Chapter 45.2
Viewers 21k

Chapter 45.2







တချို့လူတွေက ကျန်းလန်ဟွာနှင့် ဟွမ်စစ်ကုံး၏ အတိတ်ကတွေ့ဆုံမှုအကြောင်း ပြောခဲ့ကြသည်။ အပြင်မှာ တခြားအမျိုးသားများနှင့် တွေ့ဆုံခြင်းက ပုံမှန်ဖြစ်သည်။ ကောတစ်ယောက်က အိမ်မှာနေပြီး အပြင်ထွက် အလုပ်မလုပ်ရဘူးလို့ စည်းမျဥ်းမရှိပေမယ့် ယခုချိန်မှာတော့ အမှားမလုပ်ထားသည့်တိုင် လူတွေက ဇာတ်လမ်းထွင်ကြတော့မှာဖြစ်၏။

    

သူတို့စကားပိုပြောလေ ကျန်းလန်ဟွာက ယုတ်မာတယ်လို့ ခံစားရလေဖြစ်၏။ သူ့ခင်ပွန်း စိတ်အဆင်မပြေသောအခါ သူ့ကိုရိုက်နှက်တတ်သော်လည်း သူက ကျန်းလန်ဟွာအပေါ် တကယ်ကောင်းခဲ့သည်။

   

မဟုတ်ပါက အိမ်ထောင်ကျပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်မှာ သူ့ကို ပျော်အောင်ထားခဲ့မှာမဟုတ်ပေ။ သူ့အမျိုးသားက ဘာမှမပြောပဲ သူ့ကို စားစရာ၊သောက်စရာ ကောင်းကောင်းကျွေးမွေးနေဆဲဖြစ်ခဲ့သည်။ မဟုတ်ရင် ရွာထဲမှာ ပြေးလွားပြီး တခြားမိသားစုအကြောင်း အတင်းအဖျင်း​ပြောနေခဲ့မှာမဟုတ်ပေ။



ထိုအခြေအနေမျိုးက ကောင်းချီးတစ်ခုဖြစ်၏။





ရွာသားများ​က ဟွမ်စစ်ကုံးနှင်ထုတ်ခံရခြင်းနှင့် ကျန်းလန်ဟွာ၏ကွာရှင်းပြတ်စဲခြင်းအကြောင်း အဆက်မပြတ်ပြောနေကြသည်။ တချို့လူတွေက စာနာစိတ်မရှိပဲ ပြဿနာဖြစ်စေချင်ကြသည်။

   

သို့သော် မိသားစုအများအပြားက ဟွမ်စစ်ကုံး၏မိသားစုမှ စွန့်ပစ်ခံရသည့် ကောငယ်လေးကို သနားနေသည်။ တစ်ခါတစ်လေ သူတို့က သူတို့ကလေး၏အဝတ်အစားဟောင်းများနှင့် မုန့်များကို ရွာလူကြီး၏အိမ်သို့ ပို့ပေးပြီး တစ်ခါတစ်လေ သူတို့က ရောင်းဖို့ရည်ရွယ်ထားသည့် ဥအနည်းငယ်နှင့် သူတို့စားဖို့သိမ်းဆည်းထားသည့် ဆန်ကြမ်းအချို့ကိုလည်း ယူဆောင်လာကြသည်။



 

ထန်ချွန်းမင်က ထိုအရာများကို မအံ့သြပေ။ တစ်ခါတစ်လေ ရွာသားများက လူတစ်​ယောက်ကို ကြုံရာကျပန်းအတင်းအဖျင်းနှင့် သတ်ပစ်နိုင်သော်လည်း သူတို့က အချိန်အများစုမှာ ရိုးရှင်းပြီးရိုးသားဆဲပင်။ သူ့အရင်ဘဝမှာ သူ့မိခင်ဆုံးသွားတော့ အစပိုင်းတွင် သူ့ဖခင်က သူ့ကို ဂရုမစိုက်ခဲ့ပေ။

    

သူက ရွာကလူတွေရဲ့အိမ်မှာ စားခဲ့သည်။ တချို့လူတွေ​က သူ့မိသားစုအကြောင်း အတင်းဖျင်းပြောပေမယ့် နောက်လှည့်ကာ အသီးအနှံတစ်ဆုပ်ယူပြီး သူ့လက်ထဲထည့်ပေးရင်း အိမ်မှာစားဖို့ပြောလေ့ရှိသည်။ လူအများစုမှာ တခြားသူများကို တမင်တကာ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိကြပေ။

