Chapter 49.3
“ရေခဲပြုလုပ်ခြင်း”
အလုပ်ဖြစ်နေသရွေ့အဆင်ပြေသည်။ သူ့ခွင်ံ့ပြုချက်ရသွားတော့ လီဖုန်းက စိတ်အေးသွားသည်။ သူက ထန်ချွန်းမင်အား လှည့်ပြောလိုက်သည်။ အံ့အားသင့်စရာမှာ ထိုစကားကြားတော့ ထန်ချွန်းမင်း၏မျက်လုံးအစုံက တောက်ပလာသည်။ ရေခဲက ကောင်းတဲ့အရာပဲကို သူအရင်က ဘာလို့မေ့ခဲ့တာလဲ? သူက လီဖုန်းကိုခေါ်ကာ စကားအနည်းငယ်ပြောလိုက်သည်။
လီဖုန်းက အံ့အားသင့်စွာ မေးလိုက်သည်။ “ဖြစ်နိုင်လို့လား? ရေခဲလုပ်လို့ရလား?”
“ကြိုးစားကြည့်မှသိမှာပေါ့။ ရေခဲရခဲ့ရင်တောင် အကြာကြီးသိမ်းထားလို့မရဘူး။ သိမ်းထားဖို့ အိမ်မှာ ရေခဲမီးဖိုမရှိဘူး။ ပြီးတော့ အဲ့ဒါက အချိန်လည်းကုန်တယ်။ လုပ်အားလိုတယ်။ စျေးကြီးတယ်။”
ထန်ချွန်းမင်က ယမ်းစိမ်းကိုအခြေခံပြီး ရေခဲလုပ်သည့်နေရာကို မမှတ်မိသော်လည်း သူအမှတ်မှားခြင်းတော့မဟုတ်ပေ။ ထို့အပြင် လုပ်ငန်းစဥ်ကလည်း မခက်ခဲပေ။ လိုအပ်သည်မှာ ယမ်စိမ်းနဲ့ရေဖြစ်၏။ လောလောဆယ်တော့ ဤနည်းလမ်းဖြင့် ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့ဘဝကို သက်တောင့်သက်သာ ဖြစ်စေချင်ရုံပင်။
“ကောင်းပြီ… ကိုယ် ပစ္စည်းတွေဝယ်ပြီး စမ်းကြည့်လိုက်မယ်။ ရေခဲအချို့လည်း ပြန်ယူလာပေးမယ်။”
လီဖုန်းက ခရိုင်မြို့မှ ရေခဲနှင့် ယမ်းစိမ်းကိို အမြန်ဝယ်ခဲ့ပြီး ရေခဲကို အိမ်၏အဝေးဆုံးထောင့်မှာ ထားရှိပေမယ့် အိမ်ကမကြာခင်မှာ လေအေးများဖြင့် ပြည့်လာခဲ့သည်။ ထန်ချွန်းမင် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ လီဖုန်းနဲ့ သမားတော်ဟဲတို့က အပြင်တွင် ရေခဲလုပ်ရန် စိတ်ဝင်တစားဖြင့် ယမ်းစိမ်းစမ်းသပ်နေသည်ကိုမြင်လျှင် သူက သူ့သား၏မျက်နှာကိုသာ စိတ်လှုပ်ရှားစွာ တို့ထိလိုက်မိသည်။
သို့သော် သူ့သားကလည် ငတုံးဖြစ်သည်။ တို့ထိခံရသည့်တိုင် သူက သူ့အားမူကို အရူးလိုပြုံးပြနေပြီး ပါးစပ်က သွားရည်ပြည့်နေ၍ အဆုံးမှာ သူက အရှုပ်ကိိုရှင်းပေးရတော့မည်။
“ဖေဖေ… သားညီလေးရဲ့မျက်နှာကို တစ်ချိန်လုံးတို့ထိနေလို့မရဘူးလို့ ဦးလေးဖုန်းကပြောထားတယ်။ နာသွားလိမ့်မယ်။” အားလင်းက သူ့အားမူကို ရိုးသားစွာဝေဖန်သည်။ အားမူက ဦးလေးဖုန်းမရှိတာကို အခွင့်ကောင်းယူပြီး သူ့ညီလေးကို ထပ်အနိုင်ကျင့်နေသည်။ အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ့ညီလေးကိုကာကွယ်ဖို့က သူ့တာဝန်ဖြစ်သည်။
