Chapter 42.1
Viewers 21k

Chapter 42.1


“ထန်မိသားစု”


“မင်းက အောင်သွယ်တော်ကို ကိုင်ပေါက်ခဲ့တဲ့လူပေါ့?!” ဝမ်ယင်က အာမေဋိတ်ပြုသည်။ 

      

တံခါးပိတ်ထားသော်လည်း အပြင်လူတွေကြားနိုင်ပြီး သူတို့မျက်နှာက အထဲကဝမ်ယင်လိုပင် အံ့အားသင့်နေကြသည်။ မူလကတော့ သူတို့မယုံခဲ့ပေမယ့် အမှန်ဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။

    



သူတို့က ဘာပြောရမှန်းမသိတော့။ ထို့အပြင် ဤလူက လူချမ်းသာမိသားစုမှဖြစ်ပုံရပြီး လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျလာပို့ခဲ့သည်။ သူ မင်ကောအာကို လက်ထပ်ဖို့ကမ်းလှမ်းနေတာလား?!”

 

ထန်ချွန်းရုံက သူ့မျက်နှာကိုဖွက်ထားလိုက်ချင်သည်။ သူ့အားမူက အရေးမကြီးသည့် စကားများကိုနားထောင်ပြီး အရေးကြီးတာကို မေ့နေသည်။

  

လီဖုန်းက မတ်မတ်ထိုင်ပြီး သူ့မျက်လုံးက တည့်တည့်ကြည့်နေသော်လည်း ခြေထောက်ပေါ်တင်ထားသည့် သူ့လက်ဖဝါးက အနည်းငယ်ချွေးစို့နေ၏။ ထန်ချွန်းမင်သာ ဤနေရာမှာရှိလျှင် လီဖုန်းက စိတ်လှုပ်ရှားတာဖြစ်ပြီး သူ့ပုံစံကြောင့် အထင်မလွဲဖို့ ဤနှစ်ယောက်အား ပြောပြပေးလိမ့်မည်။

  

လီဖုန်းက ဤကိစ္စကို သေချာရှင်းပြဖို့ လိုအပ်တယ်လို့ခံစားရသည်။ နောက်ကွယ်မှာ တခြားသူများကို မကောင်းပြောတတ်သူမဟုတ်သော်လည်း သူက ခက်ခက်ထန်ထန်ပြောလိုက်လေသည်။

 

“စိတ်ချပါ… ယောက္ခမ… အောင်သွယ်​တော်မှာ ရည်ရွယ်ချက်ဆိုးတွေရှိနေတာပါ။ သူမိတ်ဆက်ပေးခဲ့တဲ့လူက အရင်ဇနီးရဲ့ကလေးပါလာရုံတင်မရဘူး။ ပြဿနာများတဲ့မိသားစုပါ။ ပြီးတော့ အောင်သွယ်တော်ကလည်း မင်ကောအာကို လက်ထပ်ခွင့်တောင်းဖို့လာတာမဟုတ်ပဲ မင်ကောအာနဲ့အလုပ်တွဲလုပ်နေတဲ့ ကျင်းကျိစားသောက်ဆိုင်နဲ့ ပြိုင်ဖို့လာတာပါ။ အပြင်လူရှု့ထောင့်အရဆိုရင်တောင် ကျွန်တော် မင်ကောအာကို အရှက်မကွဲစေချင်ဘူး။”

 

ထန်ချွန်းရုံက ထိုစကားကြားတော့ ဒေါသထွက်ကာ တုန်လှုပ်နေ၏။ ဖျင်ရှန်ရွာအပြင်က လူတွေက သူ့အစ်ကိုကို အနိုင်ကျင့်မယ်လို့ သူမထင်ထားခဲ့ပေ။ ခဏလောက်တော့ သူက သူ့ရှေ့ကလူ နည်းလမ်းကျတယ်လို့ ခံစားမိသွား၏။

 



ရည်ရွယ်ချက်ဆိုးရှိသူများကို ယခုလိုဆက်ဆံသင့်တာဖြစ်၏။ မှားယွင်းသော အခါသမယသာမဟုတ်လျှင် သူက အော်ပစ်လိုက်ချင်သည်။ “ကောင်းလိုက်တဲ့ရိုက်ချက်!”

