Chapter 44.4
“ဖေဖေ…” ထုံးစံအတိုင်းပင် အားလင်းက ယနေ့မနက် သူ၏အောင်မြင်မှုများနှင့် ရှောင်ယွင်အတွက် သူလုပ်ဆောင်ပေးခဲ့သည့်အရာများအကြောင်း သူ့အားမူအား တင်ပြနေသည်။
အားလင်းကိုချီးကျူးရင်း ထန်ချွန်းမင်က လီဖုန်းကိုကြည့်ကာ မေးလိုက်သည်။ “အပြင်မှာငိုနေတဲ့ကလေးက ဘယ်သူလဲ?” ထိုအခိုက်အတန့်တွင် သူက လူတစ်ယောက်၏အသံကို ကြားလိုက်ရပြန်သည်။
လီဖုန်းက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ “မင်း အားလင်းကို ထမင်းကျွေးနှင့်ပါ။ ငါအပြင်ကိုသွားကြည့်လိုက်ဦးမယ်။” ထို့နောက် သူက အားလင်းကို မင်ကောအာထံခေါ်ဆောင်သွားခဲ့သည်။
“ကောင်းပြီ… မြန်မြန်သွား. မြန်မြန်ပြန်လာ” ထန်ချွန်းမင်က လက်ဝေ့ယမ်းပြလိုက်သည်။
ထန်ချွန်းမင် စားပြီးခါစဖြစ်၍ ဗိုက်မဆာသေးတာကြောင့် သူစားဖို့ ဟင်းသီးဟင်းရွက်တချို့ခူးလိုက်ပြီး အားလင်းကိုကျွေးလိုက်သည်။ တစ်ချိန်တည်းမှာ သူက အပြင်ဘက်က ဆူညံသံကို နားစွင့်ထားသည်။
လီဖုန်းထွက်သွားတော့ သူက ရွာအကြီးအကဲနှင့်ပတ်သက်သည့် တစ်ခုခုကိုကြားလိုက်ရသည်။ မိနစ်အနည်းငယ်ကြာတော့ အပြင်ကလူတွေ လူစုခွဲသွားပြီး လီဖုန်းပြန်လာသော ခြေသံများကို ကြားလိုက်ရသည်။
လီဖုန်းဝင်လာတော့ ထန်ချွန်းမင်က မမေးခင် လီဖုန်းက မကျေမချမ်းအသံဖြင့် ပြောလိုက်သည်။ “ဒီဟွမ်မိသားစုက… တကယ်ပါပဲ… ကံကောင်းတာက ဒီတစ်ခါ ရွာသားတွေက သူတို့ကို မောင်းထုတ်ဖို့ဆုံးဖြတ်ထားလို့ပေါ့။ မဟုတ်ရင် ဘယ်လိုပြဿနာတွေဖြစ်လာမလဲ ဘယ်သူမှမသိဘူး။”
“ဟွမ်မိသားစုလား? အပြင်မှာငိုနေတဲ့ကလေးက ဟွမ်မိသားစုရဲ့မြေးလေးလား? သူတို့ကို ရွာကနှင်ထုတ်လိုက်ပြီဆို?” ထန်ချွန်းမင်က တအံ့တသြမေးလိုက်သည်။
“ရွာလူကြီးထွက်သွားတာနဲ့ သူတို့က ကလေးကို လမ်းဘေးမှာ တိတ်တိတ်လေးစွန့်ပစ်ခဲ့တယ်။ ကံကောင်းတာက ရွာသားတစ်ယောက်ဖြတ်သွားတော့ ကလေးကိုတွေ့ပြီးပြန်ခေါ်လာတာ။ မဟုတ်ရင် ကလေးက တောင်ခြေအောက်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံနေရလောက်ပြီ။” လီဖုန်းက ထိုသို့သောလူများကို တကယ်ရွံရှာမိသည်။
သူတို့က ကိုယ့်မြေးကိုပင်စွန့်ပစ်နိုင်သည်။ ထိုသို့သောလူများက မြောက်ပိုင်းက လူများ၏ လူမဆန်သောနှိပ်စက်နည်းမျိုး ကြုံတွေ့ရသင့်သည်။
လီဖုန်းက ဘာမှမပြောပေ။ ယခုလေးတင် အပြင်ဘက်မှာ စုဝေးနေကြသူများက အပြင်ကလေးကို ဘယ်လိုလုပ်မလဲ မင်ကောအာကို ဆုံးဖြတ်စေချင်သည်။ လီဖုန်းက သူတို့ကို အေးစက်စက်ကြည့်လိုက်ရာ လန့်ပြေးသွားကြသည်။
ဒီကလေးက မင်ကောအာနဲ့ဘာဆိုင်လို့လဲ? မင်ကာအာက ဟွမ်မိသားစုကို ရွာထဲက နှင်ထုတ်ခဲ့တာမို့လား? မင်ကောအာ ဟွမ်မိသားစုကို ကလေးစွန့်ပစ်ဖို့ပြောခဲ့လို့လား? ကလေးကသနားစရာကောင်းပေမယ့် တရားခံကိုရှာသင့်တာမလား… မင်ကောအာက ဒီကလေးကိုမွေးရတဲ့အထိ ကြင်နာတတ်တယ်လို့ ထင်နေလား?
