Chapter 48.3
Viewers 21k

Chapter 48.3


  

“မင်္ဂလာပါ အဘိုး…” အားလင်းက ဦးလေးဖုန်း၏လည်ပင်းကိုဖက်ထားရင်း ချိုသာစွာခေါ်လိုက်သည်။

  


ဒါက အားလင်းလေးမလား? အဘိုးနေကောင်းပါတယ်။ ဒီမှာ အားလင်းအတွက် လက်ဆောင်။” သူက ကျောက်စိမ်းဆွဲသီးကို တစ်နေရာမှထုတ်ယူကာ အားလင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ 

   

အားလင်းက သူ့အားမူကို တစ်ချက်ကြည့်ပြီး ဦးလေးဖုန်းကိုပြန်ကြည့်ကာ နှစ်ယောက်လုံးမငြင်းမှ အားလင်းက ဝမ်းသာအားရ ကျေးဇူးတင်လိုက်လေသည်။

 

ထန်ချွန်းမင်က တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းဆွဲသီးက ဖောက်ထွင်းမြင်ရပြီး ကျောက်စိမ်းတုံးတစ်ခုနဲ့တူသည်ကို မြင်လိုက်ရသော်လည်း လီဖုန်းက သမားတော်ဟဲကို မိသားစုဝင်တစ်ယောက်ကို ဆက်ဆံတာကြောင့် သူက မငြင်းခဲ့ပေ။

     

ရှန်းဖူလန်နှင့် ကျန်းရှို့တို့ကို နှုတ်ဆက်ပြီးနောက် သမားတော်ဟဲကို အိမ်ထဲသို့​ခေါ်လာခဲ့သည်။ ရှန်းဖူလန်နှင့် သူ့သူငယ်ချင်းများက သူတို့နောက်မလိုက်လာပဲ သူတို့မိသားစု ပြန်လည််ဆုံဆည်းဖို့ အချိန်ပေးခဲ့သည်။ 

 


လီဖုန်းက သမားတော်ဟဲကို ထန်ချွန်းမင်၏အိမ်မှာ နေထိုင်လို့ရအောင် စီစဥ်ပေးခဲ့သည်။ ဤသည်မှာ သူ၏ဆင်ခြင်တုံတရားကြောင့်ဖြစ်သည်။ သမားတော်ဟဲက တခြားသူများ၏အတင်းအဖျင်းကို နားထောင်ဖို့ အိုလွန်းနေသည်။ ထို့အပြင် သူက မင်ကောအာကို အနီးကပ်စောင့်ရှောက်မယ့် သမားတော်ဖြစ်၍ လီဖုန်းကို စိတ်သက်သာရာရစေသည်။

      

သမားတော်ဟဲက ယခုလိုစီစဥ်တာကို မကျေနပ်မဖြစ်ပေ။ မင်ကောအာ၏ခြံက လီဖုန်း၏ ဟာလာဟင်းလင်းဖြစ်နေသည့် ခြံထက် များစွာသက်တောင့်သက်သာရှိသည်။ လေထုကလည်း လန်းဆန်းနေပြီး ရေကလည်း ချို​မြိန်တယ်လို့ ခံစားရသည်။

    

ထို့ကြောင့် သူက ဖုန်းရှောင်ကျစ်၏ခြံထဲသို့ လိုက်သွားကာ ဒုက္ခမခံစားချင်ပေ။ ထို့အပြင် သူ့မှာ ဂရုစိုက်စရာ ​မြေးငယ်လေးရှိ၍ သူရောက်လာသည်နှင့် ဤနေရာရှိ ပတ်ဝန်းကျင်ကို သဘောကျခဲ့သည်။

 

မူလအခန်းကြီးသုံးခန်းအနက် အလယ်ဗဟိုရှိ ပင်မခန်းမမှလွဲ၍ ထန်ချွန်းမင်၏အခန်းကို စာဖတ်ခန်းအဖြစ်သုံးကာ ကျန်ရှိနေသော တတိယအခန်းကို သမားတော်ဟဲအား ပေးလိုက်သည်။

     