ထန်ချွန်းမင်က သူ့လက်ချောင်းများကို မလုံမလဲရုတ်သိမ်းလိုက်သည်။ အားလင်း၏မျက်လုံးက အလွန်စူးရှပြီး သူ၏ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုကို တွေ့သွားမယ်လို့ မထင်ထားခဲ့ပေ။ သူက မလုံမလဲငြင်းခုံလိုက်သည်။ “ငါ သူ့ကိုအနိုင်မကျင့်ပါဘူး။ မင်းညီလေးက ပြုံးဖြီးပြနေတာ မတွေ့လို့လား? ကြည့်ဦး…”
သုံးရက်မြောက်နေ့တွင် ကလေး၏မျက်လုံးက အပြည့်အဝပွင့်လာပြီး နီရဲပီးရှုံ့မဲ့နေသော မျက်နှာလေးက အပြည့်အဝကြီးထွားလာခဲ့သည်။ ထန်ချွန်းမင်က ၎င်းကိုမြင်သောအခါ အနည်းငယ်ပိုပျော်သွားခဲ့သည်။ မဟုတ်ပါက ရုပ်ဆိုးသည့်သားလေးကိုမွေးဖို့ အများကြီးကြိုးစားအားထုတ်ခဲ့ရ၍ သူစိတ်ဓာတ်ကျနေပေမည်။
ထို့အပြင် သူ၏သားမိုက်က သူအဝေးရောက်သွားတာနဲ့ ထငိုသည်။ သို့သော် သူပြန်ရောက်လာသောအခါ ငိုသံက ချက်ချင်းရပ်သွားပြီး သူ့ကိုပင် လှမ်းအော်လာသည်။ ဤအရာက ထန်ချွန်းမင်ကို နားမလည်နိုင်လောက်အောင် ကျေနပ်စေသည်။ အင်း… သူ ယခုရိုက်မလို့ရည်ရွယ်ထားသည့် လက်ကိုပြန်ရုတ်ပြီး နောင်မှာ ဆိုးသွားလာလျှင် ရိုက်ဖို့တေးထားလိုက်သည်။
“အာ….အာ….” သွားမရှိသောကလေးက သူ့အားမူ၏ အကြံအစည်ကို လုံးဝသတိမထားမိပဲ ချစ်ဖို့ကောင်းအောင် ချွဲနေသည်။ မသိစိတ်အလျောက် သူက သူ့အားမူ၏နှစ်သက်မှုကို ပိုရလာစေရန် ကြိုးစားနေခဲ့သည်။
“ဖေဖေ…သားညီလေးက ငယ်သေးလို့ ဘာမှမသိဘူး။ ကြည့်… ဖေဖေလုပ်လို့ သူမျက်နှာက နီရဲနေပြီ။” အားလင်းက သူ့အားမူ၏ အရူးလုပ်မခံပေ။ သူက သူ့အားမူကိုစိုက်ကြည့်ပြီး နီနေသည့်နေရာကိုထိလိုက်သည်။
ထန်ချွန်းမင်က မျက်နှာကိုအုပ်လိုက်သည်။ ဒီဂြိုလ်သားကိုမေးပြီးတော့ အားလင်းရင်ထဲက သူ့နေရာက ဘာလို့ကျသွားတာလဲ? ၎င်းက သူ့အပြစ်သာဖြစ်၏။ မြင့်တက်လာသော နှစ်သက်မှုတန်ဖိုးက ချက်ချင်းပင် ပြန်ကျသွားခဲ့သည်။
အပြင်တွင် သမားတော်ဟဲ၏အသံထွက်ပေါ်လာသည်။ “ဖုန်းရှောင်ကျစ်… တကယ်အလုပ်ဖြစ်တာပဲ… ကြည့်… ရေခဲထွက်လာပြီ..ရေခဲထွက်လာပြီ…” သူဟာ ကလေးတစ်ယောက်လို ရွှင်မြူးကခုန်နေပြီး တာမောင်းနှင့် အာမောင်းတို့၏ ပျော်ရွှင်နေသော အော်သံများလည်း ထွက်ပေါ်လာသည်။
