Ch-10
Viewers 93


Unicode


ထန်ယဲ့ ဖုန်းကိုအောက်ချလိုက်ပြီးနောက် ဖန်းပိုင်အားပြောလိုက်သည်။ 


"ဒါကို ကိုင်တွယ်ဖို့မလိုတော့ဘူး" 


ဖန်းပိုင်သည် သူ့မင်းသားဟာ ဒီကျောင်းသားလေးစုနှင့် တွေ့သည့်အခါ မူ(စည်းမျဥ်း)မရှိတော့ကြောင်း နိဂုံးချုပ်လိုက်တော့သည်။ 


စုချီယွဲ့လည်း ညနှစ်နာရီခန့်အထိ ပုံဆွဲနေခဲ့ပြီး ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲပြင်ဆင်ပြီးနောက် Weiboမှာတင်လိုက်လေ၏။ ထို့နောက် သူရေမိုးချိုးကာ အိပ်ယာပေါ်တွယ်တက်သွားတော့သည်။ 


စုချီယွဲ့ မသိခဲ့သည်ကား - မင်းသားထန်ဟာ သူ Weiboမှာတင်ထားသည့်ရုပ်ပြကာတွန်းကို likeပေးခဲ့ခြင်းပင်။ 


အင်တာနက်ကွန်ရက်တစ်ခုလုံး ပေါက်ကွဲသွားလေပြီ၊  #ထန်ယဲ့likeပေးခြင်း# ဟူသောခေါင်းစဥ်မှာ hot search list၏ ထိပ်ဆုံးသို့ တိုက်ရိုက်တက်သွားတော့သည်။ 


[ငါ့ကိုမပြောနဲ့နော်၊ ငါ့ကောကောက ကာတွန်းဖတ်ဖို့သက်သက်နဲ့ ဒီဘာမှမရှိတဲ့ Weiboအကောင့်အသစ်ကို followလိုက်တယ်တဲ့လား?] 


[ဒီဘလော့ဂါ ဘာလုပ်သလဲဆိုတာ ဘယ်သူသိလဲဟေ့။ သူ့followစာရင်းမှာလည်း ငါ့ကောတစ်ယောက်ပဲ ဘာလို့ရှိနေရတာတုန်း?] 


[ထန်ကောက မှားနှိပ်မိတာလည်းဖြစ်နိုင်တာပဲ] 


[မှားနှိပ်မိတာတော့မဖြစ်နိုင်ဘူးနော်၊ ငါ့ထန်ကောက စက္ကန့်ပိုင်းအတွင်းlikeလိုက်တာဟ!] 


[ဒီcomicကိုဖတ်ပြီးကြပြီလား? စကားမစပ် ဒီဘလော့ဂါက ပုံဆွဲတော်သားပဲဟ။ ဒါပေမဲ့ ဒီဇာတ်ကွက်ကလည်း ရယ်စရာကောင်းလွန်းတယ် ဟားဟားဟားဟား...] 


စုချီယွဲ့သည် ကျောင်းဝတ်စုံ၀တ်ဆင်ထားသည့် ဆယ်ကျော်သက်ကောင်လေးနှစ်ဦး၏ Q-versionကို ရေးဆွဲခဲ့သည်။ ဇာတ်လမ်း၏နောက်ခံမှာ အထက်တန်းကျောင်းဖြစ်ကာ တစ်ဦးက ကျောင်းလူဆိုးလေးဖြစ်ပြီး နောက်တစ်ဦးမှာ ထိပ်တန်းကျောင်းသားဖြစ်လေသည်။ 


ဇာတ်လမ်းအစမှာပင် ကျောင်းလူဆိုးလေးက ထိပ်တန်းကျောင်းသားလေးကို သူ့အချစ်တွေဝန်ခံခဲ့ရာ အငြင်းခံလိုက်သဖြင့် ကျောင်းလူဆိုးလေးက ဒေါသထွက်ထွက်နှင့် ထိပ်တန်းကျောင်းသားလေးကို နံရံပေါ်မှာဖိကပ်ထားလိုက်၏! 


