အပိုင်း(၉)
ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွင့်မှု
ရဲ့လော့ယီသည် မနက်စောစောတွင် နိုးလာခဲ့သည်။မနေ့က သူမသည် ထုတ်လုပ်ရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုပြီးနောက် သူမ၏ လက်ထောက် ဒါရိုက်တာအား ယွမ်းတစ်သာင်းပါသည့် စာအိတ်ပေး၍ ရှိုး၏
ချိန်ဇယားကို အကြောင်းကြားပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မနက်အစောပိုင်း အံ့ဩစရာရိုက်ကူးရေးအဖွဲ့သားများ ရောက်ရှိချိန်တွင် သူမမှာ လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားပြီးသား ဖြစ်ခဲ့သည်။
ရဲ့လော့ယီမှာ ဟိုင်မြို့၏ ချမ်းသာကြွယ်ဝသည့် ရပ်ကွက်အတွင်းရှိ ရီမိသားစုပိုင် ဗီလာတွင် နေထိုင်ခဲ့ပြီး မြို့တော်၏ အချမ်းသာဆုံး မိသားစုများသာနေထိုင်သော ရပ်ကွက်လည်းဖြစ်သည်။ ရဲ့လော့ယီသည် ရပ်ကွက်ထဲရှိ တိတ်ဆိတ်အေးချမ်းသော ပန်းခြံတွင် ဖြေးဖြေးလေး ပြေးနေခဲ့သည်။
သူမ၏ မျက်နှာပေါ်တွင် ချွေးများဖြင့် စိုရွှဲနေခဲ့ပြီး သူမ ပါးမျာမှာလည်း လေ့ကျင့်ခန်းလုပ်ထားသောကြောင့် နီမြန်းလျက်ရှိနေသည်။
[ ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို စဖွင့်လိုက်တာနဲ့ ရီရီရဲ့အလှကို မြင်တွေ့လိုက်ရတာပဲ ]
[ရီရီက အရမ်းကျန်းမာရေးလိုက်စားတာပဲ! မနက်အစောကြီး ထပြေးနေတယ်]
[ ငါ ရီရီ့ကို အရမ်းမနာလို ဖြစ်တာပဲ၊ သူမက လှလည်းလှ ပိုက်ဆံလည်းရှိတဲ့အပြင် ကြိုးစားတာလည်း လွန်ရော၊ တစ်နေ့ကျရင် သေချာပါက် သူမက အောင်မြင်တဲ့လူ ဖြစ်လာလိမ့်မယ်]
“အတူတူခရီးသွားကြစို့တီဗီအစီအစဉ်”တွင် ဧည့်သည်များ၏ ဖုန်းများအား သိမ်းယူခြင်း မရှိသော်လည်း အများစုသည် တိုက်ရိုက်ထုတ်လွင့်မှုမှ ကောမန့်များကို ကြည့်ရှုရန် ကင်မရာရှေ့တွင် အလုပ်များနေကြသည်။
ရဲ့လော့ယီ အဝတ်လဲနေစဉ်တွင်ကင်မရာကိုပိတ်ပြီးနောက် ဖုန်းထဲမှကောမန့်များကိုကြည့်နေခဲ့သည်။ သူမ၏ တိုက်ရိုက်ထုတ်လွင့်မှုတွင် လူကြိုက်များသည့်အပြင် မှတ်ချက်ကောင်းများနှင့် ပြည့်နေသည်မှာ သူမအတွက်မူ အလွန်ကျေနပ်ဖွယ်ရာ ကောင်းသည်။
