Chapter 41.2
အပြင်မှာ အလုပ်ပြီးတာနဲ့ လီဖုန်းက အိမ်ထဲပြန်ဝင်သွားသည်။ သူ့ကောအာလေး ပျင်းရိငြီးငွေ့စွာ ထိုင်နေတာကိုတွေ့တော့ သူက စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူက သူ့နားလျှောက်သွားကာ သူ့နဖူးကိုထိလိုက်သည်။ ထန်ချွန်းမင်က ခေါင်းစောင်းငဲ့လျက် ဖြေလိုက်သည်။ “ကျွန်တော်အဆင်ပြေပါတယ်… ပျင်းနေလို့ပါ။”
“ကောင်းပါပြီ … ခဏနေရင် ကိုယ်ငါးနှစ်ကောင်ဖမ်းပြီး ညစာချက်စားကြမယ်။” လီဖုန်းက စိတ်အေးသွားပြီး သူက သူ့ကော၏ဘေးမှာထိုင်ကာ သူ့လက်ကိုယူလိုက်သည်။ မကြာခဏ လယ်လုပ်ရတာကြောင့် သူ့ကော၏လက်က အနည်းငယ်ကြမ်းတမ်းသည်။ဒါပေါ့… လီဖုန်းက မကြိုက်တာတော့ လုံးဝမဟုတ်ပေ။ သူက သူ့ကောလေး၏လက်ကို တစ်နေကုန်မငြီးငွေ့ပဲ ကိုင်နေနိုင်သည်။
ထန်ချွန်းမင်က လီဖုန်း၏လက်ဖဝါးကြီးဖြင့် ကစားနေသည်။ သူ့ခန္ဓာကိုယ်က ပိန်ပါးပြီး လက်ဖဝါးကလည်း လီဖုန်းထက်သေးနေကာ သူ တကယ်ကို မနာလိုဖြစ်ရသည်။ သူကပြုံးကာပြောလိုက်သည်။ “အရမ်းမခက်ခဲသရွေ့ပေါ့… ခင်ဗျားမြစ်ထဲဆင်းရင် သတိထားပါ။ ခင်ဗျား ကျွန်တော့်ကို ဘာပြောချင်ခဲ့တာလဲ ကျွန်တော်နားထောင်နေတယ်။”
လီဖုန်းက အနည်းငယ်ရှက်သွားသော်လည်း သူက မျက်နှာပေါ်တွင် မပြခဲ့ပေ။ သူက သူ့ကောလေးကိုမော့ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။
သူက လေးနက်နေပေမယ့် ထန်ချွန်းမင်ကို ရယ်သွားစေသည်။ “မနက်ဖြန်မနက်စောစော ကျန်းရှန့်ရွာကို ပစ္စည်းနည်းနည်းယူသွားရင်ကောင်းမလားလို့။ ကိုယ်တို့ကိစ္စကို အရင်ရှင်းမလို့။ ကိုယ်တို့ ထန်မိသားစုကို အသိပေးထားတာ မဆိုးဘူးထင်တယ်။”
ပြောပြီးနောက် သူက သူ့ကောလေးလက်ခံပါ့မလား စိတ်လှုပ်ရှားနေသည်။ အောင်သွယ်တော်ရောက်လာကတည်းက သူက သူ့ကောလေးကို သူ့အပိုင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
အဓိကတစ်ချက်တော့လိုနေပေမယ့် သူက ထိုအရာကို ဘယ်လိုပြောရမလဲမသိပေ။ သူ့ကောက သူ့ကိုစဥ်းစားပေးမယ်ဆိုပြီး ရှန်းအားမော့အား ပြောထား၏။ သူက အားလင်းလက်ခံမလား လက်မခံဘူးလား မသိပေမယ့် ရွာလူကြီးပြောတာ အဓိပ္ပါယ်ရှိသည်။
သူ မင်ကောအာကို ရွေးချယ်ပြီးလျှင် မလိုလားအပ်သော ဖြစ်ရပ်များကိုရှောင်ဖို့ အောင်သွယ်တောင်တစ်ယောက်ကို ဖိတ်သင့်တယ်လို့ မနေ့ကအပြန်လမ်းမှာ သူ့ဦးလေးကပြောခဲ့သည်။