ယခုခေတ်၌ ဤကဲ့သို့သောဇာတ်ကွက်မျိုးကို လူတွေသဘောကျကြကြောင်း စုချီယွဲ့ ခံစားမိသည်။ 


[ဒါဆို... ကောက ဒီလိုစတိုင်မျိုးကိုသဘောကျတာလားဟင်?] 


[နောက်ဆုံးတော့ ငါ့ကောနဲ့ ဝါသနာတူတစ်ခုကိုရှာတွေ့သွားပြီဟေ့၊ ငါတို့နှစ်ယောက်လုံး ခွေးသွေးကျောင်းတွင်းအချစ်ဇာတ်လမ်းကို ကြိုက်ကြတာပဲ [ခွေးခေါင်းပုံ]] 


[အား အား အား... ကောကောရဲ့အေးတိအေးစက်အသွင်အပြင်အောက်မှာ ဘယ်လိုတောင်ချစ်စရာကောင်းနေရတာတုန်းလို့!] 


[……] 


နေရောင်အနည်းငယ်က ကန့်လန့်ကာကိုဖြတ်လာလျက်၊ စုချီယွဲ့ အိပ်ကောင်းခြင်းအိပ်နေစဥ် ဖုန်းမြည်လာခဲ့သည်။ 


"ဟယ်လို ဘယ်သူပါလဲ?" စုချီယွဲ့ မနိုးသေးဘဲ အိပ်ချင်မူးတူးဖြစ်နေဆဲ။ 


"ဟယ်လို မစ္စတာစုချီယွဲ့ပါလားရှင့်?" 


ဖုန်းတစ်ဖက်မှ စုချီယွဲ့၏ နာမည်ကို ခေါ်လိုက်သော အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ 


စုချီယွဲ့ အဝင်ဖုန်းနံပါတ်ကို ကြည့်လိုက်ရာ မမှတ်ထားသောနံပါတ်ဖြစ်နေ၍ 


"ဘယ်သူပါလဲ?" 


"ကျွန်မတို့က "မြင်မြင်ချင်းချစ်မိသွားတယ်"ဆိုတဲ့ပရိုဂရမ်အဖွဲ့ကပါ။ ရှင့်ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာတွေ့လိုက်လို့ ရှင့်ကို ရှိုးမှာပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်လို့ပါ။ ရှင်ဆွေးနွေးချင်လားရှင့်?" 


စုချီယွဲ့ ထထိုင်ကာ သူ့ကိုယ်သူအိပ်ချင်စိတ်ပြေအောင်ကြိုးစားလိုက်ပြီး 


"မြင်မြင်ချင်းချစ်မိသွားတယ်? ဘာရှိုးလဲဗျ?" 


"အဲဒါက dating reality showတစ်ခုပါရှင်၊ ရှင်အဆင်ပြေမယ်ဆို ကျွန်မတို့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်" 


စုချီယွဲ့လည်း dating reality showမှန်းကြားလိုက်ရသည့်အခါ ဘေးဖယ်ပစ်လိုက်ရသည်။ ကျိုးရှင်းယဲ့တို့ကပ်ဆိုးနတ်ဘုရားလေးပါးက သူ့ကိုစောင့်နေတုန်းပဲလေ။ သူတို့က ခဏတဖြုတ် သူ့ဆီရောက်မလာနိုင်သေးသော်လည်း သူ အချစ်ရသစုံရှိုးမှာ ပြောင်ပြောင်တင်းတင်းပါဝင်သွားရင်တော့ ထိုလူလေးယောက်က သူ့ကိုလိုက်ဖမ်းဖို့ရောက်လာကြမှာပဲ။ 


"မဆွေးနွေးတော့ပါဘူးဗျ၊ အဆင်မပြေလို့၊ ကျေးဇူးပါနော်၊ နှုတ်ဆက်ပါတယ်" 