လီဖုန်းက ပရိဘောဂတချို့သွားဝယ်ရန် ခရိုင်မြို့ကို ချက်ချင်းပြန်သွားခဲ့သည်။ 

 

သို့သော် အိမ်ထောင်ကျပြီးနောက် အိမ်က အလွန်သေးငယ်လာမည်ဟုတွေးကာ လီဖုန်းက အိမ်အသစ်တစ်လုံးဆောက်ရန် စဥ်းစားနေပြီဖြစ်၏။ လက်ထပ်ပြီးနောက် မင်ကောအာ၏အိမ်မှာနေထိုင်ခြင်းက အမှားအယွင်းတစ်စုံတစ်ရာမရှိဟု သူထင်ခဲ့သည်။ သူ့ပိုင်ဆိုင်မှုအားလုံးကို မင်ကောအာထံ လွှဲပြောင်းပြီးပြီဖြစ်၍ သူက မင်ကောအာ သွားလေရာကို လိုက်နေမှာဖြစ်၏။




   

သူက ထိုအကြောင်းကို ထန်ချွန်းမင်နှင့် ဆွေးနွေးပြီးပြီပင်။ ထန်ချွန်းမင် ကလေးမွေးဖွားပြီးနောက် သူနဲ့ထန်ချွန်းမင်က နောက်ဖေးတွင် အိမ်တစ်လုံးဆောက်ရန် စီစဥ်ထားပြီး သူနဲ့ထန်ချွန်းမင်က အနောက်ဘက်ရှိ အိမ်သစ်မှာနေထိုင်မည်။

    ထန်ချွန်းမင်ကလည်း ဤအကြံကိုကောင်းတယ်လို့ ထင်ခဲ့သည်။ အားလင်းနှင့် ကုတင်တစ်ခုတည်းမှာ အိပ်ဖို့မဖြစ်နိုင်ပေ။ သူလက်ခံလျှင်ပင် လီဖုန်း သဘောတူမှာမဟုတ်ပေ။ သူလည်း တစ်ခုခုလုပ်ဖို့ စိတ်အားထက်သန်နေ၍ ထိုအချိန်မှာ တစ်ခုခုလုပ်တာက ပုံမှန်ဖြစ်၏။

 

သမားတော်ဟဲက ဤမိသားစုနှင့် လျင်မြန်စွာ ပေါင်းစည်းခဲ့သည်။ သူ၏များပြားလှသော အတွေ့အကြုံကြောင့် သူ့ကိုယ်သူပို၍လွယ်ကူစွာ ထိန်းညှိနိုင်ပြီး ဘဝကိုအပြည့်အဝ ခံစားနိုင်လေသည်။ ထို့အပြင် ရိုးရှင်းသောဘဝသည် သူအမြဲလိုချင်ခဲ့သောအရာဖြစ်သည်။ လှုပ်ကုလားထိုင်ဝယ်ကာ စပျစ်ခင်းအောက်မှာချထားရန် သူ လီဖုန်းအားပြောခဲ့သည်။ သူက လှုပ်ကုလားထိုင်ပေါ်မှာ လှုပ်ခါရင်း ထန်ချွန်းမင်နှင့် စကားပြောနေ၏။

  

“ဖုန်းရှောင်ကျစ်က မင်းကို ငါ့အကြောင်းတွေ ပြောထားလောက်တယ်။ တကယ်တော့ ငါက ဒီကလေးကို သနားလို့ ကယ်ပေးခဲ့တာ။ ငါလည်းပဲ မြောက်ပိုင်းမှာ ရှင်သန်ဖို့ သူ့ကိုမှီခိုခဲ့ရတယ်။ မြောက်ပိုင်းက အခြေအနေက အစပိုင်းမှာ ကောင်းပေမယ့် အချိန်မရွေး လူတွေသေသွားနိုင်ခဲ့တယ်။”

      

“ငါတို့လို သမားတော်တွေတောင် ထွက်ပြေးခဲ့ရတယ်။ ငါတို့ သတိမထားရင် လူရိုင်းတွေက ဖမ်းမိသွားမှာ။ နှေးရင်လည်း ဘယ်သူကမှ ငါတို့ရဲ့သေခြင်းရှင်ခြင်းကို ဂရုစိုက်မှာမဟုတ်ဘူး။ ဒါကြောင့် သူပြောတာအားလုံးကိုမယုံနဲ့။”

