Chapter 45.1
Viewers 21k

Chapter 45.1


“ဆုံးဖြတ်ချက်”

  



လီဖုန်းက ​တံခါးဝတွင်ရပ်ကာ မြေပြင်ပေါ် ကိုင်ပေါက်ခံထားရ၍ တုန်လှုပ်ချောက်ချားနေသော ကျန်းလန်ဟွာကို အေးစက်စက်ကြည့်လိုက်သည်။ သူ့မျက်လုံးက ဒေါသအပြည့်ဖြင့် လှည့်လှည်နေပြီး သနားညှာတာပေးဖို့ သူ့ကိုဖျောင်းဖျချင်နေသော ကြည့်ရှုသူများကို ပါးစပ်ပိတ်သွားစေသည်။

      

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းတော့မည့် ကျန်းလန်ဟွာက ထန်ချွန်းမင်၏အိမ်ကို အဘယ်ကြောင့်ပြဿနာလာရှာသလဲ သူတို့မသိပါပေ။ သူပြောခဲ့သောစကားအရ ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းရန် ဆုံးဖြတ်ချက်က ထန်ချွန်းမင်နှင့် သက်ဆိုင်နေသည်လား? လူတိုင်းက မယုံခဲ့ပေ။

      

ရိုးရိုးသားသားပြောရလျှင် ထန်ချွန်းမင်က ရွာထဲ လမ်းပတ်လျှောက်တာရှားသည်။ ကြမ်းတမ်းခက်ထန်သော လီဖုန်းက တံခါးဝမှာစောင့်ကြည့်နေသဖြင့် ထန်ချွန်းမင်က ကျန်းလန်ဟွာ၏ခင်ပွန်းကိုတွေ့ဖို့ ဘယ်မှာအခွင့်အရေးရှိမည်နည်း။

 



ထန်ချွန်းမင်က အတင်းအဖျင်းပြောခြင်းကို နှစ်သက်သောလူမဟုတ်၍ ကျန်းလန်ဟွာ ရောက်လာပုံမှာ အနည်းငယ်ရှုပ်ထွေး​နေသည်။

 



သို့သော် လီဖုန်းထွက်လာတာနဲ့ ကျန်းလန်ဟွာ၏လည်ပင်းကို ဆုပ်ကိုင်ကာ ပစ်ချလိုက်သည်ကို သူတို့တွေ့လိုက်ရပြီး တချို့လူတွေက လီဖုန်းလွန်တယ်လို့ ခံစားလိုက်ရသည်။ သူက အမျိုးသားတစ်ယောက်ဖြစ်ပြီး ကောတစ်ယောက်အပေါ်ကို ဘယ်လိုရိုင်းစိုင်းရဲရတာလဲ? ၎င်းက မင်ကောအာအတွက် အမှန်တကယ်ပင် ခက်ခဲသည်။

 

ဆူညံသံကြားပြီးနောက် အပြေးအလွှားရောက်လာသော ကျန်းရှို့က အံ့သြသွားသည်။ တာရှန်၏မျက်နှာမှာ တစ်ခုခုကိုသိသလို အတန်ငယ်ထူးဆန်းနေ၏။ သူ မေးခွန်းမေးဖို့ အချိန်ကောင်းမဟုတ်ခဲ့ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျန်းလန်ဟွာကို မင်ကောအာအား အနှောင့်အယှက်ပေးခွင့်မပြုနိုင်ပေ။ 

   

သူက ကျန်းလန်ဟွာကို ကြိမ်းမောင်းလိုက်သည်။ “မင်ကောအာက မင်းကို ဘယ်လို ထပ်နှောင့်ယှက်ခဲ့လို့လဲ? ဒါမှမဟုတ် သူက မင်းခင်ပွန်းရှေ့မှာ မင်းမကောင်းကြောင်းပြောခဲ့လို့လား? မင်ကောအာက အိမ်မှာအလုပ်ရှုပ်​နေပြီး ကိုယ်ဝန်လွယ်ထားရတာ။ သူက ပြဿနာရှာမယ့် လူစားမျိုးမဟုတ်ဘူး။ မင်ကောအာ အေးအေးဆေးဆေးနေတတ်လို့ မင်းသူ့ကို အနိုင်ကျင့်လို့ရမယ်မထင်နဲ့။ မင်းရဲ့ခင်ပွန်းကိုသာ သွား​တောင်းပန်လိုက်!”

