Note
ကောအာ(ဖေဖေ၊ဦးဦး၊ ဘိုးဘိုး)
သူတို့ခင်ပွန်း (အဖေ၊ ဦးလေး၊ အဘိုး)
ဖခင်လို့သုံးရင်တော့ ကွင်းစလေးနဲ့ ကောဆို ကောထည့်ပေးပါမယ်။ ဒီ Novel မှာ နာမ်စားသီးသန့်မပါပဲ မူရင်းမှာ အမေ၊ အန်တီတွေ ဖြစ်နေလို့ အကုန်ပြောင်းပေးထားပါတယ်။...
Chapter 01
"ကူးပြောင်းခြင်း"
"ဖေဖေ..ထပါတော့...ဖေဖေ ... သားကို လျစ်လျူမရှူပါနဲ့.. နောက်ဆို ဖေဖေပြောတာကို လိမ်လိမ်မာမာ နားထောင်ပါ့မယ်။ ဝူး...ဝူး....."
"လိမ္မာတဲ့ကလေး... မင်းဖေဖေက မောနေလို့ တစ်ရေးအိပ်နေတာပါ။ မင်းကို လျစ်လျူရှုနေတာမဟုတ်ပါဘူး။ ငါတို့လင်းအာက အကောင်းဆုံးနဲ့ အလိမ္မာဆုံးလေးပဲ။" ကျန်းရှို့က ကျောက်မင်လင်းဟု ခေါ်သော ကလေးငယ်ကို ဖက်ထားကာ နောက်ကျောကိုပွတ်ပြီး ချော့မော့လိုက်သော်လည်း သူက မျက်နှာလွှဲကာ မျက်ရည်မသုတ်ပဲ မနေနိုင်ခဲ့ပေ။ ယင်းမှာ တကယ့်ကြေကွဲစရာကောင်းလှသည်။ ဘဝက တိုးတက်ခါစပဲရှိသေးပေမယ့် ကံဆိုးမှုက ရုတ်တရက်ရောက်လာမယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။ မင်ကောအာ၏ ခင်ပွန်းက တောင်ပေါ်ခရီးထွက်သွားခဲ့ပြီး ဘယ်တော့မှပြန်မလာတော့ပေ။ နှစ်သစ်ကြိုဆိုပွဲ ပြီးခါစရှိသေးပြီး သူတို့က စျာပနကို ကျင်းပနေရသည်။ သူတို့ဘယ်လိုဆက်ရှင်သန်နိုင်မှာလဲ?
ကျန်းရှို့နဲ့ မင်ကောအာ၏ ဖခင်(ကော)ဘက်က မိသားစုမှာ တစ်ရွာတည်းသားတွေဖြစ်သည်။ မူလက သူသည် မင်ကောအာအတွက် လက်တွဲဖော်ရှာပေးခဲ့သည်။ ကျောက်တာဟူက အခက်အခဲများကို ကြံ့ကြံခံဖို့ ဆန္ဒရှိသည့် လူရိုးလေးတစ်ယောက်ဖြစ်သည်။ ဖျင်ရှန်ရွာရှိ ကျောက်မိသားစု၏ဘဝက အလွန်ကြွယ်ဝချမ်းသာသည်။ နှစ်ဘက်လုံးက ရှာနေတော့ သူက သူတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့သည်။ သို့သော် ကျောက်မိသားစု၏ ဘိုးဘိုးက မူမမှန်ဖြစ်နေမယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။ တတိယကလေးက ထုံရှန့်*ဖြစ်လာတော့ ဒုတိယသား*၏ဆွဲချခံရမှာကို ကြောက်တာကြောင့် မိသားစုခွဲဖို့ ဆုံးဖြတ်ခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် လူငယ်လေးတွေ အိမ်ခွဲနေတာကောင်းပေမယ့် ကျောက်မိသားစုက ဒုတိယသားဖြစ်သူ၏မိသားစုကို မြေဧကနှစ်ဆယ်ထဲမှ အလတ်စား လယ်နှစ်ဧကသာပေးခဲ့ပြီး တခြားဘာမှမပေးခဲ့ပေ။ ဖျင်ရှန်ရွာက လူတိုင်းက ကျောက်မိသားစု၏ ဘိုးဘိုး ဘယ်လောက်တောင် ဘက်လိုက်လဲဆိုတာ မြင်နိုင်ခဲ့သည်။
