Chapter 9.1
“စာရင်းစာအုပ်”
လီကျန့်သည် ဖျင်ရှန်ရွာတွင် ဂုဏ်သတင်းကြီးသူဖြစ်၏။ လက်ရှိ ကျောက်မိသားစုက အထက်တန်းစားမိသားစုဆိုလျှင် ရွာလူကြီးက ပထမတန်းစားမိသားစုဖြစ်၏။ ရွာလူကြီးက တရားမျှတပြီး တခြားရွာမှလူတွေကို ဖိနှိပ်ပြီး လီမိသားစုကို အားမကိုးခဲ့ပေ။ တခါတရံ မျှမျှတတ ဆက်ဆံခြင်းက လွဲချော်တာရှိသော်ငြား အချိန်အများစုမှာ သူက ယုံကြည့်လို့ရသည်။
ရွာလူကြီးမိသားစုမှ လူငယ်လေးနှစ်ယောက်က စာမေးပွဲမအောင်သေး၍ ထုံရှန့်ဘွဲ့ရထားသော ကျောက်ဖျင်ချွမ်လောက် မတော်ကြသော်လည်း သူ့မိသားစုမှ ကောင်လေးနှစ်ယောက်က ခရိုင်မြို့မှာ စာသင်နေတာကို လူတိုင်းသိသည်။ ခရိုင်မြို့တွင်းကျောင်းများ၏ အဆင့်အတန်းက မြို့ပေါ်က ကျောင်းထက်မြင့်မားသည်။
ရွာလူကြီး၏မိသားစုမှ ကောင်လေးနှစ်ယောက်က ရွာထဲက ကျောက်ဖျင်ချွမ်ထက်ပင် ပို၍ကျော်ကြားသည်။ သူတို့က တခြားလူတွေကို အမြဲယဥ်ကျေးသည်။ သူတို့က ပညာရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းကို သိစေချင်သည့် ကျောက်မိသားစု၏ တတိယသားနှင့်မတူပေ။
ရွာလူကြီး၏မိသားစုမှာ မြို့ထဲမှာ အိမ်ထောင်ကျခဲ့သော ကောတစ်ယောက်ရှိ၏။ သမက်က ယာမန်ရှိ ရဲအရာရှိဖြစ်ပြီး အစိုးရလစာကိုရရှိသည်။
(ယာမန်- အစိုးရရုံး)
ရွာလူကြီးက လူရောင်းနေသည့် သတင်းကိုကြားခဲ့ရသည်။ သူ့ဇနီးက သူ့ကို ကျောက်မိသားစု၏ ယခုရက်ပိုင်း လုပ်ရပ်များကို ပြောပြခဲ့သည်။ သူက ဒေါသကိုထိန်းချုပ်နေရသည်။ ယခုချိန်တွင် လူတိုင်း၏ဘဝက ပိုမိုကောင်းမွန်လာပြီး ဖျင်ရှန်ရွာက ပိုမိုသာယာဝပြောလာခဲ့သည်။ ကျောက်မိသားစုက အရှက်မဲ့သည့် မိသားစုဖြစ်၏။ သူတို့နဲ့အတူပါလာသော ကျောက်မိသားစု၏ တတိယသားက မျက်နှာမှာ ဆိုးရွားသော အမူအရာရှိနေ၏။ လီကျန့်က ဘိုးဘိုးကျောက်နှင့် ကျောက်ဖျင်ချွမ်ကို စိုက်ကြည့်လိုက်သည်။ ယခုကိစ္စကို ဖြစ်ပေါ်စေခဲ့သော ထန်ချွန်းမင်မှာလည်း ဖော်ရွေမှုမရှိသော မျက်လုံးရှိနေ၏။
ဘိုးဘိုးကျောက်က သူ့သားကို ကျေးဇူးကန်တယ်လို့ ထင်ခဲ့သည်။ သူကတော့ သူ့အတွက် ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ရပေမယ့် သူ့သားကတော့ ခွေးကောင်ကိုသာ ကာကွယ်ပေးခဲ့သည်။ ထိုခွေးကောင်က တကယ့်ကိုလာဘ်ပိတ်သူဖြစ်လို့ ကျောက်မိသားစု၏အိမ်မှာ နေခွင့်မပေးခဲ့တာဖြစ်၏။ တတိယသားက သူ့ကို ဘာလို့တားခဲ့တာလဲ သူအခုထိနားမလည်ပေ။ ယခု ရွာလူကြီးရှိနေလို့ သူက နည်းနည်းလန့်နေသည်။ သူ ဒီလူကို ဘယ်လိုထိန်းချုပ်မှာလဲ? သူက ရွာထဲက သားအဖတွေကို ကောင်းကောင်းကိုင်တွယ်နိုင်သည်။ သို့သော် သူက အုပ်ချုပ်သူဖြစ်နေသဖြင့် လူအိုကြီးများကိုတော့ မအော်ရဲပေ။
“ကျွန်တော့်အတွက် စီရီချက်ချပေးဖို့ ရွာလူကြီးနဲ့ အကြီးအကဲတို့ကို တောင်းဆိုပါတယ်။” ထန်ချွန်းမင်က သူ့နှလုံးသားထဲတွင် ကြောက်ရွံမှုမရှိပေ။ သူက အခွင့်အရေးကို စောင့်နေတာကြောင့် နောက်တစ်ကြိမ်ဒူးထောက်လိုက်သည်။ သူ အရင်ဘဝတုန်းက သူ့အဖေကိုသာ ဒူးထောက်ဖူးသည်။ ယနေ့မှာ ကျောက်မိသားစုနှင့် စာရင်းရှင်းရမှာဖြစ်၍ တတိယသား စာမေးပွဲအောင်သွားရင် ဒီစာရင်းက ဘယ်လိုကျေတော့မှာလဲ?