ကျုံးချင်းယွီ၏ တိုက်ရိုက်ထုတ်လွင့်မှုသည်အနိမ့်ဆုံးမဟုတ်သော်လည်း အမြင့်တော့လည်းဟုတ်မနေပေ။ အလယ်အလတ်လောက်သာ ဖြစ်နေခဲ့သည်။ရဲ့လော့ယီသည် အတိုချုံ့ကြည့်လိုက်သောကြောင့် အိပ်နေသော ကျုံချင်းယွီအား ကောမန့်အများစုတွင် မကောင်းပြောကာ မထီမဲ့မြင်ပြုနေသည်များအား မမြင်ခဲ့ပေ။ ကောမန့်များသည် ချိုသာပြီး ကြင်နာနေသောကြောင့် ပြောစရာစကားမရှိသလောက် ဖြစ်နေသည်။ သူမ ဂရုမစိုက်တော့ဘဲ နောက်ထပ် ကောမန့်အချို့ကို ဖတ်ကြည့်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ခဲ့လိုက်သည်။
ရဲ့လော့ယီသည် သူမရဲ့ခရီးဆောင်အိတ်ကိုထုတ်ပိုးပြီးနောက် ဗန်ကားထဲသို့ ထည့်လိုက်သည်။
ရှိုး၏ ဧည့်သည်တော်တစ်ဦးအနေနှင့် ရဲ့လော့ယီသည်သူမ၏ အချစ်ဆုံးသူငယ်ချင်း ဆုလင်းလင်းကို အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ဆုလင်းလင်းသည် ဆုမိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး ချမ်းသာကြွယ်မှုမှာ ရီမိသားစုကိုယှဉ်နိုင်သည်။ရီလော့ယီနှင့်ဆုလင်းလင်းတို့သည် အမြဲရင်းရင်းနှီးနှီး ရှိခဲ့သည်။
ရီလော့ယီသည် တတ်သစ်စအနုပညာရှင်များအား မိတ်ဆက်ပေးရန်အတွက် သူမ၏ ကျော်ကြားမှုကို အသုံးမပြုချင်သောကြောင့် ရှိုးပွဲအတွက် သူမ သူငယ်ချင်းကို ဖိတ်ကြားခဲ့သည်။
နှစ်ယောက်သား ယန်ရှန်းအိမ်ယာတွင် တွေ့ဆုံခဲ့ကြသည်။ သူတို့ထိုင်ပြီး ခဏအကြာတွင် စားပွဲထိုးသည် မီနူးရွေး၍မရကြောင်းနှင့် စားဖိုးမှူးချက်သော ဟင်းများသာ စား၍ရကြောင်းပြ၍ ဟင်းပွဲများလာချပေးခဲ့သည်။ စားပွဲထိုးထွက်သွားပြီးနောက် ဆုလင်းလင်းသည် ရဲ့လော့ယီအားပြောခဲ့လေသည်။
“ ဒီမှာ အရမ်းလူများတာ၊ ယန်ရှန်းအိမ်ယာက ဒလီပို့ပေးတဲ့ စနစ်မရှိဘူး၊ နိုင်င်ငံခြားမသွားခင် တစ်ခါလောက် စားသွားသင့်တယ်”
ရဲ့လော့ယီသည် မြည်းကြည့်ပြီးနောက် ဆုလင်းလင်းအား ပြုံး၍ ပြန်ပြောလေသည်။
“ပြင်သစ်ဟင်းက တကယ်စားကောင်းတယ်”
[ရီရီနဲ့ဆုလင်းလင်းတို့ရဲ့ ခင်မင်မှုက အရမ်းအားကျစရာကောင်းတာပဲ]
[ဒီပုံစံက တကယ့်ကို အချစ်ဆုံးသူငယ်ချင်းဆက်ဆံရေးပုံစံပဲ၊ ကျုံချင်းယွီနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းတို့ရဲ့ အတုအယောင် ဆက်ဆံရေးပုံစံကို ငါတွေ့ဖူးတယ်]
[ဒီစားသောက်ဆိုင်ကို တစ်ယောက်ယောက်များသတိထားမိကြသေးလား၊ မနက်စာအတွက် ဈေးနှုန်းတွေက လူတစ်ဦးကို 1999ယွမ်၊ နေ့လည်စာက 5999ယွမ် ညနေစာအတွက်က 8999 ယွမ်တဲ့ အဆင့်မြင့်စားသောက်ဆိုင်က ဒီဈေးကြီးဖြစ်နိုင်ပါ့မလား]