  

ဒါကြောင့် ယခု ကလေးမွေးစားလို့မရပေမယ့် ဟွမ်စစ်ကုံးမိသားစုမှ စွန်ပစ်ခံရသည့်အချက်ကို သနား၍ သူ့ကို ဂရုစိုက်ပေးခြင်းက မခက်ခဲပေ။

    

တချို့လူများက ဟွမ်စစ်ကုံးနှင့် ဟွမ်ဇနီးမောင်နှံတို့ ပြုလုပ်ခဲ့သည့် မကောင်းမှုများအကြောင်း တမင်တကာပြောခဲ့သည်။ ဖအေတူသား​ဖြစ်နိုင်တာကြောင့် ထိုသို့သော ကျေးဇူးမသိတတ်သော ကလေးကို ဂရုမစိုက်ဖို့ သတိထားသင့်တယ်လို့ ဆိုကြသည်။ သို့သော်လည်း ထိုစကားများက ထူးဆန်းမနေချေ။

 

ထန်ချွန်းမင်က အားလင်းဝတ်လို့မရသော အဝတ်အစားတချို့ကို စုဆောင်းလိုက်သည်။ ကလေးက အားလင်းထက် နည်းနည်းကြီးသော်လည်း အားလင်းက လွန်ခဲ့သည့်ခြောက်လမှာ ပိုကျန်းမာလာပြီး အများကြီးထွားကျိုင်းလာခဲ့သည်။ ထန်ချွန်းမင်က အဝတ်အစားဟောင်းများနှင့် ဝတ်လို့မတော်သည့် အဝတ်အစားသစ်များကို ထုတ်လိုက်သည်။ 

    

သို့သော် ထိုအရာကိုမြင်သော ကျန်းရှို့က တချို့အထည်များကို သူ့ဗိုက်ထဲက ကလေးအတွက် ချန်ထားသင့်သင်ဟု ပြောလာသည်။ သူ့မှာပိုက်ဆံရှိလျှင်ပင် ယခုလို မဖြုန်းတီးသင့်ပေ။ တချို့အဝတ်အစားများက အကြိမ်ရေအနည်းငယ်သာ ဝတ်ရသေးသည်။

  

“မင်း အပ်နဲ့ အပ်ချည်မကိုင်တာကြာပြီမလား၊ အဝတ်အစားသေးသေးလေးတွေနဲ့ တခြားပစ္စည်းတွေပြင်ထားလား? မင်းမှာအချိန်မရှိရင် ငါတို့မင်းကို ကူချုပ်ပေးမယ်။ ပြီး​တော့ လီဖုန်းနဲ့ စေ့စပ်ပွဲရက်က သတ်မှတ်ပြီးသွားပြီဆိုတော့ မင်း သူ့အတွက် နည်းနည်းလောက်ချုပ်ပေးသင့်တယ်။ ခြံထဲက ဟင်းသီးဟင်းရွက်ဥယျာဥ်နဲ့ ငွေရှာဖို့ပဲ ဂရုစိုက်မနေနဲ့။” ကျန်းရှို့က ထန်ချွန်းမင်ကို ​ပြောလိုက်သည်။

   



“မြို့ထဲမှာ အသင့်ချုပ်ပေးတဲ့ အပ်ချုပ်ဆိုင်မရှိဘူးလား? ပြီးတော့ ငွေပေးလိုက်ရင် ရွာထဲကလူတွေလည်း ကူချုပ်ပေးလို့ရတာပဲ။” ထန်ချွန်းမင်က သူ့နှာခေါင်းကိုထိကာ မသိစိတ်အလျောက်ပြောလိုက်သည်။

  

စောင်တစ်ထည် သို့မဟုတ် တစ်ခုခုကို ချုပ်ခိုင်းလျှင် သူသည်းခံနိုင်သည်။ တကယ်တော့ သူအိပ်ရာဝင်ရမှာဖြစ်၍ သူက စောင်ချုပ်ပြီးပြီဖြစ်တာကြောင့် လျှော်သည့်အခါတိုင်း ခွဲစရာမလို၍ အလွန်အဆင်ပြေသည်။

  



“ဟေ… မင်းဘယ်လို​တောင် ပျင်းရတာလဲ? သူများလုပ်ထားတဲ့အရာက မင်းလုပ်ထားတဲ့အတိုင်း စဥ်းစားတတ်ပါ့မလား? လီဖုန်းဝတ်ရင်လည်း ပျော်သွားလိမ့်မယ်။ မြန်မြန်လုပ်… ငါပစ္စည်းတွေပို့ပြီးရင် လာကြည့်မယ်… မင်းပျင်းရဲပျင်းကြည့်!”