 

ကျန်းလန်ဟွာက အလွန်ဒေါသထွက်နေသည်။ ယင်းမှာ သူနဲ့ ဟွမ်စစ်ကုံး၏ လျှို့ဝှက်တွေ့ဆုံမှုကို ကျန်းရှို့ကပြောပြလိုက်၍ သူ့ခင်ပွန်းက သူ့ကိုရိုက်ခဲ့တာဖြစ်၏။ ဒါကြောင့် သူ ဟွမ်စစ်ကုံးနဲ့ တွေ့ဖို့ ငြင်းဆိုခဲ့သည်။ ကျန်းရှို့​ကြောင့်သာမဟုတ်လျှင် သူ ဤအခြေအနေကို ရောက်လာမှာမဟုတ်ပေ။ “ဒါတွေက မင်းအပြစ်ပဲ။ မင်းနဲ့ ထန်ချွန်းမင်ရဲ့အပြစ်။ မင်းက အရမ်းရက်စက်တယ်။”

 

သူ ကျိန်ဆဲလို့မပြီးခင်မှာ အနက်ရောင်အရိပ်တစ်ခုက သူ့ရှေ့မှာပေါ်လာပြီး ယင်းမှာ လီဖုန်းဖြစ်၏။ ကျန်းလန်ဟွာ ယခုနက လည်ပင်းညှစ်ခံရထားရ၍ ယခင်ကထက် ပို၍ပင် ကြောက်လန့်လာခဲ့သည်။ သူက ကြောက်ကြောက်ဖြင့် ကိုယ်ကျုံ့သွားပြီး အဆုတ်ကွဲအောင် အော်လိုက်လေသည်။ “အား……”

  

“နောက်တစ်ခါ မင်ကောအာကို မကောင်းပြောရင်…..”

   

ကျန်းလန်ဟွာက သူ့တစ်ကိုယ်လုံး ရေခဲဂူထဲပိတ်မိသလို ရုတ်တရက်ခံစားလိုက်ရပြီး တုန်ခါနေခဲ့သည်။ အံသွားတွေက တဆတ်ဆတ်တုန်နေပြီး အော်သံကလည်း လည်ချောင်းထဲမှာ ကပ်နေခဲ့သည်။ “မင်းလုပ်ခဲ့တာတွေ ရွာထဲမှာ ပျံ့သွားမှာသေချာတယ်။ ဒီလိုဆိုရင် ကွာရှားခံရတာလောက်နဲ့ မပြီးတော့ဘူး”

 

ယင်းအဖြစ်အပျက်မတိုင်ခင်မှာ ဟွမ်စစ်ကုံး သူ့ကိုသစ္စာဖောက်မယ်လို့ ကျန်းလန်ဟွာ မထင်ခဲ့ဖူးပေ။ ဟွမ်စစ်ကုံး သူ့ကို သစ္စာဖောက်လျှင် ဘာအကျိုးအမြတ်မှရမှာမဟုတ်ပေ။ အကြောင်းမှာ ဟွမ်စစ်ကုံးသာ အပြစ်ရှိသူဖြစ်၍ပင်။ ဟွမ်စစ်ကုံး ဘယ်သူ့ကိုမှမထိလိုက်ပဲ အဖမ်းခံလိုက်ရမယ်လို့ မထင်ထားခဲ့ပေ။

   