ထန်ချွန်းမင်က တခြားသူများကို ပြောခွင့်မပေးပဲ အရာအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့သည်။ တာဟူသေရသော အကြောင်းအရင်းက မရှင်းသေးပဲ ကျောက်ဖျင်ချွမ်က သူ့အစ်ကို၏ဇနီးနဲ့ကလေးကို ရောင်းပြီး ပိုက်ဆံရှာဖို့ အလောကြီးနေခဲ့သည်။ ဝမ်ချွန်းဟွာက နောက်ကွယ်မှ လှုံ့ဆော်နေမှန်းသူသိသော်လည်း ထန်ချွန်းမင်က သူ့အကြောင်းထည့်မပြောခဲ့ပေ။ သူက ကျောက်မိသားစု ဤကိစ္စများကို လုပ်စေရန် ခွင့်ပြုပေးခဲ့သည့် ကျောက်ဖျင်ချွမ်ကို ပုံချခဲ့သည်။
ကျန်းရှို့က ရပ်ကြည့်မနေပဲ မိသားစုနှစ်စု၏ကိစ္စများကို အမြန်ဖော်ထုတ်ခဲ့သည်။ ခြေမသန်သောအမျိုးသားအပြင် ကျောက်မိသားစုက လင်းအာလေးကို ရောင်းချင်နေကြောင်း သူပြောပြခဲ့သည်။ ဝမ်ချွန်းဟွာက ရွာထဲမှာ အတင်းအဖျင်းပြောလေ့ရှိပြီး ဘိုးဘိုးကျောက်က မောက်မာစွာ ပတ်ကြွားလေ့ရှိတာကြောင့် ကျန်းရှို့က သူတို့အားနည်းချက်ကို ဆုပ်ကိုင်ခဲ့သည်။ မိသားစုတစ်ခုက သူတို့အိမ်က အရူးအတွက် ကလေးသတို့သမီးရှာဖွေနေ၏။ ထိုကောင်လေးက ရူးနေရုံတင်အကပဲ သူထဖောက်ရင် လူတွေကိုရိုက်နှက်တတ်သည်။ နှလုံးသားမဲသော လူတွေကသာ ကောတစ်ယောက်ကို ထိုမိသားစုဆီပို့နိုင်လိမ့်မည်။
ထန်ချွန်းမင်က ငိုနေပြီး သူ့မျက်နှာက ကြောက်စရာကောင်းအောင် ဖြူဖျော့နေကာ ခန္ဓာကိုယ်က မူးလဲတော့မလို နွမ်းနယ်နေသည်။ “ရွာလူကြီး… အားလင်းနဲ့ ကျွန်တော်က ဦးလေးငယ်ကို မမှီခိုချင်ပါဘူး။ ကျွန်တော်က ကျွန်တော်တို့သားအဖကို ရှင်သန်ခွင့်ပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ ကျွန်တော့်ကို အဲ့လိုမိသားစုဆီမှာ ရောင်းစားရင် ကျွန်တော်နဲ့ အားလင်းက ဘယ်လိုနေရတော့မလဲ? အနှေးနဲ့အမြန် ကျွန်တော်တို့သေသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် စောစောသေသွားတာက ပိုကောင်းပါတယ်။ ဒါမှ ကျွန်တော်နဲ့အားလင်းက တာဟူနဲ့ပြန်ဆုံနိုင်မှာ။”
“ပေါက်ကရတွေ! ပေါက်ကရတွေ!” အကြီးအကဲဖြစ်သူ တတိယဦးလေးကျောက်က စိတ်ဆိုးလွန်းလို့ သူ့မုတ်ဆိတ်တွေ ထောင်နေသည်။ “ ကျောက်ဖျင်ချွမ်.. မင်းယောက်ဖပြောတာအမှန်လား? မင်း ဒီလိုလုပ်ဖို့ စီစဥ်နေတာလား?” အဆုံးမှာ သူကလည်း ကျောက်မျိုးရိုးဖြစ်သည်။ ထန်ချွန်းမင်နဲ့ သူ့သားကို ကျောက်မိသားစုတံခါးဝမှာ ချိတ်ထားမယ်ဆိုရင် ဤကျောက်မိသားစုတင်မကပဲ ရွာထဲရှိ ကျောက်မိသားစုအားလုံး အရှက်ရနေပေမည်။ ယောက်ဖကို သတ်တဲ့ ကျောက်မိသားစုမှာ ဘယ်သူက လက်ထပ်ရဲတော့မှာလဲ?