   

ကျန်းရှို့က ထန်ချွန်းမင်ကို ခက်ခက်ထန်ထန် စိုက်ကြည့်ပြီး အားလင်းနှင့် တ​ခြားသူများ သိမ်းဆည်းထားသော မုန်အချို့နှင့် ဂျုံဖြူကီလိုအနည်းငယ်အပါအဝင် ပစ္စည်းအများကြီးကို ယူကာ ထန်ချွန်းမင်အိမ်မှ လှည့်ထွက်သွားခဲ့သည်။ 

 



လွန်ခဲ့သည့်နှစ်ရက်က ရွာလူကြီးအိမ်သို့ လူများစွာလာခဲ့ကြသည်။ ကျန်းရှို့ယူလာပေးသော ပစ္စည်းများကိုကြည့်ပြီး ထန်ချွန်းမင် ပို့ပေးခဲ့တာကိုသိပြီးနောက် သူတို့က ထန်ချွန်းမင်ကို စတင်ချီးကျူးလာခဲ့သည်။ ဤကလေး၏ဆွေမျိုးများက ထန်ချွန်းမင်ကို အပြစ်လုပ်ခဲ့ပေမယ့် သူက ဂရုမစိုက်ပဲ ပစ္စည်းအများ​ကြီးပို့ပေးခဲ့သည်။ ထန်ချွန်းမင်က ငွေရှာနိုင်လို့ အသိစိတ်ပျောက်သွားပြီဟု ပြောဖို့ခက်သည်။

  



“ဒီကလေးကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ?” ကျန်းရှို့က ရှန်းဖူလန်ကိုပြောလိုက်သည်။ “သူ့ကို တစ်သက်လုံး ဒီလိုပျိုးထောင်မှာလား? ဒါမှမဟုတ် တခြားရွာက ပျိုးထောင်မှာလား?” ဤကဲ့သို့ တစ်သက်လုံးပျိုးထောင်ခြင်းက ကောင်းသောအတွေးမဟုတ်ပေ။

 

ကလေးက ဆေးသောက်ပြီး အိပ်ပျော်နေသည်။ ကလေးက အိပ်ရေးမဝရင် ကောင်းကောင်း ကြီးပြင်းလာမှာမဟုတ်ဘူးလို့ ဟူလန်ကျုံးကပြောခဲ့သည်။ ရှန်းဖူလန်က သူ့ကိုလျစ်လျူမရှုနိုင်ပေ။ “တခြားဘာလုပ်ရဦးမလဲ? ငါကလေးကို ဂရုမစိုက်ရင် ကလေးက အသက်ရှည်မှာမဟုတ်ဘူးလို့ ဟူလန်ကျုံးကပြောသွားတယ်။”

    

ဤနှစ်ရက်မှာဆေးဝယ်ဖို့ ငွေအများကြီးကုန်ခဲ့သည်။ “ရွာထဲက ဘယ်သူမှ သူ့ကိုမလိုချင်မှာစိုးရိမ်တယ်။ ကလေးပြန်ကောင်းလာမှ မိသားစုကောင်းတစ်ခုကို ဖြည်းဖြည်းချင်းရှာကြည့်မယ်” သူ ကလေးကို မိသားစုတစ်ခုထံ ယုံယုံကြည်ကြည်မအပ်ခင် ကလေးအား ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်မည့် မိသားစုတစ်ခုကို ရွေးရမည်။ 

 

ဟွမ်မိသားစုရဲ့ ဒီကလေးကို ဘယ်သူကအပြစ်မမြင်မှာလဲ? ရွာလူကြီးက ရက်စက်သည်ဟု ယခင်က ထင်ထားသူများသည် ဟွမ်မိသားစု ကလေးစွန့်ပစ်ပြီး​နောက်မှာ ထိုစကားမျိုးကို မပြောတော့ပေ။ ရက်စက်မှုနဲ့ပတ်သက်လာရင် ဟွမ်မိသားစုထက် ပိုရက်စက်သည့်လူ ရှိဦးမလား?