[အဲဒါကြောင့် အဆင့်အမြင်ဆုံး ဈေးကြီးတဲ့စားသောက်ဆိုင်လို့ ခေါ်ကြတာပေါ့]
[ရီရီက အစစ်အမှန်ချမ်းသာတဲ့ အမွေဆက်ခံသူပဲ၊ ချမ်းသာချင်ယောင်ဆောင်ဖို့အတွက် ဈေးဝယ်ထွက်ပြပြီး ပိုက်ဆံဖြုန်းပြနေတဲ့ လူတွေနဲ့ မတူဘူး]
[LOL၊ ဆုလင်းလင်းရဲ့အမြင်မှာလည်း ကျုံမိန်းကလေးက အနှောင့်အယှက်ဖြစ်နေပုံပဲ၊ ယန်ရှင်းအိမ်ယာလို အဆင့်မြင့်စားသောက်ဆိုင်က ဒလီပို့ပေးတဲ့ စနစ်မရှိဘူးလို့ လူအများစုက ထင်ထားတာ၊ အခု သူမှားကြောင်း သက်သေပြလိုက်ပြီ ကဲ ]
[ပိုက်ဆံမရှိရင် ဝန်ခံတာအကောင်းဆုံးပဲ၊ ကျုံမိန်းကလေး အခုနေနေတဲ့ အိမ်အကျယ်ကြီးကလည်း ငှားထားတာဖြစ်နိုင်တယ်၊ တကယ်မဟုတ်ရင်လည်း ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူလိုပုံစံမျိုး ဟန်မဆောင်သင့်ပါဘူး ဖော်ထုတ်ခံရဖို့လွယ်လွန်းတယ်]
မနက်စာစားပြီးချိန်တွင် နံနက်၈နာရီကျော်ဖြစ်နေပြီး လေဆိပ်သို့ သွားရန်စောနေသေးသော်လည်း ရဲ့လော့ယီသည် နောက်ကျမည်ဆိုးသောကြောင့် အမြဲစောစောထွက်ခဲ့သင့်သည်ဟု ပြောခဲ့လေသည်။
[ငါလည်း အဲလိုပဲ နောက်ကျမှာကိုကြောက်လို့ လေယာဉ်စီးဖို့ သုံးနာရီစောပြီး အမြဲကြိုထွက်ခဲ့တယ်]
[တစ်ခါက ငါ လေဆိပ်ကို နှစ်နာရီလောက် စောရောက်ပြီး ID မေ့ကျန်ခဲ့တာ သိလိုက်ရလို့ အိမ်ပြန်ခဲ့ရပေမယ့် အချိန်မီခဲ့သေးတယ်]
[ရီရီ ဆန္ဒစောနေတာမှန်တယ်၊ နောက်ကျမှထွက်ပြီး ကားပိတ်မိတာတာထက် စောစောထွက်တာတာ ပိုကောင်းမယ်]
ရဲ့လော့ယီနှင့် ဆုလင်းလင်း တို့သည် ယန်ရှန်းအိမ်ယာ၏အ၀င်ပေါက်သို့ ရောက်ရှိနေချိန်တွင် အင်တာနက်အသုံးပြုသူများသည် သူတို့၏ကိုယ်တွေ အတွေ့ကြုံများအား ပြောဆိုကြနေခဲ့သည်။
ဆုလင်းလင်းသည် ရဲ့လော့ယီထံသို့ တိုးတိုးလာပြီး
“ငါ သန့်စင်ခန်းထဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်တော့ ကျုံချင်းယွီကို ယန်ရှန်းအိမ်ယာက မနက်စာ လာပို့ပေးခဲ့တယ်တဲ့၊ခွီ…သူ ဒီကို အရင်က ရောက်ဖူးလို့လား၊ ဒီက ဒလီမပို့ဘူးဆိုတာသူမသိဘူးလားမသိဘူးလေ၊ ဘာကိုသက်သေပြဖို့ ကြိုးစားနေတာလဲ”
ဆုလင်းလင်း နှင့် ရဲ့လော့ယီ တို့သည် ကျုံချင်းယွီမှာ ကျုံ မိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး အစစ်အမှန် ချမ်းသာသော အမွေဆက်ခံသူဖြစ်သည်ကို သူတို့မှာ ချမ်းသာသော အထက်တန်းလွှာထဲမှ တစ်ယောက်ယောက်ဟုသာ နှစ်ဦးစလုံး သိခဲ့ကြသည်။ သို့သော် သူတို့၏အမြင်တွင် ယန်ရှန်းအိမ်ယာသည် ဒလီပို့ခြင်း မရှိသည့် ရှင်းလင်းပြတ်သားသောစည်းမျဥ်းရှိသောကြောင့် ခြွင်းချက်မရှိသင့်တာ ပုံမှန်ဖြစ်သည်။