အထူးသဖြင့် လွင်တီးခေါင်တောင်ကုန်းတစ်ခုဝယ်ခဲ့တာဖြစ်၏။ သတင်းက ရွာမှာပျံ့သွားတာနဲ့ လီမိသားစုအပါအဝင် အားလုံးကစိတ်ဝင်စားလာပြီး သူနဲ့မင်ကောအာ၏ အိမ်ထောင်ရေးကို ဝင်စွက်ဖက်မှာစိုးရိမ်မိသည်။
သူ လီမိသားစုကိုမကြောက်သလို မင်ကောအာကလွဲ၍ ဘယ်သူ့ကိုမှစိတ်မဝင်စားပေ။ သို့ပေမယ့် ဤလူများက မင်ကောအာကို အနှောင့်ယှက်ပေးမှာ သူစိုးရိမ်သည်။ မင်ကောအာမှာ ကိုယ်ဝန်ရှိနေပြီး စိတ်အနှောင့်အယှက်ဖြစ်လို့မရပေ။ သူက နောင်တရစေမည့် ကိစ္စရပ်မျိုးဖြစ်လာမှာကို မလိုလားပေ။
ထို့ကြောင့် သူက ထိုလူများဘာမှမပြောနိုင်စေရန် သူတို့ဆက်ဆံရေးကို အမြန်ဆုံးတရားဝင်ဖြစ်စေချင်သည်။ သူနဲ့ မင်ကောအာ၏ဆက်ဆံရေးက မင်ကောအာ၏ ဂုဏ်သိက္ခာမပျက်စီးစေရန် တရားဝင်မှရမည်။
မင်ကောအာသဘောတူလျှင် အောင်သွယ်တော်ဖိတ်လို့ရသော်လည်း မင်ကောအာနှင့် သူ့မိထွေးမှာ အေးစက်သောဆက်ဆံရေးရှိပေမယ့် သူပြန်ရောက်လာတော့ မင်ကောအာမှာ ညီငယ်လေးနဲ့ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သူကြားခဲ့ရသည်။
သူ့မိထွေး ထိုနေ့က သူ့အတွက်ပြောပေးခဲ့ခြင်းမှာ နှစ်ယောက်ကြားက ဆက်ဆံရေးမဆိုးကြောင်း ပြသခဲ့သည်။ ထန်မိသားစုမှလူများကို ဖိတ်ခေါ်ခြင်းက မင်ကောအာ၏ဂုဏ်သိက္ခါကို ကာကွယ်ပေးပြီး သူ့ယုံကြည်မှုကိုလည်း တိုးစေလိမ့်မည်။
တခြားသူများ၏အမြင်၌ မွေးမိသားစုမရှိလျှင် ကောတစ်ယောက်က နှိမ်ချခံရမှာဖြစ်၏။ မင်ကောအာက ဂရုမစိုက်ပေမယ့်လည်း လီဖုန်းက မင်ကောအာကို မျက်နှာရစေချင်သည်။
ထန်ချွန်းမင်က ဤရက်များမှာ အလွန်ပျော်ရွှင်နေသည်။ အရင်ကဘာဖြစ်ခဲ့လဲ သူမသိသော်လည်း ယခုမူ သူ ဤလူကိုရွေးချယ်ခဲ့လို့ နောင်တမရပေ။
မိထွေးနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကူညီပေးလိုကြောင်း တွေ့လိုက်ရသောအခါဝယ် သူက လက်မခံပဲမနေနိုင်တော့ချေ။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်သော သတင်းက ထိုဘက်ကိုရောက်မှာဖြစ်၏။ သူ့ညီလေးအားရုံက အပြေးအလွှားလာမမေးခင် လီဖုန်းကိုယ်တိုင်သွားပြီး သူ့မိထွေးအား မျက်နှာပြလိုက်တာပိုကောင်းမည်။
သူ့မွေးဖခင်က လူရွေးတော်ပေမယ့် သူကတော့ အမျိုးသားရွေးချယ်ရာမှာ သူ့မိထွေးလောက်မတော်ပေ။ မဟုတ်ရင် သူက ကျောက်တာဟူကို ရွေးချယ်ခဲ့ပါ့မလား?
