Chpater 42.2
.
လီဖုန်း ကျန်းရှန့်ရွာမှ ထွက်သွားပြီးနောက် ထန်မိသားစု၏ရှေ့တံခါးက အလုပ်ရှုပ်နေပြီး လူတွေက ဝမ်ယင်အား သူ့လင်ပါသားအကြောင်း ဆက်တိုက်မေးနေခဲ့သည်။
“အောင်သွယ်တော်ကို ကိုင်ပေါက်နှင်ထုတ်လိုက်ခြင်း”ဆိုသောစကားက အသေးအဖွဲကိစ္စများကို ပုံကြီးချဲ့တတ်သော ရွာသားများကို အံ့အားသင့်စေခဲ့သည်။ သူတို့က မင်ကောအာ၏ဝတ်ပြုဆုတောင်းချိန်မှာ ထိုကဲ့သို့ ကြမ်းတမ်းသောယောကျာ်းကို ရှာတွေ့ခဲ့မယ်လို့ မထင်ထားခဲ့ပေ။ ထို့အပြင် လီဖုန်းအပြင်ထွက်လာသောအခါ မပြန်သေးသော ရွာသားများက သူ့ကိုမြင်သွားခဲ့သည်။
သူ့အသွင်အပြင်က တကယ်ကိုကြမ်းတမ်းသည်။ သူ၏အေးစက်သောမျက်လုံးများက လူတွေရဲ့ခြေထောက်ကို အားနည်းစေနိုင်သည်။ မင်ကောအာက ဒီလိုကြမ်းတမ်းတဲ့လူကို ဘယ်လိုလက်ထပ်ရဲတာလဲ? ဖိအားပေးခံရတာလား?”
ဝမ်ယင်က ဤလူများ၏စကားကိုကြားတော့ ရယ်မိသွားလေသည်။ သူ့လင်ပါသား၏ လက်ရှိစိတ်နဲ့ဆိုလျှင် ဘယ်သူမှသူ့ကိုဖိအားပေးလို့မရပေ။ သူ ယခုနှစ်မှ ဖျင်ရှန်ရွာကို တစ်ကြိမ်တည်းရောက်ဖူးသော်လည်း သူ့သားကတော့ မကြာခဏသွားဖူးပြီး သူ့လင်ပါယား၏ လုပ်ဆောင်ချက်ကောင်းများကို ပြန်သယ်လာလေ့ရှိသည်။ ဤအချက်များကြောင့် သူ့လင်ပါသားက တကယ်ပြောင်းလဲသွားပြီဟု ပြောနိုင်သည်။
ဟုတ်ပါ၏။ သူတို့က လီဖုန်းယူလာသော လက်ဆောင်များနှင့် စီးလာသောမြင်းကိုလည်း တွေ့ခဲ့ရသည်။ သူတို့က မင်ကောအာမှာ အမြင်ရှိတယ်လို့ ပြောနေသည်။ ဤလူက ကြမ်းတမ်းသော်လည်း ချမ်းသာသည်။ အနာဂတ်မှာ သူ့နောက်လိုက်ကာ ကောင်းမွန်သောဘဝမှာ နေထိုင်လို့ရသည်။ သူ ဘယ်လောက်ရက်ရောလိုက်လဲကြည့်ပါ….ထန်မိသားစုသည်လည်း အနာဂတ်မှာ အကျိုးအမြတ်ရနိုင်လေ၏။
ဝမ်ယင်က ဤလူများ၏စကားကို ဂရုမစိုက်ပါပေ။ သူတို့စကားများကို ရင်ထဲထည့်လိုက်လျှင် သူ ဤနှစ်များတစ်လျှောက် ရှင်သန်နိုင်ခဲ့မှာမဟုတ်ပေ။ ဤလူတွေကို ဒေါသထွက်ခြင်းက သူ့ကို အသက်တိုစေမှာဖြစ်၍ သူက လွတ်ပေးထားတာကြာလေပြီ။