ရဲ့လော့ယီ၏ မျက်လုံးများသည် ကျေနပ်နေသယောင်နှင့် စိတ်ကြည်နူးမှုတစ်ခု ဖြစ်ပေါ်ကာ ဆုလင်းလင်းအားလေးလေးနက်နက် ပြောပြခဲ့သည်။
“သူမကကင်မရာတွေရှေ့မှာ ကြည့်ကောင်းအောင်ကြိုးစားနေတာ ဖြစ်နိုင်တယ်”
ဆုလင်းလင်း လှောင်ပြောင်ပြီး ပြောခဲ့သည်။
“သူမ အခု တစ်စက္ကန့်တောင် ခံနိုင်ပါမလား”
သူမပြောပြီးသည်နှင့်တစ်ပြိုင်နက် ဒလီဝန်ထမ်းတစ်ဦးသည် စားသောက်ဆိုင်၏တံဆပ်ပါသည့် ဗူးအခွံကြီးကို သယ်ဆောင်ကာ ယန်ရှန်းအိမ်ယာ သို့ လျှောက်သွားခဲ့သည်။ ကောင်တာပေါ်တွင် ဗူးကိုတင်လိုက်သည်။
“မန်နေဂျာ၊ ဒါက မစ္စစ် ကျုံအတွက် ပို့ပေးတာပါ၊ ဗူးကို ပြန်ပေးလိုက်ပါပြီ”
မန်နေဂျာက စိတ်ပူစွာမေးမြန်းလိုက်သည်။
“မစ္စစ်ကျုံ က ဒီတစ်ခါ ဘာမှမပြောဘူးလား၊ ငါတို့ရဲ့ မနက်စာ စားရတာရော ကျေနပ်ရဲ့လား”
ဒလီဝန်ထမ်းသည်
“သူမ ကစကားအများကြီးမပြောပါဘူး၊ သူ့ခရီးဆောင်အိတ်ထုတ်ဖို့ အိမ်အကူနှင့် အလုပ်များနေတာတွေ့တော့ ကျွန်တော်တို့ လာပို့ပေးတဲ့ မနက်စာကိုလည်း သိပ်ဂရုမစိုက်နိင်ဘူး”
မန်နေဂျာသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ တိုင်ကြားမှုများမရှိခြင်းသည် အကောင်းဆုံး ချီးကျူးခြင်းဖြစ်သည်။
မနေ့ညမှ ယနေ့နံနက်အထိ ကျုံချင်းယွီ သည် ယန်ရှင်းအိမ်ယာ တွင် အပြစ်ရှာခြင်းမရှိဘဲ နှစ်ကြိမ်တိုင်တိုင်စားသာက်ခဲ့သည်။ သူသည် အနာဂတ်တွင် ထိုပုံစံအတိုင်း ဆက်လက်ရှိနေမည်ဟု သူမျှော်လင့်ထားသောကြောင့် ခေါင်းဆောင်စားဖိုမှူးကို နောက်တစ်ကြိမ် အစားထိုးရန် ပြောလျှင် အခက်အခဲကို ကြုံတွေ့ရတော့မည်မဟုတ်ပေ။
မန်နေဂျာနှင့် ပို့ဆောင်သူနှစ်ဦးစလုံး စိတ်သက်သာရာရပုံရသော်လည်း ရဲ့လော့ယီ နှင့် ဆုလင်းလင်းတို့၏ အမူအရာမှာ မှောင်မဲသွားခဲ့သည်။
“ယန်ရှန်းအိမ်ယာ က
ဒလီမပို့ဘူး ဟုတ်တယ်မလား ၊ဘာလို့ ကျုံချင်းယွီကိုကျ အထူးတလည်ဆက်ဆံနေရတာလဲ”
မန်နေဂျာ အံ့အားသင့်သွားသည်။ သူ မတုံ့ပြန်မီတွင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကောမန့်များ ပျံ့နှံ့သွားခဲ့သည်။ သူနှင့်ဒလီသမားတို့ကြားရှိ စကားဝိုင်းတစ်ခုလုံးကို ပရိသတ်မှားမှာ ကြားခဲ့ပြီးပြီး ဖြစ်သည်။