လီဖုန်း၏စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာဖြစ်မှုကိုတွေ့တော့ ထန်ချွန်းမင်က သူ့လက်ကိုဆွဲကာ သူ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “ကောင်းပြီ… ကျေးဇူးပြုပြီး ဖေဖေနဲ့ အားရုံဘာလုပ်နေလဲ သွားကြည့်ဖို့ကူညီပေးပါ”
“ဖေဖေ့မှာ လွယ်ကူတဲ့ဘဝမရှိခဲ့ဘူး။ သူက ကျွန်တော်နဲ့မရင်းနှီးပေမယ့် ဆိုးဆိုးရွားရွားမဆက်ဆံဖူးဘူး။ အားရုံကလည်း ကျွန်တော့်ကို အစ်ကိုလို့သတ်မှတ်ထားတာ။ ကျွန်တော့်ဘဝအဆင်ပြေလာတော့ ကျွန်တော်က ဖေဖေနဲ့ အားရုံကို ကူညီချင်တယ်။” ထန်ချွန်းမင်က လီဖုန်းအား သူ့အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သူတို့အနာဂတ်မှာ ပေါင်းစည်းဖြစ်ခဲ့လျှင် ရင်ထဲမှာအထုံးတစ်ခုမဖြစ်စေရန် ကြိုတင်ပြောပြခဲ့တာဖြစ်သည်။
“ဟီး….!” လီဖုန်းက ရုတ်တရက်ပြုံးလိုက်သည်။ မင်ကောအာ သဘောတူလိုက်တာလား? သူက သူ့ကိုလက်ထပ်ဖို့ လက်ခံလိုက်တယ်! မင်ကောအာ၏အခြေအနေကြောင့်သာမဟုတ်လျှင် လီဖုန်းက သူ့ကိုပွေ့ဖက်လိုက်ပြီဖြစ်၏။ ထောက်ပံ့တာနှင့်ပတ်သက်၍ သူက မင်ကောအာပြောသမျှလုပ်ပေးနိုင်သည်။ “ကိုယ်မင်းပြောတာနားထောင်ပါ့မယ်။ မနက်ဖြန်စောစောသွားလိုက်မယ်!”
“တုံးလိုက်တာ!”
“ဟီး….”
ထန်ချွန်းမင်:.....
ထန်ချွန်းမင်တွေးထားသလိုပင် ကောလာဟလက ကျန်းရှန့်ရွာကို ပျံ့သွားခဲ့သည်။ ဝမ်ယင်က စိတ်ဓာတ်သန်မာသူဖြစ်ပြီး သူက သူ့သားကို အိမ်တွင်းရော အိမ်ပြင်မှာပါ ကောင်းကောင်းပျိုးထောင်ထားသော်လည်း တချို့လူတွေကို သူဖြစ်နေ၍ သဘောမကျတာဖြစ်၏။
ဝမ်ယင်၏လင်ပါသား လက်ထပ်တော့မည့်အကြောင်းကြားသည်နှင့် မှန်မမှန်မစဥ်းစားပဲ ထိုလူတွေက ဇာတ်လမ်းတစ်ပုဒ်ချဲ့ထွင်ခဲ့ကြသည်။
ထန်ချွန်းမင်က မိဘတွေကို မသိတတ်ဘူးလို့ ပြောခဲ့သည်။ သူ့အိမ်ကိုရောက်လာသော အောင်သွယ်တော်ကလည်း ကန်ထုတ်ခံခဲ့ရသည်။ ဝမ်ယင်က သူ့လင်ပါသားအကြောင်း ဂရုမစိုက်သော်လည်း သူ့ဂုဏ်သတင်းပျက်ပြားသွားလျှင် အနီးနားကရွာများသည် ကျန်းရှန့်ရွာက ကောများကို မဟုတ်တာပြောကြလိမ့်မည်။
ဝမ်ယင်က အကျပ်ရိုက်နေသည်။ သူက သူ့လင်ပါသားကို ဘာပြောရမလဲမသိပေ။ သူ ယခင်က သူ့ဆီက ထူးခြားတာတစ်ခုခုကို သတိထားမိခဲ့သော်လည်း ယခုတော့ ပို၍ပင်ဆိုးနေလေသည်။
သူ့စိတ်နေစိတ််ထားက အိမ်မှာရှိနေစဥ်က ကောလိုပင် နာခံမှုသိပ်မရှိတော့ပေ။ ကိစ္စများက တစ်ခုပြီးတစ်ခုဖြစ်ပျက်နေသည်။ ဘယ်ကောက ကလေးလွယ်ထားရပြီး သဂြိုလ်ဝတ်ပြုနေချိန်မှာ ဂနာမငြိမ်ဖြစ်လို့လဲ?