(ထုံရှန့်** ခရိုင်/စီရင်စုစာမေးပွဲ အောင်ခဲ့တဲ့ ဝင်ခွင့်အစစ် စာမေးပွဲဖြေဆိုသူပါ။ **...မင်ကောအာရဲ့ယောကျာ်းက ဒုတိယသားပါ)
မူလက ကျန်းရှို့သည် မင်ကောအာကို အိမ်ခွဲနေပြီး ကျောက်မိသားစုနဲ့ ပြဿနာမဖြစ်ပဲ အေးအေးချမ်းချမ်းနေဖို့ အကြံပေးခဲ့သည်။ မင်ကောအာ၏ ခင်ပွန်းက အခက်အခဲကို ကြံ့ကြံ့ခံဖို့ ဆန္ဒရှိပြီး နှစ်အနည်းငယ်ကြာတော့ သူတို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့သည်။ သူပြောတာမမှားပေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်မှာ ကျောက်တာဟူက တောင်ပေါ်မှာ မြေငါးဧကကိုရလာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ ထို့အပြင် သူက အမဲလိုက်ဖို့ တောင်ပေါ်ကို ပုံမှန်သွားလေ့ရှိပြီး မိသားစုသုံးယောက် ဗိုက်ပြည့်စေဖို့ မခက်ခဲခဲ့ပေ။ ရံဖန်ရံခါ စားပွဲပေါ်တွင် ငါးတစ်ကောင်မြင်နိုင်ပေမယ့် နေ့ရက်ကောင်းများက ကြာရှည်မခံခဲ့ပေ။ လူတစ်ယောက်က အမှားရှာချင်ရင် ကျောက်တာဟူကိုသာကြည့်လိမ့်မည်။
သူသာ ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် မင်ကောအာကို ထိုလူနဲ့ အောင်သွယ်ပေးခဲ့မှာမဟုတ်ပေ။
"ဒီအပျင်းထူတဲ့ကောင်က ပုလိပ်ရောဂါလိုပဲ.. ယောကျာ်းသေသွားတာကို မင်းက တစ်နေကုန် အိပ်နိုင်သေးတယ်လား။ မြန်မြန်ထပြီး ဒီကထွက်သွား... ဒီလူတွေ မင်းကိုကြည့်ပါစေ။ မင်းကိုပြောလိုက်ဦးမယ်.. ဒီအိမ်ကို အခုကျောက်မိသားစုပိုင်သွားပြီ။ ကျောက်မိသားစုက မိဘတွေကိုတောင် မလုပ်ကျွေးဖူးတဲ့ မင်းလို တန်ဖိုးမရှိတဲ့ ငပျင်းကောင်အတွက် နေရာတစ်ခုရှာထားတယ်။"
ခြံထဲမှာ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာပြီး လင်းအာက ကြောက်လန့်သွားကာ ကျန်းရှို့၏ရင်ခွင်ထဲတွင် သွားပုန်းနေ၏။ ကျန်းရှို့က ဒေါသူပုန်ထနေသော်လည်း သူက သူ့ကိုချော့ဖို့ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ လင်းအာလေး လန့်နေတာကို ဘယ်သူမဆို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ "လင်းအာ.. မကြောက်ပါနဲ့။ ဦးဦးရှို့က မင်းကိုအပြင်လိုက်ပို့ပြီး မင်းဘိုးဘိုးကို ဆူလိုက်မယ်။"