[ဒါဆို ကျုံချင်းယွီက မနက်စာစားဖို့ တကယ့်VVIPတစ်ယောက်အနေနဲ့ ဆက်ဆံခံခဲ့ရတာပေါ့]
[ရဲ့လော့ယီရဲ့ ပရိတ်သတ်တွေက မတောင်းပန်သင့်ဘူးလား၊ သူမက ဝန်ထမ်းကိုဆက်ဆံလိုက်တဲ့ပုံစံကလည်း ကြင်နာပြီး အခေါက်ခေါက်အခါခါ ဝယ်ယူအားပေးနေခဲ့တဲ့ပုံတောင်ရတာကို မင်းတို့အနေနဲ့ ဒီလိုမျိုး ဆဲဆိုခဲ့တာ မှန်တယ်ထင်နေတာလား]
[Lol, ကျုံချင်းယွီက ဘာမှမရှင်းပြတာတောင် ရဲ့လော့ရီရဲ့ liveကနေ အမှန်တရားကို သိခဲ့ရပြီ]
[သူမ တကယ်ဝယ်တယ်ဆိုတော့ရော ဘာဖြစ်လဲ၊ သူမရဲ့ တွဲဖက်သရုပ်ဆောင်တွေကိုတောင် အနိုင်ကျင့်ပြီး အခြားလူတွေရဲ့ဆက်ဆံရေးကြား ဝင်ရောက်စွက်ဖက်နေကတည်းက သူ့ပုံရိပ်က ပျက်စီးနေပြီးသား၊ ဒီလို ရွံစရာကောင်းတဲ့ စရိုက်ရှိနေတဲ့လူမှာ ပရိတ်သတ် ဘယ်လောက်များများရှိနေနိုင်မှာလဲ]
[ဟုတ်ပြီ၊ ပရိတ်သတ်တွေက သူတို့ idolတွေရဲ့ ပုံရိပ်ကို ထင်ဟပ်စေတယ်၊ သူမလို စရိုက်နဲ့ idolတစ်ယောက်မှာ ယဉ်ကျေးနေမဲ့ ပရိတ်သတ်ရှိနေဦးမယ်လို့ မင်းထင်နေတာလား]
[ဘယ်သူမှ မသိချင်ကြဘူးလား၊ ယန်ရှန်းအိမ်ယာက ဒလီမပို့ဆောင်ဘူးလို့ လူတိုင်းက ပြောနေကြတာ၊ ဒါဆို ကျုံချင်းယွီ က
ဘာကြောင့် အထူးဆက်ဆံတာကို ခံနေရတာလဲ၊ တစ်ခုခုကိုမျှားချင်လို့
ဖြစ်နေမလား]
ဆုလင်းလင်းလည်း အံ့ဩသွားသည်။ သူတို့အားလုံးသည် ချမ်းသာကြွယ်ဝသော အထက်တန်းလွှာရှိ ပုဂ္ဂိုလ်များဖြစ်ကြပြီး အဘယ်ကြောင့် သူမကို ပို့ဆောင်ခြင်း မပြုနိုင်ရတာလဲ။
ဆုလင်းလင်း သည် ကျုံချင်းယွီကို အမြဲမကြိုက်ခဲ့ပေ။ ကျောင်းတတ်စဉ်တွင် ကျုံချင်းယွီသည် သံစုံတီးဝိုင်းတွင် ဆဲလ်သမားအဖြစ် ဆုလင်းလင်း၏ ရာထူးကို လုယူခဲ့သောကြောင့် ဆုလင်းလင်း၏ ပါးစပ်ထဲတွင် ထိုအကြောင်းတွေးမိတိုင်း အမြဲခါးသီးမှုကို ခံခဲ့ရသည်။
နောက်ပိုင်းတွင် ရဲ့လော့ယွီ နှင့်တွေ့ဆုံခဲ့ပြီး ကျုံချင်းယွီသည် ပေယွဲ့ပိုင်နှင့် ရဲ့လော့ယွီ ၏ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ကြောင်းသိရှိရပြီးနောက် ဆုလင်းလင်းအနေဖြင့် ကျုံးချင်းယွီကို မနှစ်သက်မှုက ပိုမိုကြီးထွားလာခဲ့သည်။
ကျုံမိသားစုမှာ ချမ်းသာသော်လည်း ဆုမိသားစုမှာလည်း ဆင်ရဲမနေပေ။ဆုမိသားစုက ဘာကြောင့်များ ဤကဲ့သို့ အခွင့်အရေးအား မရရှိခဲ့ရသနည်း။