  

“မဟုတ်ဘူး။ သူကျွန်တော့်ကို အများကြီးမပြောခဲ့ဘူး။ ခင်ဗျားကြောင့်သာမဟုတ်ရင် သူ မြောက်ပိုင်းကိုမရောက်ပဲ လမ်းမှာတင် သေသွားမှာလို့ပြောတယ်။ သူ့အသက်ကိုကယ်တင်ဖို့ အတတ်ပညာတွေမသင်ပေးခဲ့ရင် သူ ခင်ဗျားကို စစ်မြေပြင်မှာ ကယ်တင်နိုင်မှာမဟုတ်ဘူး။ ဒါတွေအားလုံးက ခင်ဗျားကြောင့်ပါ။ အခု သူ့ဘဝက အဆင်ပြေသွားပြီမို့ သူ ခင်ဗျားကို ကျေးဇူးဆပ်ချင်တာ မှန်ပါတယ်”

    

ထန်ချွန်းမင်ပြောသွားသည်မှာ သူ့စိတ်ထဲကတွေးသည့်အတိုင်းပင်။ ကိစ္စက ယခုလိုဆိုသည့်တိုင် သက်ရောက်မှုတိုင်းအတွက် အကြောင်းအရင်းရှိလေသည်။ သမားတော်ဟဲ၏ ကြင်နာမှုမရှိလျှင် နောက်ပိုင်းကိစ္စတွေဖြစ်လာမှာမဟုတ်ပေ။ အားလုံးက သူကူညီခဲ့လို့သာဖြစ်၏။

 

အထူးသဖြင့် သူနဲ့သွေးသားမတော်စပ်သော ဤသူစိမ်းနှင့် နှိုင်းယှဥ်ကြည့်သောအခါ လီဖုန်းက မည်သည့်ဘက်သို့ အားကိုးသင့်သည်ဟု ပြောရန် လိုအပ်နေသေးသည်လား။

  


“ဟားဟား….” အဘိုးကြီးဟဲက ဟက်ဟက်ပက်ပက် ​ရယ်မောလိုက်သည်။ “မင်းကစိတ်ထားကောင်းတာပဲ။ ဒီကလေးက ငါ့ကိုဒီခေါ်လာဖို့ အကောင်းဆုံးသွေးဆောင်နိုင်ခဲ့တာ အံ့သြစရာမရှိတော့ဘူး။ စိတ်မပူပါနဲ့။ မင်း ဒီတစ်ကြိမ်တော့ သားလေးတစ်ယောက် ချောချောမွေ့မွေ့ မွေးလာနိုင်မှာပါ။” ဖုန်းရှောင်ကျစ် မိသားစုတစ်စု စတင်တော့မှာသိလိုက်ရ၍ သူဤနေရာကိုလာဖို့ ဆန္ဒရှိခဲ့တာ​ဖြစ်၏။

 

ထန်ချွန်းမင်က ရှက်ရွံ့သောမျက်နှာဖြင့် သူ့ဗိုက်ကိုကြည့်လိုက်သည်။ သူက ပြောလိုက်လေသည်။ “အဲ့ဒါက အရမ်းနာတယ်လို့ ကြားဖူးတယ်။ နာကျင်မှုကို သက်သာအောင် လုပ်လို့ရတဲ့နည်းမရှိဘူးလား? ဒါမှမဟုတ် ဓားနဲ့ခွဲပြီး ကလေးထုတ်မှာလား?”