"သားထွက်မသွားချင်ဘူး။ ဖေဖေ့ကို တစ်ယောက်တည်းမထားခဲ့နိုင်ဘူး..." မျက်နှာငယ်လေးက ကြောက်ရွံ့မှုအပြည့်ဖြစ်ပြီး ကျန်းရှို့က ဒေါသထွက်လာပြန်သည်။ သူက လင်းအာကို ထန်ချွန်းမင်၏ အိပ်ရာပေါ်ပို့ပေးပြီး အပြင်ထွက်သွားခဲ့သည်။
"အို.. ဘိုးဘိုးကျောက်က မင်ကောအာကို လာတွေ့တာလား?" ကျန်းရှို့က အော်ပြောလိုက်ပြီး ခန်းမထဲက ထွက်လာကာ ခြံထဲမှာ ခါးထောက်ရပ်နေသော ဘိုးဘိုးကျောက်ကို ကြည့်လိုက်သည်။ သူတို့၏ကျယ်လောင်သော အသံများက ရွာသားတချို့ကို စုဝေးစေဖို့ ဆွဲဆောင်နေခဲ့သည်။ ကျန်းရှို့က အမှန်တရားပြောဖို့ မကြောက်ပေ။ ကျောက်မိသားစုက ဆုံးသွားတာမကြာသေးသော သားဖြစ်သူကို ဘယ်လိုနှိပ်ကွပ်ခဲ့လဲ သူ အားလုံးကို နားထောင်စေချင်သည်။ "ကျုပ်လည်း ဘိုးဘိုးကျောက်ကိုမေးချင်တယ်။ ခင်ဗျားတို့ ကျောက်မိသားစုက မင်ကောအာကို ဘယ်လို နှိပ်ကွပ်ခဲ့တာလဲ? သူ ခင်ဗျားတို့ ကျောက်မိသားစုကနေ ပြန်လာတော့ မူးလဲသွားလို့ ဟူလန်ကျုံး*က ကုသပေးခဲ့ရတယ်။"
(*သမားတော်)
"ဘာ! ငါ တာဟူ့မိသားစုကို ပြောချင်တာက နေမကောင်းချင်ယောင်ဆောင်လို့ အသုံးမဝင်ဘူးဆိုတာပဲ။ သူက ကျောက်မိသားစုနဲ့ အိမ်ထောင်ကျပြီး ကလေးမွေးတာနဲ့ ပိုက်ဆံဆုံးရှုံးအောင်လုပ်ဖို့ပဲသိတယ်*။ ပြီးတော့ မွေးလာတာကလည်း သားတစ်ယောက်မဟုတ်ဘူး*။ သူ့ကို ငါတို့ ကျောက်မိသားစုမှာ ဘာလို့ထားရမှာလဲ။ ငါ့သားကို သူပဲသတ်ခဲ့တာ။ သူ အသားမစားချင်ခဲ့ရင် ငါ့သားက ဒီလောက်အေးနေတဲ့ရက်မှာ တောင်ပေါ်ပြေးသွားခဲ့ပါ့မလား? သူငါ့သားကို ဒီလို အဖော်ပြုပေးဖို့ ငါသူ့ကိုရှာခဲ့တာမဟုတ်ဘူး။" ဘိုးဘိုးကျောက်က ကျန်းရှို့ကို လုံးဝဂရုမစိုက်ပဲ အိမ််ကိုလက်ညိုးထိုးကာ ခြံထဲမှာ ကြိမ်းမောင်းနေသည်။
(**ကောတွေလက်ထပ်ရင် ခန်းဝင်ပစ္စည်းပေးရတာမို့ ပိုက်ဆံဆုံးရှုံးအောင် လုပ်တဲ့လူလို့ပြောတာပါ။ **သားမမွေးနိုင်ဘူးဆိုတာ ကောပဲမွေးနိုင်တယ်လို့ပြောတာပါ)