ထန်ချွန်းမင် ၎င်းကိုကြားတော့ ရယ်လိုက်လေသည်။ အစောထဲက မမှတ်မိတာ သူ့အပြစ်သာဖြစ်၏။ သူက ခေတ်သစ်မှာ အလွန်သက်တောင့်သက်သာရှိသော ဘဝကိုနေထိုင်ခဲ့ရ၍ ဤနေရာရှိကွာခြားချက်များကို အလိုအလျောက် မေ့သွားခဲ့သည်။ ဆောင်းရာသီရောက်လျှင် ရေခဲသိုလှောင်ရန် ရေခဲမီးဖိုတစ်ခုတူးရမည်။
ထန်ချွန်းမင်အခန်းကိုမလာခင် လူကြီးနှင့် ကလေးများက အပြင်မှာ အချိန်အတော်ကြာ အောင်ပွဲခံနေခဲ့သည်။ သမားတော်ဟဲနှင့် ထန်ချွန်းမင်က သူစိမ်းမဆန်ကြပေ။ သူ့အဝတ်အစားများက စိုနေပြီး တချို့နေရာတွေမှာ စွန်းထင်းနေသည်။
သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်မသွားပေ။ “မင်ကောအာ… ဒါအကြံကောင်းပဲ။ ငါတို့ နွေရာသီမှာ ရေခဲကုန်သွားမှာ စိတ်ပူဖို့မလိုတော့ဘူး။ ဒါနဲ့…မင်ကောအာ… မင်းဒီရေခဲလုပ်နည်းကို ဘယ်လိုသုံးဖို့ စီစဥ်ထားလဲ? ငါကြည့်လိုက်တော့ ယမ်စိမ်းက စားလို့မရပေမယ့် ယမ်းစိမ်းကို သံဓာတ်နဲ့ခွဲပြီးရလာတဲ့ ရေခဲကိုစားလို့ရတယ်။ အခု မင်းဝင်ငွေလည်းရှာလို့ရတယ်။”
ထန်ချွန်းမင်က သူတို့ကို လက်မထောင်ပြလိုက်သည်။ သူက ယမ်းစိမ်းနဲ့ရေခဲလုပ်နည်းကိုသာ ပြောပြခဲ့သော်လည်း သူတို့က ယမ်းစိမ်းနှင့် ရေအချိုးအစားကို ရှာတွေ့ခဲ့ပြီး စားလို့ရသည့် ရေခဲပြဿနာကို ထည့်သွင်းစဥ်းစားခဲ့သည်။
သို့သော်လည်း သူက ရေခဲရောင်းပြီး ငွေရှာဖို့မတွေးဖူးပေ။ အရင်ကဆိုလျှင် သူသုံးမှာပေမယ့် ယခုမူ သူ့မှာ အနောက်တောင်ကိုရှင်းဖို့ပင် အချိန်မရှိပေ။ ဒီတော့ သူ့မှာ တခြားအလုပ်အတွက် ဘယ်လိုအချိန်ရှိမှာလဲ?
“အားဖုန်း… မင်းရောဘယ်လိုထင်လဲ? အခုအိမ်မှာ ဘယ်သူမှမအားတော့ တခြားတစ်ယောက်ကို လွှဲပေးလိုက်ရင်ရော?”
သမားတော်ဟဲက ထန်ချွန်းမင်ကို တလေးတစားကြည့်လိုက်သည်။ သူတို့စတွေ့ကတည်းက ဤကောလေးက ငွေနဲ့ပတ်သက်၍ အလွန်ပွင့်လင်းသော စိတ်ထားရှိတာကို သူခံစားမိခဲ့သည်။ သူက ငွေမမက်ဘူးလို့ မင်းပြောပေမယ့် သူက ငွေရှာဖို့ အနောက်တောင်တစ်ခုလုံးကိုဝယ်ခဲ့တယ်။ သူက ငွေမက်တယ်ဆိုရင် ရထားတဲ့ငွေတွေကို အလွယ်တကူ ပေးပစ်ပါ့မလား?