လီဖုန်း အိမ်ပြန်ရောက်တော့ အသေးလေးသုံးယောက်က မြင်းပေါက်လေးကို ပြုစုစောင့်ရှောက်နေသည်။ ကျင်းဖုန်းလို အဆင့်အတန်းမြင့်မားစေရန် ဤအသေးလေးသုံးယောက်က ဦးနှောက်သုံးကာ ထယွင်လို့ အမည်ပေးလိုက်၏။ ၎င်းက ငယ်သေးတာကြောင့် အမည်ပြောင်ကို ရှောင်ယွင်လို့ပေးကာ ရှောင်ယွင်လို့ပြောင်းခေါ်ခဲ့ကြသည်။
“ဦးလေးဖုန်း… သား ရှောင်ယွင်ကို မုန်လာဥကျွေးလိုက်တော့ သူက ပျော်ပျော်ကြီးစားလိုက်တယ်။” အားလင်းက ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို ပြုလုပ်ခဲ့သလို စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။
လီဖုန်းက အားလင်းကိုချီလိုက်ပြီး အပြင်ထွက်လာသော မင်ကောအာကို ကြည့်လိုက်သည်။ အားလင်း၏ သူ့အပေါ်ချစ်ခင်တွယ်တာမှုက လုံးဝမပြောင်းလဲသွားပဲ ယင်းမှာ သူ့နေရာပြောင်းသွားလျှင်ပင် စိတ်မရှိဘူးလို့ ပြသနေသည်။
လီဖုန်း ကျန်းရှန့်ရွာကို မနက်စောစောသွားခဲ့စဥ် ထန်ချွန်းမင်သည်ကား မနေ့ညကအိပ်ရာမဝင်ခင်မှာ လီဖုန်း၏သရုပ်သကန်ပြောင်းလဲတော့မည့်အကြောင်း အားလင်းနှင့်ဆွေးနွေးခဲ့သည်။ ထန်ချွန်းမင် အံ့အားသင့်သွားသည်မှာ အားလင်းက မငြင်းဆန်ခဲ့ပဲ လီဖုန်းကို သူတို့အိမ်မှာ အကြာကြီးနေထိုင်ခွင့်ပေးရန် စိတ်အားထက်သန်နေခဲ့သည်။
“ဦးလေးဖုန်းက အဖေ့ထက်ကောင်းတယ်။ ဦးလေးဖုန်းက အားလင်းကို ကစားဖို့ခေါ်သွားတယ်။ ဦးလေးဖုန်းက အားလင်းနဲ့ ဖေဖေ့ကိုလည်း ကာကွယ်ပေးလိမ့်မယ်။” အားလင်းက ဦးလေးဖုန်း၏ ကောင်းကျိုးများကို လက်ချောင်းလေးဖြင့် သေချာရေတွက်နေသည်။
နောက်ဆုံးမှာ သူက ထပ်ပြောလိုက်သည်။ “ဦးလေးဖုန်းက အားလင်းကို နောင်မှာ ဒီထက်ပိုကောင်းပေးလိမ့်မယ်လို့ အစ်ကိုတာမောင်းနဲ့ အာမောင်းကလည်းပြောတယ်။” အားလင်းက ယခုရက်ပိုင်း စကားများလာသည်။ စကားတစ်ခွန်းစီကို ဘယ်လောက်ထိပီအောင်ပြောနိုင်လဲပဲ ကြည့်ပါ…..