ထန်ချွန်းမင်က ကြက်သေသေသွားပြီး မယုံနိုင်စရာကိုတွေ့လိုက်ရသည်။ “ဒါက သူတို့မိသားစုရဲ့ တစ်ဦးတည်းသောမြေးမလား? သူ့ကိုဘယ်လိုတောင် စွန်ပစ်နိုင်ရတာလဲ? ဒါမှမဟုတ် ဟွမ်စစ်ကျိုးက သူတို့မိသားစုရဲ့ တစ်ဦးတည်းသော အသက်သွေးကြောဖြစ်ပြီး တခြားသူတွေက ခွေးအမြီးတွေလား?”
ဤသည်မှာ သူတို့မိသားစုရှိ တစ်ဦးတည်းသောမြေးဖြစ်သည်။ သူတို့က သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံရုံတင်မကပဲ သူ့ကိုစွန့်ပစ်ဖိို့လည်း ဆန္ဒရှိကြသည်။ ဟွမ်စစ်ကုံးက အိမ်ထောင်ဖက်ကောင်းတစ်ယောက်နဲ့ ထပ်တွေ့ပြီး သူတို့လိုချင်တဲ့ အနာဂတ်မြေးလေးကို ပေးနိုင်မယ်ထင်လို့လား?
“သူတို့မိသားစုမလုပ်နိုင်တာဘာရှိလဲ? မဟုတ်ရင် သူတို့က ဟွမ်စစ်ကုံးလိုကောင်ကို မွေးလာပါ့မလား” လီဖုန်းက ဒေါသကိုထိန်းချုပ်ထားပြီး သူ့ရှေ့ကလူနှစ်ယောက်ကို အာရုံစိုက်ထားသည်။ “စားရအောင်.. အပြင်ကကိစ္စတွေကို စိတ်မပူနဲ့။ ညစာစားပြီးရင် ကိုယ် ရွာလူကြီးကိုသွားမေးလိုက်မယ်။”
“ကလေးက… အင်း…. ဖြေရှင်းရခက်တယ်။” ထန်ချွန်းမင်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ဤကမ္ဘာတွင် ကလေးပို့လို့ရသည့် မိဘမဲ့ဂေဟာမရှိပေ။ ထိုကလေးမျိုးက ပြန်ပေးဆွဲခံရပြီး ရောင်းစားခံရနိုင်သည်။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်ကောင်းမှာတော့မဟုတ်ပေ။
ဟွမ်မိသားစုမှ ဇနီးမောင်နှံ၏ ယုတ်မာမှုကိုမဆိုနှင့် ဖခင်အရင်း ဟွမ်စစ်ကုံးကပင် ကလေးကိုစွန့်ပစ်နိုင်ခဲ့သည်။
ရက်စက်တဲ့လူတွေက မြို့၊ တိုင်းပြည်၊ ရှေးခေတ်၊ ခေတ်သစ်၊ တရုတ်ပြည်၊ နိုင်ငံခြားဟူ၍ ခွဲခြားလို့မရပေ။
ထန်ချွန်းမင်က နေ့လည်စာစားပြီးလျှင် ထိုကလေးအတွက် စားစရာယူသွားပေးဖို့ လီဖုန်းကို ပြောရင်ကောင်းမလား စဥ်းစားနေသည်။