“တတိယဦးလေး” ကျောက်ဖျင်ချွမ်က ဝမ်းနည်းစွာပြောလိုက်သည်။ “စာမေးပွဲရောက်တော့မှာ ဦးလေးလည်းသိပါတယ်။ ကျွန်တော့်မှာ တစ်နေကုန်စာလေ့လာဖို့ အချိန်မလောက်ဘူး။ အဲ့ဒါကြောင့် ဒီလိိုနိမ့်ကျတဲ့အလုပ်တွေ လုပ်ဖို့အချိန်မရှိဘူး”
“ဒါဆို မင်းဖေဖေလုပ်တာတွေကို မင်းမသိဘူးပေါ့။ ကျောက်မိသားစုက မင်းစာမေးပွဲအတွက် ပိုက်ဆံရဖို့ လူရောင်းစားနေတာလေ။” ရွာလူကြီးက ဝင်ပြောသည်။ ဒီကျောက်လောင်စန်းက တခြားသူတွေကို ပုံချချင်တာလား?”
“ဖေဖေ….” ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်ကို ဝမ်းနည်းသောမျက်ဝန်းဖြင့် လှည့်ကြည့်ပြီး “အဲ့ဒါ ဖျင်ချွန်တာဝန်မကျေခဲ့လို့ပါ။ ဖေဖေ မိသားစုကို စီမံခန့်ခွဲရတာ ခက်ခဲရမှာပဲ။ ဒီလိုဖေဖေမျိုးကို ဖျင်ချွမ် အပြစ်မတင်ဝံ့ပါဘူး။”
ဒီပညာရှင်ကိုကြည့်စမ်း.. စကားကတော့ပြောတတ်တယ်။ ကြင်နာတတ်တဲ့ဖခင်တစ်ယောက်က ဒီလိုလုပ်ပါ့မလား? ပြီးတော့ သူ့စကား၏အဓိပ္ပါယ်မှာ အားလုံးကိုလုပ်ခဲ့တာ ဘိုးဘိုးကျောက်ဖြစ်ပြီး သူက ရပ်တန့်ဖို့ အစွမ်းအစမရှိဟုဆိုကာ တာဝန်အားလုံးကို ပုံချပစ်လိုက်တာဖြစ်၏။
ဘိုးဘိုးကျောက်က သူ့ရင်ဘတ်ကို ဖိကာ ငိုပြလိုက်သည်။ “ယောကျာ်းရယ်… ခင်ဗျားဘာကြောင့် စောစောသေသွားရတာလဲ? ဘာလို့ ငါ့ကိုပါ တစ်ခါတည်း အပါမခေါ်သွားတာလဲ? ယောကျာ်း… မုဆိုးဖိုတစ်ယောက်ကို ဒီလိုလုပ်တော့မှာလား? အမှားတိုင်းအတွက် ဒီအဘိုးကြီးကိုပဲ အပြစ်တင်နေတယ်။”
တချို့လူအိုကြီးတွေက တုံ့ဆိုင်းသွားသည်။ အဘိုးကြီးမှာ အရည်အချင်းတော့ရှိသည်။ နှစ်များစွာ ကြိုးစားခဲ့ပြီး ပညာရှင်သားလေးတစ်ယောက်ရခဲ့သည်။
ထန်ချွန်းမင်က စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ မင်းတို့မိသားစုကို ကျောက်တာဟူက ထောက်ပံပေးခဲ့တာမဟုတ်ဘူးလား… မင်းဖေဖေက ကျောက်တာဟူကို သူဘယ်လောက်ခက်ခဲနေကြောင်း အမြဲပြောနေတာ။ အိမ်က ဆီနဲ့ရေမရှိတော့ဘူး။ မင်းအစ်ကိုဝိတ်ချသွားပြီ။ သူ့ခေါင်းက ကိုက်လာပြန်ပြီ။ တစ်ချိန်လုံး ကျောက်တာဟူက နာနာခံခံလုပ်ပေးပြီး သူမစားခင် မင်းဖေဖေကို အရင်ပို့ပေးခဲ့တာ။