လူဆိုးလေးနှစ်ယောက်က အားလင်းကို သူ့နောက်ကွယ်မှာ တစ်ခုခုပြောခဲ့မှန်းသိခဲ့ရသည်။ ဤသည်မှာ ထန်ချွန်းမင် မထင်မှတ်ထားသောအရာဖြစ်၏။ အစပိုင်းမှာ အားလင်းက လီဖုန်းကို ရန်လိုလာစေရန် ရွာထဲကကလေးတွေ အားလင်းကို တစ်ခုခုပြောလိုက်မှာ သူစိုးရိမ်နေခဲ့သည်။
ကံအားလျော်စွာ အားလင်းက ပို၍ ရွှင်လန်းတက်ကြွလာသော်လည်း သူက ရွာပြင်မထွက်ချင်သေးပေ။ အများဆုံးမှ သူက ဦးလေးကျောက်၏ မိသားစုမှ ရှောင်ကျိုးနှင့်သာ ကစားလေသည်။
မြင်းပေါက်လေးကြောင့် ကလေးသုံးယောက်က သူတို့ဦးလေးလီဖုန်းကို ပိုဂရုစိုက်လာကြသည်။ မြင်းကို အချိန်မှန်မှာဝယ်ခဲ့တာ တိုက်ဆိုင်မှုတစ်ခုမျှသာဖြစ်၏။ ယခုမူ လီဖုန်းက ပထွေးဖြစ်လာပြီးနောက် သူ့မယားပါသားကို ဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ တစ်ယောက်ယောက်က ပြောလာလျှင်ပင် တခြားသူတွေက နားထောင်မှာမဟုတ်ပေ။
“အားလုံးပြေလည်သွားပြီ။ ချိန်းထားတဲ့ရက်မှပဲ ကိုယ်သူတို့ကို ကိုယ်တိုင်သွားခေါ်လိုက်မယ်။ ဒါနဲ့ အားရုံညနေကျရင် ရောက်လာလိမ့်မယ်။ ကိုယ် ညစာစားဖို့ တောရိုင်းတိရစ္ဆာန်နဲ့ ငါးနည်းနည်းသွားဖမ်းလိုက်မယ်။” လီဖုန်းက သူ၏စိတ်လှုပ်ရှားမှုကို စိတ်ထဲမှာချန်ထားပြီး ရှင်းပြလိုက်သည်။
“ကောင်းပါပြီ… သူလာမယ်လို့ ကျွန်တော်မှန်းဆထားပြီးပြီ။” ထန်ချွန်းမင်ကပြုံးလိုက်သည်။ ဤအချိန်အထိ သူစောင့်နိုင်သော တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့မိထွေး၏ ဖိနှိပ်မှုကြောင့်လို့ သူထင်သည်။
I
ညနေတွင် ထန်ချွန်းရုံရောက်လာခဲ့သည်။ သို့သော် အခြေအနေက သူစဥ်းစားထားတာနဲ့ လွဲနေမယ်လို့ မထင်ထားခဲ့ပေ။ ဤလူက သူ့အစ်ကို၏အိမ်ကို ဝင်လာပြီး သူ့အိမ်လို သဘောထားနေသည်။
သူ့မျက်လုံးနှင့်မြင်လိုက်ရသောအခါ ထန်ချွန်းရုံက ချဥ်စူးသလို ခံစားလိုက်ရသည်။ အဆုံးမှာ သူနဲ့ သူ့အစ်ကိုက ရင်းနှီးလာခဲ့သော်လည်း ယခုမူ သူ့အစ်ကိုပြန်ပေးဆွဲခံတော့မယ်ဆိုတာ သိလိုက်ရသည်။