စစ်မြေပြင်မှပြန်​ရောက်လာသော မြင်းတစ်ကောင်၏နိုးကြားမှုကို ကောတစ်ယောက်က နားလည်နိုင်မည်မဟုတ်ပေ။ ဟွမ်စစ်ကုံးက ခွေးများကို ကိုင်တွယ်ရန် ပစ္စည်းတချို့ယူလာခဲ့ပေမယ့် အသုံးမဝင်ခဲ့ပေ။

    

ဟွမ်စစ်ကုံးက အစမှအဆုံးထိ အားလုံးကို ဝန်ခံခဲ့ရခြင်းအကြောင်းအရင်းမှာ လီဖုန်း၏နည်းလမ်းများနှင့် ဟူလန်ကျုံး၏ အရိုးပြုပြင်လုပ်ငန်းစဥ်များကြောင့်ဖြစ်သည်။ သည်းမခံနိုင်သော ဟွမ်စစ်ကုံးက နာကျင်မှုကိုအဆုံးသတ်ရန် အားလုံးကို အမြန်ရှင်းပြခဲ့ရသည်။

 

အပြင်မှာ ကြမ်းတမ်းပေမယ့် ရင်ထဲမှာ သူ့ကောကိုထည့်ထားသည့် လီဖုန်းနဲ့သာမဆုံခဲ့လျှင် သူတို့အစီအစဥ် အောင်မြင်သွားနိုင်သည်။

    

စော်ကားခံလိုက်ရသော ကောက အဆုံးထိခုခံလျှင် လူနှစ်ဦး၏သေခြင်းတရားဆီသို့ ဦးတည်သွားပေမည်။ သို့်မဟုတ် ဟွမ်စစ်ကုံးလို ထိပ်ပြောင်သော ယောကျာ်းတစ်ဦးကို အညံ့ခံရပေမည်။ ဘယ်လိုအခြေအနေပဲအဖြစ် ကြေကွဲစရာနဲ့ အဆုံးသတ်သွားပေမည်။



ဤအကြောင်းကြောင့် ဟွမ်စစ်ကုံးက အပြစ်ပေးခံနေရစဥ် နောက်ကွယ်ကနေ ရက်စက်သောအကြံအစည်တစ်ခုဖြင့် လှုံ့ဆော်​ခဲ့သော ကောတစ်ယောက်က ဖျင်ရှန်ရွာမှာ ဆက်နေနိုင်လျှင် လီဖုန်းက ဤကိစ္စကို ကျေနပ်မှာမဟုတ်ပေ။

  

ထိုသို့သော ကောတစ်ယောက်က အလွန်ရက်စက်သည်ဟု ရွာသူကြီးက ခံစားခဲ့ရပြီး သူ့ကို ဖျင်ရှန်ရွာမှာ ထားရှိခြင်းက ကောင်းသောကိစ္စမဟုတ်ပေ။ သူက သူ့ကို သေချာပေါက် ထားရှိမှာမဟုတ်ပေ။ သို့ဖြစ်၍ လီဖုန်းက ရွာလူကြီး၏ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

  



“ထွက်သွား!” လူသတ်လိုသောအရောင်အဝါမှာ ကျန်းလန်ဟွာတစ်ယောက်တည်းဆီသို့ ဦးတည်သွားသည်။ လီဖုန်းက သူ့ရင်ထဲက လူသတ်ချင်စိတ်ကို ထိန်းထားရသည်။ 

  



တခြားသူများ၏အမြင်တွင် ဤအခိုက်အတန့်မှာ လီဖုန်းက ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်နှင့်တူပြီး သူ့နဖူးပေါ်ရှိ အမာရွတ်က သွေးများဖြင့်ပြည့်နှက်နေသကဲ့သို့ ကြောက်စရာကောင်းသည်။ လီဖုန်းဘေးမှာရပ်နေသော တာရှန်က သူ့ခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရသည်။ တခြားသူများက ထိုအရာကိုတွေ့သောအခါ ကျန်းလန်ဟွာက သူ့သေခြင်းတရားကို သူရှာနေတာကြောင့် အနာဂတ်မှာ ဤနတ်ဆိုးအား ဘယ်တော့မှရန်မစဖို့ သူတို့ဆုံးဖြတ်လိုက်ကြသည်။