နေ့လည်စာစားပြီးနောက် မင်ကောအာ၏သဘောထားကိုကြည့်ကာ လီဖုန်းစိတ်အေးသွားခဲ့သည်။ ကလေးက အပြစ်ကင်းသော်လည်း လီဖုန်းက ဒေါသအနည်းငယ် ထွက်နေသေးသည်။ ကလေးဖခင်က မင်ကောအာကို ဖျက်စီးဖို့လုပ်ခဲ့သည်။ ကလေးကို ဖျင်ရှန်ရွာထဲ ပြန်ဝင်ခွင့်ပေးရန် သူမလိုလားပေ။ မင်ကောအာ သူ့ကို ရက်စက်တယ်လို့ထင်သွားမှာလည်း မလိုလားပေ။
လီဖုန်းထွက်သွားတော့ ကျန်းရှို့ရောက်လာပြီး ရွာမှ နောက်ဆုံးရသတင်းများကို ပြောပြခဲ့သည်။
ကျန်းရှို့က ထန်ချွန်းမင်နှင့်အတူရှိခဲ့တာကြောင့် ရွာသူကြီးအိမ်မှာ ဟွမ်စစ်ကုံးအား စစ်ဆေးမေးမြန်းခဲ့သည်ကို သူမသိခဲ့ပေ။ တာရှန်ကလည်း သူ့ကို ရလဒ်မပြောပြခဲ့ပေ။
ဟွမ်စစ်ကုံးက ပိုက်ဆံလိုချင်တယ်လို့သာ သူထင်ခဲ့သော်လည်း ယင်းက သူ့ကို ဒေါသထွက်စေဖို့ လုံလောက်သည်။ သူတို့မိသားစုထွက်သွားတော့ ရွာအေးချမ်းသွား၍ သူက စိတ်သက်သာရာရနေခဲ့သည်။
“ဟွမ်မိသားစု ဇနီးမောင်နှံက စိတ်သဘောထားကောင်းသလို ဟန်ဆောင်နေပြီး ရက်စက်တဲ့အခါမှာ ဘယ်သူမှမယှဥ်နိုင်ဘူးလို့ မထင်ခဲ့ဘူး။ သူတို့က ကလေးကို မဆိုင်းမတွစွန့်ပစ်ခဲ့ပြီး ရွာလူကြီးအိမ်ကိုပို့ခဲ့တယ်။ ဦးလေးက ကလေးကိုကြည့်လိုက်တော့ ကလေးကိုယ်က ဒဏ်ရာတွေပြည့်နေတာ။ သူက သမားတော်တစ်ယောက်ကို ခေါ်ကြည့်ခိုင်းခဲ့ပေမယ့် ညဘက်ကြီး ဟွမ်စစ်ကုံးမိသားစုကို ညှာတာမိပြီး ထပ်မနှိပ်စက်ခဲ့ရလို့ နောင်တရနေတာ။”
“ကလေးကိုဘာလုပ်မလဲ ပြောသေးလား?” ၎င်းက ဖြေရှင်းရလွယ်ကူသည့်ကိစ္စမဟုတ်ဘူးလို့ ထန်ချွန်းမင်ထင်မိသည်။ ကောင်လေးတစ်ယောက်သာဖြစ်လျှင် တချို့မိသားစုက သူ့ကိုမွေးစားချင်လိမ့်မည်။ သို့သော် ရွာထဲတွင် ကောတစ်ယောက်ထက် ယောကျာ်းတစ်ယောက်ကို ပိုတန်ဖိုးထားသော ဟွမ်မိသားစုနှင့် ကျောက်မိသားစုလို လူအမျိုးအစားတွေ အများကြီးရှိသည်။ မိသားစုအများစု၏အမြင်တွင် ကလေးခေါ်ထားတာက စားစရာဖြုန်းတီးခြင်းဖြစ်သည်။
“ဦးလေးလည်းခေါင်းကိုက်နေတယ်။ လောလောဆယ်တော့ ကလေးကို သူခေါ်ထားလိမ့်မယ်။ ကံကောင်းတာက မိသားစုထဲမှာ သူတို့နှစ်ယောက်ပဲရှိပြီး သူတို့ကောင်လေးတွေ ခဏခဏပြန်မလာဘူး။” ကျန်းရှို့က ကလေးအတွက် စိတ်မကောင်းဖြစ်ပြီး တစ်ချက်ကြည့်ပြီး ထပ်မကြည့်ရက်တော့ပေ။
