Chapter 9.2
Viewers 493

Chapter 9.2


“စာရင်းစာအုပ်”

နေရာလွတ်က အလုံးစုံပြည့်စုံပြီး လှည့်စားနိုင်သော စိတ်စွမ်းအားရှိသည်။


ရွာလူကြီးက ထန်ချွန်းမင်ကို မကြည့်ပဲ မနေနိုင်တော့ပေ။ အမြဲတမ်းရိုးသားပြီး သိမ်မွေ့သည့် မင်ကောအာမှာလည်း ထိုအတွေးမျိုးရှိမယ်လို့ မထင်ထားခဲ့ပေ။ သူက ရင်ထဲမှာ သတိရှိလာသည်။ ယနေ့ မင်ကောအာလုပ်ခဲ့သော အရာကြောင့် သူကောတွေကို အထင်မသေးရဲတော့ပေ။ သို့သော် ထိုအကြောင်းတွေးပြီးနောက် တစ်ယောက်ယောက်က အသက်မရှင်နိုင်လောက်အောင် ဖိအားပေးခံရရင် သူသည်းခံနိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်မိသည်။ သက်ပြင်းချရင်း သူ့လက်ထဲက စာအုပ်ကိုလှန်ကာ သူကြည့်လေ သူ့မျက်နှာက အရုပ်ဆိုးလာလေဖြစ်၏။

ဒီအရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာကိုမှ ကျောက်တာဟူက သူ့ဖခင်ကို တာဝန်မကျေရင် ဒီကမ္ဘာပေါ်က ဘယ်သူက တာဝန်ကျေတော့မှာလဲ?


“တတိယဦးလေး.. ခင်ဗျားလည်း တစ်ချက်ကြည့်သင့်တယ်။” စာရင်းစာအုပ်ဖတ်ပြီးနောက် သူက ကျောက်မိသားစု၏ တတိယဦးလေးကို ကမ်းပေးလိုက်သည်။ တတိယဦးလေးက ပညာမတတ်ပေမယ့် ကျောက်မိသားစုက အငယ်လေးက သူ့ဘေးမှာမတ်တပ်ရပ်ကာ တိုးတိုးလေး ဖတ်ပြလိုက်သည်။ အိုး… အုံနေသော လူတစ်စုက နားစွင့်ထားပြီး အဆုံးမှာ စာအုပ်ထဲက မှတ်တမ်းကို သိသွားခဲ့သည်။


ရွာလူကြီးက ထိုအရာတွေကို ဂရုမစိုက်ပေမယ့် ဝမ်းနည်းနေသော ထန်ချွန်းမင်ကို ကြည့်လိုက်သည်။ ထန်ချွန်းမင်က ဘာတွေးနေလဲ သူနားမလည်ပေမယ့် ရွာလူကြီးတစ်​ယောက်အနေဖြင့် သူက သူ့ကိုကူညီရမည်။ မဟုတ်ပါက သူ့ကို သေအောင် တွန်းအားပေးသလိို ဖြစ်သွားလိမ့်မည်။ ယနေ့ပြဇာတ်အပြီးမှာ ထန်ချွန်းမင် နောက်အိမ်ထောင်ပြုဖို့ မိသားစုကောင်းရှာရန် ခက်ခဲလိမ့်မည်။ ဤအမြော်အမြင်ရှိသော တွက်ချက်မှု၏ ဂုဏ်သတင်းက အမြန်ပြန့်သွားမှာဖြစ်၏။ ရွာထဲက ဖခင်ကောအာတွေက သူတို့သားကို ဒီလိုဇနီးမျိုးနဲ့ ပေးစားချင်မှာမဟုတ်ပေ။ တစ်နေ့ကျရင် သူတို့လည်း ယခုလိုဆက်ဆံခံရမယ်လို့ တွေးပြီးကြောက်နေလိမ့်မည်။

ကျောက်မိသားစု၏ဂုဏ်သတင်းက ညှိုးနွမ်းနေပြီး ထန်ချွန်းမင်၏ ဂုဏ်သတင်းဟာလည်း မကောင်းပါပေ။ သူ့သားကိုလည်း ထိခိုက်နိုင်သည်။ သို့သော် ပြန်စဥ်းစားကြည့်တော့ သူသာ ယခုလိုမလုပ်လျှင် ဘိုးဘိုးကျောက်၏ ဖိအားကို ရှောင်နိုင်မှာမဟုတ်ပေ။ ယနေ့ပြိးရင် ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို ပို၍ပင် မုန်းတီးလာလိမ့်မည်။