 

ကျန်းလန်ဟွာက ဘောလုံးလိုကွေးပြီး တုန်ယင်သွားသည်။ ထိုအခိုက်အတန့်မှာ နောက်တစ်ယောက်ရောက်လာခဲ့သည်။ ကျန်းလန်ဟွာ ထန်ချွန်းမင်၏အိမ်မှာ ပြဿနာရှာနေသည်ကို သူ့ခင်ပွန်းက တခြားသူများပြောတာ ကြားခဲ့ရသည်။

    

ရွာလူကြီးနှင့် တခြားသူများက အပြင်မှာမဖြန့်ခဲ့ပေ။ ရွာလူကြီးက သူ့ကိုမျက်နှာသာပေးထားတယ်လို့ သူ့ခင်ပွန်းက ထင်ခဲ့သည်။ သူက အရှက်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် ကျန်းရှို့ကိုမုန်းပြီး ယခုချိန်မှာ​​တောင် သူက ထန်ချွန်းမင်၏အိမ်ကို ပြဿနာရှာဖို့ လာရဲသေးသည်။ အရင်က သူ့ဘေးမှာ လဲလျောင်းခဲ့သော လူက ဤကဲ့သို့ အဆိပ်ရှိသောမြွေတစ်ကောင်ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ။

  



“အစ်ကိုလီဖုန်း… ဒီကောင်ပြဿနာရှာခဲ့မိလို့ ေတာင်းပန်ပါတယ်။ ကျုပ်သူ့ကို သူ့အားမူအိမ် ပြန်ပို့လိုက်ပါမယ်။ ကျုပ် စိတ်ပျော့ပြီး ဒီကိုမ​ခေါ်ထားတော့ပါဘူး။”

  

လီဖုန်းအပြစ်တင်မှာစိုး၍ ထိုလူက လီဖုန်းကို အမြန်တောင်းပန်လိုက်သည်။ မူလက ထိုလူသည် ထိုထူးချွန်သောကောကို လက်ထပ်ခဲ့ရလို့ လွန်စွာဂုဏ်ယူခဲ့သည်။ ဤကောမှာ အကျင့်ဆိုးတချို့ရှိသော်လည်း သူနဲ့နေဖို့ဆန္ဒရှိသရွေ့ သူအနှီကော၏လုပ်ရပ်များကို မမြင်ယောင်ဆောင်ပေးခဲ့သည်။

    

အစောပိုင်းက ကောလာလဟများကိုပင် လျစ်လျူရှုပေးနိုင်ပြီး သူ ဟွမ်စစ်ကုံးနဲ့ မပတ်သက်သရွေ့ သူသည်းခံနိုင်ခဲ့သည်။ သို့သော် ယခုမူ ရွာသူကြီးပြောပြခဲ့သော ဤကော၏လုပ်ရပ်ကို သူနားထောင်ခဲ့ရသည်။ သူဟာ ဟွမ်စစ်ကုံးနှင့် အဆက်အသွယ်မဖြတ်တောက်ခဲ့သလို ဆိုးရွားသောအကြံတစ်ခုကိုလည်း ပေးခဲ့သည်။

  

သူလည်း ကောတစ်ယောက်ဖြစ်ပြီး ဟွမ်စစ်ကုံးလို ယုတ်မာတဲ့သူကို လက်ထပ်ရမယ့်ကောက ဘဝဆိုးသွားမှာ သူမသိဘူးလား.. ဒါက လူကို မီးပုံထဲတွန်းချတာမဟုတ်ဘူးလား?

