Chapter 36.3
ကျန်းရှို့နှင့်တာရှန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်က သူတို့ကြားရှိအခြေအနေကို မြင်နေရသည်။ ဖုန်းရှောင်ကျစ်နှင့် မင်ကောအာက တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေသည်။ သူတို့နှစ်ယောက်အတူရှိမှာကို သူတို့မြင်ချင်သည်။ မင်ကောအာက အားလင်းအတွက် ပထွေးမရှာချင်ဘူးလို့ ဆက်တိုက်ပြောနေသော်လည်း ဖုန်းရှောင်ကျစ်က အားလင်းကို ဂရုစိုက်တာမြင်နိုင်လေသည်။
ယခု သူ့သံသယများကို အတည်ပြုပြီးသည့် ဆိုင်ရှင်ချီက မျက်လုံးလှိမ့်လိုက်ပေမယ့် နောက်ကွယ်ကအမှန်တရားကို သိသွားခဲ့သည်။ သူက နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့သည်။ ဖူမန်ထန်ကတော့ ငါတို့စောင့်ကြည့်တာပေါ့!
တစ်ဖက်တွင် အောင်သွယ်တော်ဟွားက သူ့ကို စိတ်မချမ်းမသာဖြစ်အောင် နှောင့်ယှက်နေသော လူကိုကြည့်လိုက်သည်။ သူက ဒေါသထွက်လွန်းတာကြောင့် ထိုလူ၏စကားတစ်ဝက်ကိုသာ နားထောင်နိုင်ခဲ့သည်။ သူက လီဖုန်းကို ပစ္စည်းပို့သမားလို့သာ ထင်ခဲ့သည်။ လက်ကိုင်ပုဝါကို ခါယမ်းပြီး သူက ထန်ဖူလန်၏အာရုံကို အမြန်ပြန်ဆွဲခေါ်ကာ ဆိုင်ရှင်လီကို အတင်းကာရော ချီးကျူးလိုက်သည်။ “ဖူမန်ထန်က မြို့ပေါ်က ကျင်းစားသောက်ဆိုင်နဲ့ပဲ ယှဥ်လို့ရတာ။” ဆိုင်ရှင်ချီသာမရှိလျှင် သူက သေချာပေါက် ကွဲပြားသောစကားကိုပြောမည်ဖြစ်ပြီး ဖူမန်ထန်က ကမ္ဘာပေါ်က အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည်ဟု ချီးကျူးမှာပင်။
“အိမ်ကြီးကလည်း ဧည့်သည်တွေနဲ့ အမြဲပြည့်နေပြီး ဆိုင်ရှင်လီက ဖူမန်ထန်ကိုလည်ပတ်ပြီး ငွေအများကြီးစုဆောင်းနိုင်ခဲ့တာ။ အိမ်ထဲမှာလည်း အစေခံအပြည့်ပဲ။ ဒီလိုဆိုရင် မင်းလက်ထပ်တဲ့အခါ ဘဝကောင်းမှာ အဆင်သင့်နေရုံပဲ။ ထန်ဖူလန်သဘောတူရင် လက်ထပ်ပြီးတာနဲ့ အိမ်ထောင်ဦးစီးပါ ဖြစ်ခွင့်ပေးမှာပါ။ ပြီးရင်တော့ ထန်ဖူလန်က ဆိုင်ရှင်လီအတွက် သားလေးတစ်ယောက်မွေးပေးပြီး လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက မင်းရဲ့သားအတွက်ပဲ ဖြစ်လာမှာ။”
လီဖုန်းက လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။ ထန်ချွန်းမင်ကတော့ စိတ်မရှည်ဖြစ်နေသည်။ သူက သူ့ကို အိမ်ထဲဝင်ခွင့်ပြုခဲ့ပေမယ့် ထိုစကားတွေက်ိုတော့ မကြားချင်ခဲ့ပေ။ သူက ထိုစကားကြားတော့ စိုးထိတ်သွားခဲ့သည်။ တစ်ဖက်လူက ထိုသို့လုပ်နိုင်မယ် မထင်ထား၍ သူက လက်ပြကာ နှောင့်ယှက်လိုက်ရသည်။ ထန်ချွန်းမင်က မေးလိုက်သည်။ “တစ်ခုလောက်မေးပါရစေဦး… ဆိုင်ရှင်လီက ကျွန်တော့်နေရာကိုဘယ်လိုသိတာလဲ? သူက ကျွန်တော့်ပုံစံကိုတောင် မသိဘူးမလား?”