ဆုလင်းလင်းသည်ကအံ့ဩသွားပုံရသော မန်နေဂျာထံမှ ရှင်းပြချက်တစ်ခုတောင်းခဲ့သည်။ ဆုလင်းလင်း၏နောက်တွင်ရှိသော ကင်မရာများကို သတိပြုမိသည့်တိုင် ကျုံချင်းယွီထံသို့ ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ သူတို့ မည်သို့သိရှိခဲ့သည်ကို သူမသိခဲ့ပေ။ ရှိုးကြောင့် ယန်ရှန်းအိမ်ယာသည် ကျုံချင်းယွီထံသို့ အစားအစာများ ပေးပို့ခဲ့ကြောင်း လူတိုင်းသိခဲ့ကြရသည်။
“ရှင် ကျွန်မကို သေချာရှင်းပြရမယ်”
ဆုလင်းလင်း က
ဖိပြောလိုက်သည်။
“ရှင်က ကျုံချင်းယွီကိုပို့ပြီး ကျွန်မဆီ ဘာလို့ မပို့တာလဲ၊ သူက ပိုပြီး ပိုက်ဆံ ပေးလို့လား၊ သူပေးသမျှ ကျွန်မ နှစ်ဆပေးမယ်”
မန်နေဂျာသည် တုံ့ဆိုင်းသွားကာ ဝန်ခံခဲ့သည်။
“သူမက… ပိုက်ဆံမပေးရဘူး”
ဆုလင်းလင်း က
မယုံကြည်နိုင်စွာ ရယ်မောလိုက်သည်။
“ဒါဆို သူဘာလို့ အထူးတလည် ဆက်ဆံခံနေရတာလဲ၊ ဒါက မတရားဘူး”
မန်နေဂျာသည် ခဏလောက်စဉ်းစားပြီး ပြန်ဖြေခဲ့သည်။
“ဘာလို့လဲဆိုတော့ သူမက ကျွန်တော်တို့ရဲ့သူဌေးမလို့ပါ၊ အကယ်၍ ကျွန်တော်တို့သာ သွားမပို့ခဲ့ရင် အလုပ်ထုတ်ခံရလိမ့်မယ်ဗျ”
ဆုလင်းလင်း : ?
ရဲ့လော့ယွီ :?
ဆုလင်းလင်း သည် ခက်ခက်ခဲခဲ တံထွေးမျိုချလိုက်ပြီး ယင်ရှန်းအိမ်ယာ၏ logoကို တစ်ချက်ကြည့်လိုက်သည်။
“ဒါက...ကျုံ မိသားစု ပိုင်တာလား
မန်နေဂျာက ပြုံးပြီးပြောခဲ့သည်။
“အို ……ဟုတ်တယ်ဗျ”
ကျုံမိသားစုက သည် ဟိုင်မြို့ တွင် အချမ်းသာဆုံးမိသားစုဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် စီးပွားရေးလုပ်ငန်းကို လွှမ်းခြုံထားသည်။ ဥပမာအားဖြင့်၊ ကျုံချင်းယွီ သည် ရန်ရှိကို မနေ့က အလည်အပတ် ခေါ်ဆောင်သွားသော ဟုန်ရွေ့ ကုန်တိုက်သည်ကျုံမိသားစု၏ ပိုင်ဆိုင်မှုဖြစ်သည်။ ဆုလင်းလင်း နှင့် ရဲ့လော့ယီတို့ နေထိုင်သည့် ချမ်းသာသော ရပ်ကွက်သည်လည်း ကျုံမိသားစုမှ စတင်ထူထောင်ခဲ့ခြင်းသည်။
ကျူံမိသားစု၏ ကြီးမားသောစီးပွားရေးလုပ်ငန်းစုများထဲမှ လူသိများသော ပရောဂျက်များတွင် စီးပွားရေးဆိုင်ရာ ရပ်ကွက်များ၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဟိုတယ်များ ပါဝင်သည်။ ယန်ရှင်းအိမ်ယာ ကဲ့သို့သော ကိုယ်ပိုင်စားသောက်ဆိုင်လေးသည် သူတို့၏ကြီးကြီးမားမားအစီအစဉ်တွင် အရေးမပါကြောင်းနှင့် ကျုံမိသားစုဝင်တစ်ဦးမှ ပေါ့ပေါ့ပါးပါးရင်းနှီးမြှုပ်နှံမှုတစ်ခုမျှသာ ဖြစ်နိုင်သည်။