ထိုအချိန်တွင် ကျန်းရှို့က အသက်လေးဆယ်အရွယ် ခြေထောက်မသန်သော လူတစ်ဦး ခြံတံခါးဝမှာ ရပ်နေတာကို မြင်လိုက်ရသည်။ သူက အသားမဲပြီး အရပ်ပုကာ မျက်လုံးနှစ်လုံးက အိမ်ထဲကိုကြည့်နေသည်။ ကျန်းရှို့က ပြဿနာပေါင်းစုံကို သယ်လာသော ကျောက်မိသားစုကို မုန်းသည်။ မင်ကောအာက ကောင်းကောင်းကြီးပြင်းလာပြီး အရင်တုန်းက လူတော်တော်များများက သူ့ကိုရဖို့ ပြိုင်ဆိုင်ခဲ့ကြသည်။ သူ မျက်လုံးကန်းနေလို့သာ မင်ကောအာကို ကျောက်မိသားစုနဲ့ အောင်သွယ်ပေးခဲ့တာဖြစ်၏။ ကျောက်တာဟူက လူကောင်းတစ်ယောက်ဖြစ်သော်လည်း ထိုသို့သော ခင်ပွန်း၏မိသားစုက လက်မခံနိုင်စရာဖြစ်၏။
"ကျစ်... တာဟူ တောင်ပေါ်မှာ အမဲလိုက်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန်အများစုက သူ့ဖေဖေအိမ်ကို ရောက်ခဲ့တာ ဘယ်သူကမသိလို့လဲ.. ခင်ဗျားမပြောဘူးဆိုရင်တောင် ဗိုက်ရွှဲပြီး ခါးကြီးကြတဲ့ ခင်ဗျားတို့မိသားစုဝင်တွေနဲ့ မင်ေကာအာရဲ့ မိသားစုကို ယှဥ်ကြည့်လို့ရတယ်။ ခင်ဗျားစကားကို ခင်ဗျားမရှက်ဘူးလား? အခု ခင်ဗျားက မင်ကောအာကို တခြားသူတွေနဲ့ ပေးစားဖို့ စီစဥ်နေပြီး သူ့ကို ပထုတ်ဖို့ ကြိုးစားနေတယ်။ ဒါမှ တာဟူပိုင်တဲ့ လယ်တွေကို သူမရအောင်လေ။ မင်ကောအာက ဟူလန်ကျုံးရဲ့ ဆေးခန်းကို သွားခဲ့တယ်။ အခုသူ့မှာ ကိုယ်ဝန်နှစ်လရှိနေတယ်။ ခင်ဗျားသား မြေကြီးထဲကထွက်လာပြီး မင်ကောအာကို အတင်းအကျပ် ယောကျာ်းပေးစားဖို့ လုပ်နေတဲ့ ခင်ဗျားကို လာရှာမှာမကြောက်ဘူးလား" လျှာစောင်းထက်သော ကျန်းရှို့က ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောနိုင်သည်။
ကျောက်မိသားစု၏လုပ်ရပ်က နည်းနည်းလွန်ကဲနေသော်လည်း ကောတစ်ယောက်က ခင်ပွန်းမရှိပဲနေဖို့ မသင့်တော်ဘူးလို့ အပြင်လူတွေက ထင်ခဲ့ကြသည်။ ခင်ပွန်းသည်တစ်ယောက်က မိသားစုကို ထောက်ပံ့နိုင်သည်။ မင်ကောအာက သူ့ကလေးကိုစောင့်ရှောက်နိုင်ဖို့ နောက်အိမ်ထောင်ပြုခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ်၏။ ထိုလူက အသက်နည်းနည်းကြီးသော်လည်း မင်ကောအာကိုတော့ နာကျင်အောင်မလုပ်ပါဘူးလို့ ဘိုးဘိုးကျောက်ကပြောခဲ့သည်။ ထို့အပြင် ထိုလူက ကြွယ်ဝချမ်းသာတာကြောင့် မင်ကောအာ သူ့ကိုလက်ထပ်ရင် ကောင်းမွန်သောဘဝကို ရလိမ့်မည်။