ကျောက်လင်းကို ချီထားသော လူငယ်လေးကို ကြည့်လိုက်တော့ သူက ရွာကမဟုတ်မှန်း သိသာသည်။ ရွာလူကြီးက ခဏလောက်စဥ်းစားပြီး ဘိုးဘိုးကျောက်၏ အကြံအစည် ပျက်သွားတာကို သဘောပေါက်သွားသည်။ ထိုလူငယ်လေးက ထန်မိသားစုက ဖြစ်၏။ မင်ကောအာမှာ မွေးမိသားစု၏ ကျောထောက်နောက်ခံမရှိတာကြောင့် ဘိုးဘိုးကျောက် မရိုးမသားလုပ်ခဲ့တာပင်။ ကောင်းပါသည်။ သူ သင်ခန်းစာယူဖို့ အချိန်ကျခဲ့ပြီ။ ဒါမှ ဖျင်ရှန်ရွာ၏ ဂုဏ်သတင်းမပျက်စီးမှာဖြစ်၏။ ထန်မိသားစု ပါဝင်လာတာကြောင့် တတိယဦးလေးက ကျောက်မိသားစု၏ ဂုဏ်သတင်းကို ထည့်စဥ်းစားဖို့ မလိုတော့ပါချေ။

လူအုပ်ကြီးက စာရင်းများကြောင့် အံ့အားသင့်နေပြီး တချို့စာရင်းများဆိုလျှင် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာပင် မမှတ်မိတော့ပေ။ သူတို့က အမြဲလိုလို ငွေညစ်တတ်၍ ကျောက်တာဟူဆီက ယူထားတာကို မှတ်မိဖို့ခက်သည်။


“ဘိုးဘိုးကျောက်က တွက်ချက်တာ တကယ်တော်ပုံပဲ။ သူက ကျောက်မိသားစုတစ်ခုကို ထောက်ပံ့ပေးစေချင်လို့ ဒုတိယသားကို ခွဲထုတ်လိုက်တာပဲ။”


“မင်ကောအာရဲ့မိသားစုမှာ သုံးခန်းတွဲအိမ်ကြီးရှိတာတွေ့ခဲ့လို့ သူတို့ဘဝကို သာယာဝပြောတယ်လို့ ထင်ခဲ့တာ။ အပြင်က ကြည့်ရင်တော့ ကြည့်ကောင်းပေမယ့် ကျောက်မိသားစု အိမ်ခွဲတော့ သူတို့ ​မြေနှစ်ဧကအပြင် ဘာမှမရခဲ့တာကို ငါမသိခဲ့ဘူး။ သုံးခန်းတွဲအိမ်ကြီးကို မင်ကောအာရဲ့ခန်းဝင်ပစ္စည်းနဲ့ ဆောက်ထားတာတော့ မှတ်မိတယ်။ ကျွတ်… ကျွတ်… ကျောက်မိသားစုက လည်လိုက်တာ။”



ကျောက်ဖျင်ချွမ်က ရှက်လွန်းလို့ မြေကြီးထဲအပေါက်ဖောက်ပြီး ပုန်းလိုက်ချင်သည်။ ထန်ချွန်းမင်က ဘိုးဘိုးကျောက် ပိုက်ဆံတောင်းခဲ့သည့် အကြောင်းအရင်းများကိုပင် ရေးထားသေးသည်။ တတိယညီက ကျန်းမာရေးမကောင်း၊ တတိယညီက ဖောင်တိန်၊မှင်၊မှင်စက္ကူကို ဝယ်ချင်၊ တတိယညီက သူ့အတန်းဖော်တွေကို ဧည့်ခံချင်….. ကျောက်တာဟူ တောင်ပေါ်သွားခဲ့တာလည်း အံ့သြစရာမရှိတော့ပေ။ စိုက်ပျိုးရာသီမှာ အနားယူချိန်မရှိသော်လည်း သူက သူ၏သွေးစုပ်သောမိသားစုအတွက် ပိုက်ဆံရှာဖို့ ကြိုးစားနေခဲ့သည်။