 

ဝမ်ယင်က သွေးအန်လုမတတ်ပင်။ အောင်သွယ်တော်မှာ ရည်ရွယ်ချက်ဆိုးရှိပြီး ကမ်းလှမ်းမှုက မကောင်းပေမယ့် ဤလူက နည်းလမ်းတကျပြောနေရုံ​​​ဖြင့် ရိုးသားတယ်လို့ မမြင်နိုင်ပေ။

   

သူ့သားမိုက်ကသာ သူ့ကို ကျေးဇူးရှင်အဖြစ် မှတ်ယူနိုင်သည်။ တကယ်တမ်းမှာ သူက မင်ကောအာကို သဘောကျနေ၍ တစ်ယောက်ယောက်က မင်ကောအာကို လုယူသွားမှာ စိုးရိမ်ခဲ့တာဖြစ်၏။ ရွာသားများရှေ့၌ သူသည် ထိုအောင်သွယ်တော်ကို မင်ကောအာ၏အိမ်မှ ကိုင်ပေါက်ထုတ်ခဲ့ပြီး ယင်းမှာ သူနဲ့မင်ကောအာ၏ဆက်ဆံရေးအကြောင်း ကောလာဟလထွက်စေခဲ့သည်။ အတိအကျဆိုရလျှင် သူက ဉာဏ်နီဉာဏ်နက်အများဆုံးလူဖြစ်၏။

 



သို့သော် သူယူလာသောလက်ဆောင်ကို ပြန်ကြည့်လိုက်တော့ ကျေးလက်သားတစ်ယောက်အတွက် ယင်းက အတော်လေးများသည်။ မုန့်ပဲသရေစာ၊ အဝတ်အစား၊ သကြား၊ အသားဆယ်ပေါင်နှင့် ရတနာလေးပါးတစ်စုံ…. ဆိုတော့ ဤလက်ဆောင်က အများကြီးကုန်ကျလိမ့်မည်။ ဤလူက နည်းနည်းလေးအကြံအစည်များပေမယ့် ရိုးလည်းရိုးသားသည်။ သူက သူ့လင်ပါသား၏အခြေအနေကိုသိသည်။ တခြားသူများ၏အမြင်တွင် သူက ဤလူအတွက် သင့်တော်သောလက်တွဲဖော်မဟုတ်ပေ။ ကလေးနှစ်ယောက်အဖေ ကောတစ်ယောက်က ဒီလိုကောင်းတဲ့မိသားစုကို ဘယ်လိုဝင်နိုင်မှာလဲ?

  

“မင်းက ဖျင်ရှန်ရွာကလား? ငါမင်းအကြောင်းလည်း မကြားဖူးပါဘူး။”

 

ဝမ်ယင်က ဘာထင်မြင်ချက်မှမပေးပဲ ထိုလူ၏နောက်ခံအကြောင်းမေးလိုက်သည်။ သူက အသေးစိတ်အချက်အလက်ကို လုံးဝမသိပေ။ သူ၏ရက်စက်ကြမ်းကြုတ်သော မျက်နှာကိုကြည့်လိုက်ရာ သူဟာ မကြာသေးမီက စစ်မြေပြင်မှပြန်လာကာ သူ့ဦးလေးနှင့် စကားများခဲ့သည့် ဖျင်ရှန်ရွာ၏ လီမိသားစုမှကောင်လေးဖြစ်ကြောင်း သူသိလိုက်သည်။

   

ဤလူက ကြင်နာမှုကင်းမဲ့တယ်လို့ ကောလာဟလထွက်နေပေမယ့် ဝမ်ယင်ကြားခဲ့တာ ရယ်စရာလို့ထင်မိသည်။ တူလေးရဲ့အိမ်နဲ့မြေကိုသိမ်းတာက ကြင်နာမှုလား?

    

သို့သော် ဤလူမှာ ထိုအရာအားလုံးကိုပြန်ယူရန် နည်းလမ်းရှိသဖြင့် ဦးလေးဖြစ်သူက သူ့တူအကြောင်း ကောလာဟလဖြန့်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

  

“နှစ်အစမှာ ကျွန်တော်မြောက်ပိုင်းက ပြန်လာခဲ့တယ်။ ဖျင်ရှန်ရွာက ကျွန်တော့်ဦးလေးနေတဲ့နေရာပါ။ ခင်ဗျားလက်ခံရင် သူတို့က ကျွန်တော့်ကိုယ်စား လာတောင်းပေးမှာပါ။” လီဖုန်းက တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်သည်။

    



သူက ပိုပိုပြီး စိတ်လှုပ်ရှားနေပေမယ့် မျက်လုံးတွေကတော့ ခိုင်မာနေခဲ့သည်။ သူ့ရှေ့ကအနေအထားကိုကြည့်ကာ သူက မတုန်လှုပ်ခဲ့ပေ။ “ဖျင်ရှန်ရွာက ကောလာဟလအတွက်ကတော့ ကျွန်တော် မင်ကောအာကို စိတ်မပျက်စေရဘူးလို့ ခင်ဗျားနဲ့ ယောက်ဖကို ကတိပေးပါတယ်။ သူက အရမ်းကောင်းတဲ့ ကောတစ်ယောက်ပါ။”

 

ဖြစ်စဥ်၏အနှစ်သာရကို ကြည့်ရင်းဖြင့် မင်းမှာ ကောအာလေးရှိလျှင် ဤစကားများကိုကြားပြီး ရင်ထဲထိသွားလိမ့်မည်။.