လက်ရှိသတင်းတွေကို လူတိုင်းကြားသွားခဲ့၍ နေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။ မင်ကောအာ၏ ဗိုက်ထဲမှာလည်း ကလေးတစ်ယောက်ရှိနေသည်။ သူနောက်အိမ်ထောင် ဘယ်လိုပြုနိုင်မှာလဲ? ကျောက်မိသားစုမျိုးစေ့ရှိနေလျက် မင်ကောအာကို နောက်အိမ်ထောင်ပြုပေးမယ်ဆိုလျှင် ကျောက်မိသားစုက တခြားသူများ၏ တံတွေးခွက်ထဲ နစ်မြှုပ်သွားပေလိမ့်မည်။
ကျန်းရှို့၏စကားကိုကြားပြီးနောက် အိမ်နီးချင်းများက ဘိုးဘိုးကျောက်၏ အကြံအစည်ကို နားလည်သွားကြသည်။ သူတို့က လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆောက်ခဲ့သော အိမ်ကြီးသုံးလုံးကိုကြည့်လိုက်သည်။ မင်ကောအာ နောက်အိမ်ထောင်ပြုလျှင် အိမ်နဲ့မြေကို မပိုင်တော့ပဲ ကျောက်မိသားစုကို ပြန်ပေးရလိမ့်မည်။ သူတို့က မင်ကောအာကို နောက်အိမ်ထောင်ချပေးပြီး သူ့သား၏ပိုင်ဆိုင်မှုများကိုပင် ယူခွင့်မပေးချင်ပေ။ ကျောက်တာဟူမှာ ဤဖခင်မျိုးရှိနေတာက တကယ်ပင်ရှက်ဖို့ကောင်းသည်။
"ဘာလဲ? သူ တကယ်ကိုယ်ဝန်ရှိနေတာလား?!" ဘိုးဘိုးကျောက်က မယုံနိုင်သလို အော်လိုက်သည်။ ဒါဘယ်လိုတိုက်ဆိုင်မှုလဲ?
"မယုံဘူးလား? ကောင်းပြီလေ... ဟူလန်ကျုံး ခုလေးတင်ထွက်သွားတယ်။ သူ့ကိုခေါ်ပြီး ရှင်းလိုက်ကြတာပေါ့" ကျန်းရှို့က စိတ်မရှည်စွာပြောလိုက်သည်။
"မဖြစ်ဘူး... ဘိုးဘိုးကျောက်.. ကျုပ်ခင်ဗျားကို ငွေဆယ့်ငါးပြားပေးခဲ့တယ်။ ဒါက ဘာတွေလဲ?" ခြေထောက်မသန်သော အမျိုးသားက ထိုစကားကြားတော့ စိုးရိမ်လာပြီး ဘိုးဘိုးကျောက်ကိုအော်လိုက်သည်။ ထိုကောလေးက သူသဘောကျသည့် ခပ်ချောချောလူငယ်လေးဖြစ်ပြီး သူက သူနဲ့အတူ ကလေးမခေါ်လာစေရဘူးလို့ ဘိုးဘိုးကျောက်က ကတိပေးခဲ့သည်။
"ဘာ! ဒီတော့ ခင်ဗျားက မင်ကောအာကို ငွေဆယ့်ငါးပြားနဲ့ ရောင်းခဲ့တာပေါ့။ ကျုပ်ပြောမယ်... အဘိုးကြီး... ခင်ဗျား မင်ကောအာကို မသနားဘူးလား" ကျန်းရှို့ကပြောလိုက်သည်။
ခြေမသန်သောအမျိုးသားက လွှတ်ခဲနဲပြောထွက်သွားတော့ ကြည့်ရှုသူများက အမှန်တရားကို သေချာနားလည်သွားသည်။ သူတို့က ဘိုးဘိုးကျောက်ကို ရှုတ်ချနေကြသည်။ သူတို့က ယခုလေးတင် သားတစ်ယောက် ဆုံးရှုံးခဲ့ရပြီး သားဖြစ်သူ၏ ဇနီးသည်ကို ရောင်းစားဖို့လုပ်နေကြသည်။ သူတို့မျက်လုံးထဲမှာ ပိုက်ဆံပဲရှိတာလား? သူတို့ သူ့ကို တကယ်ရောင်းလိုက်ရင် ကျောက်တာဟူရဲ့ ကျန်ရစ်သူ ဇနီးက ဘယ်လိုရှင်သန်ရတော့မလဲ?