သူက အောင်သွယ်တော်ဟွားကို လှောင်ပြောင်သောမျက်လုံးဖြင့် ကြည့်လိုက်သည်။ အောင်သွယ်တော်ဟွားက လျှာလိပ်သွားသည်။ သူက တစ်ခုခုပြောပြီး ငြင်းမလို့လုပ်စဥ် ထန်ချွန်းမင် ထပ်ပြောတာကို ကြားလိုက်ရသည်။ “ဖျင်ရှန်ရွာကို ရောက်လာပြီး ခင်ဗျားက ကျွန်တော့်လမ်းတောင်မသိဘူး။ ဒါတောင် ကျွန်တော့်ကိုသိတယ်လို့ ပြောရဲသေးတယ်ပေါ့။” သူပြောပြီးနောက် သူက ဆိုင်ရှင်ချီကို တစ်ချက်ကြည့်လိုက်သည်။ ဤသတင်းက မြို့ပေါ်မှ ေပေါက်ကြားခဲ့တာဖြစ်မည်။ “ကျွန်တော်သိချင်လို့ပါ… ဒီအိမ်ထောင်ရေးအစီအစဥ်က ဆိုင်ရှင်လီကိုယ်တိုင်လုပ်ခိုင်းတာလား? ဒါမှမဟုတ် သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်က ပြောခိုင်းတာလား?”
“ဒါက….” အောင်သွယ်တော်၏မျက်လုံးက တခဏမျှရှောင်လွှဲသွားပြီး ထန်ချွန်းမင်က သူ့ခန့်မှန်းတာမှန်နေကြောင်းသိလိုက်သည်။ သူက ထိုအောင်သွယ်တော်၏စကားများကို နားမထောင်ချင်တော့ပေ။ ယင်းမှာ ရွံစရာကောင်းလွန်းလှသည်။ သူက ဧည့်သည်ကိုပြန်ပို့ဖို့ မတ်တပ်ထရပ်ကာပြောလိုက်၏။ “ပြန်ပါတော့… ဒီကိစ္စနောက်ကွယ်က လူတွေကိုပြန်ပြောလိုက်ပါ။ ကျွန်တော်ဆိုတဲ့ ထန်ချွန်းမင်က လူတွေကို ကျွန်တော့်အိမ်ထဲဝင်ပြီး လုပ်ကြံခွင့်ပေးမှာမဟုတ်ဘူးလို့…. စီးပွားရေးဆိုတာ ရိုးသားဖို့လိုပေမယ့် ဒီနည်းလမ်းက အတော်လေးရွံဖို့ကောင်းတယ်…ဒါကြောင့် ထွက်သွားပါတော့။”
“မင်း… မင်းက လူကောင်းတွေကို ဘာလို့နားမလည်နိုင်ရတာလဲ? ကလေးရှိတဲ့ကောတစ်ယောက်က ဘယ်လောက်ထိကောင်းတဲ့ မိသားစုကို ရှာလို့ရမှာမို့လဲ? ဆိုင်ရှင်လီက မင်းကို ကလေးခေါ်လာခွင့်ပေးပြီး အမြင့်မှာထားဖို့တွေးထားတာ။ မဟုတ်ရင် နိုင်ငံအနှံ့က လူတွေကိုပဲကြည့်လိုက်။ သားတစ်ယောက်ရှိတဲ့ ဘယ်ကောအာကများ မိသားစုကောင်းတစ်ခုကို ဝင်ခွင့်ရလို့လဲ?” အောင်သွယ်တော်ဟွားက ဤကျေးလက်ဒေသကို ရောက်လာစဥ် သူက တခြားသူများ၏ ချီးကျူးခံခဲ့ရပေမယ့် ယနေ့မှာတော့ အရာအားလုံးက လွဲချော်နေခဲ့၍ သူ ဒေါသထွက်သွားခဲ့သည်။
“ရှောင်ဟွာ….” ထန်ချွန်းမင်က ဒေါသူပုန်ထပြီး ရှောင်ဟွာကို လူနှင်ဖို့ အမိန့်ပေးခဲ့သည်။