ထန်ချွန်းမင်သာ သမားတော်ဟဲ၏အတွေးကိုသိလျှင် အလွန်စိတ်မကောင်းဖြစ်လိမ့်မည်။ သူ ငွေမမက်တာမဟုတ်ပဲ သူ့မှာ အလုပ်လုပ်ဖို့ အချိန်မရှိတာဖြစ်၏။ ထို့အပြင် ရေခဲမုန့်ရောင်းတာနဲ့ယှဥ်လျှင် သူက တောင်ကုန်းတိုးတက်မှုကို အာရုံစိုက်လိုက်တာ ပိုကောင်းမည်။
ကောင်းစွာဖွံ့ဖြိုးတိုးတက်လာပါက ရေခဲမုန့်ရောင်းခြင်းထက် သေချာသော ငွေများစွာကို အဆက်အပြတ်ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့အပြင် သူ တခြားသူအား ပေးဆောင်ရသော်လည်း သူ့ဝေစုရနိုင်သေးသည်။ သမားတော်ဟဲက သူ့ကို အထင်ကြီးလွန်းနေသည်။
အမှန်တိုင်းဆိုရသော် ဘဝကို ကောင်းကောင်းဖြတ်သန်းလိုသော လူတွေအား သူကူညီချင်သည်။ မဟုတ်ပါက သူနဲ့ကျန်းရှို့ကြားက ကွာဟချက်ကြီးလာလျှင် သူတို့ဆက်ဆံရေးလည်း ဝေးကွာသွားနိုင်ပြီး သူက ထိုအခြေအနေမျိုး ဖြစ်မလာစေချင်ပေ။
အနည်းဆုံးတော့ ကျန်းရှို့က တာမောင်းနှင့်အာမောင်းကို စာဆက်သင်စေချင်ပြီး ဝင်ငွေတည်ငြိမ်နေလျှင် သူက သူ့သားတွေကို ကျောင်းလခအတွက် စိတ်ပူစရာမလိုပဲ ကျောင်းပို့လို့ရသည်။
လူတစ်ယောက်တည်းရဲ့ ဘဝကောင်းစားနေရုံနဲ့လည်း အဆင်မပြေပေ။ အားလုံးရဲ့ဘဝတိုးတက်မှသာလျှင် ၎င်းက သူ့ကို နာမည်ကောင်းယူဆောင်လာပေးလိမ့်မည်။ ဒီတော့ ဘာလို့မလုပ်ရမှာလဲ?
မူလက သူသည် အနောက်တောင်က အလုပ်ပြီးစီးသွားမှသာ တခြားအစီအစဥ်အတွက် ပြင်ဆင်ထားပေမယ့် ယခုမူ ရေခဲလုပ်ခြင်းလုပ်ငန်းစဥ်က အချိန်မှန်မှာ ပေါ်လာခဲ့သည်။
“ကောင်းပြီ.. မင်ကောအာ မင်းပြောသမျှကို ငါတို့လုပ်မယ်။ ဒါပေမယ့် မင်းက ဘယ်သူ့ကိုလွှဲပေးရမလဲ ရွေးချယ်ရမယ်” လီဖုန်းက မငြင်းပေ။ သူ့မှာငွေပြတ်လတ်မနေသလို မင်ကောအာကလည်း ငွေရှာနည်းသိသည်။
“ကောင်းပြီ ..အားဖုန်း… ကျွန်တော်စဥ်းစားပြီး အစီအစဥ်ကို ရေးပေးထားမယ်။ ခင်ဗျားနဲ့ သမားတော်ဟဲကြည့်လို့ရအောင်ပါ။” လုပ်မယ်လို့ဆုံးဖြတ်ပြီးလျှင် ကောင်းကောင်းလုပ်ရမည်။ ဆိုလိုတာက အစီအစဥ်တစ်ခုရေးပြီး တခြားသူများကိုပေးကာ မင်း ဘာမှစိတ်ပူစရာမလိုတော့ပေ။
“အချိန်ယူစဥ်းစားပါ။ အလျင်မလိုပါနဲ့။ မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်။” လီဖုန်းက စိုးရိမ်တကြီး သတိပေးလိုက်သည်။