ဘိုးဘိုးကျောက်က ငွေပြားတွေ လွင့်ပျံသွားတာကို ကြည့်နေပြီး သူက ခြေမသန်သော အမျိုးသားနှင့် ကျန်းရှို့ကို စူးစိုက်ကြည့်ရင်း ထိုအကြည့်ဖြင့် သူတို့ကို အပေါက်ဖောက်ချင်နေသည်။ ဤကောက ကျောက်မိသားစုအတွက် ကံဆိုးတယ်လို့ သူအမြံပြောခဲ့ဖူးသည်။ သူ ဆုံးရှုံးအောင်လုပ်ခဲ့တဲ့ ဒီပိုက်ဆံတွေကိုပဲကြည့်တော့.. ဘိုးဘိုးကျောက်က သူ့ဗိုက်ထဲက ကလေးအတွက်လည်း မစဥ်းစားပေ။ ထိုကလေးကလည်း ပိုက်ဆံဖြုန်းတီးသောသူသာ ဖြစ်လိမ့်မည်။ ထန်ချွန်းမင်က သားတစ်ယောက်မွေးပေးနိုင်သော ဗိုက်မရှိပေ။
(*ကောပဲမွေးနိုင်တယ်ပြောတာပါ)
"အဲ့ဒီကလေးက ပိုက်ဆံကုန်စေမယ့်ဟာလေးပဲဖြစ်ရမယ်။ ငါ အိမ်ပြန်ရောက်ရင် မင်းကို ငွေပြန်ပေးမယ်။" ဘိုးဘိုးကျောက်က မုန်းတီးမှုဖြင့် တံတွေးထွေးကာ အိမ်ထဲက ကိုယ်ဝန်သည် ကောလေးကို ကြည့်တောင်မကြည့်ပဲ လှည့်ထွက်သွားလေ၏။ သူက တစ်လမ်းလုံး ဆဲဆိုသွားပြီး ငွေဆယ့်ငါးပြား ဆုံးရှုံးသွားခြင်းက သူ့နှလုံးသား သွေးယိုလာသည်အထိ နာကျင်စေသည်။ သူက ထန်ချွန်းမင်နှင့် သူ့ဗိုက်ထဲကကလေးကို ပိုမုန်းလာသည်။
ကျန်းရှို့နဲ့ ရင်းနှီးသော ကောအချို့က မင်ကောအာ၏ အခြေအနေကို စာနာနေပြီး စျာပနကို ကူညီဖို့ နေရစ်ခဲ့ကြသည်။ နှစ်သစ်ကူးနေ့ ပြီးခါစမှာ ဒီလိုကိစ္စမျိုး ဘယ်လိုဖြစ်နိုင်တာလဲ? ကျောက်မိသားစုက ကူညီဖို့ပင် မနေခဲ့ပေ။ နေခဲ့သူများက အသေးစိတ်ကိုမေးကာ ကူညီနေကြသည်။ တစ်ယောက်က အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး အိမ်ထဲမှာလည်း ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်သော ကလေးတစ်ယောက်ရှိနေသေးသည်။
&&&
ထန်ချွန်းမင်က သူ့နားထဲတွင် ရှိုက်သံကိုကြားလိုက်ရပြီး ငိုနေသော ကလေးလေးကို ထချော့ရန် သူ့ရင်ထဲမှ အသံတစ်ခုက နှိုးဆော်နေခဲ့သည်။
ထန်ချွန်းမင်က ဖခင်၏တုတ်မှလွဲ၍ တခြားဘာကိုမှမကြောက်ပေ။ ထန်ချွန်းမင်က ဖခင်၏အုတ်ဂူရှေ့တွင် သတိလက်လွတ်ချော်လဲခဲ့ပြီး သူ ရုတ်တရက်နိုးလာတော့ ကြက်အရေခွံအသားရေနှင့် ဆံပင်ဖြူနေသော အဘိုးတစ်ယောက်က သူ့ကို ဆေးထိုးအပ်နဲ့ ထိုးနေတာကို တွေ့ခဲ့ရသည်။ မျက်ဝန်းနီနီ ဆံပင်ရှည်ရှည် အမျိုးသားတစ်ဦးသည်လည်း သူ့ကို အံ့အားသင့်သော အမူအရာဖြင့် အော်ခေါ်နေခဲ့သည်။ ထန်ချွန်းမင်က သူ့ဖခင်ကိုမတွေ့ရပဲ သရဲတွေကိုပဲတွေ့ခဲ့ရလို့ အော်ငိုနေခဲ့သည်။ သူမျက်လုံးပွင့်လာတော့ သူ့ဘေးက လူနှစ်ယောက်ကို လုံးလုံးလျစ်လျူရှုပြီး နောက်တစ်ကြိမ် သတိလစ်သွားခဲ့သည်။
သတိလစ်သွားပြီးနောက် ထန်ချွန်းမင်က တခြားကမ္ဘာတစ်ခုကို ရောက်လာပြီး တခြားလူတစ်ဦး၏ ဘဝတိုတောင်းပုံကို တွေ့ခဲ့ရသည်။ ထိုလူကလည်း ထန်ချွန်းမင်ဖြစ်ပြီး တခြားသူတွေက မင်ကောအာလို့ ခေါ်ကြသည်။ သူကလှပပြီး အနေအေးသည်။ သူ့ဖေဖေ(ကော)က မွေးကတည်းက ဆုံးသွားခဲ့ပြီး ကံအားလျော်စွာ သူ့အဖေသည် သူ့မိထွေး(ကော)၏ အနိုင်ကျင့်ခံရခြင်းမှ သူ့ကိုကာကွယ်ပေးခဲ့သည်။ သူက မင်ကောအာအိမ်ထောင်ပြုတာကို အားပေးထောက်ခံခဲ့ပေမယ့် မင်ကောအာက ခက်ခဲသောဘဝမှာ နေထိုင်ခဲ့ရသည်။ သူ့ကို ကောင်းမွန်သောဘဝပေးနိုင်သော ခင်ပွန်းက ဆုံးပါးသွားပြီး တခြားသူများ၏ အနိုင်ကျင့်ခံရမည့် မုဆိုးမနှင့် မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့သည်။ ပိန်ပါးသောခန္ဓာကိုယ်၊ ဝမ်းနည်းပူဆွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့် မင်ကောအာက ရုတ်တရက်မေ့လဲသွားပြီး ကွယ်လွန်သွားခဲ့သည်။
ဤကမ္ဘာကြီးက အမျိုးသားများဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီးမရှိသော်လည်း မင်ကောအာက အိမ်ထောင်ပြုပြီး ကလေးမွေးနိုင်သော ကောတစ်ယောက်ဖြစ်သည်။ မင်ကောအာ၏ အခြေအနေကိုကြည့်ကာ ထန်ချွန်းမင်က သူ့ဖခင်အကြောင်းကိုတွေးမိသွားသည်။ တစ်ယောက်က ဘယ်သူ့ကိုမှ ပခုံးပေါ်တင်မချီနိုင်သော်လည်း နောက်တစ်ယောက်ကတော့ သူငယ်ငယ်တုန်းက တောင်ပေါ်တက်ပြီး တောဝက်များကို တိုက်ခိုက်ဖူးသည်။ သို့သော် နှစ်ယောက်လုံးက သူတို့ကလေးတွေကို အရမ်းချစ်ကြ၏။
(**ထန်ချွန်းမင်က သူ့အဖေနဲ့ မင်ကောအာရဲ့အဖေကို ယှဥ်နေတာပါ)