စုချီယွဲ့ ပြောပြီးသည်နှင့် အလျင်အမြန်ဖုန်းချလိုက်လေ၏။ 


ဖုန်းချပြီးသည်နှင့် နောက်ဖုန်းတစ်ကောထပ်ဝင်လာပြန်သည်။ 


"ကျွန်တော် တကယ် ဒီရှိုးကိုစိတ်မဝင်စားလို့ပါ၊ တောင်းပန်ပါတယ်" 


စုချီယွဲ့ အလျင်စလိုထပ်ပြောလိုက်ပြန်သည်။ 


"မင်္ဂလာပါ မစ္စတာစု၊ ကျွန်တော်တို့က ရှင်းယွဲ့မီဒီယာကပါ။ ကုမ္ပဏီနဲ့ လက်မှတ်ထိုးဖို့ ရည်ရွယ်ချက်ရှိမရှိ မင်းကိုမေးချင်ပါတယ်။ မင်းအတွက် အကောင်းဆုံးအရင်းအမြစ်တွေနဲ့ အဆင်ပြေဆုံးစာချုပ်ကို ကျွန်တော်တို့ပေးမယ်လို့ အာမခံပါတယ်ဗျ" 


ထိုလူဟာ ဘလာဘလာပြောနေခဲ့သည်။ 


စုချီယွဲ့သည် ယနေ့နံနက်တွင် ဖျော်ဖြေရေးကုမ္ပဏီများထံမှ ဖုန်းခေါ်ဆိုမှုရှစ်ကြိမ်ထက်မနည်း လက်ခံရရှိခဲ့ပြီး လူတိုင်းက သူနှင့်စာချုပ်ချုပ်ရန် ဆန္ဒရှိနေကြကာ စာချုပ်ပါအခြေအနေများသည်လည်း အလွန်အမင်းကောင်းမွန်နေလေ၏။ 


စုချီယွဲ့လည်း မငြင်းလိုက်ဘဲ သူစဥ်းစားကြည့်ပါဦးမည်ဟူ၍ ပြန်ပြောလိုက်လေသည်။ 


သူ ဖုန်းကို အသံတိတ်လိုက်သည်နှင့် နောက်ဆုံးမှာတော့ ကမ္ဘာကြီးလည်း တိတ်ဆိတ်သွားလေပြီ။ ဤကဲ့သို့ဆက်ဖြစ်နေမည်ဆိုပါက သူ့ဖုန်းringtoneအသံကို PTSDရတော့မှာပဲလို့ ခံစားနေမိလျက်။ 


နောက်ဆုံးတွင်မူ စုချီယွဲ့လည်း Weiboကိုကြည့်ရန် အချိန်ရသွားခဲ့ချေပြီ။ သူ့ရုပ်ပြကာတွန်းများကို ဘယ်သူတွေဖတ်ကြမလဲဆိုသည်ကို သိချင်နေပြီဖြစ်လျက်။ သူ ကလစ်တစ်ချက်နှိပ်လိုက်ပြီးနောက် သူ့ဖုန်းကိုပင် လွှင့်ပစ်လုနီးပါးဖြစ်သွားရ၏။ နာရီအနည်းငယ်ကြာပြီးနောက် သူ့မှာ Follower ၂၀၀,၀၀၀ကျော်ရရှိလာကာ Weiboမှတ်ချက်များလည်း ၁၀၀,၀၀၀ကျော်မကရှိနေချေပြီ။ 


ထန်ယဲ့ likeလုပ်ထားသည်ကိုမမြင်မချင်း ရုပ်ပြတစ်ခုဟာ ဤမျှလူစည်ကားနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှမထင်ခဲ့။ 


ဒါက ရုပ်ရှင်ဘုရင်ကြီးရဲ့ အကျိုးသက်ရောက်မှုပဲပေါ့။ သူ တစ်ညထဲနဲ့ ကျော်ကြားသွားပြီလား? 