 

ဤကောက မာနကြီးပြီး တခြားသူများ သူ့ကောင်းကြောင်းပြောနေတာကို သဘောကျမှန်း သူသိပေမယ့် သူ့ထက်သာသော ဘဝကိုရထားသည့် တခြားသူများကို မုန်းတီးကာ သွေးကြီးနေမယ်လို့ သူမထင်ထားခဲ့ပေ။ အသေးအမွှားများကို ခံနိုင်ရည်ရှိသော်လည်း သူသည် ထိုဆိုးရွားသော အကြံအစည်များကို လက်မခံနိုင်တာကြောင့် ဤတစ်ကြိမ်မှာ ထိုကောကို ကွာရှင်းရမည်။ 

  

“ငါတို့က ရွာသားအချင်းချင်းမို့ လီဖုန်းက အလွန့်အကျွံမလုပ်ခဲ့တာ။” တာရှန်ကရှေ့တိုးပြီး ထိုလူကိုပြောလိုက်သည်။ “လီဖုန်းနှင့် မင်ကောအာအရှေ့မှာ ထပ်မပေါ်လာသရွေ့ လီဖုန်းက မဆိုင်တဲ့လူတွေကို အရှက်ရစေမှာမဟုတ်ဘူး။”

  

“ဟုတ်တယ်….မှန်တယ်… ကျုပ် ဒီကောင်ကို အခုချက်ချင်းမောင်းထုတ်လိုက်ပြီး ရွာကို အရှက်ရစေဖို့ ခွင့်မပြုတော့ပါဘူး။ အစ်ကိုလီဖုန်း.. အစ်ကိုတာရှန်… ကျုပ်တောင်းပန်ပါတယ်။ ကျုပ်သူ့ကို ချက်ချင်းမောင်းထုတ်လိုက်ပါမယ်။”

    

သူက လီဖုန်းနှင့်တာရှန်ကို လက်သီးဆုပ်ဖြင့် တောင်းပန်ကာ ကွေးပြီးတုန်ယင်နေသော ကျန်းလန်ဟွာကို ကောက်ချီလိုက်ပြီး သူ့ကိုမောင်းထုတ်ဖို့ နွားလှည်းတစ်စီးခေါ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ဘယ်သူကမှ ကျန်းလန်ဟွာ၏ ပုံမှန်မဟုတ်သောအခြေအနေကို သတိမထားမိခဲ့ပေ။



 



အားလုံးထွက်သွားတော့ တာရှန်က လီဖုန်း၏ပခုံးကိုပုတ်ပြီး အကြံပေးလိုက်သည်။ “အရမ်းအလေးအနက်မထားပါနဲ့။ မင်ကောအာက ပိုအရေးကြီးတယ်။ သူ့ကို အရမ်းကြီးစိတ်မပူစေနဲ့။”

 



လီဖုန်းက သူ့မျက်နှာကိုသုတ်ပြီး မော့ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ပေါ်က ကြမ်းတမ်းမှုတွေ ပျောက်ဆုံးသွားခဲ့သည်။ သူက အပြုံးတစ်ခုလုပ်ယူ​ကာ ပြောလိုက်သည်။ “ငါသိပါတယ်။ မင်​ကောအာကို ဒီအကြောင်းမပြောနဲ့။ တစ်ရက်လောက်ရွေးချယ်ပြီး မင်းက ညစာစားဖို့ လာခဲ့လိုက်။”

  

“ကောင်းပြီ…ငါတို့သေချာပေါက်လာခဲ့မယ်။ ဂုဏ်ပြုပါတယ်။” တာရှန်က ပြုံးလိုက်သည်။ အကြံအစည်ကြီးသော ဟွမ်စစ်ကုံးလို လူမျိုးကိုရှောင်ရှားရန် ဤကိစ္စကို စောစောလုပ်လိုက်တာကောင်းသည်။

 



လီဖုန်းက ခြံထဲပြန်ရောက်လာပြီး ကျန်းရှို့က သူ့ခင်ပွန်းကို တိုးလျစွာပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ? ကျန်းလန်ဟွာကြည့်ရတာ တစ်ယောက်ယောက်ကို စားချင်နေသလိုပဲ။ ကျန်းလန်ဟွာက ဟွမ်စစ်ကုံးရဲ့ကိစ္စမှာပါဝင်နေတာလား?”