  

“ဟားဟားဟား….” သမားတော်ဟဲက ပို၍ပင် ကျယ်လောင်စွာရယ်မောလိုက်သည်။ အချိန်အတော်ကြာစကားပြောပြီးနောက် ဤကောက ကလေးမွေးရမှာကြောက်မှန်း သူသိလိုက်သည်။ “စိတ်မပူပါနဲ့။ ကလေးရဲ့အနေအထားက မှန်ပါတယ်။ မင်း မွေးဖို့အရမ်းကြာမှာမဟုတ်ပါဘူး။ မင်းခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ။ ဘာစိတ်ပူစရာလိုလို့လဲ? ငါ မင်းရဲ့ဗိုက်ကိုလှီးရမယ်ဆိုရင် အဲ့ဒီကလေးက ငါရဲ့အိုဆွေးနေတဲ့အရိုးတွေကို အရင်လာချိုးလိမ့်မယ်။” 

 

ထန်ချွန်းမင် မျက်မှောင်ကြုတ်လိုက်သည်။

 

နည်းပညာကွာဟမှု၊ မျိုးဆက်ကွာဟမှု… ဆက်သွယ်ရေးနည်းလမ်းမရှိပေ။ ကလေးရှိတာအဆင်ပြေပေမယ့် ခွဲစိတ်ကုသမှုအပိုင်းတွေကတော့ သူ့စိတ်ကူးထဲမှာသာရှိသည်။.

 


ထန်ချွန်းမင်၏ နောက်ဆုံးသောအတွေးတစ်ခု ငြိမ်သက်သွားပြီးနောက် သူ့ဗိုက်က အပူဆုံးရာသီတွင် တဟုန်ထိုးမြည်လာခဲ့သည်။

  

“သေစမ်း….အရမ်းနာတာပဲ။ ဒီနတ်ဆိုးလေးက ဘယ်ကထွက်လာမှာလဲ? သူထွက်လာရင် ငါဘယ်တော့မှခွင့်မလွှတ်ဘူး။ အား!!” သူ့အခန်းက သားဖွားခန်းအဖြစ် အသုံးပြုခဲ့သည်။ အပြင်မှာ စိုးရိမ်တကြီးစောင့်ဆိုင်းနေသူများက ထန်ချွန်းမင်၏ အော်ဟစ်ဆဲဆိုသံများကို ကြားနေရသည်။ 


ကူညီရန်ရောက်လာသော ကျန်းရှို့နဲ့ဝမ်မော့က ချွေးရွှဲနေ၏။ မင်ကောအာ ပထမကလေးမွေးခဲ့စဥ်ကလည်း သူတို့ရှိနေခဲ့ပြီး သူတို့က မင်ကောအာ ယခုလိုအော်နေသည်ကို မကြားဖူးပေ။ ဤတစ်ကြိမ်တွင် သူက ကလေးကို မမွေးခင်တည်းက လူယုတ်မာလို့ခေါ်နေပြီး သူတို့က ကလေးအတွက် ရပ်တည်ပေးသင့်သလားပင် မသိတော့ချေ။

 

ပင်မခန်းတွင် လူများစွာစောင့်ဆိုင်းနေကြသည်။ မနက်စာစားနေစဥ် ထန်ချွန်းမင်က ရုတ်တရက် ဗိုက်နာလာ၍ လီဖုန်း လန့်သွားခဲ့သည်။ မနက်စာစားနေသော သမားတော်ဟဲကလည်း မီးဖွားတော့မယ်ဆိုတာကို သတိမထားမိပဲ တစ်ခုခုမှားနေလို့ ဗိုက်နာတယ်ဟုဆိုကာ စိုးရိမ်နေခဲ့သည်။

 

သမားတော်ဟဲ သတိဝင်လာပြီးနောက် သူက သားဖွားသမားတော်ကိုခေါ်ရန် မြင်းကို အရှိန်အဟုန်ဖြင့် စီးနင်းခဲ့သည်။ သမားတော်ကလည်း မြင်းပျံစီးရသည့် အတွေ့အကြုံကိုရခဲ့ပြီး မြင်းပေါ်ကဆင်းပြီးနောက် မခံမရပ်နိုင်ဖြစ်လုနီးပါးပင်။

 


မတိုင်ခင်က သမားတော်နှင့်အတူ မီးဖွားဖို့လိုအပ်သည်များကို ပြင်ဆင်ခဲ့ပြီး မီးဖွားမည့်ရက်ကို စောင့်မျှော်ခဲ့ကြသည်။

  

သမားတော်ဟဲက စိုးရိမ်စရာမရှိပေ။ သူ ရောက်လာကတည်းက မင်ကောအာ၏ သွေးခုန်နှုန်းကိုစစ်ဆေးခဲ့သည်။ မင်ကောအာသည်ကား ယခင်က ကျန်းမာရေးမကောင်းသော်လည်း ကိုယ်ဝန်ရှိချိန်မှာ သူ့ကိုယ်သူကောင်းကောင်းဂရုစိုက်ခဲ့တာကြောင့် ၎င်းက သူမျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့သည်။

   


သို့သော် သူက အ​ကြောင်းအရင်းကို စုံစမ်းဖို့ မ​ကြိုးစားခဲ့ပေ။ ရက်အနည်းငယ်အကြာတွင် မင်ကောအာ၏ သွေးခုန်နှုန်းကို ထပ်မံစစ်ဆေးခဲ့ပြီး မင်ကောအာ၏အခြေအနေက ဤမီးဖွားမှုမှာ ရှင်သန်နိုင်ဖို့ ကောင်းလွန််းသည်ကို သူသိခဲ့သည်။ မင်ကောအာက အလွန်ဖျတ်လတ်တက်ကြွမှန်း သူသတိထားမိခဲ့သည်။

 

စိုးရိမ်သောကရောက်နေသော လီဖုန်းကိုကြည့်ကာ စစ်မြေပြင်မှာ ရောက်နေစဥ်ကပင် သူက သူ့ကို ယခုလိုပုံစံမျိုးမမြင်ဖူးပေ။ ဓား၏နောက်ဆုံးထိုးချက်ကြောင့် ခေါင်းပြတ်မလိုဖြစ်ခဲ့သည့်တိုင် သူ့အမူအရာက မပြောင်းသွားခဲ့ပေ။ သို့သော် ယခုမူ သူက ထိုနေရာတွင် အေးခဲသွားသည်။ တ​ခြားသူတွေက ဘာမှမမြင်နိုင်ပေမယ့် ဤကလေးက တကယ်ထိတ်လန့်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာကို သူ ရှင်းရှင်းလင်းလင်းသိသည်။

 

အော်ဟစ်ဆဲဆိုသံများရပ်သွားပြီးနောက် အိမ်ထဲမှာ ဘာသံမှမကြားရတော့ပေ။ စောင့်နေရသော မိနစ်တိုင်းက တစ်နှစ်ကဲ့သို့ပင် လီဖုန်းခံစားရလေသည်။ ကလေးစောစောထွက်လာလျှင် မင်ကောအာ၏ ဝတ်ပြုဆုတောင်းကာလ မြန်မြန်ပြီးသွားပြီး သူတို့၏မင်္ဂလာပွဲနီးကပ်လာမည်ဟု သူ တွေးခဲ့ဖူးသည်။ 

  .


သို့သော် ယခုမူ သူကြောက်သွားခဲ့သည်။ ရွာမှာကြီးပြင်းခဲ့၍ ကောတစ်ယောက် ကလေးမွေးသည်မှာ ငရဲ​တံခါးဝကိုဖြတ်ကျော်ရတာဖြစ်မှန်း သူသိသည်။ ဤရွာတွင် ကလေးမွေးနေစဥ် သေဆုံးခဲ့ရသော ကောတစ်ယောက်ရှိဖူးသည်။ ထိုနေရာ၌ မင်ကောအာ ခံစားနေရသည်ကို တွေးမိသောအခါ သူ့မျက်လုံးများ မှေးမှိန်သွားလေသည်။

  

“မင်း..ငါ့အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ပေး။ တခြားသူတွေကို မလုပ်ခိုင်းနဲ့နော်။ မင်းဘာမင်းလုပ်။ ငါ မင်းဖျော်တဲ့လက်ဖက်ရည်ကိုသောက်ချင်တယ်။”

   

သမားတော်ဟဲက လီဖုန်းကိုခိုင်းစေကာ တခြားဘယ်သူ့ကိုမှ မလုပ်စေချင်ပေ။ သူ ဘာလို့လက်ဖက်ရည်ဖျော်ခိုင်းလဲဆိုတာကတော့ သူ ရောက်လာစဥ်က ပစ္စည်းအများကြီးယူလာခဲ့၍ လက်ဖက်ရည်ချစ်သူက လက်ဖက်ရည်မသောက်ပဲ မနေနိုင်ပေ။