  

“အင်း… ရွာမှာ ကြင်နာတတ်တဲ့ မိသားစုတွေအများကြီးပါ။ မဟုတ်ရင် ဆွေမျိုးတွေတောင် ဂရုမစိုက်တဲ့ကလေးကို ဘယ်သူက ဂရုစိုက်မှာလဲ?” ကျန်းရှို့က သက်ပြင်းရှိုက်သည်။

 



ကလေးလေးက ကြင်နာတတ်သည့် မိသားစုနှင့်တွေ့လျှင် ဟွမ်မိသားစု၏ စွန့်ပစ်ခံရတာ သူ့အတွက် ကောင်းသွားပေမည်။

  

“ဒီအေကြာင်းမပြောနဲ့တော့။ မင်ကောအာအဆင်ပြေလား? ငါ ဒီနှစ်ရက်မှာအလုပ်များနေတော့ သူ့ဆီသွားလည်ဖို့ အချိန်မရှိခဲ့ဘူး။ အဲ့ဒီညကအဖြစ်အပျက်က သူ့ကိုဘယ်လိုသက်ရောက်မလဲ ငါမသိဘူး။ ဟူလန်ကျုံးကတော့ မပြင်းထန်ဘူးပြောခဲ့ပေမယ့် ငါ စိတ်ပူနေတုန်းပဲ။” ရှန်းဖူလန်က ကျန်းရှိ့၏လက်ကိုပုတ်ကာ အကြောင်းအရာကိုပြောင်းလိုက်သည်။



“သူဘယ်လိုလူမျိုးလဲ ခင်ဗျားမသိပါဘူး။ သူက ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး စိတ်ထဲဘာမှမထားဘူး။ လီဖုန်းက သူ့ကိစ္စတွေကို ဖြေရှင်းပေးတယ်။ အခုသူက တစ်နေ့ထက်တစ်နေ့ ပိုပျင်းရိလာပြီး ကျွန်တော်ဒီကိုထွက်မလာခင်က သူ့ကိုဆူခဲ့သေးတယ်။” ကျန်းရှို့က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။



ရှန်းဖူလန်က အံ့အားသင့်သွားသည်။ သူသည်လည်း ​ကျန်းရှို့ပြောတာမှန်တယ်လို့ ထင်မိသည်။ ကျန်းရှို့စကားကြောင့် ရှန်းဖူလန်က ရယ်မောလိုက်သည်။ မင်ကောအာက အတိတ်မှာ ကျောက်မိသားစု၏ဒဏ် အများကြီးခံခဲ့ရ၍ ယခု သူပျော်ဖို့အချိန်ကျပြီဖြစ်၏။



ရွာလူကြီး၏မိသားစုက လက်ဆောင်တွေရခဲ့ပြီး လက်ဆောင်က သိပ်မများပေမယ့် သူတို့၏စဥ်းစားပေးခြင်း အမှတ်အသားများပါရှိသည်။ 



တချို့လူတွေက ထန်ချွန်းမင်ကိုလည်း လက်​ဆောင်တချို့ပို့ပေးချင်ခဲ့သည်။ 




တစ်ဖက်ကတော့ သူ့ကိုနှစ်သိမ့်ဖို့ဖြစ်ပြီး တခြားတစ်ဖက်၌ သူတို့က သူ့ကိုဖားချင်သည်။ မင်ကောအာ ယခင်ကကိစ္စများကို ဂရုမစိုက်တော့ပဲ အနာဂတ်မှာ ဟင်းသီးဟင်းရွက်ပျိုးပင်များ ရောင်းချပေးဖို့ မျှော်လင့်နေသည်။ သူတို့က မင်ကောအာထံမှ ငွေရှာချင်ခဲ့သည်။



သို့သော်လည်း လီဖုန်းမှာ နာမည်ဆိုးရှိသဖြင့် မင်ကောအာကို တွေ့ချင်သူတိုင်း လီဖုန်းကို ကျော်ဖြတ်ရမှာဖြစ်၏။ ထိုမိသားစုများက တွေးရုံနှင့်ပင် ကြောက်လန့်နေသည်။ 