 

ကျန်းရှို့၏မျက်လုံးများ အမှန်တရားရှာဖွေချင်နေသည်ကိုတွေ့လျှင် တာရှန်က ယခုလိုသာ​​ပြောနိုင်တော့သည်။ “ပြန်ပြီးပြောရအောင်။ လီဖုန်းမပြောပြတာက ​တခြားသူတွေသိသွားပြီး မင်ကောအာအကြောင်း အပုပ်ချမှာကို မလိုလားလို့ပဲ။”

  

“ဒါဆို ထားပါတော့။” ကျန်းရှို့ကလည်း အတည်ပြုလိုက်သည်။ ကျန်းလန်ဟွာ ဤကိစ္စမှာပါဝင်နေပြီး နောက်ကွယ်က လှုံ့ဆော်သူဖြစ်မယ်လို့ မှန်းဆလိုက်သည်။ သူသိပြီးပြီဖြစ်၍ အသေးစိတ်သိစရာမလိုပေ။ “လီဖုန်းက ခင်ဗျားကို ပြောခွင့်မပြုမှ​တော့ ကျွန်တော့်ကို မပြောပြနဲ့တော့။ ဘာပဲဖြစ်ဖြစ် အဲ့ကောင် ကျန်းလန်ဟွာက အကျိုးဆက်တွေကို မြည်းစမ်းဖူးပြီပေါ့။”

 



“သူက သူ့လုပ်ခဲ့တဲ့မ​ကောင်းမှုတွေကို ဘယ်သူမှမသိဘူးလို့ထင်နေတာ။ သူက သူ့ရဲ့အေးချမ်တဲ့ဘဝကို တကယ်ဖျက်စီးပစ်လိုက်တာပဲ။”

 



သူသာသိခဲ့လျှင် မင်ကောအာကို အပြေးလေးသွားပြေားခဲ့မှာဖြစ်၏။ သူက ဘယ်အရာကိုမှ မထိန်ချန်ထားတတ်သည့် လူတစ်ယောက်ဖြစ်၏။ 

 

သူတို့နှစ်ယောက်က စကားစမြည်ပြောရင်း ထွက်သွားကြသည်။ သူ့ကောလေးက သန်မာသော်လည်း ထိုဆိုးရွားသောအတွေးများကို ကြံစည်မှာမဟုတ်၍ တာရှန်က ဂုဏ်ယူနေသည်။ ထိုကောမျိုးသာဖြစ်ခဲ့လျှင် တာရှန်က တွေးပင်မတွေးရဲပေ။ သူသေချာပေါက်ကွာရှင်းပစ်မှာဖြစ်၏။ သူ့မှာ ကျန်းလန်ဟွာအတွက် စာနာစိတ်မရှိပေ။

  .

ရွာထဲကလူတွေကတော့ အခင်းဖြစ်ရာကနေ အများကြီးခန့်မှန်းထားကြသည်။ ဟွမ်စစ်ကုံး၏ ညသူခိုးကိစ္စက ကျန်းလန်ဟွာနှင့်သက်ဆိုင်သည်။ ကွာရှင်းလိုက်တာကောင်းသည်ဟု လူတိုင်းကပြောနေကြသည်။ သူက အိမ်ထောင်ကျပြီးသော်လည်း ဟွမ်စစ်ကုံးလို လူစားမျိုးနှင့် ငြိစွန်းနေခဲ့သည်။ ထန်ချွန်းမင်က လူရိုင်းတစ်ဦးနှင့် ငြိစွန်းနေသည်ဟု သူ ပြောလေ့ရှိတာ သနားစရာပင်။