သို့သော် သူ့ထက် မြန်နေသော လူတစ်ယောက်ရှိခဲ့သည်။ သူက ရှေ့တစ်လှမ်းတိုးကာ ပေါင်နှစ်ရာနီးပါးရှိသော အောင်သွယ်တော်ဟွားကို ကောက်ချီလိုက်သည်။ သူက သူ့ကို အလွယ်တကူချီမပြီး အပြင်ကို လျှောက်ထွက်သွားခဲ့သည်။ ခြံတံခါးက အစတည်းက မပိတ်ထားပေ။ လူတွေက တံခါးဝမှာ စုဝေးနေပြီး လူစုမခွဲသေးပေ။ ခဏအကြာတွင် လီဖုန်းက အပြင်ပြန်ထွက်လာပေမယ့် သူ တံခါးအပြင်မထွက်နိုင်ခင်မှာ ရေဘောလုံးတစ်လုံးက အပြင်ကို လွှင့်ပစ်ခံလိုက်ရပြီး ထိုရေဘောလုံးက အသတ်ခံရသော ဝက်တစ်ကောင်လို အော်ဟစ်လိုက်လေသည်။
“အို… ဒါက ခုနတုန်းက အထဲဝင်သွားတဲ့ အောင်သွယ်တော်မဟုတ်ဘူးလား? ဘာဖြစ်သွားတာလဲ? သူဘာလို့ လွှင့်ပစ်ခံလိုက်ရတာလဲ?”
“မင်း လူသတ်နေတာပဲ! ဒီလူက ငါ့ကို ဒီလိုလုပ်ရဲတယ်။ ဖျင်ရှန်ရွာမှာ မင်းကိုနိုင်တဲ့သူတစ်ယောက်မှမရှိဘူးလား?” အောင်သွယ်တော်ဟွားက အဆုတ်ကွဲမတတ် အော်လိုက်လေသည်။
သို့သော် ဘယ်သူကမှ သူပြောတာကိုလက်မခံပေ။ လူသန်ကြီးယွိမုက အလွန်ကျွမ်းကျင်တယ်လို့ သူတို့ထင်ခဲ့သော်ငြား ယနေ့မှာ ဖုန်းရှောင်ကျစ်က ထိုလူကို အသာလေးချီပြီး လွှင့်ပစ်နိုင်ခဲ့သည်။ ယင်းက လီဖုန်း၏အိမ်နံရံကို ကန်ခဲ့သော ယွိမုအား သတိရသွားစေခဲ့သည်။ အပေါက်ဖြစ်သွားခဲ့သည့် လက်သီးတစ်ချက်ကြောင့် သူတို့က ဖုန်းရှောင်ကျစ်ကို လျှော့တွက်ခဲ့မိသည်။
“ခင်ဗျားကိုနောက်တစ်ခါမတွေ့ရစေနဲ့။ မဟုတ်ရင် မြင်တာနဲ့ ကိုင်ပေါက်ပစ်မယ်။ ဒီကထွက်သွားတော့!” လီဖုန်းက အေးစက်စက်ခြိမ်းခြောက်လိုက်သည်။
အေးစက်သောမျက်လုံးများက အောင်သွယ်တော်အား မအော်နိုင်သည့်အဆင့်သို့ တွန်းပို့ခဲ့သည်။ ဤလူက နတ်ဆိုးဖြစ်၏။ သူကလှည်းပေါ်အမြန်တက်ကာ လှည်းသမားကို အမြန်မောင်းဖို့ ပြောလိုက်ရသည်။ သူ အဝေးရောက်သွားမှ လှည့်ပြောလိုက်သည်။ “မင်းကိုယ်မင်းပြန်ကြည့်ပါဦး? ရို့ကျိုးသလိုဟန်ဆောင်ပြီး ကောင်းကင်ကကျလာတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်နေတယ်။ ဒီလူက မုဆိုးဖိုဖြစ်ဖို့ပဲတန်တယ်!” သူက အိမ်ပြန်ရောက်လျှင် ထိုမိသားစုကို ဘယ်လိုအပုပ်ချရမလဲ တွေးနေခဲ့သည်။
အိမ်ထောင်ပြုဖို့ ကမ်းလှမ်းတာက သူ့ကြောင့် ပျက်သွားတာမဟုတ်ပဲ ဤမိသားစုကြောင့်ဖြစ်သည်။ ထိုကောက အသိဉာဏ်နည်းလွန်းသည်။ သူ ထိုသို့တွေးနေပေမယ့်လည်း ပျံထွက်သွားသည့် ပိုက်ဆံတွေအတွက် ကြေကွဲနေဆဲပင်။ ကံဆိုးစွာပင် သူက ထန်ချွန်းမင်ကို ပိုမုန်းလာပြီး ကျိန်ဆဲလိုက်သည်။ ဒီလိုလျှာစောင်းထက်ပုံနဲ့ အနာဂတ်မှာ ဘယ်လိုယောကျာ်းရှာတွေ့နိုင်တော့မလဲ? ဘယ်သူက ဒီလိုကောကို လက်ထပ်ရဲမှာလဲ?