  


“အား……” စိတ်ကအိမ်ထဲကိုသာရောက်နေသော လီဖုန်းက ခေါင်းကိုကြောင်တက်တက်လှည့်ကာ ဟူလန်ကျုံးထိုင်နေသော နေရာကိုကြည့်လိုက်သည်။ သူက ဟူလန်ကျုံးပြောသည့်စကားကို သေချာမကြားလိုက်ရပေ။

 

ဟဲလောင်က စိတ်ပျက်လွန်းလို့ တစ်ခုခုကိုကောက်ကိုင်ကာ စိတ်ပျက်သောအကြည့်ဖြင့် သူ့ကိုပစ်ပေါက်လိုက်သည်။ “ငါ့အတွက် လက်ဖက်ရည်သွားဖျော်ပေး။ ငါ ရွာလူကြီးနဲ့သောက်မလို့”

  

“ကောင်းပြီ..  ခုသွားပါပြီ။” ဧည့်သည်ကို လျစ်လျူရှုမိမှန်း မသိလိုက်သော လီဖုန်းက ​ခြောက်ကပ်ကပ်ပြန်ဖြေပြီး ပင်မခန်း၏တစ်ဖက်ခြမ်းကို လျှောက်သွားလိုက်သည်။ သူက တုန်ယင်နေသော ခြေလက်များဖြင့် လျှောက်လာကာ အလွန်တောင့်တင်းနေတာကြောင့် ရွာလူကြီးက ရယ်ရမလား နှစ်သိမ့်ပေးရမလားပင် မသိတော့ပေ။

  


“သူ့ကို လွှတ်ပေးလိုက်ပါ။ သူ့ကိုစိတ်အေးစေတဲ့သူက အဲ့ဒီမှာရှိနေတုန်းပဲ။ ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ အခု ကျုပ်တို့အချိန်ဖြုန်းဖို့ တစ်ခုခုရှာသင့်တယ်။ သူ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတာကို သူ့လက်အောက်မှာ အလုပ်လုပ်ဖူးတဲ့ စစ်သားတွေကို ခေါ်ပြချင်တယ်။” အဘိုးကြီးဟဲက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။


  

“မင်ကောအာ ဘာလို့ မအော်တော့တာလဲ? သူတစ်ခုခု​ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။” ရွာလူကြီးကလည်း စိတ်ပူနေသည်။ အစောပိုင်းက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေ​ပေမယ့် ယခု အသံမထွက်တော့၍ သူလည်း စိတ်ပူလာခဲ့သည်။

  

“မင်ကောအာက စကားပြောရလွယ်ပေမယ့် သူက ခေါင်းမာပြီး စိတ်ဓာတ်သန်မာတယ်။ ကျုပ်မှန်းဆရမယ်ဆိုရင် နာကျင်မှုကိုအဆုံးသတ်ချင်တဲ့စိတ်နဲ့ ကလေးမြန်မြန်မွေးချင်လို့ မအော်တော့တာဖြစ်နိုင်မလား?”

    

သမားတော်ဟဲက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက အချိန်ခဏသာ​ ပြောဆိုဆက်ဆံဖူးသော်လည်း သူ့အတွေ့အကြုံများအရ သူသည် မင်​ကောအာ၏ အကျင့်စရိုက်ကို မြင်နိုင်လေသည်။ သူက တခြားသူများထံမှ ကြားသိရသော ယခင်မင်ကောအာနှင့် ယခုမင်ကောအာကို ဆက်စပ်ကြည့်လို့မရပေ။ ပြောရလျှင် သူတို့နှစ်ဦးက မ​တူညီသော လူနှစ်ဦးဖြစ်သည်။ ကံဆိုးမှုကြောင့် သူ သန်မာလာတယ်ဆိုလျှင်ပင် အများကြီးတော့ပြောင်းလဲနိုင်မှာမဟုတ်ပေ။

 