နောက်နေ့မနက်စောစောတွင် နွေရာသီအားလပ်ရက်အတွက် လိုအပ်သောပစ္စည်းများကို ထုပ်ပိုးကာ အိမ်မပြန်ကြသည့်အဆောင်နေကျောင်းသားများအတွက် ကျောင်းကအထူးပြင်ဆင်ထားသော ကျောင်းအိပ်ဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။ 


သို့သော်လည်း သူ တစ်ရက်သာနေပြီးနောက် အထုပ်ပိုက်ကာ သူ၏ပထမဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးရန်အတွက် ရုပ်ရှင်အဖွဲ့သားများဆီသို့ အပြေးအလွှားသွားရန် လေယာဥ်ပေါ်တက်ခဲ့ရတော့သည်။ 


ခရီးဆောင်အိတ်ယူလာရသည့်အကြောင်းရင်းသည်ကား ရိုက်ကွင်းနေရာပြောင်းလဲသွား၍ပင်။ 


သူဟာ အသေးအဖွဲဇာတ်ပို့ဇာတ်ကောင်လေးဖြစ်၍ ထိုနေရာသို့ သူ့ဘာသာသူသွားရန် လိုအပ်ပေသည်။ 

(T/N: သူ့အတွက် ရုပ်ရှင်အဖွဲ့သားတွေက လေယာဥ်လက်မှတ်မစီစဥ်ပေးဘူးပြောတာပါနော်) 


ရုပ်ရှင်အဖွဲ့သားများ ပေးထားသည့်ငွေပမာဏမှာ အကန့်အသတ်ရှိသဖြင့် စုချီယွဲ့လည်း ရိုးရိုးတန်းလက်မှတ်ကို ဝယ်ယူလိုက်၏။ 


မထွက်ခွာမီတွင် စုချီယွဲ့က ထန်ယဲ့၏အကြိုက်များအကြောင်းမေးမြန်းရန်အတွက် ဖန်းပိုင်အား Wechatမက်ဆေ့ချ်ပို့ခဲ့ပြီးနောက် နှလုံးသားထဲတွင် တိတ်တဆိတ်မှတ်သားခဲ့လေသည်။ 


"စုချီယွဲ့" 


လေယာဉ်ပေါ်တက်ပြီးသည်နှင့် သူ့ခရီးဆောင်အိတ်ကိုတင်နေသော စုချီယွဲ့ဟာ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု တွေးလိုက်မိလျက်။ ထန်ယဲ့အသံကို သူဘယ်လိုဖြစ်ပြီးကြားနေရတာတုန်း? ပြီးတော့ အရမ်းနီးနီးကပ်ကပ်ကြီးလေနော်? 


သူခေါင်းငုံ့ကြည့်လိုက်ရာ ဦးထုပ်နှင့် နေကာမျက်မှန်ဝတ်ထားပြီး သူ့ကိုယ်သူတင်းကျပ်စွာဖုံးကွယ်ထားသော လူတစ်ယောက်က သူ့ဘေးမှာထိုင်နေသည်ကို တွေ့လိုက်ရ၏။ 


စုချီယွဲ့ သေချာကြည့်ရန် ငုံ့ချလာသည့်အခါ နီးသထက်နီးလာပြီး သူတို့မျက်နှာများလည်း ထိကပ်လုနီးပါးဖြစ်သွားရလျက်။ 


ထန်ယဲ့သည် သူ့အရေပြားပေါ်မှ နွေးထွေးမှုကို ခံစားလိုက်ရ၍ အသက်ပြင်းပြင်းရှူလိုက်ကာ တိုးတိုးလေးပြောလိုက်၏။ 


"ကိုယ့်ကိုနမ်းချင်လို့လား?" (အားးးးးးး ☺️) 


စုချီယွဲ့ နားရွက်နီရဲပြီး မျက်နှာပူလာ၍ မတ်တပ်ပြန်ရပ်လိုက်ရလေသည်။ ရလဒ်အနေဖြင့် သူ့၏လှုပ်ရှားမှုများမြန်ဆန်လွန်းသွားသည်ကြောင့် ထန်ယဲ့ပေါင်ပေါ်သို့ ထိုင်မိသွားပါတော့သည်။ 


"ဒီတော့ မင်းက ကိုယ့်ကိုဖက်ချင်နေတာကိုး" 


"အဟမ်း ထန်လောင်ရှီး တိုက်ဆိုင်လိုက်တာဗျာ" 


စုချီယွဲ့ ရှက်ရွံ့စွာဖြင့် သူ့ခုံနေရာမှာ မြန်မြန်ပြန်ထိုင်လိုက်ပြီး 


"ထန်လောင်ရှီးက ဘာလို့ရိုးရိုးတန်းမှာထိုင်နေရတာလဲဗျ?" 