သူ့သားမိုက်က သူ့အစ်ကိုအကြောင်းပဲ တစ်ချိန်လုံးတွေးနေသည်။ ကောလာဟလများကြားပြီးနောက် သူက ဖျင်ရှန်ရွာကိုပြေးသွားကာ ဘာတွေဖြစ်နေလဲ မေးချင်ခဲ့သည်။
သူ့အမြင်တွင် သူ့အစ်ကိုမမှားပေ။ ယင်းက ဖျင်ရှန်ရွာရှိလူတွေ သူ့အစ်ကိုကို ထပ်အနိုင်ကျင့်တာပဲဖြစ်ရမည်။ ကံအားလျော်စွာ ဝမ်ယင်က သူ့ကို စိတ်အေးအေးထားဖို့ ဖျောင်းဖျပြီး ကျောင်းပိတ်မှ သူ့အစ်ကိုဆီသွားဖို့ပြောခဲ့သည်။
လယ်ကွင်းထဲက ပေါင်းမြက်များကို ဆွဲနှုတ်ပြီးနောက် ဝမ်ယင်က နဖူးပေါ်ကချွေးကိုသုတ်လိုက်သည်။ သူ့သားလေးမှာ တောက်ပသောအနာဂတ်ရှိနေသရွေ့ သူ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်းလုပ်ရလည်း ကိစ္စမရှိပေ။
သားဖြစ်သူအဆိုပြုထားသော သဘောတူညီချက်ကြောင့် သူသည်လည်း စိတ်လှုပ်ရှားခဲ့သည်။ တကယ်တမ်းမှာ ယင်းက သူ့သား၏တောင်းဆိုမှုဖြစ်နေလို့ပင်။ စာမေးပွဲကျလို့ အိမ်ပြန်ပြီးလယ်စိုက်ရင် သူ သူ့သားကိုအပြစ်မြင်မှာမဟုတ်ပေ။ သူ့သားက သူ့အတွက်နာမည်ကောင်းတစ်ခု တည်ဆောက်ပေးချင်တာကိုသိရတော့ ဖခင်တစ်ယောက်အနေနဲ့ သူ စိတ်ပျော့သွားခဲ့သည်။ သူ့လုပ်သမျှက သူ့သားအတွက်သာဖြစ်သည်။
“ဝမ်အားမော့…. ပြန်လာတာစောနေပါလား?”
“အေ.. အားရုံက ကျောင်းသွားရမယ်။ ငါ သူ့အတွက် မနက်စာလုပ်ပေးရမှာမို့ ပြေးလာတာ။” ဝမ်ယင်က တက်တက်ကြွကြွဖြေသည်။
“ခင်ဗျားရဲ့ကောင်လေးက ဉာဏ်ကောင်းတယ်။ ခင်ဗျားအပြင်မှာအလုပ်ရှုပ်နေချိန် သူလည်းအိမ်မှာ ပျင်းရိမနေဘူးး။” အားရုံအလုပ်ကြိုးစားတာအားလုံးသိသည်။ စာနည်းနည်းလောက်ဖတ်ပြီး အိမ်အလုပ်လုပ်မလုပ်ချင်သည့် လူမျိုးမဟုတ်ပေ။
“မဟုတ်တာ.. အားရုံက သူ့အားမူဖြစ်တဲ့ ငါ့အတွက် စိတ်မကောင်းဖြစ်နေလို့ပါ။” တခြားသူတွေ သူ့သားကိုချီးကျူးနေလျှင် ဝမ်ယင်ပျော်သည်။
“ဝမ်အားမော့. .တစ်ယောက်တည်းကိုပဲဂရုစိုက်ပြီး နောက်တစ်ယောက်ကိုမေ့မထားပါနဲ့။ ပြီးတော့ အဲ့ဒီကလေးက အရင်ဇနီးချန်ထားခဲ့တဲ့တစ်ယောက်မလား။ အခုသူရှုပ်ထားတာတွေများတော့ အခုနေ ခင်ဗျားသူ့ကို သေချာဂရုမစိုက်ရင် သူနာမည်ပျက်သွားလိမ့်မယ်။”