    

တခြားအရာအားလုံးက မှားယွင်းပြီး လက်တွေ့ကျသော ဘဝမှာနေထိုင်ပြီး မင်းရဲ့ကောလေးကို ဂရုစိုက်တာက အရေးကြီးဆုံးဖြစ်သည်။ “ဒါက ကျွန်တော့်အစ်ကို သဘောတူလိုက်ပြီဆိုတဲ့သဘောလား? ဒါဆို ဘာလို့ ကျွန်တော်တို့အိမ်ကိုလာတာလဲ? ကျွန်တော်တို့မိသားစုနှစ်ခုရဲ့ လက်ရှိအခြေအနေကို ခင်ဗျားမသိဘူးလို့ ကျွန်တော်မထင်ဘူး။”

  

“အားရုံ……” ဝမ်ယင်က သူမ၏သားကို မအော်ဖို့ အကြည့်ဖြင့်တားလိုက်သည်။

  

“မင်ကောအာက သူ့ညီအားရုံကို အလေးထားတယ်။ ကျွန်တော် သူ့ကို ​နောင်တမရစေချင်ဘူး။ ပြီးတော့ မွေးမိသားစုရဲ့ ထောက်ပံ့မှုမရှိရင် မင်ကောအာ အားငယ်ရလိမ့်မယ်။”

 



“ကျွန်တော် ဂရုမစိုက်ပေမယ့် တခြားသူတွေ မင်ကောအာအကြောင်း မကောင်းပြောမှာကို မလိုလားဘူး။ ကျွန်တော့် ယောက္ခမနဲ့ ယောက်ဖက ဒီခရီးစဥ်ကို အတူလိုက်ပေးရင် ကျေးဇူးတင်မိမှာပါ။” လီဖုန်းက အလေးအနက်​ပြောလိုက်သည်။

 

ဝမ်ယင်က ဤစကားကိုကြားပြီးနောက် ပိုအဆင်ပြေလာသည်။ မင်ကောအာက သူ့ကို အလေးထားတယ်လို့ ပြောလာလျှင် သူက ဤလူကို အတုယောင်ဆန်တယ်လို့ထင်ကာ မသက်မသာဖြစ်ရလိမ့်မည်။ သူက အသိဉာဏ်ရှိတာကြောင့် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ “ဟုတ်ပြီ…. ထပ်မပြောနဲ့တော့… မင်ကောအာက လက်ခံလိုက်ပြီဆိုတော့ ငါတို့ သူ့အတွက် ဆုံးဖြတ်ပေးလို့မရတော့ဘူး။ သူနောင်တမရသရွေ့ အဆင်ပြေပါတယ်။”

  

“မင်းက ရက်သတ်မှတ်ပြီး တစ်ယောက်ယောက်နဲ့ စာပို့ခိုင်းလိုက်။ ငါတို့ သေချာပေါက်လာခဲ့မယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ မင်ကောအာက တခြားတစ်ယောက်အတွက် ဝတ်ပြုဆုတောင်းနေရဆဲမို့ မင်းက အလွန်အကျွံစီစဥ်ပြီး အတင်းအဖျင်းဖြစ်စေလို့မရဘူး။”

   

သူက စိတ်ထဲမှာ နည်းနည်းတော့အဆင်​မပြေပေ။ သူ့စကားက ပြတ်သားသွားလောက်သည်။ ဤလူနားထောင်ရတာ အဆင်ပြေပါ့မလားတော့မသိပေ။ သို့သော် သူမမှားပေ။ သူအဆင်မပြေလျှင် ဤလက်ထပ်ပွဲကိစ္စကို မေ့လိုက်သင့်သည်။ အားလင်းအကြောင်းတွေးလိုက်တော့ သူက စိတ်မကောင်းဖြစ်သွားပြန်သည်။ အားလင်းနဲ့ သူ့ပထွေးမှာ သူနဲ့မင်ကောအာလို ခက်ခဲသောဆက်ဆံရေးမရှိဖို့ ​မျှော်လင့်ထားသည်။

  

“ ကျေးဇူးတင်ပါတယ်… ယောက္ခမ.. မင်ကောအာလည်း အတွေးတူပါတယ်။ သေချာသွားတာနဲ့ ကျွန်တော်တို့က ရင်းနှီးတဲ့မိသားစုအချို့ကိုခေါ်ပြီး ညစာကျွေးမှာပါ။ ကျန်တာကတော့ မင်ကောအာရဲ့ ဝတ်ပြုဆုတောင်းကာလပြီးမှ ဆက်ပြောပါမယ်။”