မိသားစုခွဲပြီးကတည်းက ဤစာရင်းမှာ ငွေပြားငါးဆယ်ခန့်ရှိ၏။ ထိုပမာဏက သာမန်မိသားစုကို ကြီးပွားချမ်းသာစေသော်လည်း ထန်ချွန်းမင်နှင့် သူ့သား၏ပုံစံကိုကြည့်ကာ ဘာပြောကောင်းတော့မလဲ…

“တုံးလိုက်တာ! တုံးလိုက်တာ!” တတိယဦးလေးက ဒေါသထွက်လွန်းလို့ ဘိုးဘိုးကျောက်နှင့် ကျောက်ဖျင်ချွမ်ကို လက်ညိုးထိုးလိုက်စဥ် သူ့လက်ချောင်းများက တုန်ယင်နေ၏။ “ဒါက အကြီးတွေကို ရိုသေလေးစားမှုမရှိတဲ့ သားလား? မင်ကောအာက လူကြီးကို တာဝန်မသိတတ်ရင် မင်းတို့အိမ်ကို ပစ္စည်းတွေ ခဏခဏပို့ပေးဖို့ တာဟူကို ခွင့်ပြုပေးခဲ့မလား? ပြောတော့ တာဟူက မင်ကောအာကြောင့် သေတာဆို.. ဒါက ရှင်းနေတာကို….” တတိယဦးလေးက ဒေါသထွက်လွန်းလို့ စကားဆုံးအောင်ပင် မပြောနိုင်ခဲ့ပေ။ ဘိုးဘိုးကျောက်က သူ့သားကို သတ်ခဲ့တာအမှန်ဆိုလျှင် ဘိုးဘိုးကျောက် ဖျင်ရှန်ရွာကနေ နှင်ထုတ်ခံရလိမ့်မည်။

ဘေးက လူငယ်လေးက စာအုပ်ကို ရွာလူကြီးအား ကမန်းကတန်းပြန်ပေးလိုက်ပြီး တတိယဦးလေးကို စောင့်ကြည့်ကာ တိုးတိုးလေး နှစ်သိမ့်ပေးနေခဲ့သည်။


ဘိုးဘိုးကျောက်က အော်ဟစ်ပြီး ငိုခါနီးတွင် တတိယဦးလေးက သူကို အော်ပြီး ဖြတ်ပြောလိုက်၏။ “ဘာလဲ? မင်းမှာ ညည်းညူစရာရှိသေးလို့လား? ဒါမှမဟုတ် ဒီကလေးမှတ်ထားတာမှားနေလို့လား? ငါတို့ကို မင်းလိုရှုပ်တယ်ထင်နေလား။ ဒီမှာရက်စွဲတွေတောင်ပါတယ်။ ငါတို့လူကြီးတွေ မင်းကို မောင်းမထုတ်ရဲဘူးထင်နေလား?”

ဘိုးဘိုးကျောက်က အကြောက်လွန်ပြီး အသက်ရှူကြပ်ကာ ကြို့ထိုးနေ၏။ စိုးရိမ်စိတ်ဖြင့် သူ့ရင်ဘတ်ကိုဖိလိုက်တော့ ယခုတစ်ကြိမ်တွင် တကယ်နာနေခဲ့သည်။

“မင်းတကယ်ရှုပ်ထွေးနေတာပဲ။ ကျောက်တာဟူက မင်းရဲ့သားမဟုတ်ဘူးလား? ကျောက်ဖျင်ချွမ်က မင်းရဲ့တစ်ဦးတည်းသောသားလား? မင်းက အသက်ကြီးလာလို့ တကယ်ရှုပ်ထွေးနေတာပဲ။ ဒါက တတိယကလေးအတွက် ကောင်းတယ်လို့ထင်လား? ဒါက သူ့အနာဂတ်ကို နှောင့်နှေးစေမယ်ဆိုတာ မင်းသိရဲ့လား။ အပြင်မှာ သွားနားထောင်ကြည့်… ဘယ်ပညာရှင်က ဂုဏ်သတင်းကောင်းဖို့ မလိုလို့လဲ။” ကျောက်မိသားစု တစ်စိတ်တစ်ပိုင်းအဖြစ် သူကလည်း တတိယသားကို စာမေးပွဲအောင်စေချင်သည့် မျှော်လင့်ချက်ရှိ၏။ ထိုနည်းအားဖြင့် ကျောက်မိသားစုက ဖျင်ရှန်ရွာမှာ ပိုမိုခိုင်မာစွာရပ်တည်နိုင်ပြီး အနီးနားက ကျေးရွာများကလည်း ကျောက်မိသားစုနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြောဆို့လို့မရတော့ချေ။ သို့သော် ယခုတော့ ဒီအသိတရားမရှိတဲ့ အဘိုးကြီးက ဘာလုပ်လိုက်ပြီလဲ?