ထို့အပြင် ယန်ရှန်းအိမ်ယာသည် အချိန်အတော်ကြာ မဖွင့်ရသေးသောကြောင့် ကျုံမိသားစုနှင့် သူတို့၏ ဆက်စပ်မှုကို လူအနည်းငယ်မျှသာ သိသည်။
ဤအရာအား သဘောပေါက်သွားသော ဆုလင်းလင်းသည် တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်၊ အထူးသဖြင့် ကြားနေကြည့်ရှုသူများသည် ဤရယ်စရာကောင်းသောလှည့်ကွက်ကို တွေ့ရှိခဲ့ကြရသည်။
[ရဲ့လော့ယွီရဲ့ ပရိသတ်တွေကလည်း ကျုံချင်းယွီကို အထူးအခွင့်အရေးရလို့ လှောင်ပြောင်ခဲ့သေးတယ်၊ မန်နေဂျာကလည်း ဘာအခွင့်အရေးလဲမသိတော့ အလုပ်ထုတ်မခံချင်ခဲ့ဘူး]
[ဟာသတစ်ခုပြောရရင်- သူဌေးက သူတို့ဝန်ထမ်းကို အစားအသောက်ပို့ပေးဖို့တောင်းဆိုပေမယ့် ဖောက်သည်က ခွင့်မပြုဘူး]
[ဆုလင်းလင်းက နှစ်ဆပေးမယ်တောင် ပြောခဲ့တာမဟုတ်လား၊ ဒါပြီးရင် ယန်ရှန်းအိမ်ယာကို နှစ်ဆပေးဝယ်ပါဆို သူဘာဖြေမလဲသိချင်တယ်၊ ငွေသားနဲ့ပေးမှာလား]
[ကျုံချင်းယွီက တကယ်တော့ ယန်ရှန်းအိမ်ယာရဲ့ ပိုင်ရှင်မလား၊ အစားအသောက်အတွက် ရင်းနှီးမြုပ်နှံခဲ့မှန်း မသိခဲ့ဘူး]
[ အဓိကကတော့ သူမက သူမရဲ့ ပရိသတ်တွေကို မပြောခဲ့သလို သူတို့ကို အသုံးချပြီး အမြတ်မထုတ်ခဲ့တာလည်း ဖြစ်နိုင်တယ်၊ အခုနောက်ပိုင်း နာမည်ကြီးတွေ တော်တော်များများက ပရိတ်သတ်တွေကို အစားအစာ အလကားကျွေးဖို့ စားသောက်ဆိုင်တွေ ဖွင့်ကြတယ်၊ ကြက်ကြော်တစ်ခုကို ယွမ်100? မင်းငါ့ကို နောက်နေတာလား]
[ကျူံချင်းယွီက သူ့ပရိသတ်တွေကို အမြတ် ထုတ်ချင်နေရင်တောင် သူတို့က မတတ်နိုင်ဘူး၊ မနက်စာအတွက်တောင် 1999 ယွမ် ကျသင့်တာ ဒါတောင်လူတစ်ယောက်စာနော်၊ အရမ်းစျေးကြီးလွန်းတယ်]
[သူမ အခြားနာမည်ကြီးတဲ့လူတွေရဲ့ ပိုက်ဆံကိုပဲ ပစ်မှတ်ထားသင့်တယ်]
မနက်စာစားပြီးသည့် အချိန်လေးတွင် “အတူတူခရီးသွားကြစို့ တီဗီအစီအစဉ်”၏
တိုက်ရိုက်ထုတ်လွှင့်မှုဟာ စစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“အတူတူခရီးသွားကြစို့ တီဗီအစီအစဥ်”၏ အကြီးအကဲ ဒါရိုက်တာယွီ သည် ပြပွဲအဖွင့် အဆင့်သတ်မှတ်ချက်အတွက် အတော်လေး ကျေနပ်နေခဲ့သည်။ ရသစုံရှိုးများသည် ထုတ်လုပ်ရေးအဖွဲ့အပေါ်သာမက ဧည့်သည်များအပေါ်တွင်လည်း မူတည်သည်။ ဧည့်သည်အချို့သည်လည်း ဒွရမ်မာဆန်ရန် လိုအပ်သေးသည်။မဟုတ်လျှင် ပေါ့ပေါ့ပါးပါး ရသစုံရှိုးပွဲ၏ အဓိပ္ပါယ်မှာ အရသာမရှိဖြစ်သွားလိမ့်မည်။