သို့သော် တစ်စုံတစ်ယောက်က မတူညီသောသံဇဥ်ကို သီဆိုခဲ့ပြီး ဝမ်ယင်၏အနာကို တမင်တကာထိုးဆွခဲ့သည်။ အားရုံ၏ဖခင်က ဝမ်အားမော့ထက် အရင်ဇနီးကို ပိုသဘောကျတာ လူတိုင်းသိသည်။
“ဟင်း… ဘာဖြစ်နေလဲ အရင်စောင့်ကြည့်တာပေါ့… ဘာပဲဖြစ်ဖြစ် ငါပျိုးထောင်ခဲ့တဲ့ကလေးက မင်းပြောသလိုလုံးဝမဟုတ်ဘူး။ ဖျင်ရှန်ရွာမှာတောင် မိသားစုတိုင်း သူ့ကို ဝတ္တရားကျေလို့ ချီးကျူးနေတာ။”
ဝမ်ယင်က မကျေမနပ်ဖြေလိုက်သည်။ သူက တခြားသူများ၏ဝေဖန်မှုကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်နေပါစေ သူ့လင်ပါသားက ထန်မိသားစုဝင်ဖြစ်ပြီး တခြားသူတွေဝေဖန်ခွင့်မရှိပေ။
ပြီးတော့ မင်ကောအာက ဝတ္တရားမကျေပွန်ဘူးလို့ ဘယ်သူပြောရဲတာလဲ? စာရင်းစာအုပ်ထွက်လာတာတောင် အဲ့ဒီစကားပြောရဲတဲ့သူတွေက သူ့ကိုဆန့်ကျင်နေတဲ့သူတွေပဲ။ ဘယ်သူက မင်ကောအာထက် ပိုကောင်းနိုင်မှာလဲ?
“ဟုတ်တယ်… မင်ကောအာလက်မထပ်ခင်က ဘယ်သူက သူ့ကိုမချီးကျူးလို့လဲ? တစ်နေရာမှာနားလည်မှုလွဲနေတာဖြစ်မယ်။” ငြိမ်းချမ်းရေးသမားတစ်ယောက်က ဝင်ပြောသည်။
ဝမ်ယင်က စကားတစ်ခွန်းမှမပြောပဲ အိမ်သို့ဆက်လျှောက်သွားခဲ့သည်။ သူ လယ်ကွင်းတောင်ကြောမှာရှိနေစဥ် လူတစ်ယောက်က သူ့ဆီကိုပြေးလာခဲ့သည်။ “ဝမ်အားမော့…အိမ်မြန်မြန်ပြန်ပါ။ အားမော့တို့အိမ်မှာ ဧည့်သည်တွေရောက်နေတယ်။ သူတို့ကမြင်းကြီးနဲ့ ပစ္စည်းတွေအများကြီးသယ်လာတယ်။”
ဝမ်ယင်မှာ စူးရှသောမျက်လုံးများရှိပြီး သူ့ကိုလာခေါ်သူက အိမ်နီးချင်းမှန်းသိလိုက်သည်။ သူက ဘာတွေဖြစ်နေလဲမေးဖို့ အမြန်လျှောက်သွားလိုက်သည်။ ဘယ်သူက သူတို့အိမ်ကို မနက်စောစောရောက်လာတာလဲ? သူ့မှာ ချမ်းသာတဲ့ဆွေမျိုးတွေမရှိပါဘူး။
ဝမ်ယင်က ရှုပ်ထွေးနေရုံတင်မကပဲ ကြားလိုက်ရသော ရွာသားများပင် စပ်စုမိသွားသည်။ ဝမ်ယင်ထွက်သွားပြီးနောက် လူတိုင်းက ထိုအကြောင်းကိုပြောနေကြသည်။
“ထန်မိသားစုမှာ မြင်းစီးနိုင်တဲ့ဆွေမျိုးရှိလား?”
“သူ့မိသားစုရဲ့ အိမ်ထောင်ဦးစီး ဟိုအရင်က သိတဲ့လူများလား?”