လီဖုန်းက ထန်ချွန်းမင်၏အိမ်ထဲ ပြန်ဝင်သွားပြန်သည်။ အပြင်လူတွေက ထိုအကြောင်းကို ပြောနေဆဲပင်။ သူတို့က လီဖုန်း၏အတွေးကို မမြင်နိုင်လျှင် သူတို့ဘဝက အချည်းအနှီးဖြစ်သွားပေမည်။
အရင်က ရွာမှာ ကောလာဟလတွေရှိခဲ့သော်လည်း လူအများက မယုံခဲ့ကြပေ။ ဖုန်းရှောင်ကျစ်က မငယ်ပေမယ့် သူက လူလွတ်တစ်ယောက်ဖြစ်သည်။ သူက မင်ကောအာကို ဘာကြောင့် သဘောကျပြီး လက်ထပ်ချင်နေရတာလဲ? သို့ပေမယ့် ဤမြင်ကွင်းက သူ့အတွေးများကို ထုတ်ဖော်ပေးခဲ့သည်။
ထန်ချွန်းမင် မျှော်လင့်ထားသလိုပင် ယနေ့အဖြစ်အပျက်က အတိတ်ကကောလာဟလများကို အတည်ပြုပေးခဲ့သည်။ ယခုကစပြီး ရှန်းမိသားစုနှင့် ကျောက်မိသားစုကြားက အိမ်ထောင်ရေးက လူတိုင်း၏သိချင်စိတ်ကို ရပ်တန့်နိုင်တော့မည်မဟုတ်ပေ။
သို့ပေမယ့် လီဖုန်း ခြံထဲပြန်ဝင်လာသောအခါ ထန်ချွန်းမင်က သူ့ကိုလျစ်လျူရှုပြီး ဆိုင်ရှင်ချီကိုသာ ကြည့်နေသည်။ ဒါက သူရှာခဲ့တဲ့ပြဿနာပဲ….
ဆိုင်ရှင်ချီက အရှက်ရနေခဲ့သည်။ သူ ယနေ့အများကြီးကြုံတွေ့ခဲ့ရသည်။ ကောတစ်ယောက်က အောင်သွယ်တော်ကို တစ်ယောက်တည်းဖြေရှင်းခဲ့ပြီး သူကတော့ ပြောစရာစကားပျောက်ရှနေခဲ့သည်။ တခြားလူတွေရဲ့ကောများက ဤအခြေအနေဖြင့် သူတို့ဘဝကိုမရှင်သန်နိုင်တာ မဆန်းတော့ပေ။ သူ့နေရက်များက ပိုကောင်းလာပြီး တာဟူရှိစဥ်ကထက် ပိုအဆင်ပြေနေသည်။ တာဟူက ရူးမိုက်ပြီး မိဘကိုသာ သိတတ်သည့် လူတစ်ယောက်ဖြစ်မှန်း ထန်ချွန်းမင်မသိခဲ့၍ အရင်တုန်းက အမှားလုပ်ခဲ့မိခြင်းဖြစ်၏။
“စိတ်မပူပါနဲ့…ထန်ဖူလန်… ငါဒါကိုဖြေရှင်းပြီး ပြန်ရောက်တာနဲ့ မင်းကိုရှင်းပြပါ့မယ်။ ထန်ဖူလန်က ငါတို့ကျင်းကျိကို ဒီအတွက်နဲ့ အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်။”