ဖြည်းဖြည်းချင်းစဥ်းစားမယ်လို့ ပြောလိုက်ပေမယ့် ထန်ချွန်းမင်က နေ့စဥ်နေ့တိုင်း အိပ်ရာထဲမှာ ပျင်းရိငြီးငွေ့နေတာကြောင့် သူက ထိုညမှာပဲ အစီအစဥ်ရေးဆွဲကာ လီဖုန်းနဲ့ဟဲလောင်အား ကမ်းပေးလိုက်သည်။ ညဘက်အိမ်ကိုရောက်လာသော ဝမ်ယင်နဲ့ ထန်ချွန်းရုံကလည်း ကြားသွားခဲ့သည်။
ဤကိစ္စကို ရွာလူကြီးက ကိုင်တွယ်ရမည်။ ရွာလူကြီး၏မိသားစု၊ ကျန်းရှို့နှင့် ဝမ်မော့၏မိသားစုက ၂၀ ရာခိုင်နှုန်း အသီးသီးယူကာ ကျန်၂၀ ရာခိုင်နှုန်းက သူ့မိထွေးနှင့် အားရုံအတွက်ဖြစ်သည်။ သမားတော်ဟဲကလည်း ထန်ချွန်းမင်၏မိသားစုဝင်ဖြစ်၍ သီးသန့်ဝေစုမရှိပေ။
ရေခဲပြုလုပ်ခြင်းလုပ်ငန်းစဥ်က ရိုးရှင်းပြီး တစ်ချက်ကြည့်ရုံဖြင့် မည်သူမဆိုလေ့လာနိုင်တာကြောင့် ပါဝင်သူများက လျှိို့ဝှက်ချက်ကို စောလွန်းစွာ မထုတ်ဖော်မိပဲ နောက်ထပ်နှစ်အနည်းငယ် ငွေပိုရှာနိုင်ရန် သတိထားဖို့လိုသည်။
ပူအိုက်သောရာသီကုန်ခါနီး၍ လီဖုန်းက ထိုကိစ္စဆွေးနွေးဖို့ ရွာလူကြီးကိုအမြန်ခေါ်ခဲ့သည်။ ရွာလူကြီးက အစီအစဥ်ကိုကြည့်ပြီး ရေခဲလုပ်ခြင်းလုပ်ငန်းစဥ်ကို မျက်စိမှိတ်မြင်ယောင်ပြီးနောက် သူက မေးရိုးများပြုတ်ကျကာ အချိန်အတော်ကြာအသံမထွက်နိုင်ခဲ့ပေ။
“ငါတို့ ဒါကိုတကယ်လုပ်မှာလား?” လီကျန့်က မယုံနိုင်သလိုမေးလိုက်သည်။
“ဟုတ်တယ်…မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်တို့ရဲ့စိတ်ကူးပါ။ ငါတို့က ခရိုင်မြို့မှာဆိုင်ဖွင့်ပြီး ထိန်းသိမ်းဖို့ လူအနည်းငယ်လိုတယ်။ ဆိုင်ဖွင့်ဖို့ငွေက မင်ကောအာပေးမှာ။ ဘာပဲဖြစ်ဖြစ် ဆိုင်က သူ့အပိုင်ဆိုတော့ အမြတ်ဝေစုမှာ ထည့်မတွက်တော့ဘူး။ နွေရာသီရောက်ရင် ဒီအလုပ်ကို သေချာလုပ်ဖို့ ငါတို့အချိန်ရှာရမယ်။”
သမားတော်ဟဲက လီဖုန်းနဲ့ ထန်ချွန်းမင်တို့ဘက်မှာရှိသည်။ သူများတွေအကျိုးအမြတ်ရလာလျှင် သူတို့ကို ပိုက်ဆံပေးခဲ့တာလဲ ဘယ်သူလဲသိရမည်။
“ဒါက… ဒါကမကောင်းဘူး။ ဒါက မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်ရဲ့ငွေကို အလကားယူနေတာပဲ။ ငါတို့မလုပ်နိုင်ဘူး။” အကြောင်းအရာကို အလုံးစုံနားလည်သွားသော ရွာလူကြီးက ခေါင်းခါပြီး လက်ယမ်းပြလိုက်သည်။ ဤအရာကို ကျယ်ကျယ်ပြောလို့လည်း မကောင်းပေ။