲ၊ ဒါ့အပြင် ခြောက်ခြားစရာဂိမ်းထဲမဝင်ခင် သူက စည်းကမ်းတွေ သတ်မှတ်ထားတယ်... သူ့ဂိမ်းထဲမှာ အဆင့်တက်တာနဲ့ နောက်ဆုံးဆုကြေးက သာမန်ကစားသမားတွေနဲ့ လုံးဝမတူဘူး"


"တခြား‌ ခြောက်ခြားစရာဂိမ်းတွေနဲ့ မတူတာက ဒီဂိမ်းမှာ ကစားသမားတွေက NPC တွေရဲ့ သတ်ဖြတ်ခြင်းခံရရင် အဆင့်တက်သွားတာနဲ့ တူပါတယ်... Boss ကစားသမားက ဂိမ်းထဲရောက်တာနဲ့ တခြားမှတ်ဉာဏ်တွေအားလုံး ဆုံးရှုံးသွားပေမယ့် တစ်ခုတည်းသော မှတ်ဉာဏ်ကိုပဲ မှတ်မိနေတယ်... အဲဒါက ကစားသမားအားလုံးကို သတ်ဖို့ပဲ"


" နောက်ဆုံးဆုကြေးက ဘီလီယံတစ်ရာပါ Boss ကစားသမားက ဒီအခြေအနေတွေကို ကမ္ဘာထဲမဝင်ခင်ကတည်းက သတ်မှတ်ထားခဲ့တာ... အဲဒါက သူကစားသမားတစ်ယောက်ကို ဆန္ဒအလျောက် နမ်းရင် အဲဒီကစားသမားက ဂိမ်းရဲ့ နောက်ဆုံးဆုကြေးကို ရရှိမယ်ဆိုတာပဲ"


"ဒါ့အပြင် မင်း သော့သုံးချောင်းကို ဂိမ်းထဲက ထုတ်ယူနိုင်ရင်လည်း သုံးသန်း ရမယ်" 


ငါကို ပြန်ခေါ်လာတဲ့ အချစ် system ကလည်း သင်တန်းသား system ပဲဖြစ်ပြီး ဒီ‌ခြောက်ခြားစရာဂိမ်းထဲက ဖုံးကွယ်ထားတဲ့ ကစားနည်း၊ NPC တွေက ကစားသမားတွေကို သတ်ရင် အဆင့်တက်တယ်ဆိုတာကို မသိဘူးဆိုတာ သိလိုက်ရတယ်။ 


ဒါကြောင့် ရှန်မော့က ငါ့ကို သတ်ရင် ငါ လုံးဝသေမယ်လို့ သူလည်း ထင်ခဲ့တာ။


"ဂုဏ်ယူပါတယ်၊ မင်းက ခြောက်ခြားစရာဂိမ်းရဲ့ အနိုင်ရသူပါ၊ မင်း ဘီလီယံတစ်ရာ ရရှိခဲ့ပါတယ်"


ငါ မှင်တက်သွားတယ်။


ဘီလီယံတစ်ရာ ရခဲ့တာ! 


ဒါပေမယ့် ငါ ရှန်မော့ကို တွေးမိတုန်းပဲ။


"Final Boss ကစားသမားက ဘယ်သူလဲ" 


"တောင်းပန်ပါတယ်၊ ဒါက လျှို့ဝှက်ချက်ပါ၊ ကျွန်တော်တို့ ထုတ်ဖော်ပြောလို့ မရပါဘူး" 


ဝန်ထမ်းက ယန့်သုန်းနဲ့ ရွှီကျစ်လန်တို့ရဲ့ နောက်ဆုံးကံကြမ္မာအကြောင်းကိုလည်း ငါ့ကို ပြောပြတယ်။ 


ယန့်သုန်းက ကစားသမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံရပြီး မအောင်မြင်ခဲ့ဘူး။ 


ရွှီကျစ်လန်က ကစားသမားတစ်ယောက်ကို သတ်ခဲ့ပေမယ့် သူ အောင်မြင်ခဲ့တယ်။ 


ကစားသမားကို သတ်ခဲ့တဲ့အတွက် အပြစ်ပေးခံရတာကတော့ နောက်ထပ် ခြောက်ခြားစရာဂိမ်းပွဲစဥ်တွေ ထပ်ဝင်ရမှာပဲ။


ပြီးတော့‌ ခြောက်ခြားစရာဂိမ်းအများစုရဲ့ ကစားနည်းလိုပဲ။


အဲဒီမှာ NPC တွေရဲ့ သတ်ဖြတ်ခြင်းခံရရင် တကယ့်ဘဝမှာလည်း သေဆုံးခြင်းကို ဆိုလိုတယ်။ 


ရွှီကျစ်လန် နောက်ဆုံးမှာ အောင်အောင်မြင်မြင် မကျော်ဖြတ်နိုင်ခဲ့ဘူး ဒါပေမယ့် အဲဒါက တခြားဇာတ်လမ်းတစ်ခုထဲမှာပဲ။


---