“ကောင်းပါပြီ။ ဆိုင်ရှင်ချန်ဆီက ရလဒ်ကိုစောင့်နေပါမယ်။ အဲ့လိုရွံစရာကောင်းတဲ့လူကို ကျွန်တော့်အိမ် ထပ်မလာစေချင်ဘူး။” ထန်ချွန်းမင်က လက်ယမ်းပြသည်။ သူက ကျိုးကြောင်းသင့်သူမဟုတ်လို့ သတင်းမထွက်ခင် အချိန်တစ်ခုသာလိုမှန်းသိသည်။ ယင်းက မျှော်လင့်ထားသည်ထက် အနည်းငယ်စော၍ပေါ်လာပြီး ရွံစရာကောင်းလှသည်။ ထိုအောင်သွယ်တော်၏မျက်နှာက ကြီးကြီးမားမားအမြတ်ရခဲ့သလိုပင်။ သူ့စကားနားထောင်ပြီးလျှင် ကလေးရှိသော ကောများက ထိုအယုတ်တမာများကို ရွေးချယ််မိသွားလိမ့်မည်။ တကယ်ပါပဲ! သူက လက်မထပ်ရသေးသည့် လူလွတ်ကောအာတိုင်း မနာလိုဖြစ်ကြမည့် ယောကျာ်းတစ်ယောက်ကိုသာ ရှာလိုသည်။
ထိုအကြောင်းတွေးလိုက်တော့ သူ့မျက်ဝန်းက လီဖုန်းထံသို့ရောက်သွားသည်။ မင်း နောက်တစ်ကြိမ် စဥ်းစားကြည့်ဦးမလား?
လီဖုန်းက ရင်ခုန်သွားသည်။ ဒီလျှာစောင်းထက်တဲ့ ကောလေးက ဘာလုပ်ဖို့ကြံနေတာလဲ? သူဒီနေ့ ကောင်းကောင်းမလုပ်ပြခဲ့လို့လား?
ဆိုင်ရှင်ချီက မပြန်ခင် ထန်ချွန်းမင်ကို တစ်ခုခုပြောသွားခဲ့သည်။ “ဖူမန်တန်က ငါတို့ကျင်းကျိနဲ့ ပြဿနာတက်ဖူးလို့ ငါက သူတို့မကောင်းကြောင်းပြောနေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီလူက လူကောင်းမဟုတ်ဘူး။ သူက သူ့ဇနီးကို သေအောင်နှိပ်စက်ခဲ့တာလို့ပြောကြတယ်။” သူက ဒေါသထွက်လွန်းလို့ အကုန်ပြောချလိုက်သည်။ သခင်လေးက လီမိသားစုကို အများကြီးဒုက္ခပေးပြီးပြီဖြစ်၏။ ထန်ချွန်းမင်က ကလေးနှစ်ယောက်ရှိသော်လည်း သူ့အမြင်မှာတော့ သူက ကြည့်ကောင်းပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ ကျွမ်းကျင်သည်။ သူက စားဝတ်နေရေးကိုလည်း စိတ်ပူစရာမလိုပေ။ ဒီတော့ ဒီလိုလူမျိုးက အိမ်ထောင်ပြုပြီး ကိုယ့်ဒုက္ခကိုယ်ရှာစရာလိုလို့လား?