သူက ဆရာစာသင်နေတာကို တစ်နေကုန် ကောင်းကောင်းနားမထောင်နိုင်ခဲ့ပေ။ သူ့စိတ်က သူ့အစ်ကိုနှင့် လီဖုန်းထံသို့ရောက်နေ့ပြီး သူတွေးလေ တစ်ခုခုမှားနေတာကို ခံစားမိလေပင်။ သူ့အစ်ကိုက သည်လောက်မြန်မြန် နောက်အိမ်ထောင်ပြုမယ်လို့ သူမထင်ထားခဲ့ပေ။ သူ့အစ်ကိုမမှားဘူးလို့ သူထင်သော်လည်း တခြားသူများ၏အမြင်တွင် သူဟာ အိမ်ထောင်ကျပြီး ကလေးမွေးထားတာကြောင့် မိသားစုကောင်းကောင်းရှာနိုင်မှာမဟုတ်ပေ။
သို့ဖြစ်၍ သူ့အစ်ကို အနာဂတ်မှာ မိသားစုကောင်းနှင့် နောက်အိမ်ထောင်ပြုနိုင်ရန် သူက အဆင့်ကောင်းရချင်ခဲ့ပြီး သူ့အစ်ကိုကို ထောက်ပံ့ချင်ခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူ့အစ်ကိုက တခြားသူတစ်ယောက်နှင့် လက်ထပ်တော့မှာဖြစ်၏။
သူ့ရင်ထဲတွင် သူ့အစ်ကိုက ပညာတတ်ပြီး အမျိုးသားတွေထက် စွမ်းဆောင်ရည်ပိုရှိသည်။ ထိုအားသာချက်များဖြင့် သူ့အစ်ကိုက စစ်သားဟောင်းဖြစ်သည့် လီဖုန်းနှင့်ပင် မထိုက်တန်ဟု သူခံစားမိသည်။
သူ့အမြင်တွင် ဤစစ်သားက ကျောက်တာဟူနှင့် အတူတူနီးပါးကြမ်းတမ်းသည်။ ဒီတော့ သူက သူ့အစ်ကိုကို ဘယ်လိုဂရုစိုက်ရမလဲသိရဲ့လား? ယခင်နမူနာကို စိတ်ထဲမှာစွဲမှတ်ကာ ထန်ချွန်းရုံက ထိုအကြောင်းပိုတွေးလေ စိုးရိမ်လေဖြစ်၏။ ကျောင်းဆင်းချိန်မှသာ သူ ဖျင်ရှန်ရွာကို အပြေးလေးလာခဲ့ကြသည်။
“အစ်ကို.. ဒါတကယ်အဆင်ပြေရဲ့လား?” ထန်ချွန်းရုံက သူ့အစ်ကိုကို အိမ်ထဲသို့ခေါ်သွင်းလာပြီး လီဖုန်းနဲ့ ဝေးဝေးမှာ စကားပြောလိုက်သည်။ “သူ ဒီမှာတစ်ညလုံးနေမှာလား?” ဒါဆို သူသဘောမတူဘူး။
“မင်းဘာတွေတွေးနေတာလဲ?” ထန်ချွန်းမင်က သူ့ညီ၏နဖူးကိုပုတ်လိုက်သည်။ “သူ ညကျရင် သူ့အိမ်သူပြန်မှာ။ ပြီးတော့ မင်းအစ်ကိုရဲ့အခြေအနေကိုလည်း ကြည့်ပါဦး။ အိမ်အလုပ်ကို သူမလုပ်ရင် ဘယ်သူလုပ်မလဲ?”
ထန်ချွန်းရုံက သူ့ခေါင်းကိုကုတ်လိုက်သည်။ သူ့အစ်ကိုက ယခုချိန်မှာ လူချမ်းသာဖြစ်နေလေပြီ။ သူ့အစ်ကိုက ကလေးမလွယ်ထားရလျှင်ပင် သူဤအရာများကို တစ်ယောက်တည်းကိုင်တွယ်နိုင်မှာမဟုတ်ပေ။
သူက သူ့အစ်ကိုအိမ်နှင့် အဝေးမှာရှိနေ၍ သူ့ကို ဂရုမစိုက်ပေးနိုင်တာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် ထိုအေကြာင်းစဥ်းစားလိုက်တော့ သူက စိတ်မပါသလို ခံစားလိုက်ရ၏။ “ဒါဆို သူအလုပ်လုပ်ပြီးရင် ထွက်သွားလို့ရတယ်လေ။ လက်ရှိအခြေအနေနဲ့ အိမ်မှာနေတာက ဘာကွာနေလို့လဲ?”