    

လီဖုန်းက အဆင်မပြေဘူးလို့ မခံစားရပေ။ သူက မင်ကောအာကို ကျောက်တာဟူထက် နောက်ကျမှသိခဲ့ရတာကြောင့် ကျောက်တာဟူ၏တည်ရှိမှုကို ေဖျာက်ဖျက်လို့မရပေ။ သူက ထိုလူ၏အပြုအမူကို သဘောမကျသော်လည်း သူ့မှာ သူ့ကို အပြစ်တင်ခွင့်မရှိချေ။

 

လီဖုန်း၏အမူအရာမ ပြောင်းသွားတာကိုတွေ့ရတော့ ဝမ်ယင်က ပြန်မပြောနိုင်တော့ပေ။ ဝမ်ယင်က သူ့ကိုမော့ကြည့်လိုက်သည်။ ဝမ်ယင်က သူ့အိမ်ထောင်ဦးစီး၏ ပထမဇနီးအပေါ် မကျေမချမ်းဖြစ်နေဆဲပင်။ 

    

အိမ်ထောင်ဦးစီးကွယ်လွန်သွားသည့်တိုင် သူ၏နာကျည်းမှု ပျောက်ကွယ်မသွားခဲ့ချေ။ အကြောင်းမှာ သူ့ခင်ပွန်းက ပထမဇနီးကို သေသည်အထိ သတိရနေခဲ့လို့ဖြစ်၏။ သူအဆင်ပြေလျှင် ထူးဆန်းနေပေမည်။

 

သူက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “မပြန်ခင် မနက်စာစားသွားပါ။ အားရုံ.. မင်းက မင်းအစ်ကိုလီဖုန်းနဲ့နေပေးလိုက်။ ငါမီးဖိုချောင်ကို သွားကြည့်လိုက်ဦးမယ်။”

  

“ဟုတ်ကဲ့ပါ…. ဖေဖေ ..” ထန်ချွန်းရုံက တခြားဘာမှမလိုချင်တော့ပေ။

 



လီဖုန်းက ထန်အိမ်တော်မှာ မနက်စာစားခဲ့ပြီး​နောက် မပြန်ခင် သူ့ယောက်ဖကို ကျောင်းလိုက်ပို့ပေးခဲ့သည်။ သူ့အမြင်တွင် သူ့ယောက္ခမက စကားပြောရလွယ်သည်။

    



မင်ကောအာလက်ခံတယ်လို့ပြောတော့ သူဘာမှမပြောခဲ့ပေမယ့် သူ သူ့ယောက္ခမနဲ့ စကားပြောပြီး​နောက်မှာ သူ့ယောက်ဖက သူ့ကို မေးခွန်းများစွာကို မေးခဲ့သည်။ သူက သူ့အစ်ကိုအနိုင်ကျင့်ခံရမှာစိုးလို့ လီဖုန်း၏အတိတ်ကိုတူးဆွနေ၏။

 

လီဖုန်းက ဂရုမစိုက်ပေ။ မင်ကောအာ၏ညီလေး သူ့ကို ယခုလိုဆက်ဆံနေတာ မင်ကောအာကို ဂရုစိုက်လို့ဖြစ်သည်။ ကျောင်းရောက်တော့ မြင်းပေါ်ကဆင်းလိုက်ပြီးနောက် သူ့ယောက်ဖက ပြောလာသည်။ “ကျွန်တော်ကျောင်းပြီးရင် ကျွန်တော့်အစ်ကိုကို သွားတွေ့မယ်။” ထို့နောက် သူက ​နောက်လှည့်ကာ ကျောင်းထဲသို့ပြေးဝင်သွားလေသည်။ လီဖုန်းက စိတ်ထဲကနေရယ်လိုက်သည်။ ဤကလေးက သူ့အစ်ကိုကို တကယ်လက်ထပ်ချင်တာလားလို့ မေးလောက်သည်။

 

လီဖုန်းက မင်ကောအာနှင့် သူ့မိထွေးကြားရှိ ဆက်ဆံရေးကို ဖြေလျှော့ရန် ယနေ့မှာ ရက်ရောသောလက်ဆောင်ကြီးများ ပို့ပေးခဲ့သည်။ ထိုမှသာ မင်ကာအာကလေးမွေးလျှင် သူ့မိထွေးက မင်ကောအာကို စောင့်ရှောက်ဖို့ လာနိုင်လိမ့်မည်။ တကယ်တော့ သူ့လိုလူမှာ မသိတာနှင့် လုပ်ရအဆင်မပြေသည့်အရာ အများကြီးရှိ၏။

 



TL’s note: Tang Chunming’s mother