ကျောက်မိသားစုက ကျားငတုံးကြီး*နှင့် ဖြူစင်ရိုးသားပြီး သိမ်မွေ့သောမင်ကောအာကို ဘယ်လိုဆက်ဆံလဲ သူမြင်သောအခါ ထန်ချွန်းမင်က မင်ကောအာကိုယ်စား ကျောက်မိသားစုကို ရိုက်ချင်မိသည်။ ထိုကျောက်တာဟူကလည်း တုံးအပြီး ကန်းနေသလို သူ့ဖခင်(ကော)က သူ့ကိုကောင်းကောင်းဆက်ဆံတယ်လို့ ထင်ခဲ့သည်။ တစ်ခုခုဖြစ်လာရင် မင်ကောအာနဲ့ ကလေးကို ထည့်တွေးရမယ့်အစား သူက သူများတွေကို အထင်သေးနှိပ်ကွပ်တတ်သော သူ့ဖေဖေနှင့် ညီအစ်ကိုများကိုသာ တွေးပေးတတ်သည်။ ကိုယ့်ကိုကိုယ်လေးစားပြီး ကိုယ့်ကိုကိုယ် ဖြောင့်မတ်သည်ဟုထင်သော ကျောက်တာဟူက မင်ကောအာကို သည်းခံပေးဖို့ အမြဲသွေးဆောင်ခဲ့သည်။ အဖေက ဆုံးသွားလို့ သူ့ဖေဖေတစ်ယောက်တည်း ရပ်တည်နိုင်ဖို့က မလွယ်ကူပေ။ မင်ကောအာက ထိုညီအစ်ကိုများ၏ဒဏ်ကို အများကြီးခံခဲ့ရသည်။ ထို့အပြင် ကျောက်တာဟူ၏ညီငယ်လေး စာမေးပွဲအောင်သည်အထိ သူက သူတို့မိသားစုကို ထောက်ပံ့ပေးခဲ့သည်။
(တာဟူ=ကျားကြီး)
ထန်ချွန်းမင်က သူ့ဖခင်လို ကြိမ်လုံးကိုင်ကာ ကျောက်တာဟူကို ရိုက်ချင်နေသည်။ ကျောက်တာဟူတို့ မိသားစုသုံးယောက်ထက် ဘယ်မိသားစုကများ ကောင်းကောင်းမနေထိုင်နိုင်လို့လဲ? အိမ်ခွဲနေတဲ့ ကျောက်တာဟူလို ဘယ်မိသားစုကများ စိုက်ပျိုးရာသီတိုင်း မိဘအိမ်ပြန်ပြီး နွားလိုမြင်းလို အလုပ်လုပ်ပေးခဲ့ပေမယ့် ရေလေးတစ်ငုံသောက်ဖို့ကျတော့ ကိုယ့်အိမ်ကိုယ် ပြန်လာရလို့လဲ?
တုံးလိုက်တာ! တုံးလိုက်တာ!
ကျောက်တာဟူ တောင်ပေါ်တက်သွားပြီး ပြန်မလာတာကို သူတွေ့တော့ ထန်ချွန်းမင်က လက်ခုပ်တီးကာ အားပေးနေ၏။ တခြားသူများ၏အမြင်မှာ ကျောက်တာဟူက လူကောင်းတစ်ကောက်ဆိုပေမယ့် သူ့အမြင်မှာတော့ မင်ကောအာက သူနဲ့ဆိုရင် ကောင်းကောင်းနေရမှာမဟုတ်ပေ။ ကျောက်မိသားစုဝင်များက သွေးစုပ်သော ကပ်ပါးကောင်များဖြစ်သည်။ သူတို့က မင်ကောအာ၏မိသားစုသွေးကို ခြောက်အောင် မစုပ်ရမချင်း အရှုံးပေးမှာမဟုတ်ပေ။ ထန်ချွန်းမင်က ကျောက်တာဟူဆုံးသွားပြီးနောက် ဝိညာဥ်ရှိနေသေးလားတော့မသိပေ။ သူ့အမေ မင်ကောအာကို ဘယ်လိုဆက်ဆံနေလဲ တွေ့ရဲ့လား.... ကျောက်မိသားစုက မင်ကောအာကို စျာပနကောင်းကောင်းလုပ်ခွင့်မပေးပဲ ပိုက်ဆံအတွက်နဲ့ နောက်အိမ်ထောင်ချပေးဖို့ အတင်းစီစဥ်ပေးနေတာ တွေ့ရဲ့လား.. သူတို့လုပ်ခဲ့သမျှကို သူခွင့်လွှတ်ပေးမှာလား ထန်ချွန်းမင်စဥ်းစားနေခဲ့သည်။