“သူတို့က ဧည့်သည်တွေလို့ပဲပြောပြီး ဆွေမျိုးတွေလို့မပြောပါဘူး။ မင်းက ဝမ်ယင်ကိုဖားဖို့ စိတ်မရှည်တော့ဘူးလား?”
အစောပိုင်းက ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့သူက ဝမ်ယင်အဆင်ပြေသွားမှာကို မခံမရပ်နိုင်ဖြစ်နေ၏။
“ငါတို့က အပျော်ကြည့်မိရုံနဲ့ ဖားတယ်ဖြစ်သွားရောလား? ဒါဆိုလည်း မင်းမိသားစုနဲ့ စကားမပြောတော့ဘူးလေ….တော်ကြာ ဖားနေတယ်ဖြစ်ဦးမယ်။”
“အို…ငါနောင်မှာ မင်းကိုတွေ့ရင် ခပ်ဝေးဝေးနေမယ်။ ဒါမှ မင်းမိသားစုကို အမြတ်ထုတ်နေတယ်ဆိုပြီး စွပ်စွဲမခံရမှာ။”
ထိုလူက ဒေါသထွက်လွန်းလို့ မနက်အစောကြီး လယ်ကွင်းထဲက လူတွေကိုနှောင့်ယှက်နေသည်။
တခြားသူများ၏လှောင်ပြောင်ခံရပြီးနောက် သူကစကားပြောတာကိုရပ်လိုက်ပြီး သူ့အလုပ်ကိုအာရုံစိုက်နေသည်။ ထန်မိသားစုမှဧည့်သည်အကြောင်းကိုတော့ သူပြန်ရောက်တာနဲ့ သေချာပေါက်သတင်းဖွမှာဖြစ်၏။
“ဝမ်ယင်က မင်ကောအာကို ချီးကျူးနေတယ်။ မင်ကောအာလက်ထပ်ပြီးကတည်းက သူ့မိထွေးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာကို လူတိုင်းသိတယ်။ လူတိုင်းက သူတို့မိသားစုကိစ္စတိုင်းကိုသိသည်။ ဝမ်ယင်က မင်ကောအာကို ကောင်းကောင်းဆက်ဆံတယ်ဆိုရင် မင်ကောအာက သူ့မိထွေးကိုလာတွေ့ရမှာမဟုတ်ဘူးလား?”
သို့ပေမယ့် ဘယ်သူကမှ သူ့ကိုအာရုံမစိုက်ပေ။ မိထွေးနဲ့လင်ပါသားအဆင်ပြေဖို့ခက်သည်။ ထို့အပြင် သူတို့နှစ်ယောက်ဆက်ဆံရေးမကောင်းတာ ဝမ်ယင်တစ်ယောက်တည်း၏တာဝန်မဟုတ်ပေ။
ဝမ်ယင်က မင်ကောအာလက်ထပ်တော့ ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ပါပေ။ ရွာထဲကမိထွေးအားလုံးက သူတို့ကလေးတွေကို ယခုလိုဆက်ဆံနိုင်ပါက တစ်ရွာလုံးအေးချမ်းနေမည်။
ဝမ်ယင်က အိမ်အမြန်ပြန်ပြီး သူက တံခါးဝတွင် အရပ်ရှည်ရှည် ခမ်းနားကြီးကျယ်သော မြင်းတစ်ကောင်ကိုတွေ့လိုက်ရပြီး အပျော်တမ်းကြည့်နေသော ကလေးများလည်းရှိနေ၏။ သို့သော် လူကတော့ တံခါးနားမှာမရှိတော့ပေ။ ကြည့်ရတာ အားရုံက အထဲဝင်ခွင့်ပြုလိုက်ပြီထင်၏။
ဝမ်ယင်က ပို၍ပင်စိုးရိမ်လာသည်။ အားရုံက သေချာမမေးမြန်းပဲ လူကိုဝင်ခွင့်ပြုလိုက်သည်။ ဤမိုက်မဲသောသားကိုတော့ ဘာပြောရမှန်းမသိတော့ချေ။
သူ့အမြင်အရတော့ သူ့သားက ဘာမှမမှားပေ။ သူ၏နူးညံ့သောစိတ်ထားက ချွင်းချက်ဖြစ်ပြီး ၎င်းက သူနဲ့မတူသလို သူ့အိမ်ထောင်ဦးစီးနဲ့လည်းမတူပေ။