ထန်ချွန်းမင်က နောက်တစ်ကြိမ် ရွံရှာသွားပြီး လီဖုန်းက ထိုအောင်သွယ်တော်ကို အတော်လေးသက်ညှာပေးလိုက်တယ်လို့ တွေးမိသွားသည်။ သူသာ စောစောသိခဲ့လျှင် ရှောင်ဟွာကို ပြေးကိုက်ဖို့ အမိန့်ပေးလိုက်မှာပင်။
“ဒါက ဒေါသထွက်စရာပဲ! ကျန်းရှို့က ဒေါသထွက်သွားသည်။
ထန်ချွန်းမင်က နောက်ပြန်လှည့်လိုက်ပြီး လီဖုန်း၏ပေါင်ပေါ်မှာ လီဖုန်းအား ချစ်ခင်ယုယစွာ စကားပြောနေသော အားလင်းကိုတွေ့လိုက်ရသည်။ လီဖုန်း၏မျက်ဝန်းက အလွန်ပျော့ပျောင်းနေသည်။ အာမောင်းကလည်း လီဖုန်းအနားမှာရှိပြီး တာမောင်း၏မျက်လုံးထဲမှာလည်း လေးစားမှုကိုပြနေသည်။ လှုပ်ရှားမှုတစ်ခုဖြင့် သူဟာ ဤကလေးများ၏နှလုံးသားကို အပိုင်ရခဲ့သည်။
“ဦးလေးဖုန်း…အဲဲဒီမြင်းကြီးက ဦးလေးပိုင်တာလား? နောက်ကျရင် မြင်းစီးသင်ပေးပါလား?” ယခုချိန်တွင် အာမောင်းက ဦးလေးဖုန်း၏အပြုအမူကို တကယ်မိုက်ပြီး ခန့်ညားတယ်လို့ ခံစားရသည်။ သူက အပြင်ကမြင်းလိုပင် အထင်ကြီးနေ၏။ လီဖုန်းက အာမောင်း၏ အတွင်းစိတ်ကို ကြားနိုင်မယ်ဆိုလျှင် သူဟာ အောင်သွယ်တော်လိုပင် ဆက်ဆံခံရလောက်သည်။
“မြင်းကြီးစီးမယ်!” အားလင်းကလည်း ဝင်ပြောလိုက်ပြီး သူ့မျက်ဝန်းက တောက်ပနေသည်။ ဦးလေးဖုန်းက အင်မတန်အစွမ်းထက်ပြီး သူက ယခုလေးတင် လူဆိုးတွေကို နှင်ထုတ်ခဲ့သည်။ သူ့အားမူကလွဲရင် အားလင်းက ဦးလေးဖုန်းကို အကြိုက်ဆုံးဖြစ်သည်။
“ဟုတ်ပါပြီ… ဦးလေးဖုန်းက အားလင်းကို မြင်းစီးဖို့ခေါ်သွားပေးမယ်။” သူ ထန်ချွန်းမင်ကို တစ်ချက်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ မူမမှန်သည့် အမူအရာကို မတွေ့ခဲ့ရပေ။ သူက အားလင်းကို ပခုံးပေါ်တင်ပြီး မြင်းကြီးကြည့်ဖို့ ခေါ်သွားခဲ့သည်။ မင်ကောအာက သူ့ကလေးကို ဘယ်လောက်ချစ်လဲဆိုတာ သိသဖြင့် သူကလည်း ကလေးကို ချစ်ပေးမည်ဖြစ်သည်။
တာရှန်နှင့် တခြားသူတွေထွက်သွားတော့ ကျန်းရှို့က ရယ်မောလိုက်ပြီး ထန်ချွန်းမင်၏ပခုံးကို ပုတ်လိုက်သည်။ “မင်းကျေနပ်ပြီလား? သူက တော်တော်ကောင်းတယ်လို့ ငါထင်တယ်။ သူက အားလင်းကိုလည်း သဘောကျတယ်။”
ထန်ချွန်းမင်က ကျန်းရှို့ကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းရှို့က ထန်ချွန်းမင်ရှက်နေတယ်ထင်ပြီး စကားဆက်မပြောတော့ပေမယ့် တခြားကိစ္စတစ်ခုကို ပြောလိုက်သည်။ “သူတို့ မြင်းကြီးအကြောင်းပြောမှပဲ သတိရတယ်။ အပြင်ကမြင်းကြီးက လီဖုန်းပိုင်တာလား? မြင်းကကောင်းမယ့်ပုံပဲ။ ဒါပေမယ့် ငွေအများကြီးကုန်ကျလိမ့်မယ်။ လီဖုန်းက ချမ်းသာတဲ့ပုံပဲ။ ရွာကလူတွေတော့ သေအောင်နောင်တရလိမ့်မယ်” တခြားမိသားစုအကြောင်း ထည့်မပြောလျှင်ပင် သူ့ဦးလေးဖြစ်သူကတော့ ဘယ်လောက်တောင် နောင်တရနေလိုက်မလဲ……