သို့သော် ဤစိတ်ဓာတ်မျိုးက ကောင်းနေဆဲပင်။ ယင်းက ဖုန်းရှောင်ကျစ်နှင့် ပိုလိုက်ဖက်သည်။ သူ့မှာ ယခင်ကလို အကျင့်စရိုက်မျိုးရှိလျှင် ဖုန်းရှောင်ကျစ်အား ဆွဲချမိမှာကို သူစိုးရိမ်သည်။ သို့သော် လီဖုန်းကိုယ်တိုင်ကလည်း သဘောမကျလောက်ပေ။ သူတို့စတွေ့စဥ်က အရွယ်ရောက်ပြီးသား ကလေးတစ်ယောက်ကို ​တုတ်နဲ့လိုက်ရိုက်သည်ဟု ယွိမုထံမှ ကြားခဲ့ရသည်။ လီဖုန်းက သူ့ချို့ယွင်းချက်ကို ကာကွယ်ပေးမည့် ဤစိတ်ထားမျိုးကို သဘောကျပြီး ဆီလျော်မှုမရှိ အတင့်ရဲသည့်သူကိုတော့ သဘောကျမှာမဟုတ်ပေ။

 

လီဖုန်း လက်ဖက်ရည်​ဖျော်လို့မပြီးခင်မှာ ဟူလန်ကျုံးက ပြေးလာခဲ့သည်။ ဟူလန်ကျုံးက ဤနေရာကို မကြာခဏလာရောက်လည်ပတ်သည့် ဧည့်သည်ဖြစ်၏။ ဟူလန်ကျူံးက သမားတောင်ကောင်းတစ်​ယောက်ဖြစ်ပြီး မြို့ထဲက သမားတော်တွေထ​က် မနိမ့်ပေ။

    

အဘိုးကြီးဟဲက သမားတော်မှန်းသိသောအခါ သူက လာဆွေးနွေးဖို့မစောင့်နိုင်ခဲ့ပေ။ သို့သော် ဆက်သွယ်ပြောဆိုမှုအပြီးမှာ ဟူလန်ကျုံးက သမားတော်ဟဲ၏ ဆေးပညာကျွမ်းကျင်မှုကို ချက်ချင်းဦးညွတ်ကာ သူ နေ့တိုင်းလာလည်လို့ရစေရန် သမားတော်ဟဲ ထန်ချွန်းမင်၏အိမ်မှာဆက်နေဖို့ သူဆုတောင်းနေခဲ့သည်။

 

သူသာမမေးလိုက်လျှင် သမားတော်ဟဲက နန်းတော်ထဲက အင်ပါယာသမားတော်မှန်း သူသိခဲ့မှာမဟုတ်ပေ။ သို့သော် သူက ဧကရာဇ်ဟောင်း၏ လက်ထက်၌ နန်းတော်ထဲက တော်ဝင်မျိုးနွယ်တစ်ဦးကို စော်ကားခဲ့မိပြီး စစ်တ​ပ်သမားတော်အဖြစ် တာဝန်ထမ်းဆောင်ရန် နယ်စပ်သို့ပို့ခံခဲ့ရသည်။

     

ဧကရာဇ်သစ်နန်းတက်ပြီးနောက် အမှန်တရား​ပေါ်လာခဲ့ပြီး ဧကရာဇ်အသစ်က သူ့ကို အင်ပါယာသမားတော်ရာထူး ပြန်လည်အပ်နှင်းလိုသော်လည်း သူက ဆက်မလုပ်ချင်ခဲ့ပေ။ စစ်တပ်ထဲမှာ နေပြီး စစ်သားများကို ကုပေးခြင်းက နန်းတော်ထဲလာပြီး ထိုတော်ဝင်မျိုးနွယ်များကို အမှုထမ်းရခြင်းထက် ပို၍လွယ်ကူသည်။

   


ဧကရာဇ်အသစ်က ယခင်ဧကရာဇ်လက်ထပ်မှာ ဟဲလောင်၏ကြင်နာမှုကိုရရှိခဲ့သည်။ သူက အနည်းငယ်စိတ်မကောင်းဖြစ်​သော်လည်း ​သူ့အား တွန်းအားပေးလို့မရတာ​ကြောင့် သူက သူ့စိတ်သဘောအလျောက် သွားလာနိုင်ဖို့ အခွင့်ထူးပေးခဲ့သည်။