ထန်ချွန်းမင်က တခစ်ခစ်ရယ်ကာ ဆက်ပြောလိုက်သည်။ “သူက အိမ်မပြန်ချင်ဘူးဆိုပြီး အရှက်မရှိဖြစ်နေတာ ငါက ဘာလုပ်ရတော့မလဲ?”
ထန်ချွန်းရုံ၏မျက်နှာက နက်မှောင်သွားသည်။ “အစ်ကို…. ဒီလူက အရေထူပြီး တခြားသူတွေရဲ့ အတင်းအဖျင်းကို ဂရုမစိုက်တဲ့သူပဲ။ ဒီလိုလူက ကောလာဟလတွေကို ကြောက်မှာမဟုတ်ဘူး။ သူ့အစ်ကိုကို ဖိအားပေးခဲ့တာလား?”
“ဟားဟား….” ထန်ချွန်းမင်က ကူကယ်ရာမဲ့နေ၏။ သူ့ညီလေးက ဘာလို့ ဒီလောက်ရယ်ရတာလဲ?
လီဖုန်းက အပြင်က အထိန်းအကွပ်မဲ့ရယ်မောသံကို ကြားလိုက်ရသောအခါ သူက ညီအစ်ကိုနှစ်ယောက်၏ တီးတိုးပြောသံကို ဂရုမစိုက်ပဲ ပြေးဝင်လာကာ ထန်ချွန်းမင်ကိုကိုင်ပြီး စိတ်ပျက်လက်ပျက်ပြောလိုက်၏။ “မင်းဒီလိုဆက်လုပ်နေရင် မင်းခြေထောက်တွေ ကြွက်တက်လိမ့်မယ်။ မင်းရဲ့ဗိုက်ကလည်း မသက်မသာဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ့်ကို နည်းနည်းလေးတောင် မထိန်းချုပ်နိုင်ဘူးလား?” သူပြောပြီးသည်နှင့် သူက ထန်ချွန်းရုံကို ကြည့်လိုက်သည်။
သူ့ယောက်ဖက မင်ကောအာကို ဘာပြောလိုက်လို့ ဒီလောက်ရယ်နေရတာလဲ? မနက်ခင်းက အဆင်ပြေပေမယ့် ညနေမှာတော့ သူ့ယောက်ဖ၏အကြည့်က ထူးဆန်းနေသည်။
ထန်ချွန်းရုံကလည်း လန့်သွားသည်။ သူက သူ့အစ်ကို၏ လှောင်ပြောင်မှုကို ဂရုမစိုက်ပဲ လီဖုန်း သူ့အစ်ကိုအား ခန်းကုတင်ပေါ်သို့ ပွေ့ချီသွားသည်ကို ကြည့်လိုက်သည်။ ထိုလူက သူ့အစ်ကို၏ ခြေထောက်နှင့်ခါးကို နှိပ်နယ်ပေးနေသည်။
ထန်ချွန်းရုံက ကြောင်တက်တက်စိုက်ကြည့်ပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။ ကောတစ်ယောက်မှာ ဘယ်လိုအခြေအနေမျိုးရှိလဲ သူမသိခဲ့၍ ယခုမူ ဤကဲ့သို့ရယ်မောခြင်းက ကိုယ်ဝန်သည်ကောတစ်ယောက်အတွက် မကောင်းကြောင်း သိခဲ့ရသည်။
“အစ်ကို… မရယ်နဲ့တော့… ကျွန်တော်ပြောတာရပ်လိုက်ပြီလေ။” သူပြဿနာရှာမိတာကိုသိသော် ထန်ချွန်းရုံက စိုးရိမ်လွန်းသဖြင့် သူ့အစ်ကိုကို ဖျောင်းဖျလိုက်ရသည်။ ဤလူက ယခင်ယောက်ဖနှင့် ကွာခြားပုံရပြီး သူ၏စိုးရိမ်နေသော အကြည့်များက အတုအယောင်မဟုတ်ပေ။