“ထားလိုက်တော့… ငါမင်းကို စိတ်အနှောင့်ယှက်ဖြစ်စရာတွေ မပြောတော့ဘူး။” ကျန်းရှို့က မင်ကောအာကို ဤအရာများပြောပြကာ မနှောင့်ယှက်သင့်ဘူးလို့ ခံစားလိုက်ရတာကြောင့် သူက တခြားတစ်ခုကိုပြောလိုက်သည်။ “မင်းမသိပါဘူး… ကျန်းလန်ဟွာက သူ့ယောကျာ်းရဲ့ ထပ်အရိုက်ခံခဲ့ရတယ်။ လူတော်တော်များများက သွားကြည့်တော့ သူ့ခင်ပွန်းက ကျန်းလန်ဟွာကို ကွာရှင်းချင်တယ်လို့ပြောတာ ကြားလိုက်တယ်တဲ့။”
“အရင်က သူတို့ဘယ်လောက်ရန်ဖြစ်ဖြစ် သူ့ခင်ပွန်းက ဒီလိုစကားမျိုးမပြောဖူးဘူး။ သူ့ခင်ပွန်း ဒီလိုဖြစ်သွားတဲ့ထိ ကျန်းလန်ဟွာ ဘာလုပ်ခဲ့လို့လဲမသိဘူး။”
ထန်ချွန်းမင်က ထိုစကားကြားတော့ ပြောစရာပျောက်ရှသွားသည်။ ဒီနေ့ဘာတွေဖြစ်နေတာလဲ? ဖျင်ရှန်ရွာကြီး အသက်ဝင်နေသည်။ သူ့တွင် ကျန်းလန်ဟွာအတွက် ဘာထင်မြင်ချက်မှမရှိပေ။
ကျန်းလန်ဟွာ၏အချစ်ရေးကိစ္စကြောင့် ကျန်းလန်ဟွာ သူ့ခင်ပွန်းဆီမှာ အရိုက်ခံခဲ့ရတယ်လို့ ကျန်းရှို့ပြောပြတာကို မှတ်မိသေးသည်။ သူ့အမြင်တွင် ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုပြောဖို့ခက်ခဲသည်။ ကျန်းရှို့ဒီလိုတွေမပြောသင့်ဘူးလို့ သူပြောရမလား? ဤကိစ္စက ကျန်းလန်ဟွာ၏ အချစ်ရေးကိစ္စဖြစ်၏။
သို့သော် ယခုတစ်ခေါက်မှာ ကွာရှင်းရမည့်အခြေအနေသို့ ရောက်သွားမယ်လို့ သူမထင်ထားခဲ့ပေ။ ကျန်းလန်ဟွာကိုယ်တိုင်က ဆိုးရွာတာတစ်ခုခုလုပ်ခဲ့တယ်ဆိုရင် သူသနားသင့်လား? ဘယ်ဟုတ်မလဲ…. သူ့အတွက်တော့ သူတို့က အပြင်လူတွေဖြစ်ပြီး ကျန်းလန်ဟွာနှင့် ဝမ်ချွန်းဟွာက ရင်းနှီးသလို အကျင့်စရိုက်လည်းတူ၏။ သူ့မှာ ထိုသို့သော လူတစ်ယောက်ကို စာနာဖို့ထက် ပိုအရေးကြီးသော ကိစ္စများရှိသည်။
သူက ခေါင်းခါလိုက်ပြီး ထိုကိစ္စကို နောက်ချန်လိုက်သည်။ သူနဲ့ဘာဆိုင်လို့လဲ?