အရှုပ်တော်ပုံအဆင့် ကပ်ဘေးသို့ မရောက်သရွေ့ ဒါရိုက်တာယွီ သည် ဧည့်သည်များကို စိတ်လှုပ်ရှားအောင် နှိုးဆော်ထားရန် စိတ်မ၀င်စားခဲ့ပေ။
ပေယွဲ့ပိုင်သည် ရဲ့လော့ယွီကို ဧည့်သည်အဖြစ် အစားထိုးရန် အကြံပြုသောအခါ ဒါရိုက်တာယွီက ငြင်းဆိုခြင်းမရှိပေ။ ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့ အတူတကွ ပေါ်ထွက်လာချိန်ထပ် ရဲ့လော့ယွီနှင့် ကျုံချင်းယွီ တို့သည် ဒရာမာကို ပို၍ပင် ဖန်တီးကြလိမ့်မည်မှာ ထင်ရှားသည်။
ပြိုင်ဖက်များ ဆုံသောအခါ မီးပွားများ ပျံံ့နှံ့တတ်သည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့စဥ်အချိန်တွင်တောင် တိုက်ရိုက်ထုတ်လွှင့်မှုက ဖရိုဖရဲဖြစ်နေလေသည်။ လေဆိပ်မှာထပ်ဆုံလျှင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမည်နည်း။
ထို့အပြင် ရဲ့လော့ယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှု သည် ထိပ်ဆုံးနေရာအား အစဉ်အမြဲ သိမ်းပိုက်ထားသည်။ ဖျော်ဖြေရေးနယ်ပယ်မှ တက်လာသော ကြယ်ပွင့်တစ်ယောက်အနေနှင့် သူမ၏ ပရိသတ်အခိုင်အမာရရှိထားသည့် ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
ကျုံချင်းယွီသည် အရှုပ်တော်ပုံများဖြင့် ဝန်းရံထားသော်လည်း သူမ၏ ကြည့်ရှုမှုမှာ တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ သူမသည် လက်ရှိတွင် တတိယနေရာ၌ ရှိနေသော်လည်း ဒုတိယနေရာနှင့် ကွာဟချက်မှာ မကွာလှပေ။
ယခုအခါ ဧည့်သည်အဖွဲ့ လေးဖွဲ့စလုံး ထွက်ခွာသွားကြပြီး သူတို့၏ ပထမဆုံး အစည်းအဝေးအတွက် လေဆိပ်သို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။
ဒါရိုက်တာယွီသည် စိတ်လှုပ်ရှားနေမှုကို မထိန်းနိုင်ခဲ့ပေ။Sနိုင်ငံသို့ မရောက်ရှိမီ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခြင်းသည် မှန်ကန်သော လှုပ်ရှားမှုဖြစ်ပုံရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အင်တာနက်သုံးစွဲသူများကြား၌ စိတ်လှုပ်ရှားနေကြသည့် အတိုင်းထက်အလွန်များပြားလိမ့်မည်။
ကျုံချင်းယွီ နှင့် ရဲ့လော့ယွီ တို့ တွေ့ဆုံပြီးသည်နှင့် မြင်ကွင်းသည် ပို၍ပင် ပြင်းထန်လာလိမ့်မည်။