"လက်မှတ်ဝယ်တာနောက်ကျသွားလို့လေ" 


ပထမတန်းမှာထိုင်နေသည့် ဖန်းပိုင်ဟာ နေရာတိုင်းအဆင်မပြေသလိုခံစားနေရ၏။ သူ့ဘော့စ်က ဘာလို့သူ့နေရာကိုသိမ်းပိုက်လိုက်တာပါလိမ့်? 


လေထုမှာ ခဏတဖြုတ်ကသိကအောက်ဖြစ်သွားခဲ့ပြီးမှ စုချီယွဲ့လည်း ခေါင်းစဥ်တစ်ခုရှာကာ အစပြု၍ 


"အဲဒီနေ့ကလေ 'မြင်မြင်ချင်းချစ်မိသွားတယ်'ဆိုတဲ့ ပရိုဂရမ်အဖွဲ့တစ်ဖွဲ့က ကျွန်တော့်ဆီ ဖုန်းဆက်လာပြီး သူတို့dating reality showမှာပါဝင်ချင်လားလို့ လာမေးသေးတယ်ဗျ" 


ထန်ယဲ့ စိတ်ဝင်တစားဖြင့် "မင်းသွားချင်လို့လား?" 


"ကျွန်တော် ချက်ချင်းငြင်းပစ်လိုက်တာ။ ကျွန်တော်မသိတဲ့သူတစ်ယောက်ကို ချစ်ဟန်ဆောင်နေရပြီးတော့ ကြည့်ရှုသူအများကြီးကလည်းကြည့်နေကြဦးမှာဆိုတော့ ရှက်စရာကောင်းလွန်းတယ်လေ" 


ဟုတ်ပါတယ်၊ အကြောင်းရင်းတွေထဲမှာ စုချီယွဲ့ ပြောဖို့အဆင်မပြေလှတဲ့ ကျိုးရှင်းယဲ့တို့အဖွဲ့ကြောင့်လည်း ပါတာပေါ့လေ။ 


ထန်ယဲ့: "ဒါဆို မင်းသိတဲ့လူနဲ့ ချစ်ပြရမယ်ဆိုရင်တော့ ကိုးရိုးကားယားမဖြစ်ဘူးပေါ့?" 


စုချီယွဲ့: ... ထန်လောင်ရှီးရဲ့ ဦးနှောက်ပတ်လမ်းတွေက တကယ့်ကိုကွဲပြားတာပဲနော်။ 


ထန်ယဲ့ ခေါင်းငုံ့ကာ ဖန်းပိုင်၏ WeChatဆီသို့ မက်ဆေ့ချ်ပို့လိုက်သည် - ['မြင်မြင်ချင်းချစ်မိသွားတယ်'ဆိုတဲ့ပရိုဂရမ်ကို တစ်ချက်ကြည့်ပေး၊ ပြီးရင် ထန်ယန့်ချန်ရင်းနှီးမြှုပ်နှံမှုကို ဆက်သွယ်ပြီးတော့ ငါသွားချင်တယ်လို့ သူတို့ကိုပြောထားလိုက်]


စာရေးသူမှာပြောစရာရှိပါတယ်။ 


ထန်ယဲ့: ငါ Dating reality showမှာပါဝင်ရတော့မယ်။ 


ဖန်းပိုင်: ငါ့ဘော့စ်က ရူးနေပြီ... 


စုဆောင်းမယ်၊ စုဆောင်းမယ်၊ ဦးညွှတ်မယ်၊ ကျေးဇူးတင်ပါတယ်~ 


xxx