ထန်ချွန်းမင်က ခေါင်းငုံ့ကာ အထင်သေးသလို ကြည့်လိုက်၏။ သူသာ တတိယဦးလေးကို ခေါ်ပြီး တွန်းအားမပေးခဲ့ရင် ယခုချိန်စိတ်ရှုပ်ထွေးတယ်လို့ အ​ပြောခံရမှာ ဘိုးဘိုးကျောက်မဟုတ်ပဲ သူပင်ဖြစ်၏။ ထန်ချွန်းမင်က ပြစ်တင်ရှုတ်ချစရာဖြစ်လာပြီး ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသူဖြစ်လိမ့်မည်။ လေသံကို နားထောင်ကာ အနှီလူက ကျောက်မိသားစု၏ တတိယသားကို ဘယ်လောက်သဘောကျလဲ မြင်နိုင်၏။



“ဒါမဖြစ်နိုင်ဘူး!” ဘိုးဘိုးကျောက်က သက်ပြင်းရှူထုတ်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်ကာ အတည်ပြုရန် တတိယကလေးဘက်ကို လှည့်လိုက်သည်။ “ဖျင်ချွမ်…. ဖေဖေ ဒီကိစ္စကို တစ်ခါမှမတွေးဖူးဘူး။ ဒါတွေအားလုံးက ဒီကောင်ထန်ချွန်းမင်ကြောင့်ပဲ။ မဟုတ်ရင် ခင်ပွန်းနဲ့ဇနီးကြားက ကိစ္စကို ဘယ်သူသိမှာလဲ။ ဘယ်ဇနီးက သူတို့မိသားစုကိစ္စကို အပြင်ထုတ်ပြလို့လဲ? ဖျင်ချွမ်…ဒါ မင်းကို ထိခိုက်စေမှာမဟုတ်ဘူး… ဟုတ်တယ်မလား?”

“ဖေဖေ….” ကျောက်ဖျင်ချွမ်က ဘာလုပ်ရမှန်းမသိတော့ပေ။ “ကျွန်တော်တိို့အိမ်ခွဲပြီးရင် ဒုတိယအစ်ကိုရဲ့ မိသားစုကို ကိုယ့်ဘဝကိုယ်ရှင်သန်ခိုင်းလိုက်ပါလို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ဖေဖေက…” သူက ခါးသီးစွာ မျက်နှာလှည့်လိုက်သည်။ တခြားသူများ၏အမြင်မှာ​တော့ သူ့လုပ်ရပ်က ဘိုးဘိုးကျောက်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး သူက တာဟူထံမှ တစ်ပြားတစ်ချပ်မှ ယူဖို့ မတွေးခဲ့ဟု ထင်စေခဲ့သည်။ 

သေချာတာက သူသည် ပညာရှင်တစ်ယောက်ဖြစ်လို့ မျက်နှာအမျိုးမျိုးပြောင်းလဲနိုင်သည်။ ထန်ချွန်းမင်၏အမြင်တွင် ဘိုးဘိုးကျောက်က အသိတရားမရှိသော်လည်း ကျောက်ဖျင်ချွမ်က သူ့ကိုဖိအားပေးခဲ့တာဖြစ်၍ ၎င်းမှာ ကျောက်ဖျင်ချွမ်နှင့် သက်ဆိုင်သည်။ ဘိုးဘိုးကျောက်က သူ့ရှေ့မှာရပ်တည်ပေးခဲ့သူပင်။ ထန်ချွန်းမင်၏ အခက်အခဲကြောင့်သာမဟုတ်လျှင် သူက ဖျင်ချွမ်ကို သေနတ်နဲ့ချိန်လိုက်မှာဖြစ်၏။ စကားအနည်းငယ်ပြောလိုက်ရုံဖြင့် ကျောက်ဖျင်ချွမ်က လူကောင်းတစ်​ယောက်ဖြစ်သွားပြီး ပညာရှင်ဂုဏ်သတင်းကို ရရှိမှာပင်။