ထန်ချွန်းမင်က သူ့ရင်ခွင်ထဲမှ မှတ်စုစာအုပ်ကို ထုတ်ယူကာ ပြောလိုက်၏။ “ဦးလေးငယ်.. တာဟူက သူ့ဖေဖေကို တာဝန်မကျေခဲ့ဘူးလို့ ပြောချင်တာလား? ဦးလေးငယ်…. ကျောက်မိသားစုက ကျပ်တည်းလွန်းလို့ ငါနဲ့ငါ့သားကို ရောင်းဖို့လိုတယ်လို့ ပြောချင်တာလား? ရွာလူကြီးနဲ့ တတိယဦးလေး… ကျွန်တော့်အဖေက ကျွန်တော် ငယ်ငယ်လေးတည်းက စာသင်ပေးခဲ့တာ ခင်ဗျားတို့လည်းသိမှာပေါ့။ အသုံးစရိတ်တွေကို သေချာဂရုစိုက်နိုင်မှ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှာမို့ ကျွန်တော်ရဲ့ အသုံးစရိတ်သုံးစွဲပုံကို ဒီစာအုပ်ထဲမှာရေးထားတယ်။ အခု ကျွန်တော်နဲ့ တာဟူ တာဝန်ကျေလား မကျေလား ဦးလေးတို့ပဲကြည့်လိုက်ပါ။ ဒါမှတာဟူ အေးအေးချမ်းချမ်း အနားယူနိုင်မှာ။ ဝူး… တာဟူကို မစွပ်စွဲကြပါနဲ့။”
လူအများစုက ပြောစရာပျောက်ရှသွားပြီး ကျောက်ဖျင်ချွမ်နဲ့ သူ့ဦးရေပြားကလည်း ထုံကျင်လာခဲ့သည်။
ကျန်းရှို့ကလည်း မမျှော်လင့်ထားပေမယ့် အမြန်ဆုံးတုံ့ပြန်လိုက်သည်။ ဘိုးဘိုးကျောက်မတုံ့ပြန်နိုင်ခင် သူက ရှေ့တိုးကာ ရွာလူကြီးကို ပေးလိုက်၏။ စာရင်းစာအုပ်ရှိတာကောင်း၏။ ကျောက်တာဟူက ကျောက်မိသားစုကို တာဝန်ကျေခဲ့တာ သူတစ်ယောက်ပဲသိ၍ ယခုဆိုလျှင် ကျောက်မိသားစုတစ်ခုလုံးက သူတို့သားအပေါ် ဘယ်လောက်တောင်မှီခိုခဲ့လဲ လူတိုင်းသိတော့မည်။
ဝမ်ယင်က ဟနေသောပါးစပ်ကို ပိတ်ဖို့ပင် အချိန်အတော်ကြာခဲ့သည်။ သူ့လင်ပါသား၏ လှုပ်ရှားမှုက မုန်းစရာကောင်းသော်လည်း သူ့မှာ ထိုအတွေးမျိုးရှိမယ်လို့ မထင်ထားခဲ့ပေ။
ဝမ်ယင်မှန်းထားတာမှန်သည်။ မူလမင်ကောအာ ထိုအတွေးမျိုးရှိမှာမဟုတ်ပေ။ သို့သော် ထန်ချွန်းမင်က ဘယ်သူမို့လို့လဲ.. သူက စစ်ပြေပြင်ကိုမဆင်းခင် သေချာပြင်ဆင်ထားခဲ့သည်။ သူ ကူးပြောင်းလာတော့ မင်ကောအာ၏ မှတ်ဉာဏ်အားလုံးကို ရှာဖွေခဲ့သည်။ မင်ကောအာ ကိုယ်တိုင်မမှတ်မိသော အရာများကလည်း သူ့ရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက ဤစာအုပ်ကို လွန်ခဲ့သည့်ရက်အနည်းငယ်က ဖန်တီးခဲ့ပြီး အိုဟောင်းသည့်ပုံပေါ်ရန် တမင်တကာပြုလုပ်ခဲ့သည်။ ဒါကြောင့် ဤစာအုပ်က အရင်ထဲက ရှိခဲ့တယ်လို့ လူတွေယုံသွားခဲ့သည်။