ထန်ချွန်းမင်က တွေ့ဆုံရမလွယ်ကူတာကြောင့် ထူးဆန်းသောဖြစ်ရပ်တစ်ခုပေါ်လာသည်။ သူတို့က မင်ကောအာနှင့် ရင်းနှီးသောမိသားစုများထံသို့ သွားရောက်လည်ပတ်ကာ မင်ကောအာထံ ပစ္စည်းပို့ခိုင်းခဲ့သည်။ ကျန်းရှို့၏နေရာမှာ လူအများဆုံးရှိပြီး ဝမ်မော့၏အိမ်မှာလည်း လူတွေရှိသလို ဦးလေးကျောက်လျို၏မိသားစုမှာလည်း လူတွေရှိနေခဲ့သည်။



ထိုလူများကိုတွေ့ပြီး​နောက် ဦးလေးကျောက်က ရယ်ရမလား ငိုရမလားပင် မသိချေ။ ဖုန်းရှောင်ကျစ်က ရည်ရွယ်ချက်ဆိုးမရှိသူများနှင့် စကားပြောရလွယ်ကူသည်။ 

  



ကလေးတွေ သူ့ကိုမကြောက်ကြတာ သူတို့မတွေ့လို့လား? ဒါပေါ့ အဲ့ဒါက သူတို့အိမ်စာပြီးနေသရွေ့လေ….

 

အသက်ကြီးလာသည်နှင့်အမျှ အရာအားလုံးကို ပိုမြင်ရလေဖြစ်သည်။ ဦးလေးကျောက်က ထန်မိသားစုအား ပစ္စည်းအားလုံး ချက်ချင်းပို့ပေးခဲ့သည်။ ထန်ချွန်းမင်က သူတို့ကို မငြင်းနိုင်ခဲ့ပေ။ သူ ဤပစ္စည်းများကိုငြင်းလိုက်လျှင် လူတွေက အတွေးလွန်ပြီး ထန်ချွန်းမင် အရင်ကကိစ္စတွေကို တေးမှတ်ထားလို့ သူတို့ကို ပျိုးပင်မရောင်းချင်တာလို့ ထင်လိမ့်မည်။ ထိုပစ္စည်းများကို လက်ခံမှသာလျှင် စိတ်အေးလိမ့်မည်။

 

စိတ်ဝင်စားဖို့ကောင်းသည်မှာ ထန်ချွန်းမင်ကို တကယ်ဂရုစိုက်သူများက လီဖုန်းကို အလွန်ကြမ်းတမ်းခက်ထန်သည်ဟု ပြောကြသည်။ ကောများကလည်း သူ့ကိုမြင်လျှင် လန့်ကြသလို တချို့အမျိုးသားများကပင် လီဖုန်းကို ရန်မစရဲပေ။ ဒီလိုရက်စက်တဲ့လူက သူ့ကောလေးကို တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား? ကျန်းလန်ဟွာ၏အိမ်အခြေအနေက ရှိနေဆဲဖြစ်ပြီး သူတို့သည်လည်း အနာဂတ်မှာ လီဖုန်းစိတ်အဆင်မပြေလျှင် မင်ကောအာကို ရိုက်နှက်မှာ စိုးရိမ်နေသည်။

 

သူတို့က ထန်ချွန်းမင်အတွက် တကယ်တွေးပေးနေသော်လည်း ထန်ချွန်းမင်ကြားသောအခါ သူက ဘာပြောရမှန်းမသိခဲ့​ပေ။ စကားများကို လက်ဆင့်ကမ်းပေးသူမှာလည်း ရယ်ရမလား ငိုရမလားပင်မသိပေ။ သူတို့က အတွင်းရေးကိုသိသဖြင့် ဘာဖြစ်လာမလဲမသိပေ။ သို့ပေမယ့် ယခုလက်ရှိတွင် လီဖုန်းက မင်ကောအာကိုထိဖို့ပင် ဝန်လေးနေသည်။ လီဖုန်းက တခြားအမျိုးသားတွေလို သူ့ကောကိုရိုက်နှက်မယ်ဆိုတာ သူတို့မယုံကြည်ပေ။