သို့ပေမယ့် ထန်ချွန်းမင်က အလွန်လျင်မြန်စွာ စိတ်အေးသွားပြီး သူမထင်ထားသည်မှာ ကျန်းလန်ဟွာက မွန်းလွဲပိုင်းတွင် ဒဏ်ရာအပြည့်ကိုယ်လုံးဖြင့် သူ့အိမ်တံခါးလာခေါက်တာကိုပင်။ သို့သည်တိုင် ထန်ချွန်းမင်က ကျန်းလန်ဟွာကို မမြင်ရသေးခင်မှာ လီဖုန်းက ကြားဖြတ်ဟန့်တားခဲ့သည်။
“မင်းအိမ်ထဲဝင်… ကိုယ်သူ့ကို ဘာကိစ္စရှိလဲမေးလိုက်မယ်။ သူက သူ့မိသားစုအရေးကို မင်းကိုဘာလို့ ဝင်စွက်ဖက်ခိုင်းတာလဲ?” လီဖုန်းက ရက်စက်ကြမ်းကြုတ်သော ကျန်းလန်ဟွာကို မင်ကောအာနှင့် ရင်းနှီးခွင့်မပေးနိုင်ပေ။
မင်ကောအာကို စိတ်ဓာတ်ကျအောင် မလုပ်နိုင်ဘူးလို့ ဘယ်သူသိမှာလဲ? လီဖုန်းက မင်ကောအာကို အန္တရာယ်ထဲ ကျရောက်ခွင့်ပေးမှာမဟုတ်ပေ။
ထန်ချွန်းမင်က အများကြီးမတွေးပဲ ပြောလိုက်သည်။ “ခင်ဗျားသွားပါ။ ကျွန်တော်အိမ်ထဲမသွားဘူး။ ခြံထဲမှာ လမ်းလျှောက်ချင်လို့”
ဟူလန်ကျုံး ညသန်းခေါင်မှာ သွေးခုန်နှုန်းလာတိုင်းစဥ်က သူက သူ့ကို ပိုလှုပ်ရှားဖို့ အထူးသတိပေးခဲ့သည်။ မဟုတ်ပါက ကလေးမွေးဖွားသည့်အခါ ခက်ခဲပေမည်။ ထန်ချွန်းမင်က ထိုအချိန်မှာ ဘယ်လိုအသုံးအနှုန်းကို အသုံးပြုရမလဲမသိခဲ့ပေ။
“ကောင်းပြီ..” ဟူလန်ကျုံး ညဘက် ရွာလူကြီးအိမ်ကိုရောက်ခဲ့စဥ်က လီဖုန်းကို ရောဂါရှာဖွေမှုရလဒ်ပြောပြခဲ့သည်။ လီဖုန်း မင်ကောအာကို ပိုဂရုစိုက်စေရန် သူတွေးပေးခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် ခင်ဗျားသွားတာကို ကြည့်နေမယ်။”
ထန်ချွန်းမင်က သူ့လက်ကိုခါယမ်းပြီး ခြံအသစ်ထဲ ဘဲတစ်ကောင်လို လျှောက်သွားခဲ့သည်။
ထန်ချွန်းမင်က နောက်ကိုလှည့်ကြည့်ကာ သူ့အသံကအားနည်းသွားသည်။ အဆုံးမှာ သူက ဘာတွေဖြစ်နေလဲသွားမကြည့်ခဲ့ပေ။ ကျန်းလန်ဟွာက သူ့ကိုအလွန်မုန်းတီးနေပုံရသည်။
သူက အဖြေရှာမရသဖြင့် မတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ လီဖုန်းရှိသည်။ ယခု သူ့ကို ပြင်ပကမ္ဘာမှ ကာကွယ်ပေးမည့် လူတစ်ယောက်ရှိတာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
သူက ပြဿနာကိုမကြောက်ပေမယ့် ပြဿနာကိုဖြေရှင်းဖို့ အားထုတ်ရမည်။ သူက စားခြင်း၊သောက်ခြင်း၊ အိပ်ခြင်းနှင့် ငွေရေတွက်ခြင်းတို့အတွက် ပိုသင့်တော်သည်။
ထန်ချွန်းမင်က သူအနာဂတ်မှာ ပိုအရှက်မဲ့လာမယ်လို့ တွေးထားပြီးသားဖြစ်၏။